AFC Challenge Cup ပွဲဦးထွက် မြန်မာအသင်းနိုင်

မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းသည် ယမန်နေ့က ကျင်းပသည့် အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဖလား AFC Challenge Cup ပြိုင်ပွဲ ပထမဆုံး ပွဲစဉ်တွင် အိမ်ရှင် သီရိလင်္ကာ ဘောလုံး အသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရရှိကြောင်း သိရသည်။

အနိုင်ဂိုး များကို ရန်ပိုင်၊ ကျော်သီဟ၊ ပြည့်ဖြိုးဦး၊ မျိုးမင်းထွန်းတို့က သွင်းယူခဲ့ခြင်း ဖြစ်သည်ဟု မြန်မာ့ ရုပ်မြင်သံကြား လိုင်းတခုဖြစ်သည့် MRTV4 တွင် ဖော်ပြထားသည်။

ပွဲစစချင်း မြန်မာ အသင်း ဖိကစား ထားသည့် အတွက် သီရိလင်္ကာ အသင်းသည် ခံစစ် အနေ အထားတွင် ကစားနေ ရကြောင်း၊ ပွဲချိန် ၁၂ မိနစ်တွင် သီရိလင်္ကာ အသင်းမှ ကျောနံပါတ် ၁၉ နောက်ခံလူ သူဝမ်ရာဟိမ်း ကစားပုံ ကြမ်းတမ်းသည့် အတွက် အနီကတ်ပြ အထုတ်ခံရကြောင်း မြန်မာ ဘောလုံး အဖွဲ့ချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။

“မြန်မာ စိတ်ဓာတ်နဲ့ ပြောရင်တော့ ၀မ်းလည်း သာတယ်၊ မြန်မာ နည်းပြ အသစ် ကိုင်တွယ်တယ် ဆိုတော့ အသင်းက ပိုအံဝင် သွားတာပေါ့”ဟု ၎င်းက ဆိုသည်။

အသင်းနည်းပြသစ် ဦးတင်မြင့်အောင် လက်ထက်တွင် ပထမဆုံး ဂိုးပြတ် အနိုင်ရရှိသည့် ပွဲဖြစ်ကြောင်း အဆိုပါ နီးစပ်သူက ပြောသည်။

နည်းပြသစ် ဦးတင်မြင့်အောင်ကလည်း ယခုကဲ့သို့ ဂိုးပြတ်အနိုင်ရရှိခြင်းမှာ ကစားသမားများအနေဖြင့် မှာကြားသည့်အတိုင်းကစား ခဲ့သည်အတွက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု Soccer Myanmar အားကစားအင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ပွဲဦးထွက်တွင် အိမ်ရှင်အသင်းအပေါ် အနိုင်ရရှိခြင်းမှာ ကစားသမားများအနေဖြင့် မြန်မာလူမျိုးနည်းပြအပေါ်တွင် ယုံ ကြည်မှုရှိပြီး အသင်းလိုက် စုစည်းမှု အားကောင်းကောင်းဖြင့် ကစားသွားသည်ဟု ထင်မြင်ကြောင်း ချန်ပီယံဂျာနယ်မှ အားက စားကလောင်ရှင် ဦးကိုကိုကြီးက ပြောသည်။

“အရင်နိုင်ငံခြားနည်းပြတုန်းက ပွဲတိုင်းရှူံးတယ်၊ အခုနိုင်တယ်ဆိုတော့ နိုင်ငံခြားနည်းပြတိုင်းရဲ့အရည်အချင်းပေါ်မှာ ယုံကြည်လို့မရ တာကို ပြတာပဲ” ဟု ၎င်းကဆိုသည်။

နည်းပြဆရာနှင့် ဘောလုံးသမားများ အကြားတွင် သဘောထားခြင်း ညီညွတ် မျှတရန် လိုအပ်သည့် အပြင် ဘာသာစကား အခက်အခဲ များကိုလည်း ထည့်သွင်း တွက်ချက် ရမည် ဖြစ်ကြောင်း၊ ယခင် နိုင်ငံခြား နည်းပြသည် ဘောလုံး သမားများ၏ စွမ်းရည်ကို မသိသည့် အပြင် နာမည်ကိုပင် မသိကြောင်း၊ ဘောလုံး သမားများ အနေဖြင့် မြန်မာလူမျိုး နည်းပြဆရာနှင့် လက်တွဲ ကစားရခြင်းကြောင့် ကျေနပ်မှု ရရှိလာသည်ဟု ထင်ကြောင်း ဦးကိုကိုကြီးက ထောက်ပြ ပြောဆိုသည်။

ယခင် နည်းပြ ခရိုအေးရှား လူမျိုး ဒရာဂိုမာမစ် လက်ထက်တွင် ခြေစမ်းပွဲများ ရှူံးနိမ်ခဲ့သည့် အပြင် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (SEA GAME) တွင်လည်း အုပ်စုမှပင် လှည့်ပြန် ခဲ့ရသည့် အတွက် မြန်မာလူမျိုး နည်းပြ ဦးတင်မြင့်အောင်နှင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။

The Asian Football Confederation (AFC) Chllange Cup ကို အုပ်စုနှစ်စုခွဲ၍ ကျင်းပနေရာတွင် ပထမအုပ်စု(က)တွင် တာဂျစ်ကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိ လင်္ကာတို့ဖြစ်ပြီး အုပ်စု(ခ)တွင် မြောက်ကိုရီးယား၊ အိန္ဒိယ၊ ကာဂျစ္စတန်၊တာ့ခ်မင်နစ္စတန် တို့ပါဝင်သည်။

မြန်မာအသင်းသည် လာမည့်ကြာသာပတေးနေ့တွင် ဘင်္ဂလားဒေ့ရှ်အသင်းနှင့်လည်းကောင်း၊ စနေနေ့တွင် တာဂျစ်ကစ္စတန် နှင့် လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိလျှင် ဆီးမီးဖိုင်နယ်သို့တက်ရောက်၍ တဘက်အုပ်စုအသင်းများနှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဖလား ၂၀၁၀ (AFC Challenge Cup 2010) ပြိုင်ပွဲတွင် ဗိုလ်စွဲပါက အာရှဖလား ပြိုင်ပွဲတွင် ခြေစစ်ပွဲ ၀င်စရာမလိုဘဲ အလိုအလျောက် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိ မည်ဖြစ်သည်။
Comments (2)Add Comment
0
အစကောင်းမှ အနှောင်း သေချာမည်
written by WinMyo, February 18, 2010
မြန်မာအသင်းကို အားရပါးရကို အားပေး နေပါတယ်၊ အခုလို အောင်မြင်မှုတွေ ဆက်တိုက် ပေးစွမ်းနိုင်ပါစေလို့ ဆန္ဒပြု ပါတယ်၊ လှေလှော်ရင်း တက်မကျိုးစေဖို့ အတွက် သည့်ထက်မက ပိုမိုကြိုးစားဖို့ လိုအပ်မယ် ထင်ပါတယ်၊ ဒီပွဲမှာချန်ပီယံ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်မျိုးထားပြီး ကိုယ့်နိုင်ငံ ဘောလုံး သမိုင်းကို တစ်ခေတ် ပြန်ထွန်းစေဖို့ အတွက် အဘက်ဘက်မှ ၀ိုင်းဝန်း အားပေးပံ့ပိုး ပေးကြ စေချင်ပါတယ်။
0
Bravos!
written by Zwegabinthar, February 18, 2010
Congratulations! U Tin Myint Aung and Burmese team! Let us see your team win this challenge cup and automatically qualify for AFC cup. It's been almost half a century that Burma hasn't advanced to Asian level.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်