ဆရာတော်သည် အဆုတ်ရောဂါ ဖြစ်ပွားနေသည်ဟု သိရကြောင်း ဆေးရုံသို့ သွားရောက် ခဲ့သူများက ပြောသည်။ “ဆရာတော်က စကား မပြောနိုင်ဘူးတဲ့၊ သူ့ကို ကြည့်တဲ့ လူတွေ ပြောတာပေါ့နော်၊ နေကောင်းတဲ့ အချိန်မှ ပြန်လာတွေ့ဖို့ ပြောတယ်” ဟု ဆရာတော်ကို ဆေးရုံတွင် သွားရောက် ဖူးမြော်ခဲ့ သူတဦးက ဧရာဝတီသို့ ပြောသည်။
ဆရာတော်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေး သော်လည်း ဆေးရုံတွင် တလခန့် ကုသမှု ခံယူရဖွယ် ရှိသည်ဟု ကြားသိရကြောင်း ၎င်းက ပြောပြသည်။
ဆေးရုံသို့ သွားရောက်ခဲ့သူ မြန်မာပြည်သား တဦးကလည်း “ဆရာတော်က စကား မပြောနိုင်တော့ အပြင်ကနေပဲ ဖူးပြီးတော့ ပြန်လာခဲ့တယ်” ဟု ဆိုသည်။
လှိုင်းဘွဲ့မြို့၊ မြိုင်ကြီးငူဒေသတွင် သီတင်းသုံးသော ဆရာတော် ဦးသုဇနသည် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို ဦးဆောင်ခဲ့သူ တဦး အဖြစ် ထင်ရှားသည်။
ဦးသုဇနသည် သက်တော် ၆၀ ကျော် ရှိပြီဟု သိရသည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)မှ ခွဲထွက်ခဲ့သူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် DKBA သည် မြန်မာစစ်အစိုးရနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 3981
Comments (1)

Write comment
| < Prev | Next > |
|---|







