ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တရုတ် ဒုဝန်ကြီးချုပ်နှင့်တွေ့

တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် ကျင်းပမည့် တရုတ်- အာဆီယံ စီးပွားရေး ရင်းနှီးမြုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ သွားရောက်သည့် စစ်အစိုးရ ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် ယနေ့တွင် တရုတ်နိုင်ငံ၏ ဒု ၀န်ကြီးချုပ် Li Keqiang နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် တရုတ် ဒု ၀န်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသများ လုံခြုံမှုနှင့် တည်ငြိမ်မှုရှိ စေရန်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်မည်ဟု သဘောတူညီကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

“တရုတ်နဲ့ မြန်မာနှစ်နိုင်ငံစလုံး နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သင့်တယ်၊ ဒါဟာနှစ်နိုင်ငံလူထုအတွက် အခြေခံအကျဆုံးဖြစ်တယ်”ဟု တရုတ်နိုင်ငံ၏ ဒုတိယ ၀န်ကြီးချုပ်ကပြောကြား ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးတည်ဆောက်မှု နှင့် ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဆက်လက် အကူ အညီပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသွားသည်ဟု ဆင်ဟွာက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တခြားသော အစိုးရအဖွဲ့ဝင် ၀န်ကြီးများပါ လိုက်ပါသွားခဲ့သော ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၏ ယမန်နေ့က စတင်သည့် ခရီးစဉ်သည် သြဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲများပြီးဆုံးပြီး နောက် အဆင့်မြင့်စစ်အစိုးရ အဖွဲ့ဝင် တဦး တရုတ်နိုင်ငံသို့ စတင်သွားရောက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း စွမ်းအင်လိုအပ်ချက် ပမာဏကြီးမားသောကြောင့် မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များအား နယ်စပ်ဒေသများကို ဖြတ်၍တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သယ်ယူ မည်ဖြစ်သည့်အတွက် နယ်စပ်ဒေသတည်ငြိမ်ရေးကို အထူးလိုလားနေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ဗမာပြည်ကွန်မြူနစ်ပါတီမှ ဒေါက်တာလှကျော်ဇော က ပြောသည်။

“တရုတ်က သူ့နယ်စပ်မှာ နောက်ထပ်လက်နက်ကိုင်တိုက်ပွဲတွေ ထပ်ပြီး မပေါ်စေချင်ဘူး၊ စစ်အစိုးရကလည်း တရုတ် အစိုးရ နဲ့ ဆက်ဆံရေးက အရေးကြီးတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက တရုတ်နယ်စပ်ရှိ ကိုးကန့်ဒေသတွင် စစ်အစိုးရနှင့် ဦးဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်အပစ်ရပ်အဖွဲ့(MNDAA)တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် စစ်အစိုးရ၏ လက်နက်ကြီးကျည်များ တရုတ် နိုင်ငံ အတွင်းသို့ ကျရောက်ခဲ့သောကြောင့် တဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး တချို့သော တရုတ်လူမျိုး များလည်း ရိုက်နှက်ခံရမှု ရှိခဲ့သည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးခဲ့ရသည့်အတွက် လင်ချန်ဒေသ အာဏာပိုင်များက လျော်ကြေးအဖြစ် တရုတ်ယွမ်ငွေ သန်း ၂၈၀ တောင်းခံခဲ့သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် တရုတ်မြန်မာအရေးအခင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ခေတ္တ ပျက်ပြားခဲ့သည်။ ၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံသည် စစ်အစိုးရနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာကာ စီးပွားရေးနှင့် လက်နက် အဓိက ထောက်ပံ့သော နိုင်ငံ ဖြစ်လာသည်။
Comments (2)Add Comment
0
...
written by ဗိုက်ကလေး, October 20, 2009
..သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမယ့် ကိစ္စ အဆင် ပြေစေရေး အတွက် နအဖကို ထပ်ပြီး ထောက်ပံ့  အုံးမလို့ တဲ့ ဗျာ......ကိုယ့် အကျိုးစီးပွါး အတွက်ပဲ ကြည့် တတ်တဲ့ .....ကို တရုတ်ကြီး.. ...မြန်မာ ပြည်သူပြည်သား အကျိုး ရွှေးစေ့ လောက် ပြန်ကြည့် ပေးပါလို့ .... .အနှူး အညွတ် ...ပျော့ ပြောင်း...နွဲ့ နှောင်း စွာ တောင်းပန်ပါသည် ခင်ဗျား။
0
swinging
written by ko maung, October 20, 2009
swinging between two legs smilies/grin.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်