(၁)
၁၃ ရက်နေ့ မနက်က ကျနော့် အီးမေးလ် သေတ္တာတွင်းသို့ ဆေးတက္ကသိုလ် မန်းထွက် ဂျူနီယာညီ တယောက်ဆီမှ မန္တလေး ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ဆရာကြီး ဦးဖေသိန်း ဆုံးပြီဆိုသည့် စာတစောင်ဝင်လာပါသည်။
ထိုစာဖတ်ပြီးနောက် စိတ်အစဉ်သည် လွန်ခဲ့သည့် ၂၁ နှစ်က ဇန်နဝါရီလကို ပြန်ရောက်သွားတော့သည်။ ရန်ကုန်မြို့ ဦးဝိစာရ အဗင်းနျူးဘေး ခြံတခြံတွင်းရှိ တိုက်ပုကလေး ဧည့်ခန်းတွင် သက်လတ်ပိုင်း အမျိုးသမီး နှစ်ယောက်နှင့် ကလေးတယောက် ထိုင်နေသည်ကို လည်းကောင်း၊ ခပ်ချောချော နှာတံပေါ်ပေါ် ဥပဓိကောင်းလှသည့် အန်တီကြီးတယောက် ထွက်ဧည့်ခံသည်ကို လည်းကောင်း မျက်စိထဲ ပေါ်လာပါသည်။
ထိုအိမ်ရှင် အန်တီကြီးမှာ ဦးဖေသိန်းကတော် ဒေါ်ကြူကြူဆွေ (သားဖွားမီးယပ်ပါမောက္ခ) ဖြစ်ပြီး ဧည့်သည်အမျိုးသမီးနှစ်ဦးမှာ ကျနော့်အမေနှင့် အဒေါ် ညီအစ်မဖြစ်ပါ၏။ ကလေးပေါက်စ မည်သူမည်ဝါဖြစ်ကြောင်း စာဖတ်သူများကို ဝိတ္တာရချဲ့ဖို့ မလိုတော့ပါ။
ထိုစဉ်က အမေ့နယ်ပြောင်းနယ်ရွှေ့ကိစ္စအတွက် သူ့ဆရာတွေလိုက်တွေ့သည်ဟုသာ နားလည်ထားပါသည်။ နောက်ကျမှ ထိုအိမ်ရှင် အမျိုးသမီးကြီးမှာ အာဏာသိမ်းခါစ နဝတ စစ်အစိုးရ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးကတော်ဖြစ်ကြောင်း၊ အမေ့ နယ်ပြောင်းကိစ္စတွင် ချင်းတောင်ပြန်မသွားဖို့ ကိစ္စအပြင် အရေးအခင်းပြီးပြီးချင်း အလုပ်ပြန်မဝင်သောကြောင့် ထုချေလွှာ တင်ခိုင်းသောကိစ္စ၊ အရေးအခင်းတုန်းက ဆရာဝန်တွေ ဆေးရုံပစ်ပြေးသည်ဆိုပြီး အတိုင်ခံရသည့် ကိစ္စများပါဝင်ကြောင်း သိရသည်။
အရေးအခင်းတွင် ဒီမိုကရေစီတောင်းဆိုမှုများအပြင် လူမျိုးရေး၊ မြန်မာမုန်းတီးရေး တင်းမာမှုများ ပါရှိလာသည့်အတွက် ဆရာဝန်တွေ မြန်မာတွေ မြေပြန့်ဆင်းပြေးရသည့်အကြောင်း သိသွားသည့်အခါ ဝန်ကြီးဒေါက်တာဖေသိန်းက ထိုဒေသများသို့ အမျိုးသမီး ဆရာဝန်များမလွှတ်သင့်ဟု ညွှန်ကြားပြီး ကျနော့်မာမီဘုရားကို အညာမြို့ကြီးတမြို့သို့ ပြောင်းရွှေ့ပေးလိုက်ပါသည်။
ထို့နောက် ဆရာဦးဖေသိန်းကို မှတ်မှတ်ရရ နှစ်ခါသာ ပြန်တွေ့ဖူးပါတော့သည်။ နဝတမှ နအဖ ဟု ဆိုင်းဘုတ်မလဲမီ တနှစ်က မန်းရွှေမြို့၌ ထိပ်သီးသန်းသန်း ခေတ္တစံမြန်းတော်မူစဉ် ပါလာသည့် ဝန်ကြီးတချို့ကို မြို့ပေါ်က သက်ကြီး စာရေးဆရာများအား စာဆိုတော်နေ့ လိုက်ကန်တော့ဖို့ လွှတ်လိုက်သဖြင့် ပြန်ကြားရေးဝန်မင်း ဗိုလ်မှူးချုပ်အေးကျော် (ဘိလပ်တွင်ဆုံး) နှင့် ဆရာဖေသိန်း လိုက်ပါလာခြင်းဖြစ်ပါသည်။ ထိုစဉ်က ဘယ်ယတြာကိန်းခန်းအရ မသိ၊ ဆရာဝန် ကျောင်းဆရာ ဘိလပ်ပြန်ပါရဂူမှာ အကြောင်းမညီညွတ်ဘဲ နှာခေါင်းဆီဆွတ်၍ ဘောင်းဘီဝတ်နေချိန်ဖြစ်ပါသည်။
ဘယ်အပွင့် ဘယ်အခက်တွေ ဘယ်လိုတင်စေကာမူ ဗိုလ်မှူးကြီးယောင်ဆောင်ထားရသော ပါမောက္ခကြီးမှာ ကျောင်းဆရာ ပုံစံမပျောက်ပါ။ ဒေါ်အမာနှင့် တွေ့ချင်သဖြင့် လိုက်လာခြင်းဖြစ်ပီး အပြန်တွင်လည်း ထပ်လာဦးမည်ဟု နှုတ်ဆက် သွားပါသေးသည်။
ပြန်လာသော အချိန်တွင် ဆရာကြီးမှာ ပါကင်ဆောနစ်ဆင်ခေါ် သွက်ချာပါဒဝေဒနာသည် တယောက် ဖြစ်နေရှာလေပြီ။ ရန်ကုန် တော်လှန်ရေးပန်းခြံအနီး ရိပ်သာလမ်းမကြီးပေါ်က သူ့အဖေ သမ္မတအိမ်တော်ဝန် စစ်ရှေ့ခေတ်အတွင်းဝန်ဟောင်း စည်သူဦးစံဖေ (K.S.M, A.T.M ) ပိုင်ခြံဝန်းထဲတွင် ရှိသမျှနှင့် ချွေတာဆောက်လုပ်ထားသော အိမ်ကလေးမှာလည်း လူကြီးနယ်မြေမို့ ခဏခဏ ဟိုပိတ်ဒီပိတ် လုပ်သည့်အခါတိုင်း ညရေးညတာ ကျန်းမာရေးအတွက် အဝင်အထွက် ခက်လှသောကြောင့် မန္တလေးကသားဆီ ပြန်ပြောင်းလာခြင်းဖြစ်သည်။
ရွှေညာဆီပြန်လာသော ဝန်ကြီးဟောင်းနှင့် မိခင်နှင့်ကလေးဥက္ကဋ္ဌဟောင်းတို့တွင် ချွေမှရံသောသူများ မရှိတော့သော်လည်း တပည့်တပန်းဟောင်း၊ မိတ်ဟောင်းဆွေဟောင်းတွေ သိုင်းသိုင်းဝန်းဝန်းနှင့်မို့ အထူးအားငယ်စရာ မရှိပါ။
ဘိလပ်ပြန်အမရာ ဆိုလောက်သည့် ဆရာမကြီးမှာလည်း နာတာရှည်ခင်ပွန်းနှင့် မိခင်နှင့်အဒေါ်ညီအစ်မကို ဒိုင်ခံ ပြုစု ရသည့် ကမ္ဘာ့အသက်အကြီးဆုံး ၈၀ ကျော် သူနာပြု ဖြစ်ပါသည်။
အဘိဓမ္မာအကြောင်း အင်္ဂလိပ်လိုရေးသားခဲ့သော ဦးစံဖေ၏သွေးပါလာသည့် တွမ်စံဖေခေါ် ဦးဖေသိန်းသည် ရောဂါ ဖိစီးနေသည့်ကြားက မြန်မာစာကို ရိုမန်အက္ခရာနှင့် အလွယ်တကူ ရေးနိုင်အောင် ကွန်ပျူတာလေးနှင့် ကြိုးစား ပါသေးသည်။
စာစီပြီးသမျှကို ကျနော့်အဘွားဆီ အမှာရေးဖို့ ပို့ပေးသော်လည်း ဇရာထောင်းနေသည့် ကိုးဆယ်ကျော် အဖွားမှာ ရေးမသွားနိုင်ခဲ့။ မှတ်မှတ်ရရ ဆရာကြီးကို နောက်ဆုံးတွေ့ခဲ့သည်မှာ မန္တလေးဆေးသိပ္ပံ ရွှေရတု ဆရာကန်တော့ပွဲကို ဘီးတပ်ကုလားထိုင်နှင့် ကြိုးစားလာပြီး ၁၉၅၄ ကျောင်းစထောင်ချိန်မှ အနှစ် ၃၀ နီးပါး စာသင်၊ သုတေသနနှင့် အုပ်ချုပ်ရေး တာဝန်ယူခဲ့သော ဝါအရင့်ဆုံး ပညာရေး ဝန်ထမ်းအဖြစ် ဆုံးမစကားပြောသည်ကို တွေ့ခဲ့ခြင်းပါပေ။
(၂)
ကျနော်တို့ ဒုတိယနှစ် ဆေးတက္ကသိုလ် တက်ခဲ့စဉ်က ဇီဝကမ္မဗေဒဆရာများ ဂုဏ်ယူစွာပြောလေ့ရှိသော စကားမှာ သူတို့ခေတ် အနောက်တိုင်းသင်ရိုးစာအုပ်များတွင် မောင်ဖေသိန်း၏ တွေ့ရှိချက်များ ထည့်သွင်းထားသည်ဆိုခြင်းပင်။
ထိုစကားကို အမှတ်ရ၍ googleတွင် physiology Pe Thein ဟုရှာကြည့်ရာ ၁၉၅၉ လောက်မှစပြီး ဒေါက်တာ မောင်ဖေသိန်း Ph.D. (Dunelm) ၏ သုတေသနစာတမ်းများကို စတွေ့ရပါသည်။ ပါမောက္ခဘဝတွင်လည်း ထမင်းမေ့ ဟင်းမေ့ သုတေသန လိုက်စားသူဖြစ်ရာ သူ့အတွက် မေ့ဆေးပေးသတ်ခဲ့ရသော ခွေးကောင်ရေ အတော်နည်းလိမ့်မည် မဟုတ်။
ဆရာတွေ ကျူရှင်မပေးသေးသည့်ခေတ်မို့ ပညာရေးကို အထူးကြပ်မတ်နိုင်သည့်အပြင် ရန်ကုန် လမ်းမတော် ကျောင်းထက်စောပြီး ရတနာပုံဆေးတက္ကသိုလ်တွင် ပထမဆုံး မဟာသိပ္ပံတန်းကို ၁၉၆၀ ကျော်ခေတ်က ဆရာဖေသိန်း ဌာနမှ စတင်ဖွင့်လှစ်ခဲ့ခြင်းမှာ အညာဆရာဝန်တွေ လက်မထောင်ခဲ့ရသည့် အကွက်ဖြစ်သည်။
သူနှင့်ခေတ်ပြိုင် ဆရာဦးမြတူမှာလည်း ရန်ကုန်တွင် ဆေးသုတေသနဌာနကို အားထုတ် တည်ထောင်နေချိန်ဖြစ်ပါသည်။ သူတို့ခေတ်ကကဲ့သို့ အခြေခံကောင်းကောင်းနှင့် ပြည်ပတွင် အစိုးရစရိတ်နှင့် ပညာသင်သွား၊ ထူးချွန်စွာတတ်မြောက်ပြီး ပြန်လာတော့လည်း တက္ကစီး အလုပ်အဆင်သင့်၊ မြေစမ်းခရမ်းပျိုး၊ ပျိုးကြဲစရာ စီမံကိန်းများစွာနှင့် သုတေသနတွင် ပျော်မွေ့ပြီး ဆေးပညာသင်ကြားရေးကို အပတ်တကုတ်ရှိလှသည့် ဆေးပညာရှင်လောက မြန်မာပြည်ဝယ် ဆုတ်ယုတ် သွားရသည်မှာ အထူးကြေကွဲစရာဖြစ်ပါသည်။
ယနေ့ ဆရာဝန်ငယ်များအကြား ဆေးလက်တွေ့ အကြိုဘာသာရပ်များဟု ခေါ်သော ဆေးရုံဘက်ကမဟုတ်သည့် ပညာရပ်များကို လိုက်စားချင်သူကို ရှာရခက်လှပြီး ထိုပညာရပ်များနှင့် ဘွဲ့လွန်ယူသူကပင် ဝင်ငွေဖောဖော ဒေါ်လာပေါပေါရသော ဘာသာများလောက် မတော်သလို အထင်ခံရတတ်သည်။
ပညာရှင်ကို ထိုက်သင့်သည့် လစာနှင့် လွတ်လပ်စွာ စီမံပိုင်ခွင့်ကို များများကြီး ပေးနိုင်မှ ပညာရပ်ကြီးပွားရေး၊ မျိုးဆက်သစ် လူမွန်လူချွန်ပျိုးထောင်ရေး ဆိုသည့် နိုင်ငံပြု အိပ်မက်များ ရုပ်လုံးပေါ်နိုင်ပေသည်။
ဆရာဖေသိန်း၏ ဘဝဇာတ်ကြောင်းမှ ရလိုက်သည့် စဉ်းစားဖွယ်တချက်မှာ စူးနေရာစူး ဆောက်နေရာဆောက်ဆိုသည့် စကားပါပေ။ ပညာပိုင်းကိစ္စကို စိတ်ညွတ်ပီး လူမှုဆက်ဆံရေးအားနည်းသော ဆရာကြီးလိုလူကို စိတ်ချရသည့် လူအေးဆိုပြီး အုပ်ချုပ်ရေးကိုင်ခိုင်းခြင်းက ပညာရေးလောကအတွက် တအားလျော့သည် မှတ်ပါသည်။
သို့သော် လူတော်လူထက်ဆိုသည့် ဆရာကြီးတချို့ကဲ့သို့ ဗောင်းတော်ညိတ် စိတ်တော်သိ အလုပ်လွန်ပြီး ဖွတ်မိကျောင်း ဖြစ်သည့်ပမာ “ဆရာဝန်ချင်း ကပ်နှိပ်တာ အပြင်လူထက်ဆိုးတယ်” ဆိုသည့်ကိန်းမျိုး ဆရာဖေသိန်း လက်ထက်တွင် မကြားခဲ့ရပါ။
မြန်မာပြည်မှာ ဆရာဝန်တွေလိုတယ်၊ များများခေါ်ဆိုသည့် နှုတ်ကမ္ပတ်တော်အတွက် တောခေါင်ခေါင်အလယ် ဆေးတက္ကသိုလ် အသစ်ဖွင့်ခြင်း၊ ဆရာတိုးခန့်ဖို့ မွေးထုတ်ပြီးသားလည်း အသင့်မရှိ၊ ပညာတော်သင်လည်း ဖောဖောသီသီ မလွှတ်နိုင်၊ နိုင်ငံခြားမှငှားဘို့လည်း ခါလီကျနေပါလျက် ကျောင်းသားတွေ နွားအုပ်သွင်းသကဲ့သို့ ထောင်နဲ့ချီခေါ်ခြင်း စသည့် မဖွယ်မရာတွေ သူ့လက်ထက်တွင် မဖြစ်ခဲ့ပါ (စာအုပ်စာတမ်းနှင့် ခွဲစရာ လူသေအလောင်း၊ လက်တွေ့ခန်းက ပစ္စည်းပစ္စယများ ပါးရှားခန်းခြောက်နေသည်ကတော့ မဆလ ခေတ်ကတည်းကပင်)။
ဘတ်ဂျက်မရှိ၍ နယ်တွင် ဆရာဝန်တွေ လိုသော်လဲ မခန့်နိုင်ဘဲ ပုံနေသော ဘွဲ့ရအလုပ်လက်မဲ့တွေ တပုံတခေါင်းနှင့် ဆင်ဖြူတော်ပညာရေးအဖြစ်လဲ မဆိုက်ခဲ့။ ဆေးပညာဘွဲ့ကို ငါးနှစ်သင်တန်းသို့ လျှော့ချခြင်းမှာ ဦးနုလက်ထက်က အကြံကို ပြန်ဖော်ခြင်းဖြစ်ပြီး အနောက်တက္ကသိုလ်များတွင်လည်း လျှော့သည့်နေရာတွေ ရှိပါသည်။ သို့သော်သူတို့၏ အခြေခံ ပညာရေးနှင့် ဆေးအကြိုကောလိပ် သင်တန်းမျိုး ရွှေပြည်ကြီးတွင် မပေါ်နိုင်သေး။
ဆေးကုသရေး ဘက်တွင်လည်း လတမ မလတမ လုပ်ထုံးလုပ်နည်းနှင့် ဆေးကောင်စီကို ရုပ်သေးသဖွယ် ထင်တိုင်းကျဲပြီး ကျိုးကြောင်းမကျသည့် ခပ်တိမ်တိမ်ကိုင်တွယ် စီရင်မှုမျိုး၊ တနည်း နိုင်ငံရေးကျားကွက်တွင် ထိုးကျွေးခြင်းမျိုး မရှိခဲ့ပါ။ တက္ကသိုလ်များ နှစ်ကာလ ရှည်ကြာစွာ ပိတ်ခံရခြင်း၊ ပညာရေးလောကတွင် နိုင်ငံရေးအရ ဖြုတ်ထုတ်ရှင်းမှုများ ဖြစ်ပွားခြင်း စသည့် အထက်ကလာသည့် သူလည်းမတတ်နိုင်သည့် ဆုံးရှုံးမှုများ ပေါ်ပေါက်ခဲ့သော်ငြား ပညာရပ်အသိုက်အမြုံနှင့် ကျန်းမာရေးလောက အလယ်တွင် လူကြီးသူမ ပီသစွာ ရပ်တည်ခဲ့ခြင်းကြောင့် နိုင်ငံရေး အမြင်စုံသည့် တပည့်တပန်း ပေါင်းစုံ၏ ချစ်ခင်လေးစားခြင်းကို ရာသက်ပန်ခံယူနိုင်ခြင်းဖြစ်ပါ၏။
ထိုထက် လာမည့် ခေတ်စံနစ် အသစ်သစ်တို့တွင် အစိုးရအဖုံဖုံ၏ မူဝါဒကို ရေးဆွဲဖော်ဆောင်မည့် ပညာရှင်ဟူသည့် လူတန်းစားအဖို့ ပညာရပ်နှင့် ပြည်သူအပေါ် ထားရှိရမည့် သမာသမတ် လစ်ဟင်းပြီး အဂတိလေးပါး လိုက်စားခဲ့ပါက မစင်စက်စွန်းသည့် နတ်သုဒ္ဓါသဖွယ် ပညာပိုင်းအရ မည်သို့ပင် ဝိဇ္ဇာဓိုရ်နေစေကာမူ တက္ကတွန်း အရည်း ပြာဋိဟာ ပြသည့်နှယ် လူသူလေးပါး အော့နှလုံးနာစရာကိန်း ဆိုက်ဖို့သာရှိပါကြောင်း။ ။
Set as favorite
Bookmark
Email this
Hits: 6846
Comments (23)

written by ခွန်ပန်းစိန်, February 07, 2010
ဆရာဂျွန်ကိုယ်တိုင် ၀င်ရေးပြီဆိုတော့ ဒိထက်အမှန်တရားကိုသိချင်သေးသလား မန်းကမမ ဒေါက်တာကြီး။ သွဲ့တို့နွဲ့တို့ကို ပြောနေတာ မဟုတ် သူတို့က မြေဇာပင်လေးတွေပါ။ မန်းမမဒေါက်တာ ထန်းရွက်လေးနဲ့ကာပါဦး။
written by Jalaluddin Hla Khine, February 04, 2010
I have no comments about BoBo Lan Sin writing an obituary about U Pe Thein. Maybe he was not in the 2nd MB class when this thing about Taing KaungSi OkkaHta U Tin Hla"s daughter case came up.What i am very perturbed is the fact that B.S. Ko Lay (BalaDewa Singh Ko Lay) and U Khin Maung Sein, 'mentioning my name' and commenting that i was wrong in attacking U Pe Thein. i am deeply upset because both these former colleagues of mine 'did not know' the REAL REASON behind my personal attacks on U Pe Thein. Since they were 'not aware' of the real reason, these two 'should not' have commented on this matter. But, shamelessly they did. This surprised me no end, since by commenting on this matter, both B.S Ko Lay and U Khin Maung Sein exposed their 'INTELLECTUAL HIATUS AND MORAL APATHY' which is unbecoming of men of their intellectual status and their ranks.
During the Examiner's Board Meeting after that fated examination, i reminded U Pe Thein not to meddle in this matter of giving Distinction as he was the 'Chairman' of the Board and should be 'NEUTRAL' and also because there were fourteen students who scored the 'same marks' as that girl. Despite this reminder he ignored the status of those fourteen students and 'urged' the members of the Examination Board to agree to his suggestion. There were 37 lecturers at that Board Meeting and not one , including the Head of the Department U Khin Maung Sein and the son of that Punjabi, Bala Dewa 'SINGH' Ko Lay protested against THE DECISION as 'being IMPROPER AND CORRUPT'.
U Pe Thein has been 'selected' and 'appointed' as the RECTOR OF THE INSTITUTE OF MEDICNE in Mandalay, which means he is the top WATCHDOG to see that no such 'Hanky Panky' takes place. But , not only such cheating took place but 'he ' was the prime person 'suggesting' this type of 'cheating and corruption'. We should realize that this is not a primary school. This is the Institute of Higher Learning. How can the Top watchdog commit such cheating and corruption????. He is not a Saikkar peddler. He is a holder of M.B., B.S, and PhD degree from UK. Can you and i who have put much 'faith' and 'trust' in him as the Rector, allow him to commit such morally degrading and shameful act knowingly???
Anyway, he pushed that thing through and all of the Board Members signed a letter saying they 'agree' to offering the distinction to this girl. The students reacted with spits, saliva, phelgm and 'natchee' on the result put up. i did not do anyhting nor did i comment on it. In the 'months' that followed', U Pe Thein carried on with his work and i did mine. It was a sort of tense situation between us like you would say : Bo Ney Myare, Kyaa Ney Myare' - the tiger knows where the hunter is and the hunter knows where the tiger is. The only change being that i 'refused' to take part in the following examinations as one of the members of Internal Examiners despite the frequent reminders from DGME. For months nothing happened 'until one day' when U Pe Thein gave me a letter asking me to 'vacate' the room he has given me in the hostel as an Assistant Warden. He asked me to vacate the room 'immediately' without giving me a chance to search for an alternative place of residence. Now, Both U Pe Thein and I were educated in Schools run by Christians Brothers of the La Salle Order, where all of us were instructed to be 'GENTLEMANLY'. but by not giving me a 'running chance' and asking me to vacate the room immediately, i thought it was atypical of a Brother's boy to do that which was extremely 'UNGENTLEMANLY'. IT WAS THEN THAT I DECIDED TO BANG HIS SHOULDER EACH TIME I MET HIM IN THE CORRIDOR OF THE INSTITUTE, AND ONCE IT HAPPENED IN FRONT OF THE MANDALAY DIVISION MASALA PARTY PRESIDENT.
So now that the real reason behind my personal attacks on U Pe Thein has been explained, i would just like to say that Bala Dewa Singh and U Khin Maung Sein are fortunate i am no longer in Mandalay. If i could with sheer abandon do what i did to their chief during the time his star was flying high, you can imagine what i can do to these two who are no better than mere 'squeaks' in U Pe Thein's arse.

written by ခွန်ပန်းစိန်, January 26, 2010
အခုဒီစာက MDY doctor တယောက်တည်းကိုပဲ ရည်ရွယ်ပါတယ်။ သူ့စာအရဆို ဘိုဘိုလန်းစင်က အယ်ဒီတာ ဖြစ်တာနဲ့ ဒီအကြောင်း ဘိုဖေသိန်း အကြောင်းတွေ သိပြီးသားလို့ ဆိုပါတယ်။ ဒါဆို ဘာလို့သူက လွတ်လွတ် ကင်းကင်းမရေးဘဲ ဘိုဖေသိန်းက ဆရာဝန် အချင်းချင်း ကပ်နှိပ်တာ မရှိဖူး မတွေ့ရဖူးလို့ ရေးတာလဲ ။ဒါကြောင့် ၀င်ရေးရတာပဲ။
MDY doctor ဆိုတာ နံမည်လား ။ဝှက်ထားတာလား ။အခု ရေးပြတဲ့ထဲမှာ ဆရာကြီး တွေရော ခင်ဗျားပါ လက်ရှောင် သွားကြတဲ့ underlining cause ရှိပါတယ်။ အဲဒါက ဘိုဖေသိန်းကို
မန္တလေးတိုင်း ကောင်စီဥက္ကဌ ဦးတင်လှက သူ့သမီးတွေ ဖြစ်တ့ သွဲ့နဲ့နွဲ့ကို အနာတမီ ဂုဏ်ထူးပေးဖို့ နှုတ်မေးခွန်း ဗိုင်ဘာမှာ အမှတ် ပေးခိုင်းတာက စခဲ့တာပါ။ ဒါကိုကြည့်ရင် မဆလ အစိုးရ လက်ထက်မှာလည်း အာဏာရှိသူက ခိုင်းတာကို ဘိုဖေသိန်းက ဆရာဂျွန်ကို ခိုင်းတာပဲ ဆရာဂျွန်က မလုပ်နိုင်ဖူး ဆိုတာက စတာပဲ ။ အာဏာ ဖီဆန်တယ်ပေါ့ ။ ဒါ ပညာရှိလားဗျာ။ ဒေါက်တာသန်းထွန်း သေသာသွားတယ် မဆလ န၀တ နအဖကို ဆန့်ကျင်ြ ပခဲ့တာပဲ ။ ဘယ်လောက်ပဲ ပညာ တတ်နေနေ န၀တ နအဖကို ဖားစား အပေါ်ဖား အောက်ဖိနေတဲ့ ပညာရှင်မျိုးကို ကျွန်တော်
က ဆန့်ကျင်ပါတယ်။ နိုင်ငံရေး ကင်းစင် ရမတဲ့လား ။ ဆရာဝန်တွေ ဘယ်လောက်တောင် တကိုယ်ကောင်း ဆန်လိုက်ကြသလဲ ဆိုတာ ပြောနေသလိုပါပဲ။ တိုင်းပြည်မှာ နှစ်ပေါင်း ၄၈နှစ ရှိနေပြီ စစ်အာဏာရှင် လက်အောက်မှာ နေနေကြရတာ။ ပညာတတ် ပညာရှင် ဆိုပြီး စစ်အစိုးရ သက်ဆိုး ရှည်ဖို့ ကျားကန်ပေးနေတဲ့ ဆရာဝန် ပညာတတ်မျိုး ဘာလို့ ကျေးဇူး တင်နေရမလဲ။ တလောက နယ်စပ်ကို တိုင်းမှူး ခေါ်လာတဲ့ မင်္ဂလာဒုံ ဆေးတက္ကသိုလ်က စစ်ဆရာဝန် လောင်းလေးတွေ တွေ့လို့ မေးကြည့်ခဲ့ဖူးပါတယ် ။ မင်းတို့ ဘာလို့ စစ်ဆေး တက္ကသိုလ် တက်တာလဲလို့ ။ စစ် ဆရာဝန်လေးက ဖြေပါတယ်။ မျက်နှာက ၀င့်ကြွားေ နပါတယ်။ ရှင်းရှင်း ပြောရင် အပြင်ရိုးရိုး ဆရာဝန်ဖြစ်ရင် ဘာ အခွင့်အရေးမှ မရဖူး အလုပ်လည်း မလွယ် ပါရဂူဖြစ်ဖို့လည်း မလွယ်ဖူး တဲ့ ဒါကြောင့် စစ်ဆရာဝန် လုပ်တာတဲ့ ။ ကျွန်တော်က ဒီစစ်အစိုးရက ကျောင်းသားတွေကို သတ်ထားတယ်။ တိုင်းရင်းသားတွေကို သတ်တယ်။ ရဟန်းတွေကို သတ်တယ်။ တိုင်းရင်းသူတွေကို မုဒိန်းကျင့်တယ် ။ ဒီစစ်သားတွေကိုမင်းက ဆေးကုပေးမှာလား လို့ ပြောတော့ သူက ဒါတွေ မသိဖူးတဲ့ သူသိတာက သူကောင်းစားဖို့ပဲ တဲ့လေ။ ကျွန်တော့ သူငယ်ချင်းတယောက် အခု ဗိုလ်မှူးကြီး ဆရာဝန်မင်္ဂလာဒုံ ဆေးတက္ကသိုလ်မှာ ပါရဂူကြီး သူဆို မင်းဘာလို့ စစ်ထဲဝင်တာလဲ ဆိုတော့ ဂျီပီ မကောင်းလို့တဲ့ ။ပညာတတ်ကြီးတွေ ဖြစ်နေပါပြီ အခုဆို နအဖ ကောင်းကြောင်း ပါးစပ် အမြုပ်ထွက်အောင် ပြောနေတာပဲ။
ကဲဇာတ်ပေါင်းရရင် ပညာရှင်တွေ နအဖ ဘက်သားဆို ရန်သူပဲ။ ဆရာဝန်မှ မဟုတ်ဖူး ။ဘာပညာရှင်ပဲ ဖြစ်နေနေ နအဖဘက်သား ပညာရှင်ဆို ရန်သူပဲ။ နာဇီခေတ်က ဂျာမန် ဆရာဝန်တွေ ဂျူးတွေကို အရှင် လတ်လတ် ခေါင်းဖွင့် စမ်းသပ်ခဲ့ကြတယ်။ ဗိုက်ဖွင့်ခဲ့ကြတယ်။ ဒါ ပညာရှင်လား ။ ရန်သူပဲ။ MDY doctor ဟာ နအဖ ဘက်သား ဆိုရင် ကျွန်တော်တို့ရဲ့ ရန်သူပဲ။ ဒီစစ်အစိုးရ ပြုတ်ကျမှ ပညာရှင် အစစ်တွေ ပေါ်လာကြမယ်။ ပညာရှင် စစ်စစ်တွေ အထက်ကို ရောက်လာမယ်။ ဒါပါပဲ။

written by concerned citizen, January 22, 2010
"သမိုင်း တပတ် လည်တဲ့အခါ အားလုံး ဖွင့်ချပါမယ်"
To saya Khun Pan Sein and all others,
Can I ask a favour on behalf of all our citizens who have never had the chance to enjoy "freedom of speech" or "free media"?
Pls don't wait till history repeats. If you know the truth or think that you know the truth, pls let the truth be know. The truth cannot speak for itself at the moment in Myanmar where its mouth is forced to shut by oppression. The truth might hurt someone a little but in the long run, it will speak for itself.
If your truth is somewhat different from others, it will create a debate which is natural and desirable in an intellectually sound society. Let's just be open (esply to criticisims) and share what we know.
We, younger genearations (including the author bobolansin) will never know "the truth" (and its different versions) unless you, older and experienced generations, let us know.
အမှန်တရားတွေ၊ ဖုံးကွယ်ထားတ့`ဲသမိုင်းတွေကို သိပါရစေလားခင်ဗျာ။
Thank you very much!

written by ခွန်ပန်းစိန်, January 22, 2010
ဆရာကြီး ဦးကိုလေးနဲ့ ဆရာကြီး ဦးခင်မောင်စိန်ကို ကျေးဇူးတင်ပါတယ်။ အခုအဖြစ်မှန် ပေါ်သွားပြီမဟုတ်လား တခုပဲ မသိခဲ့တာက ဆရာဂျွန်လှခိုင်က ဆရာဦးဖေသိန်းကို ပုခုံးနဲ့ ၀င်တိုက်တာပါပဲ။ ဒါလေးက မြုပ်ကွက်ကျန်နေခဲ့တာပဲ။ ကျွန်တော်ပြောခဲ့တာတွေ အားလုံးမှန်နေပါတယ်။ ဆရာဦးကိုလေးပြောသလို မဟုတ်ပါ။ ဂျွန်လှခိုင်က ပတ်စပုတ်မရပါဖူး။ ဒါကြောင့် ဟတ်ချိုင်မလေးနယ်စပ်မှာ လူဝင်မှုက ဖမ်းပြီး ထောင်ချခဲ့တာပါ။ ၃နှစ်ပါ။ ဆရာဂျွန်ဟာ ပန်းသေးမှန်းမသိပါ။ သူကတော့ ကိုရန်ကျမ်းစာအုပ်လေးကို တပတ်အတွင်းအရကျက်ရပုံ သံပုရာခွံဦးထုပ်လေး အမြဲဆောင်းထားရပုံကို မျက်ရည်ဝဲ၀ဲနဲ့ပြောပြပါတယ်။ အဖြစ်ကတော့ဒါပါပဲ။
ဒီလိုအခြေအတင်ဆွေးနွေးလိုက်မှ အဖြစ်မှန် ကပေါ်လာတာပါ။ သမိုင်းအမှန်ကိုပြောချင်လို့ပါ။ ။ ကောင်းတာလည်းရှိ မကောင်းတာလည်းရှိ ။ ။ဝင်ရောက်ပြောပေးကြတဲ့ ဆရာကြီးတွေ အားလုံးကို လေးစားကျေးဇူးတင်ပါတယ်။ ကန်တော့လိုက်ပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ။

written by တ၀က်တပြက် ကျောင်းသားဟောင်း, January 22, 2010
"မြန်မာပြည်မှာ ဆရာဝန်တွေလိုတယ်၊ များများခေါ်ဆိုသည့် နှုတ်ကမ္ပတ်တော်အတွက် တောခေါင်ခေါင်အလယ် ဆေးတက္ကသိုလ် အသစ်ဖွင့်ခြင်း၊ ဆရာတိုးခန့်ဖို့ မွေးထုတ်ပြီးသားလည်း အသင့်မရှိ၊ ပညာတော်သင်လည်း ဖောဖောသီသီ မလွှတ်နိုင်၊ နိုင်ငံခြားမှငှားဘို့လည်း ခါလီကျနေပါလျက် ကျောင်းသားတွေ နွားအုပ်သွင်းသကဲ့သို့ ထောင်နဲ့ချီခေါ်ခြင်း"
သည်နှုတ်ကမ္ပတ်တော်အတိုင်း ဗောင်းတော်ညိတ် စိတ်တော်သိ Rector ကြီးများက ဘွဲ့ နှင်းသဘင်မှာ အရိုးကြေကြေအရေခန်းခန်း လက်မောင်းပြုတ်အောင်ဘွဲ့ တွေ နှင်းလိုက်တာ အခုဆို မြန်မာပြည်မှာ နှလုံးနဲ့ကျောက်ကပ်မခွဲတတ်တဲ့ ဆရာဝန်တွေ (ခွဲစိတ်ခြင်းမဟုတ်၊ ခွဲခြားခြင်းကိုဆိုလိုသည်)၊ ဆေးမထိုး၊ နားကြပ်မစမ်း တတ်တဲ့ဆရာဝန်တွေ၊ MBBS ရရင် ဆေးကျောင်းနားမှာ Game ဆိုင်ဖွင့်စားမယ်ဆိုတဲ့ ဆရာဝန်တွေ လအောရိုက်နေပြီ။ သည်လူကြီးသား၊ ဟိုလူကြီးသမီးတွေကို လက်မလည်အောင် ဆက်သရတာကြောင့် ရှားပါးစက္ကူဖြစ်လာတဲ့ ဆ/မကို ယောင်ချာချာထိုင်စောင့်ရင်း "၀မ်းဆွဲသည်ပဲ လုပ်စားရကောင်းမလား" စဉ်းစားကုန်ကြရတဲ့ ဆရာဝန်တွေလည်းအများကြီး။ (သည်အရေးတွေမြင်လို့  နှလုံးနဲ့ကျောက်ကပ် ခွဲတတ်စဉ် 2nd MB ကတည်းက လစ်ထွက် လာခဲ့ပါတယ်)
MBBS တင်ဘယ်ကမလဲ၊ ဆေးသိပ္ပ္ပံ၊ ဆေးပါရဂူတွေလည်း မရှားပါးစေရ ဆိုတာကြောင့် သုံးလပြတ် MSc, PhD သင်တန်းတွေပေးလိုက်တာ အခုဆို မြင်မြင်သမျှပါမောက္ခ၊ တွေ့ သမျှလူပါရဂူလို့  စာချိုးနေရပြီ၊ မကြာခင်မှာပဲ England က MRCP ဘွဲ့ ကို အားကျမခံ၊ ကြပ်ပြေးမှာ ကောလိပ်ထောင်ပြီး၊ Myanmar Royal College Physician ဆိုတဲ့ ပြည်တွင်းဖြစ် MRCP တွေပေးလာနိုင်တယ်၊

written by Khin Maung Sein, January 22, 2010
I agree with B.S. Ko Lay. Saya John Hla-Khine has been very wrong to attack Sayagyi U Pe Thein by shouldering him down in front of the teachers and students in Mandalay. He was very hostile to me too since I was appointed Professor and Head of Department of Anatomy at Mandalay IM after his teacher was removed. I bear no grudge to both.
I sympathized with him of course as he was the only person not appointed to a professor post with a Ph.D. in anatomy. That's why he is so frustrated and insolent.

written by B.S.Ko Lay, January 22, 2010
What Bo Bo Lan Sin writes is correct. Sayagyi U Pe Thein was meek and magnanimous. He did not take action on many of his subordinates for their petty crimes or mistakes except on Say John Hla Khaing who physically attacked him when he was rector of IMM and Saya John was lecturer in anatomy. I heard that John Hla Khaing was removed from service and he got the passport with the help pf the "Favorite Daughter." John and his brother Colonel Htun Hlaing or Maurice Hla Maung are never Christians, They are born Pan-Thays.
written by ခွန်ပန်းစိန်, January 21, 2010
MDY doctorသို့
အခု ရေးပြခဲ့တဲ့ အကြောင်းဟာ သမိုင်းမှာ အမှန်ဖြစ်ခဲ့တာကို ပြန်ပြောပြတာပဲ ။။မြန်မာပြည်မှာ မဆလခေတ် ကတည်းက အရိုး စွဲနေတဲ့ ညာတာကြီးကို ဆက်ပြီး လုပ်ချင်နေသေးသလား ။ ဘိုဘိုလန်းစင်က ငယ်သေးလို့ မသိလို့ဘဲ ထား။ သူရေးတာ သမိုင်းမှာ ကျန်ရစ်ခဲ့မှာပဲ။ သူက မသိလို့ ကျန်နေတာကို ထောက်ပြတာပဲ ။ ဒါတွေကလည်း ဆရာဂျွန်လှခိုင် ကိုယ်တိုင် သူမထွက်ခင် ဆေး၂က အမျိုးသားဆောင်မှာ ည လဘက်ရည်ဆိုင်မှာ ပြောပြခဲ့တာပဲ။ တခါ ကျွန်တော် ကိုယ်တိုင် မလေးရှားက UKM university Kebangsaan malaysia ,anatomy Department မှာ လက်ချာရာ လုပ်နေတာ ကိုယ်တိုင် တွေ့ခဲ့တာပဲ သူကိုယ်တိုင် ပြောပြခဲ့တာပဲ မကျေနပ်လို့ အတည် ပြုချင်တယ် ဆိုရင် မလေးရှား တက္ကသိုလ်ကို စုံစမ်းပါ။ ကျွန်တော်နဲ့ တွေ့တာက 1991 မှာပါ။ ဒီအကြောင်း မဟေသီ မဂ္ဂဇင်း ၁၉၉၀-၉၁က ပြေ၊ဆေး၂၊က ကွာလာလန်ပွာ ဆိုပြီး ရေးခဲ့တယ်။ တလပဲပါတယ် နောက်လ စိစစ်ရေးက ဖြုတ်လိုက်တယ်။ နောက်၂၀၀၃ ဧပြီလ မြားနတ်မောင် မဂ္ဂဇင်းမှာ ဟင်္သာ ကိုးသောင်းဇာတ် ဆို အခန်းဆက် ပါလာတယ်။ ဒါတွေ ဖတ်ပြီးမှ ပြောပြနေတာ။ ဆရာ ဂျွန်လှခိုင်ဟာ ဂျာလာလုဒင် ဆိုပြီး အစ္စလန် ဘာသာပါ ပြောင်းလိုက်ရတာပါ။ ဒါမှ ဒုက္ခသည်များ မဟာမင်းကြီးရုံးက မလေးမှာ ဒုက္ခသည် အဖြစ် အပြင် အလုပ် ရဖို့ အတွက်ပါ။ ဆရာက ခရစ်ယန်ပါ။
ဘိုဘိုလန်းစင်ရေးတာ လိုနေလို့ ကောင်းတာ ရှိသလို မကောင်းတလည်း ရှိခဲ့တယ် ဆိုတာ ပြောပြတာပဲ။ ဒါ အမှန်တရားပဲ။ အပုပ် ချချင်နေတာ မဟုတ်ပါ။ လူတယောက် ဒါလောက် ဘ၀ ပျက်သွားတာကို ဘာလို့ ဖုံးထားရမှာလဲ ။ နာဇီတွေ မတရား လုပ်ခဲ့တာကို ဂျူးတွေက အပုပ်ချတာပဲ လို့ အီရန် သမတ ပြောနေသလို ဖြစ်မနေဖူးလား။ အမှန်တရားကို မြတ်နိုးစမ်းပါ။ ဘိုဘိုလန်းစင်ဟာ လူထု မျိုးဆက်ပါ။ လူထုဟာ အမြဲ လူထုဘက်မှာ ရှိပါတယ်။ တိုင်းပြည်မှာ ဗွက်ပေါက်နေပြီ။ အခုလည်း မဟုတ် တရုတ်လုပ်တဲ့ ဆရာဝန်တွေ နအဖရဲ့ ဆွေမျိုးသားချင်း ဆရာဝန်တွေ နယ်တွေမှာ လုပ်ချင်ရာ လုပ် ဘာမှ မတတ်နိုင်တာတွေ ရှိတယ် ။ မတရားမှုက လူတွေ ရင်စီး ခံနေကြရတာပါ။ နအဖ ဗိုလ်ချုပ် တွေသာမက သူ့ အသိုင်း အ၀န်း ပညာတတ်ေ တွကပါ လူတွေကို စော်ကား နှိပ်စက် မောက်မာ နေခဲ့ပါတယ်။ သမိုင်း တပတ် လည်တဲ့အခါ အားလုံး ဖွင့်ချပါမယ်။

written by Mdy doctor, January 19, 2010
To Shwe Shwe, Khun Pan Sein and others,
လူတွေဟာ ပညာတတ် ဆိုရင် သေသူ အကြောင်း နာမည်ဝှက်နဲ့ သွားပုပ် လေလွင့် ပြောတာ အောက်တန်း ကျမှန်း သိရမယ်။ ဆရာဖေသိန်း မကောင်းတာ လျှော်တာ ဖားတာ လူမသိ ရှိမလား။ ဒီဆောင်းပါး ဆိုလိုရင်းက လက်ရှိဝန်ကြီး လက်ထက် ဖြစ်ပျက် နေတာတွေ ပြောချင်တာ၊ လူငယ်တွေ သုတေသန လိုက်စားချင်အောင် တွန်းအားပေးတာ။ ဒီအရွယ်ကြီးမှ စာမဖတ်တတ်ဘူး အပြော မခံကြပါနဲ့။ ဒေါ်ကြူကြူဆွေနဲ့ မိသားစု ကြားရင် စိတ် မကောင်းစရာ။

written by sue, January 19, 2010
In fact, he wants to appreciate U Pe Thein (may be he was good to his mom and to his family) too much and trying to hide the realities. We should have positive aspect and writing, but not trying to reinvent the wheel. Please do not behave as too educated and high moral people...do not make your generation's pride down because of your deed and writing.
written by PSO, January 18, 2010
ဘာဘဲပြောပြော နအဖ ကျန်းမာရေး ဝန်ကြီးတွေထဲမှာ သူနဲ့ ဗိုလ်ချုပ်ကက်စိန် အကောင်းဆုံးဘဲ။
written by minmin tun, January 18, 2010
The part you mentioned about medical council was in good reflection of current status in Myanmar, but that's one & only part for whole of your article.
written by shweshwe, January 16, 2010
One comedian said Pe Thein slept with gun and colonel uniform when he was a ministry of health. now I am sure to say that he enjoys in hell with other former military ministers.
written by ဖိုးသား, January 16, 2010
ကျွန်တော်တို့ရဲ့ ပါချုပ်ကြီးပါ။
သူရဲ့ပညာဟာ လေးစား စရာ အလွန် ကောင်းပါတယ်။
ဗျောက်ချိတ်ပေးရတာတော့ သူလည်း လှိုက်လှိုက် လှဲလှဲ ချိတ်ချင်ခဲ့တာ မဟုတ်ဘူးလို့ ကိုယ်ချင်း စာမိပါတယ်။
ကျွန်တော်တို့ အားလုံး အတွက်ပါ ဆရာကြီးက နစ်နာအောင် သူ့ဟာသူ initiate လုပ်ခဲ့တာ မရှိပါ။
ကန်တော့လိုက်ပါတယ်။

written by Ko Ko Aung, January 16, 2010
I would like to mention what one of the famous prime ministers of Israel said. "A Friend of the Enemy is also our enemy."
written by ခွန်ပန်းစိန်, January 16, 2010
ဘိုဘိုလန်းစင် ငယ်သေးလို့ ဖြစ်ပါမယ်။ဆေးမန်းမှာ သူ ပါချုပ် လုပ်စဉ်က တိုင်းကောင်စီ ဥကထ ဦးတင်လှက သူ့သမီးတွေ ဖြစ်တဲ့ သွဲ့နဲ့နွဲ့ကို ဒု အမ်ဘီတန်းမှာ အနာတမီဂုဏ်ထူး ပေးဖို့ရာ စာမေးပွဲ မစစ်မီကပင် ကြိုပြောထားရာ မေးခွန်းလည်း ရထား။ ဗိုင်ဗာ နှုတ်မေးခွန်းမှာ ဂုဏ်ထူးပေးဖို့ ပြောထားတယ်။ ဒီမှာဆရာ ဂျွန်လှခိုင် က မလုပ်နိုင်ဖူး ပြောလို့ ဆေး၂ကို ပြောင်းပစ်တယ်။ ဆရာ့ကိုမန်းနဲ့ ဆေး၂ သွားလိုက် ပြန်လိုက် လုပ်ခိုင်းတယ်။ ၆လစီ။ နောက်တော့ ဆရာက အလုပ်ထွက်ပြီး မေမြို့ မန်းလေး အမ်အမ်တီအေ ဂျစ်ကားမောင်းတယ်။ နောက် သူမလေးရှား တက သိုလ် လှမ်း အလုပ်လျှောက်တော့ ရတယ် ။ ဒါပေမဲ့ ပတ်စပို့ ထုတ်မပေးဖူး ဦးဖေသိန်းက ကန့်ကွက်တယ်။ ဂျွန်လှခိုင်က တောလမ်းကနေ ထွက်သွားတော့ မလေးအ၀င် ဟတ်ဂျိုင်းမှာ လူဝင်မှုက ဖမ်းပြီး ထောင်ချတယ်။ ထောင်ထဲမှာ ၃နှစ် နေရပြီးမှ ကုလသမဂ မဟာ မင်းကြီးရုံးမှာ ရဖျုဂျီ လျှောက်တော့ရတယ်။ အခုတော့ မလေး ဆေးတကသိုလ် အနာတမီ ဌာနမှာ ဂျာလာလူဒင် ဆိုပြီး လုပ်နေပါတယ်။ ဒီအကြောင်း ပြေ၊ဆေး၂၊က မဟေသီ မဂဇင်းမှာ ၁၉၉၀ လောက်က အခန်းဆက် ရေးတာ တလပြီး နောက်ပိုင်း စီစိရေးက ဖြုတ်တာခံရတယ်။ ဆိုချင်တာက ဘိုဖေသိန်းက ဆရာဝန်တွေ အပေါ် ဘ၀ ပျက်တဲ့ထိ လုပ်ခဲ့တာ ရှိခဲ့တဲ့အကြောင်းပါ ဘိုဘိုလန်းစင် အသေးစိတ် သိချင်ရင် မလေး ဆေးတကသိုလ်မှာ ရှာကြည့်ပါ သူ့နာမည်က မလေးလို ဂျာလာလူဒင် တဲ့ သူက ဂျွန်လှခိုင်ပါပဲ။ ဒေါက်တာ မောင်မောင်ညိုနဲ့ အပြိုင်ပေါ့။
written by Ko Ko Aung, January 15, 2010
Dear Author,
May I suggest not to write such a kind of article about a slave of military dictators? When Pe Thein was in the seat of minister of health and education of the junta, the only thing he did was how to please Khin Nyunt and Khine Win Shwe. At that time I was just a first year medical student and one of our professors always mentioned how stupid and snobbish Pe Thein was. I never forgot what he said in the speech when he came and met us in the lecture theater during the days of first MB. All his speech were full of Khin Nyunt and how Khin Nyunt was a good leader/great chairman of the national health committee.
If he would be still alive, he is the one who would be prosecuted in the Court when democracy comes up in the Country.
I am sure Pe Thein is in the Hell now!
Kind regards,
Ko Ko Aung

written by မောင်မြန်မာ, January 15, 2010
သြော် သွားလေသူ တက္ကသိုလ် အရန်တပ်ရဲ့ တပ်ချုပ်ကြီး အကြောင်း တခုပ်တရ ရေးဖော်ရသားပဲ။
""သို့သော် လူတော် လူထက် ဆိုသည့် ဆရာကြီး တချို့ကဲ့သို့ ဗောင်းတော်ညိတ် စိတ်တော်သိ အလုပ်လွန်ပြီး ဖွတ်မိကျောင်း ဖြစ်သည့်ပမာ “ဆရာဝန်ချင်း ကပ်နှိပ်တာ အပြင်လူထက် ဆိုးတယ်” ဆိုသည့် ကိန်းမျိုး ဆရာဖေသိန်း လက်ထက်တွင် မကြားခဲ့ရပါ။""
ဆရာ ဘိုဘိုလန်းစင် မသိလို့ဖြစ်ပါလိမ့်မယ်။ ဆရာကြီး၊ ဆရာမကြီးတွေကို အလုပ် ထုတ်ခဲ့တာ နိုင်ငံခြား ထွက်ခွင့်ပိတ် ခဲ့တာတွေဟာ တက္ကသိုလ် အရန်တပ်ရဲ့ တပ်ချုပ်ကြီး လက်ထက် မှာလည်း ရှိခဲ့ပါတယ်။

written by ကိုကျော်, January 15, 2010
ဗိုလ်မှူးကြီး မောင်ဖေသိန်းတို့ အပြုတ် မြန်လို့ပါ ရာထူး ဆက်ရှိ နေရင် ခေါင်းတော်ငြိမ့် ကြီး မို့လို့ ပိုတောင် ဆိုးဦးမယ်
written by မောင်သန်., January 15, 2010
ဘိုဘိုလန်းစင် အား ကျေးဇူး တင်ပါသည်။
ဆရာကြီး ဗမက ရာထူး နှင့် အပွင့် အခက် အလက် တပ်ဆင်စဉ် (အထူးသဖြင့် ဗျောက်ချိတ်စဉ်) လူပြော အတော်များပါသည်။
တက္ကသိုလ် အရံတပ် (UTC) တပ်ရင်းမှူးသည် နိုင်ငံတော် သမတ ၏ ADC(Aide de Camp) ဖြစ်ပြီး ဗမက ရာထူး တပ်ခွင့် ရှိပါသည်။ ဆရာကြီး ဒေါက်တာချစ်ဆွေ (သင်္ချာ) လည်း လုပ်ဖူး၊ တပ်ဖူးပါသည်။ ၄၇ ဥပဒေ အား ဗိုခင်ညွန်. တို.က တလွဲ အသုံးချ ခြင်းကို ဆရာကြီး ခံစားသွားရခြင်း ဖြစ်ပါသည်။
ထိုစဉ် က ဆရာကြီး ယူနီဖောင်းဝတ် ၊ဗျောက်ချိတ်ခြင်းကို ဥပဒေ အရ တရား ၀င်သည်ဟု (အချင်းချင်းကြား)ပြန်လည် ချေပ ပေးခဲ့ဘူးပါသည်။
၄၇ ၊၇၄ ဥပဒေများ နင်းချေ ဖျက်ဆီးလိုက်ပြီးဖြစ်သည်ကို သတိ မထားမိပါ။
ဖျက်ဆီး နင်းချေပြီးခဲ.သော ဥပဒေများ ကို ယက်တော ကျူးကျော် တွင် တဖန်ပြန်သုံး လာပါသည်။
ဖက်ဆစ် များအဖို. ဥပဒေ ဆိုသည်မှာ ဖိနှိပ်ရေး ကိရိယာ မျှသာ ဖြစ်နေပါကြောင်း ။

Write comment
| < Prev | Next > |
|---|