ရန်ကုန်တွင် ဗုံးငါးလုံး ဆက်တိုက်ကွဲ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အတွင်းရှိ စက်ရုံများနှင့် ရဲကင်းများအနီးတွင် ယမန်နေ့ညက ဗုံးငါးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ပြီး လူအသေ အပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိ ဟု သတင်းရရှိသည်။

ည ၉ နာရီ ခန့်မှစတင်ပြီး လှိုင်သာယာမြို့နယ်အတွင်းရှိ စီးကရက်စက်ရုံ၊ အချိုရည်စက်ရုံ၊အကြီးစား စက် ယန္တရားများ တင်သွင်းဖြန့်ဖြူးပြုပြင်သည့် စက်ရုံ၊ ရဲကင်းများအနီးတွင် ဗုံးများပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပထမ ပေါက်ကွဲသည့်ဗုံးမှာ လှိုင်သာယာ ၅ ရပ်ကွက်၊ ဗိုလ်ချုပ်ကားမှတ်တိုင်အနီးရှိ KOMAT’SU BOMAG ကုမ္ပဏီ အကြီးစားဝန်ချီစက်များ အပါအ၀င် စက်ယန္တရားကြီးများတင်သွင်းပြုပြင်သည့် UMW စက်ရုံဝင်း အတွင်းတွင် စတင်ပေါက်ကွဲခြင်းဖြစ်သည်ဟု ဗုံးပေါက်ကွဲမှုကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသော ဒေသခံများက ပြောသည်။

“ည ၉ နာရီလောက်မှာ “၀ုန်း”ဆိုတဲ့အသံနဲ့ မြေကြီးတွေတုန်သွားတယ်။ ပထမတော့ ထင်တာက ယန္တရား ၀င်းထဲက ဂတ်စ်အိုးပေါက်တာလို့ထင်တာ။ နောက်တော့ ရဲတွေ ရောက်လာပြီး ကားလမ်းတွေပိတ်လိုက် တယ်။ စက်ယန္တရားဝင်းအနားကိုလည်း ဘယ်သူ့ကိုမှ အကပ်မခံဘူး”ဟု လှိုင်သာယာ ၅ ရပ်ကွက်အတွင်းနေ ထိုင်သူ အိမ်ရှင်မတဦးက ရှင်းပြသည်။

UMW စက်ရုံအတွင်း ဗုံးပေါက်ကွဲမှုကို ရဲများက ရှာဖွေမှုများ ပြုလုပ်နေစဉ် ည ၁၁ နာရီခန့်တွင် အဆိုပါစက်ရုံ နှင့် မလှမ်းမကမ်းအနီးရှိ VALIANT ( V) စီးကရက်စက်ရုံအနီးတွင် ဗုံးနှစ်လုံးထပ်မံပေါက်ကွဲခဲ့သည်ဟု သိရှိရ သည်။

“ရဲတွေက လမ်းတွေပိတ်ပြီး ပထမဗုံးပေါက်တဲ့နေရာကို ရှာနေတုန်း V စီးကရက် စက်ရုံနားက နေဗုံးနှစ်လုံး ထပ်ပေါက်တယ်”ဟု ဗိုလ်ချုပ်မှတ်တိုင်အနီးမှ ဆိုက်ကားမောင်းသမားတဦးကဆိုသည်။

ယင်းနောက် ည ၁၂ နာရီကျော်ခန့်တွင် မက်စ် အချိုရည်စက်ရုံနှင့် ထိုစက်ရုံအနီးတွင် ဗုံးနှစ်လုံး ထပ်မံပေါက် ကွဲခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှတာဝန်ကျရဲအရာရှိတဦးက လှိုင်သာယာတွင် ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့သည်ကို အတည်ပြုသော်လည်း အသေးစိတ်အချက်အလက်များ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်ဟု ပြောသည်။

ထိုဗုံးပေါက်ကွဲမှုများကြောင့် လှိုင်သာယာမြို့နယ်အတွင်းနေထိုင်သူများ အထိတ်တလန့်ဖြစ်သွားကြကြောင်း၊ ယနေ့ည လုံခြုံရေးတင်းကျပ်မှုများပြုလုပ်ရန်ရှိသောကြောင့် ရပ်ကွက်များတွင် ဧည့်သည် လက်မခံရန်နှင့် လက်ခံမည်ဆိုပါက ဧည့်စာရင်းမပျက်မကွက်တိုင်ကြားကြရန် သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်များက နှိုးဆော်နေကြောင်း ဒေသခံများက ပြောဆိုသည်။
Comments (19)Add Comment
0
...
written by MTN, September 19, 2009
၁၈ ရက် ၉ လ ၂၀၀၉ မြန် မာ့ အ သံ မှာ့ စစ် အ စိုး ရ ကြေ ငြာ ချက်..............
အော်...........ဗုံး ပေါက် တယ် လေ ......တိုင်း ပြည် မ တည် ငြိမ် ဘူး ......ငါ တို့ ဆက် ထိန်း သိမ်း ထား ရ မယ်....
နောက် ထက် အ နှစ် ၂၀ လောက် smilies/grin.gif
0
...
written by patriot , September 18, 2009
Stop lying and blaming others.
You guys want to raise foreign exchange rates and prices as well? Stop thinking about your own families, start thinking about people who are desperately in need ( the whole country).
0
mad men
written by Mr.Hero, September 18, 2009
ကိုယ် မကျေနပ်ရင် မကျေနပ်တဲ့ လူကို လုပ်ပါလား...
0
ဗုံးက ဒီလိုနေရာမှ လာပေါက်ရသလား?
written by Lulay, September 18, 2009
တကယ်လို့ ဟိုအဖွဲ့က ဖောက်ပါတယ်။ ဒီအဖွဲ့က ဖောက်ပါတယ် လို့ ပြောလာရင် အဲဒီအဖွဲ့တွေ ကတော့ ဒီလို စက်ရုံတွေကို ဖောက်မယ် မထင်။ ခွဲမယ့် ခွဲရင်တော့ သူတို့နေတဲ့ နေရာကိုခွဲပါတော့လား ........ ........ ........... .။
0
ဗုံးကလဲ စစ်မှစစ် ... ဖောက်တဲ့သူကလဲ ရဲမှရဲ
written by Shwebothar, September 18, 2009
ဗုံးကလဲ စစ်မှစစ် ... ဖောက်တဲ့သူကလဲ ရဲမှရဲ
0
သတိ
written by mr.no666, September 18, 2009
မြန်မာပြည်မှာ နိုင်ငံရေး မလုပ်နဲ့ ကြိုက်တဲ့ နေရာ ဗုံးခွဲ စစ်တပ် မဖမ်းဘူး။ ရဲမဖမ်းဘူး။ ကလေးတွေ ဆော့ရင်တောင် ဒို့အရေးလို့ အော်ရင် ကလေးရော ခွေးရော မချန်ဘူး ဖမ်းတယ်။ အဲ့ဒါ မြန်မာကွ အဲ့လေ.... အဲ့ဒါ ဗိုလ်သန်းရွှေကွ
0
...
written by joseph, September 17, 2009
This is a coward act. .Stop killing civilians..
0
ကိုယ့်ဗုံး ကိုယ်ခွဲသလား
written by သွေးသစ်, September 17, 2009
ဟိုအဖွဲ့က လုပ်ပါတယ်.. ဒီအဖွဲ့က လုပ်ပါတယ်.နဲ့.. ထ အော်အုန်းမယ်...ရိုးနေပြီဗျ.. ဒါမျိုးတွေ...
0
ပ ပု ပုံ ပုံး
written by မက္ခရာဓား, September 17, 2009
အိမ်း....အဘ တို့ လည်း အသက်ကြီး လာတော့၊ ငါ့မြေး တို့ပြောနေတဲ့ ခေတ်စကားတွေ နား မလည်တော့ပါဘူး။ ဘာတဲ့ .. ဟိုး နေပြည်တော်မှာ ဆိုလား၊ ဟိုဟာလုပ် လည်း တစ်ပုံး ပေးရ၊ ဒီဟာ လုပ်လည်း တစ်ပုံး ပေးရ တဲ့။ အခုတော့. .တချို့ နေရာတွေ မှာဆို၊ တစ်ပုံး နဲ့တောင် မရတော့ဘူး၊ "ငါးပုံး" ပေး မှတဲ့။ ဒါဆို ပေးလို့ ဆုံးမှာ မဟုတ်ေ တာ့ဘူး။ တောက်... ငါ့မြေးတို့၊ ရှိတဲ့ ပုံး တွေ အကုန်လုံး အဲဒီ နေပြည်တော် ကို တခါထဲ အကုန်သာပေးလိုက် ကွာ။

မက္ခရာဓား
0
မိတ်ဆွေတို့ ---သိထားဖို့
written by အိုက်ကမ္ဘာဆိုး, September 17, 2009
နေပြည်တော်မှ ပြုလုပ်တဲ့ ဗုံးတွေပါ။
ဖေါက်ခွဲသူ တရားခံကို ဖေါက်ခွဲခိုင်းသူက ဘယ်တော့မှ မိအောင် မဖမ်းနိုင်ခဲ့ပါဘူး။ အဘယ်ကြောင့် ဆိုသော် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မြတ်နိုးသူ၊ ဆင်းရဲမှုဘ၀မှ လွတ်မြောက် လိုသူ တို့ အန္တာရာယ်မှ ကြိုတင် ကာကွယ်သည့် နည်းပရိယာယ် အကွက်ဆင်မှု တခုသာ ဖြစ်သည်။
0
Say
written by YanNai, September 17, 2009
I strongly disagree with Public Bombing.. ..smilies/angry.gif
0
Think before talk
written by Steve Mg, September 17, 2009
We don't know who is bomber, we cannot not say any comment. May be SPDC , may be anti-SPDC. Who knows............
0
bomb blast of SPDC
written by sein kyi, September 17, 2009
ROUTINE WORK OF THEIR WORK TO STABLE THEIR POWER
0
very professional BOMBER
written by bird, September 17, 2009
Hay...bomber.......make explosion bomb in your home.pls don't make public area.
0
ဗုံးဘယ်မှာရှိ တပ်ထဲမှာရှိ
written by Tiger, September 17, 2009
ဗုံးဆိုတာ လက်နက်ကိုင် အဖွဲ့ အစည်းတွေမှာပဲရှိတာ. .တောထဲကနေ ရန်ကုန် ရောက်အောင် သယ်ဖို့ ဆိုတာ လုံခြုံရေး များနဲ့ ပြည့် နှက်နေတဲ့ မြန်မာပြည်မှာ မလွယ် ကူပါဘူး..အဲဒီတော့ ရှင်းပါတယ်..
0
...
written by zaw, September 17, 2009
သတ္တိရှိရင် ဗိုလ်ချုပ်တွေ အိမ်ရှေ့ သွားခွဲပါလား။ ပြည်သူတွေ ကြားထဲ ဗုံးထောင်ခွဲနေတာ မင်းတို့ရဲ့ ဂုဏ်ယူစရာ စွန့်စားမှုတွေ လား။
0
wrong place
written by ko maung, September 17, 2009


It was a wrong place and everyone know which place should be.
0
Wah..har har ...
written by Victoria, September 17, 2009
Bomber is SPDC as usual. smilies/cheesy.gif
0
Bombing for what ?
written by maungkagyi, September 17, 2009
Bombing in public is for what ? For revolution ? For freedom ? For....? For....?
It's cowardly act to kill innocent people without warning.
If you dare, fight like a man.
No more bombing in public please....!

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်