အောက်တိုဘာလ ၉ ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ၌ ပြောကြားသော မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ယနေ့ဆိုရင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြည်သူတွေက တစ်ခဲနက် ထောက်ခံ အတည်ပြု ပေးခဲ့ပြီး ဖြစ်တယ်၊ ဒါကြောင့် ၂၀၁၀ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ဖြစ်ပေါ်လာမယ့် လွှတ်တော် အသီးသီးအတွက် ရွေးကောက်ပွဲတွေကို စနစ်တကျ ကျင်းပပေးမှာ ဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကပြောသည်။ထို့အပြင် နိုင်ငံရေး စနစ်ကူးပြောင်းရေးလုပ်ငန်းစဉ် လမ်းပြမြေပုံမှ ကျန်ရှိသည့် အဆင့်များကို အောင်မြင်စွာ အကောင်ထည်ဖော်သွားရန် စီမံထားပြီးဖြစ်သည့် အတွက် နိုင်ငံတော် အနာဂတ်ဖွဲ့စည်းမှုသည် သေချာခိုင်မာ နေပြီ ဖြစ်ကြောင်း၊ မြန်မာပြည်ကို သြဇာလွမ်းမိုးလိုသည့် နိုင်ငံကြီး တချို့သည် ခေါင်းစဉ် အမျိုးမျိုးတပ်၍ အကျပ်ကိုင်လျက်ရှိသော်လည်း တပ်မတော်အစိုးရသည် ခြောက်တိုင်းမကြောက်ဘဲ အခက်အခဲ အမျိုးမျိုးကို အောင်မြင်စွာ ဖြတ်သန်းခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
စစ်အစိုးရက ၎င်းတို့ စိတ်ကြိုက် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ၂၀၀၈ ခုနှစ် မေလက လူထုဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုခဲ့ရာတွင် ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းကျော် ရရှိကြောင်း ကြေညာခဲ့သည်။
အတိုက်အခံများနှင့် ဝေဖန်သူတချို့က ယင်းလူထုဆန္ဒခံယူပွဲသည် ပြည်သူလူထုနှင့် နိုင်ငံတကာကို လိမ်လည် လှည့်ဖျားချက် တခုဖြစ်ကြောင်း တုံ့ပြန်ကြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန်ဟူသော ခြွင်းချက် သုံးခုဖြင့် ၂၀၁၀ တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ဖူးသည်။
မြန်မာနိုင်ငံအတွင်းတွင် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီ ၁၀ ခုခန့်သာရှိသော်လည်း အများစုမှာ လှုပ်ရှားနိုင်ခြင်း မရှိကြောင်း သိရသည်။
မကြာမီ စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ဖွယ်ရှိပြီး နိုင်ငံရေးပါတီ အသစ်များကို မှတ်ပုံတင် ခွင်ပြုမည်ဖြစ်သည်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက အားလုံးပါဝင်နိုင်သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး အတွက် ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော်ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။
Set as favorite
Bookmark
Email this
Hits: 8817
Comments (17)

written by KNM, October 12, 2009
စစ်မှုထမ်းဟောင်း အဖွဲ့ ဆိုတာ. ..စစ်အာဏာရှင်တွေရဲ အမှုတွေကိုကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ သူတွေကို ပြောတယ်လို ထင်ပါတယ်။ အာဏာရှင် လက်ပါးစေဟောင်းေ တွပါ။
written by gabriel, October 12, 2009
i would like to ask some question........... နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြည်သူတွေက တစ်ခဲနက် ထောက်ခံ အတည်ပြု ပေးခဲ့ပြီး ဖြစ်တယ် ၉၀ ရာခိုင်နှုန်း ထောက်ခံချက်သည် ပြည်သူ့ ဆန္ဒခံယူပွဲ မကျင်းပခင် ကတည်းကပင် ရရှိ ထားပြီးဖြစ်သည်မှာ ပြည်သူလူထု တရပ်လုံး သိပါကြောင်း၊ that was wrong ............ that was 99.99% if they want. so that is kind of number between them not from public. so can we trust?
written by Wunna Htun, October 12, 2009
ကိုမျိုးမင်း(ရင်တွင်းဖြစ်) ရေ... ဟာသဇာတ်လမ်း ကောင်းကောင်းလေးတွေ ပြည်သူ အတွက် လိုချင်ရင် ကိုသန်းရွှေ နဲ့သာ ရိုက်ဗျို့ ကမ္ဘာကျော်မှာ သေချာတယ်.. အကယ်ဒမီတွေလည်း အများကြီး ရမှာ မြေကြီးလက်ခတ် မလွဲပါပဲ...
written by ဖိုးရှုပ်, October 12, 2009
"မြန်မာပြည်ကို သြဇာ လွမ်းမိုးလိုသည့် နိုင်ငံကြီး တချို့သည် ခေါင်းစဉ် အမျိုးမျိုး တပ်၍ အကျပ် ကိုင်လျက်ရှိသော်လည်း.." ဒီစကားကိုကြည့်ရင် လူတွေ ထင်နေသလို ဒီအလူတွေ အမေရိကန်နဲ့ ပြန်လည် သင့်မြတ်ဖိြု့ ကိုးစားနေတယ် ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အခု အနောက် နိုင်ငံတွေက အပေးအယူ လုပ်ချင်တာ ညိနှိုင်းတာကို သူက အကျပ်ကိုင်တယ် လို့ပဲ ယူဆနေတာကိုး။ သြော်... မောင်ရင်ငရွှေ မိုက်ကန်းသည် ဆိုတာ ဒါမျိုးပေါ။့
written by သုည, October 12, 2009
"၉၀ ရာခိုင်နှုန်း ထောက်ခံချက်သည် ပြည်သူ့ ဆန္ဒခံယူပွဲ မကျင်းပခင် ကတည်းကပင် ရရှိ ထားပြီးဖြစ်သည်မှာ ပြည်သူလူထု တရပ်လုံး သိပါကြောင်း၊ အမှန်တကယ်ဆိုလျှင် ၂၀၀၈ မေလ ပြည်သူ့ဆန္ဒ ခံယူပွဲအား အထူး တလည်ပင် ကျင်းပစရာ နေစရာ မလိုကြောင်း၊ သို့သော် မြန်မာပြည်အား သြဇာ လွမ်းမိုးချင် သည့် ပြည်ပနိုင်ငံ အတချို့အား လက်တွေ့ပြသ ည့် အနေဖြင့် ရပ်ကွက အသီးသီးရှိ အခွင့်အရေး လိုချင်သူ ဆိုက်ကားဆရာ၊ ငါးစိမ်းသည်၊ သူခိုး၊ ကျပိုး၊ ဒမြ၊ ကြံ့ဖွံ့၊ စွမ်းအားရှင် နှင့် ဗဟုသုတ နည်းပါးသူ တချို့အား တိုင်ပင်စည်းရုံးကာ ဖွဲ့စည်းပုံ အဖြေခံ ဥပဒေအား တခဲနက်အတည်ပြုပေးခဲ့ရပါကြောင်း၊ ဤသို့ ကျင်းပရာတွင်လည်း သတ်မှတ်ထား သည့် စံချိန်စံညွှန်း ကိန်းဂဏန်း မှီစေရန် တရားမ၀င် ကန့်ကွက်မဲများအား ဒို့တာဝန် အရေးသုံးပါး ဦးထိပ်ထားပြီး စနစ်တကျ ရွေးချယ် ပယ်ဖျက်ခဲ့ရပါကြောင်း ..... " စသဖြင့် စသဖြင့် အလိမ်ချုပ်ရူးကြီးမှ သြ၀ါဒ မြွက်ကြားခဲ့ပါသည်။
written by ko aung, October 11, 2009
it is just game......so funny............ than shwe think all people are mad
written by white peacock, October 11, 2009
လုပ်ကွာ... ဒီစနစ်ဆိုး ကိုများများ ရှည်အောင်လုပ်။ မင်းတို့ တွက်လည်း ရေတိုတာကောင်းမယ်...နမူနာတွေဖြစ်တဲ့ ဗိုလ်နေဝင်း၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်တင်ဦး၊ ဗိုလ်စောမောင်၊ တို့ကိုကြည့်ပြီး သံဝေကရ သင့်နေပြီး။ လူထုလည်း ဖွတ်ဖွတ် ကြေနေပြီး။ လမ်းဆုံးမှာ ဘယ်သူမှ မကောင်းတဲ့ စနစ်ကို ခဏတာ သာယာမှူကို သာ စဉ်းစားပြီး ဆက်လုပ် နေကြမလား။
written by EZS, October 11, 2009
ယနေ့ နိုင်ငံတော်ရဲ့ ထုတ်ပြန်ထားတဲ့ အခြေခံ ဥပဒေတွေကို ပေါ်တင် တစ်မျိုး သွယ်ဝိုက် တစ်မျိုး ချိုးဖောက်နေတာ ချိုးဖောက် ရဲတာ စစ်အစိုးနဲ့ သင်းတို့ရဲ့ ဘက်တော်သားတွေချည်းပါဘဲ။ အခြေခံ ဥပဒေတွေကို လိုက်နာ ဖို့ အလိုအပ်ဆုံး က သင်းတို့ အဖွဲ့သား တွေပါဘဲ။ 



written by ဆမ်းဝမ်း, October 11, 2009
.... ယနေ့ဆိုရင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြည်သူတွေက တစ်ခဲနက် ထောက်ခံ အတည်ပြု ပေးခဲ့ပြီး ဖြစ်တယ် .... ဟားဟားဟားဟား ဟားဟားဟားဟားဟား ဟားဟားဟားဟားဟား ဟားဟားဟားဟား ဟားဟားဟား ဟားဟားဟားဟား ဟားဟားဟားဟားဟားဟား ဟားဟားဟားဟား ဟားဟားဟားဟား ဟားဟားဟားဟား ဟားဟားဟားဟား ဟားဟားဟား ဟားဟားဟားဟား ဟားဟားဟား ဟားဟားဟား
written by burmalion, October 10, 2009
The comedian and his joke. Never get it old. Believe all of you on me, you will not get blood out of stone, again never.
written by ရန်ကင်း, October 10, 2009
တိုင်းပြည် အရေးကိစ္စ တိုင်းသူပြည်သား တွေကို ပြောစရာ ရှိရင် တိုက်ရိုက် ရဲရဲ ပြောဘို့ သင့်တယ်။ ရှင်းရှင်း လင်းလင်း ရှိရမယ်။
ဟို အစည်းအဝေး ဒီ အစည်းအဝေး အကြောင်းပြပြီး စစ်တပ် အစည်းအဝေး တွင်းမှာ အပေါ်ရံ ရှပ်ပြီး ဘာလုပ်ပြီးပြီ ဘာတွေ လုပ်နေတယ် ဘာတွေ လုပ်ဦးမယ် စသည်ဖြင့် လုပ်နေတာတွေဟာ သိရကြားရ တဲ့ ပြည်သူတဦး အဖို့ အော့နှလုံးနာ စရာ ဖြစ် နေပါကြောင်း။
ဟို အစည်းအဝေး ဒီ အစည်းအဝေး အကြောင်းပြပြီး စစ်တပ် အစည်းအဝေး တွင်းမှာ အပေါ်ရံ ရှပ်ပြီး ဘာလုပ်ပြီးပြီ ဘာတွေ လုပ်နေတယ် ဘာတွေ လုပ်ဦးမယ် စသည်ဖြင့် လုပ်နေတာတွေဟာ သိရကြားရ တဲ့ ပြည်သူတဦး အဖို့ အော့နှလုံးနာ စရာ ဖြစ် နေပါကြောင်း။
written by ဗိုက်ကလေး, October 10, 2009
တိုက်တွန်းစရာ မလိုပါဘူး ရွှေရွှေ ရယ်၊ အမေကွိုင့် ပါတီက ၂၀၀၈ အခြေခံ ဥပဒေကို ကျင့် သုံးပြီးသား။
written by တစ်ေ ယာက်ေ သာသူ, October 10, 2009
အင်း ....ေ ကာင်းသည်ဟု ယူဆရေ သ်ာလည်း..... စင်စစ်အားဖြင့် တစ္ခုခုေ တာ့ လြဲေ နေ သးတယ္လို့ ထင္တာပဲ။ နိုင္ငံတကာမှာ ေ ရြး ေ ကာက္ပြဲ မကျင်းပမီ မဲဆွယ်ဖို့၊ ပါတီတည်ေ ထာင်ဖို့ အချိန်ေ တာ်ေ တာ် ယူထားကြတယ်။ ျမန္မာျပည္မှာကေ တာ့ အခုအခ်ိန္ထိ ပါတီအသစ္ေ တြမဖြဲ့ရေ သး။ ေ ရြးေ ကာက္ပြဲဥပေ ဒ မထုတ်ပြန်ေ သးဆိုေ တာ့..... တစ္ခုခုမ်ား လြဲေ နလားပဲ?
written by Ko J J, October 10, 2009
မသမာမှု ပေါင်းစုံနဲ့ အတည် ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေ ကို လိုက်နာဘို့ ပြောမှ ပြောရက်လိုက်တာ.
written by Burmese, October 10, 2009
ငါနော် လို့ သာ ပြောလိုက်ချင်တော့တယ်။ ဘယ့်နယ် ခြေဆုံး ခေါင်းဆုံးကြည့် (၂)ပြားတန်ရင် ငါ့ပါး လာရိုက်ကွာ။
written by ဗိုက်ကလေး, October 10, 2009
"ယနေ့ ဆိုရင် နိုင်ငံတော်က ဖွဲ့ စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြည်သူတွေက တခဲနက် ထောက်ခံ အတည်ပြု ပေးခဲ့ ပြီဖြစ်တယ်၊ (ရုတ်တည်ကြီးနဲ့  လိမ်နေတဲ့ ပုံ) ဒါကြောင့် အကြိုင်လဲ ခေတ်နှင့် လျှော်ညီစွာ ပါတီထောင်မှာဖြစ်တယ်။နိုင်ငံတော်၏ အနာဂတ် ဖွဲ့ စည်းမှူသည် ကျိန်းသေပေါက် ဆက်လက်ပြီး ကျဆင်းလာမှာဖြစ်တယ်၊ နိုင်ငံကြီးတချို့ က ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး အကျပ်ကိုင်လျှက် ရှိသော်လည်း တပ်မတော်အစိုးရက ခြောက်တိုင်း မကြောက် သော်လည်း ဗိုလ်ချူပ်အောင်းဆန်း ပြောထားသလို ''ဟိုလူလာလဲ မျက်နှာချို သွေးရ ၊ ဒီလူလာလဲ မျက်နှာချို သွေးရနဲ့ ............ အဲဒီနိုင်ငံ ဖြစ်အောင် ကျုပ်တို့ တပ်မတော် အစိုးရက ဦးလည်မသုံ ထမ်းဆောင်နေတာကို တင်ပြလိုပါတယ်။
Write comment
| < Prev | Next > |
|---|







