ဆယ်တန်းစာမေးပွဲ ခိုးကူးစာအုပ်ငယ် ဈေးကွက် ကြီးမားလာ

ဆယ်တန်း စာမေးပွဲတွင် စာကူးဖြေသူ များအတွက် အထူးစီမံ ထုတ်လုပ်ထားသော စာအုပ်ငယ် ဈေးကွက်သည် ရန်ကုန်တွင် တနှစ်ထက် တနှစ် ပိုမို ကြီးမားလာသည်။

ယခုနှစ်အတွက် ဆယ်တန်း စာမေးပွဲ ကျင်းပရန် ရက်ပေါင်း ၄၀ ခန့်သာ လိုသည့်အချိန်တွင် ထိုစာအုပ်ငယ်များ အလွန် အရောင်းသွက်နေသည်ဟု ခိုးကူး စာရွက်စာတမ်း ရောင်းချသူများက ပြောသည်။

“စာအုပ်ဆိုင်တွေမှာ တင်ရောင်း သလို၊ လူကိုယ်တိုင်လည်း လမ်းပေါ် လျှောက်ပြီး ဒိုင်လျှို ရောင်းကြတယ်” ဟု ဆိပ်ကမ်းသာလမ်း အနီးရှိ စာအုပ်ဆိုင် တဆိုင်မှ ၀န်ထမ်းတဦးက ပြောသည်။

ဆယ်တန်း ဘာသာရပ်စုံ ပါဝင်သော ခိုးကူး စာရွက်စာတမ်း တစုံလျှင် အနည်းဆုံး ကျပ် ၃၅၀၀ ဖြင့် ရောင်းဝယ် ကြကြောင်း၊ စာမေးပွဲ နီးလာချိန်တွင် ၀ယ်ယူသူ ပိုမို များပြား လာဖွယ် ရှိကြောင်း ခိုးကူးစာအုပ် ရောင်းသူတဦးက ပြောသည်။

“ဖေဖော်ဝါရီ လကုန်နဲ့ စာမေးပွဲ စဖြေတဲ့ မတ်လဆန်း လောက်ဆို တနေ့ကို ခိုးကူး အစုံ ရာချီ ရောင်းရတယ်။ ခိုးကူးတစုံကို ၃၅၀၀နဲ့ ရောင်းတယ်။ စာအုပ်ဖိုးရော၊ လိုင်းကြေး အပါ ခိုးကူးတစုံ အရင်းချည်းပဲ ၁၈၀၀ ရှိတယ်” ဟု သူက ရှင်းပြသည်။

လိုင်းကြေး ဆိုသည်မှာ အာဏာပိုင် အဖွဲ့အစည်းများကို ပေးရသည့် လာဘ်ငွေ ဖြစ်သည်။

နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များကို နေ့စဉ် ကျပ် ၅၀၀၀ ပေးရပြီး စည်ပင်ရဲ၊ ရယက၊ ကြံ့ဖွံ့ စသည့်  ဒေသခံ အဖွဲ့အစည်းများကိုလည်း လာဘ်ငွေ အနည်းငယ် ပေးရသည်ဟု ဆူးလေးဘုရားအနီးရှိ ခိုးကူးစာအုပ် အရောင်းဈေးသည် တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းသားများသည် ကိုးတန်းအထိ စာမေးပွဲနှင့် ပတ်သက်ပြီး ကြီးမားသည့် အခက်အခဲများနှင့် မကြုံခဲ့ရပေ။ သက်ဆိုင်ရာ ကျောင်းမှ ဆရာ ဆရာများက စာမေးပွဲနီးလျှင် လေ့လာကျက်မှတ်ရမည့် သင်ခန်းစာများကို ရွေးချယ်ပေးလေ့ရှိသည်။

ကျောင်းသားများ ဆယ်တန်းသို့ ရောက်သည့်အခါ ယခင်နှင့်မတူဘဲ ခက်ခဲသည့် စာမေးပွဲနှင့် ရင်ဆိုင်ရသည်။ ဆယ်တန်း စာမေးပွဲသည် အစိုးရစစ် ဖြစ်ပြီး မေးခွန်းလွှာများကို ပညာရေးဝန်ကြီးဌာနက စီစဉ်သဖြင့် ပါဝင်မည့် မေးခွန်းများကို ကြိုတင် မသိနိုင်သောကြောင့် လေ့လာ ကျက်မှတ်ရမည့် သင်ခန်းစာများ အထူး များပြားနေခြင်းသည် ကျောင်းသားများ၏ အခက်အခဲ ဖြစ်နေသည်။

၁၉၉၅ ခုနှစ်ခန့်မှ စပြီး စီးပွားရေး သမားများက စာမေးပွဲခန်း အတွင်း စာကူးပြီး ဖြေလိုသူ ကျောင်းသားများ ခိုးဝှက် သက်ဆောင်ရန် လွယ်ကူသည့် စာအုပ် ငယ်များကို ပုံနှိပ် ရောင်းချခဲ့ကြသည်။

ဆယ်တန်း စာမေးပွဲတွင် ခိုးကူး ဖြေဆိုသူများကို စာမေးပွဲ ရာသက်ပန်  ဖြေဆိုခွင့် ပိတ်သည် အထိ အရေးယူ နိုင်ကြောင်း အခြေခံ ပညာ အထက်တန်းကျောင်း တကျောင်းမှ ဆရာတဦးက ရှင်းပြသည်။

ရန်ကုန်မြို့မှ နာမည်ကြီး ကျူရှင်ဆရာကြီး တဦးက ပညာရေးသည် တိုင်းပြည် တိုးတက်ရေး အတွက် အဓိက ဖြစ်သောကြောင့် အာဏာပိုင် တို့က ခိုးကူးရောင်း ချမှုများကို ထိရောက်စွာ နှိမ်နင်းသင့်သည်ဟု သုံးသပ်သည်။

“အရေးယူမှု မရှိလို့ ဒီလောက် တွင်ကျယ်လာတာ။ ဒါ ပညာရေးကို အလေးမထားတဲ့ လုပ်ရပ် ဆိုရင် ပိုမှန်မယ်” ဟု သူက ပြောသည်။

ယခုနှစ်အတွက် ဆယ်တန်း စာမေးပွဲကို မတ်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ပြုလုပ်မည် ဖြစ်သည်။
Comments (2)Add Comment
0
It is not only the mistake of student
written by One Burmese Student, February 02, 2010
Many students in Burma said they want the higher education system as the developed countries, many of them do not want to copy during exam if the teacher can able to teach them perfectly or train them perfectly before exam. If not they will copy in the exam because many of them do not want to fail exam and now a day the education fee in Burma is higher for the people. The Government have to think and change the education system.
0
၁၉၉၂အထက်တန်းအောင် ကျောင်းသားဟောင်းတစ ဦး၏ညီငယ်ညီမငယ်မျးအားမှာကြားချက်...
written by ပုံပါကျောင်းမှကျောင်းသားဟောင်းတစ်ဦး..., February 01, 2010
ညီငယ်ညီမငယ် ကျောင်းသူကျောင်းသားများကို ပြောလိုသည်မှာ စာမေးပွဲကို မှန်မှန်ကန်ကန် ကိုယ့်ဥာဏ စွမ်းအားရှိသလောက်သာ ဖြေဆိုကြပါလို့ တိုက်တွန်းလိုပါသည်။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိကြပါ။ မဆုတ်မနစ်သော ဇွဲနှင့်စာကိုကြိုးစားဖတ်ကြပါ။ ပညာသာလျှင် ကိုယ်နှင့်တစ်သက်လုံး ပါနိုင်သောအရာဖြစ်ပါသည်။ စာမေးပွဲတစ်ခါ ကျမှာမစိုးရိမ်ပါနှင့်။ နောက်နောင် ဘ၀ခရီးကျော်ဖြတ်ချိန် ကျဆုံးမှာသာ ကြောက်ရပါသည်။ အလွယ်မလိုက် အချောင်မခိုပါနှင့်။ ကျွန်တော်ကိုယ်တိုင်ရန်ကုန်မှာပညာသင်ကြားသော အရွယ်က တစ်ခါမှစပေါ့မလိုက်၊ ကူးမချဘူးပါ။ သို့ သော် အတန်းထဲတွင် အမှတ်၊အဆင့်ကောင်းမြဲ၊ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးဖြင့် အောင်ခဲ့မြဲဖြစ်ပါသည်။ သည်သတင်း ဖတ်ရသည်မှာ မြန်မာနိုင်ငံ၏ ပညာရေးရင်လေးဖွယ်ဖြစ်မိပြီး ကျောင်းသား မိဘများကိုလည်း ကိုယ်ချင်းစာမိပါသည်။ အသက်ငယ်စဉ် အရွယ်မလင့်ခင် ပညာကိုကြိုးစား ရှာယူကြပါလို့ သာ နောက်ဆုံးတိုက်တွန်းလိုပြီး ဘ၀တိုက်ပွဲမှာ မကျရှုံးကြပါစေနှင့်လို့  ဆုတောင်းလျှက်...

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်