ပါမောက္ခ ဂျက်ဆင်သည် ရန်ကုန်ရှိ NLD ရုံးခန်းတွင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အဖွဲ့ဝင်သစ်များ ဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်တို့နှင့် ထိုနေ့ ညနေပိုင်းက နာရီဝက်ကြာ ဆွေးနွေးခဲ့ကြောင်း၊ အရှေ့တောင် အာရှရှိ ဆင်းရဲသော နိုင်ငံများ အကြောင်း အချက်အလက် ရှာဖွေ စုဆောင်းသည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။“သူက အင်ဒိုနီးရှားကို အထူးပြု လေ့လာနေတယ်လို့ ပြောတယ်၊ မြန်မာနိုင်ငံက ဖွံဖြိုး တိုးတက်ဖို့ အလားအလာ အလွန် ကောင်းနေပါတယ်၊ အလားအလာ ရှိရဲ့သားနဲ့ အခြေအနေက အဲဒီလို မဖြစ်လာဘူးပေါ့ဗျာ၊ အဲဒါ ဘယ်လိုဖြစ်နေလဲ ဆိုတာ သူ စိတ်ဝင်စားတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။
မြန်မာပြည်၏ လက်ရှိ နိုင်ငံရေး အခြေအနေများအကြောင်းကိုလည်း ပါမောက္ခ ဂျက်ဆင်က မေးမြန်းခဲ့သည် ဟု ဦးအုန်းကြိုင်က ပြောသည်။
သုတေသနပြုလုပ်ရန်အတွက် မြန်မာပြည်သို့ သွားရောက်ခြင်းကြောင်း၊ အကျယ်ချုပ်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဟု သတင်းတချို့ ထွက်ပေါ်နေကြောင်း၊ သို့သော်လည်း တွေ့ဆုံခဲ့ခြင်း မရှိကြောင်း ပါမောက္ခ ဂျက်ဆင်က ဧရာဝတီသို့ ပြောသည်။
ပါမောက္ခ ဂျက်ဆင်သည် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ၏ အကြံပေးအရာရှိတဦး ဖြစ်သည်။ ၁၉၉၁မှ ၁၉၉၃ ခုနှစ်အထိ အမေရိကန် ဒု သမ္မတ၏ နိုင်ငံတော် လုံခြုံရေး အကြံပေးအရာရှိ၊ ၁၉၈၆မှ ၁၉၈၉ ခုနှစ်အထိ အရှေ့အာရှ ကာကွယ်ရေး အဖွဲ့တွင် လက်ထောက် အတွင်းရေးမှူး စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 3068
Comments (0)

Write comment
| < Prev | Next > |
|---|







