ဦးနုဟာ ၁၉၃၅ ခုနှစ် မှာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့ပြီး ၁၉၃၆ ခုနှစ်မှာ ကျောင်းသားသပိတ်ကို ဦးဆောင်ခဲ့ပါတယ်။

ကျွန်ပညာရေး အလိုမရှိ ဆိုတဲ့သဘော သက်ရောက်စေဖို့ သူရခဲ့တဲ့ B.A (Law) ဘွဲ့ကို အင်္ဂလိပ် အစိုးရထံပြန်အပ်ခဲ့ ပါတယ်။ ၁၉၃၇ ခုနှစ်မှာ သခင်သန်းထွန်းနဲ့အတူ နဂါးနီ စာအုပ်တိုက်ကို ထူထောင်ပြီး ပြည်သူလူထု နိုင်ငံရေးအသိ နိုးကြား လာအောင် ဖန်တီးခဲ့ပါတယ်။
ဖ.ဆ.ပ.လ အစိုးရ လက်ထက်မှာ ဦးနုဟာ ပထမဦးဆုံး ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလမှာ ဦးနေ၀င်းကို အပြီးသတ် တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး စင်ပြိုင် အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။ ဦးနုဟာ နိုင်ငံရေးကို ကွက်ကျော် မြင်တတ်သူ၊ မြန်မာစစ်တပ် အကြောင်းကို နောကြေအောင် သိတဲ့သူလို့ ကျမ ထင်ပါတယ်။
ကျမရဲ့ မိဘ ဘိုးဘွားတွေက ဖ.ဆ.ပ.လ ခေတ်ရဲ့ ကုန်ဈေးနှုန်း အကြောင်းကို တသသ ပြောတတ်လို့ ကျမ မှတ်မိနေ ပါတယ်။ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် အဖြစ် ဖ.ဆ.ပ.လ အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး ဟာ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ထိပ်တန်း အဆင့် ရှိခဲ့တယ်လို့ လွမ်းလွမ်း ဆွတ်ဆွတ် ပြောတတ်ကြပါတယ်။
ဦးနုကို နိုင်ငံရေးသမား တယောက်အပြင် စာရေးဆရာ တဦး အဖြစ်နဲ့လည်း သိခဲ့ဖူးပါတယ်။ ဦနုရေးတဲ့ တာတေ စနေသား ၀တ္ထုမှာ အဖေ ဦးစံထွန်းက သားမောင်နုကို သိပ်ချစ်တယ်ဆိုတာ ၀တ္ထု အစမှာ ရေးပြထားပါတယ်။
ကျမ ကြီးဒေါ် ပြောပြဖူးတာက ဦးနုကို လူတွေက ဘာသာရေးသမား တဦး အဖြစ်နဲ့လည်း ချစ်ခင်ကြည်ညို ကြတယ်တဲ့။ကျမဘကြီး ပြောပြဖူးတာကတော့ ဦးနုက ငါးပါးသီလကို ခါးဝတ်ပုဆိုး လို ခိုင်မြဲအောင် တည်ဆောက်တယ်တဲ့။ တခါက ဆိုဗီယက် ယူနီယံကိုသွားတော့ အရမ်းအေးလို့ အရက်တိုက်တာ ဦးနုက အရက်မသောက်ဘဲ ရေနွေးပူပူ တခွက် ကိုပဲ မှာသောက်သတဲ့။
ဦးနုကို ကျမ သေချာမြင်ဖူးတာက ကျမတို့ ဗမာပြည် ပြည်သူ့ လွတ်မြောက်ရေး လူငယ်တပ်ဦး (BYLF) ရဲ့ ဒုဥက္ကဋ္ဌ ကိုအောင်ဒင်က စင်ပြိုင် အစိုးရကို ထောက်ခံပြီး သွားရောက်ပူးပေါင်းခဲ့တဲ့ အချိန်က ဘဘ ဦးနု ခြံထဲမှာ လုံခြုံရေး ယူပေးရတုန်းကပါ။
အသက်အရွယ် ကြီးလာပေမယ့် ဘဘ ဦးနု ရင်ထဲမှာ ပြည်သူ့အကျိုး ကို ထမ်းရွက်လိုဆဲပဲ ဆိုတာ သိရတော့ ကျမတို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အသက် ၈၇ နှစ် အရွယ်ရှိတဲ့ နိုင်ငံတော် ၀န်ကြီးချုပ် (စင်ပြိုင်အစိုးရ) ကွယ်လွန်ခဲ့ ပါတယ်။
ဦးနု ကွယ်လွန်ချိန်မှာ သား ၂ ဦး၊ သမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။ ဦးနု ကွယ်လွန်ကြောင်း သတင်းစာ ဖတ်ရချိန်မှာ ကျမ ဦးနုကို ဂါရ၀ပြုဖို့ သူ့ခြံထဲ သွားမယ်လို့ စိတ်ကူးထားပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ ကျမ စာသင်တဲ့ အိမ်အောက်ထပ်က လက်ဖက်ရည် ဆိုင်မှာ ကိုမိုးမောင်မောင်ကို တွေ့ပါတယ်။
ကိုမိုးမောင်မောင်က ကျမကို “ခဏလာပါဦး ပြောစရာ ရှိတယ်” ဆိုလို့ ကျမလည်း ကိုမိုးမောင်မောင်နဲ့ ထိုင် စကား
ပြောဖြစ်ပါတယ်။ သူက လက်ရှိ အခြေအနေကို ပြောပြပါတယ်။
“န၀တ က ဦးနုကို သင်္ဂြိုဟ်ဖို့ ဒေါ်ခင်ကြည်ရဲ့ ဂူ ဘေးမှာ ၁၀ ပေ ပတ်လည် မြေကွက် ပေးတယ်၊ ဦနု သားသမီးတွေက ကျဉ်းလို့ မကြိုက်ဘူး။ သူတို့က ကမ္ဘာအေးကုန်းမြေမှာ သင်္ဂြိုဟ်ချင်တယ်။ န၀တ ကတော့ ကြံတောမှာ ဂူဗိမာန် ဆောက်ပေးမယ်တဲ့။ ဒီအခြေအနေကြောင့် တချို့ လူငယ်တွေ အလောင်းလုကြလိမ့်မယ်”လို့ သူက ပြောပြတယ်။
ကျမက “သဘောမတူဘူးလို့ပဲ” ပြန်ပြောခဲ့ပါတယ်။ သူနဲ့ အခြေအတင် ပြောပြီး သူက အခြေအနေ သိရအောင် ဦးနု ခြံထဲ လိုက်ခဲ့ဖို့ ပြောပါတယ်။ ကျမက သေသေချာချာ သိချင်လို့ ဦးနု ခြံထဲ လိုက်သွားခဲ့ပါတယ်။
ခြံထဲရောက်တော့ ဦးအောင် (ဦးနုသား)၊ ဦးဝင်းနိုင်(ယခု အမျိုးသားရေး) တို့နဲ့ တွေ့ပါတယ်။
သူတို့က ဦးနုဟာ သမိုင်းဝင်ပုဂ္ဂိုလ် တဦးဖြစ်လို့ ခုလို သင်္ဂြိုဟ်ရတာကို မကျေနပ်ကြောင်း ပြောပါတယ်။ ကျမက “တရားဝင်
တောင်းဆိုပါလား” ဆိုပြီးပြောလိုက်ပါတယ်။ ဒီတော့ ဦးဝင်းနိုင်က သူတို့ လုပ်သင့်တာ လုပ်ပြီးပေမယ့် ဘာမှ မထူးခြားဘူးလို့ ပြန်ပြောပါတယ်။
ကျမ ခြံထဲက ပြန်လာတော့ သူငယ်ချင်း အေးမိုး ဆီကို ၀င်ပြီးပြော ဆိုဆွေးနွေးနေတုန်း ကိုမောင်မောင်ဦး ရောက်လာပြီး “ဦးနု သားသမီးတွေက မမိုက်ဘူး၊ ဒီကို န၀တ နဲ့ညှိနှိုင်း ဆွေးနွေးပြီးမှ ရောက်လာတာ၊ ပြီးတော့ ပေါက်ကရတွေ လျှောက်ပြောနေတယ်” တဲ့။ ပြီးတော့ ကျမတို့ကို “နင်တို့တွေ သတိထား” လို့ ပြောပါတယ်။
ကျမတို့လည်း ကိုမောင်မောင်ဦးနဲ့ စကားပြောပြီး အားလုံးလမ်းခွဲ၊ အိမ်ပြန်လာပါတယ်။ ကျမတို့ ၃ ယောက်ရဲ့ရင်ထဲမှာတော့ ဦးနုရဲ့ နောက်ဆုံးခရီးမှာ ထိုက်ထိုက် တန်တန် ဂုဏ်ပြုသင့်တယ်လို့ ယူဆကြပါတယ်။
နောက်တနေ့အေးမိုးနဲ့ ရီရီတို့ ဦးနုခြံထဲ သွားကြပါတယ်။ ဖေဖော်ဝါရီ ၂၀၊ ၁၉၉၅ မှာ ဦးနုကို သင်္ဂြိုဟ်ရမယ့်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့ ရောက်တော့ အေးမိုးနဲ့ ရီရီ တို့က ကျောင်းကနေ လာကြပါတယ်။ ကျမ၊ ကိုသားကြီး၊ ကိုတိတ်၊ ကိုစိုးနိုင် တို့က ကြည့်မြင်တိုင်ကနေ လာကြပါတယ်။ ခြံထဲမှာ ကျမတို့ အုပ်စုတွေ အတော်များများ ဆုံကြပါတယ်။ အဲဒီအချိန်က ကျမတို့ အုပ်စုရဲ့ နိုင်ငံရေး အရှိန် မြင့်နေတဲ့ အချိန်ဖြစ်လို့ ကျန်တဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ကျမ တို့ကို စောင့်ကြည့် နေကြပါတယ်။
ကျမနဲ့ ရီရီက ကြံတောသုဿာန်ရဲ့ အခြေအနေကို သိရအောင် ကိုယ့်အစီအစဉ်နဲ့ကိုယ် အရင် သွားနှင့်ပါတယ်။ ဟိုရောက်တော့ အခြေအနေက တင်းမာ နေပါတယ်။ ဟံသာဝတီ အ၀ိုင်းကနေ ကြံတောအထိ ရဲတွေ၊ ထောက်
လှမ်းရေးတွေက စကားပြောစက်တွေနဲ့ စောင့်နေပါတယ်။ စည်ပင် ၀န်ထမ်းတွေလည်း လမ်းပေါ်မှာ၊ ကြံတော သုဿာန် ဝင်းထဲမှာ အပြည့်ပါပဲ။
ကျမတို့ ကျောင်းသား အုပ်စုထဲက အတော်များများကလည်း ကြံတောကို ကြိုရောက်နေပါတယ်။ ကိုစောလွင်ဦး၊ ကိုစောဝင်းရှိန်၊ ရဲကျော်စွာ၊ ရဲမွန်ထူး၊ မောင်မောင်ကျော်၊ ဦးချိုအောင်သန်း (ဦးအောင်သန်းသား)၊ ကိုချိုချိုထွန်းငြိမ်း
နွမ်းပါးပုံရတဲ့ ကျမ အဖေအရွယ်၊ အမေအရွယ် ပြည်သူတွေက ယပ်တောင်ကိုယ်စီနဲ့ ဦးနု နောက်ဆုံး ခရီးကို လာရောက် ပို့ဆောင်ကြပါတယ်။
ခြံထဲက ထွက်လာတဲ့ ကားပေါ်မှာက အေးမိုး၊ ချိုနွယ်ဦး၊ ကိုဂီး၊ ကိုသားကြီး၊ ကိုတိတ်၊ ကိုမောင်မောင်ဦး၊ ချောအိသိမ်းနဲ့ လူငယ် အတော်များများ ပါလာပါတယ်။ သူတို့ ကားပေါ်မှာ လမ်းတလျှောက်လုံး “ကမ္ဘာမကြေဘူး” သီချင်းကို ဆိုလာ တယ်လို့ ပြောပြပါတယ်။
သူတို့ကား ကြံတောကိုရောက်တော့ သင်္ချိုင်းဝကနေ အခေါင်းတင်ထားတဲ့ စင်မြင့်အထိ စည်ပင်ဝန်ထမ်းတွေက လက်ချင်း ချိတ်ပြီး လမ်းပိတ်ထားကြပါတယ်။ ဒီအချိန်မှာ ကြိုရောက်နေတဲ့ ကျမတို့က “ready … 1 ... 2 … 3” ဆိုပြီး ပြိုင်တူ “နိုင်ငံတော် ၀န်ကြီးချုပ် ကောင်းရာ သုဂတိ လားပါစေ” လို့ အော်လည်းအော်၊ တပြိုင်နက်တည်း လက်ချင်း ချိတ်ထားတဲ့ စည်ပင်ဝန်ထမ်းတွေကို အတင်း ၀င်တိုးကြပါတယ်။
ဘေးက အဘိုးကြီး၊ အဘွားကြီး တွေကလည်း “နိုင်ငံတော် ၀န်ကြီးချုပ် ကောင်းရာ သုဂတိ လားပါစေ” လို့ ၀ိုင်းဆုတောင်း
ပေးကြတော့ ကြံတော တဝန်းလုံး ကြွက်ကြွက်ညံ သွားပါတယ်၊ ကားပေါ်ကလူတွေလည်း ကျမတို့ တွန်းဖွင့်လိုက်တဲ့ လမ်းကျဉ်းကျဉ်းလေး အတိုင်း အတင်းတိုးဝင် လာကြပါတယ်။
အရင်ရောက်နေတဲ့ ကျမတို့အုပ်စုနဲ့ သူတို့အုပ်စု ပေါင်းမိသွားကြပြီး “ကမ္ဘာမကြေဘူး” သီချင်းဆိုလိုက် “၀န်ကြီးချုပ် ဦးနု ကောင်းရာသုဂတိ လားပါစေ” လို့ အော်လိုက်နဲ့ ဦးနုရဲ့ နောက်ဆုံးခရီးမှာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြပါတယ်။
အဲဒီ အချိန်မှာပဲ ဦးနုသားကြီး ဦးသောင်းထိုက်က ငိုကြီးချက်မနဲ့ “ဖေဖေ့ အသုဘမှာ ဒီလို ဆူဆူပူပူ မလုပ်ပါနဲ့” ဆိုပြီး ကျောင်းသားအုပ်စုကို ပိတ်ကာထားပါတယ်။
ကျမတို့ ကျောင်းသား အုပ်စုတွေက အလောင်းစင်နားကို အတင်းတိုးသွားပြီး ၀န်ကြီးချုပ် ဦးနုကို ကျောင်းသားလူငယ်တွေ လက်နဲ့ မြေချခဲ့ကြပါတယ်။
အဲဒီ အချိန်က ထောင်ကနေ လွတ်လာတာ ၄ ရက်ပဲ ရှိသေးတဲ့ ကိုမိုးကြိုးက ပင်နီ အင်္ကျီဝတ်လာတယ်။ သူက ဦးနုကို အနီးကပ် အလေးပြုပြီး မြေချခဲ့ပါတယ်။
ကျမတို့ တတိယမြောက် မျိုးဆက်က သမိုင်းတာဝန် ကျေပွန်ခဲ့ကြပါတယ်။
န၀တ ကလည်း တာဝန်ကျေပါတယ်။ ကျမတို့ လူငယ်တွေကို ညတွင်းချင်း လိုက်လံ ဖမ်းဆီးပါတယ်။ တချို့လူတွေလည်း ထွက်ပြေးတာ မြန်လို့ လွတ်သွားကြပါတယ်။ ကျမ အပါအ၀င် လူ ၂၀ လောက် အဖမ်းခံခဲ့ရပါတယ်။
အဲဒီထဲကမှ ကျမတို့ ၉ ဦး ထောင် ၇ နှစ် ကျခဲ့ကြပါတယ်။ ပြန်လွတ်သွားတဲ့ အထဲက ၇ ဦးကို အိမ်ကြက်ချင်း အိုးမည်းသုတ် ခွတ် ခိုင်းတဲ့ အနေနဲ့ အစိုးရ သက်သေ လုပ်ခိုင်းပါတယ်။ တချို့ ကလည်း သူငယ်ချင်းတွေနဲ့ တွေ့ရဖို့ တရားခွင်ကို လာနိုင်အောင် အစိုးရ သက်သေအဖြစ် ထွက်ဆိုကြပေမယ့် ကျမတို့ကို မထိခိုက်အောင် ဖေးမ ထွက်ဆိုကြပါတယ်။
ဒါပေမယ့် မောင်မောင်ကျော်နဲ့ ဦးချိုအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်း တူ) ကတော့ အစိုးရ သက်သေအဖြစ် မထွက်ဆို ခဲ့ကြပါဘူး။ ၃ ဦး ကိုလည်း တရားခံပြေးအဖြစ် ကြေညာခဲ့ပါတယ်။
ဦးနု ဈာပနက အပြန် လူငယ်တွေရဲ့ လှုပ်ရှားမှု ကို ကြည့်ပြီး စိတ်တက်ကြွလာတဲ့ အရပ်သား ၂ ဦး ဖြစ်ကြတဲ့ ကိုဌေးဝင်း (ကိုသြ) နဲ့ ကိုသံချောင်းတို့ ညဘက်မှာ ဆက်လက်ကြွေးကျော်ခဲ့လို့ ထောင် ၇ နှစ် ကျခဲ့ပါတယ်။
ဦးနုဟာ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင် တဦး၊ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ တဦး၊ ၈၈ အရေးတော်ပုံကို အပြီးသတ်ဖို့ ရည်ရွယ်ပြီး စင်ပြိုင်အစိုးရ ထောင်ခဲ့တဲ့ နိုင်ငံရေး ဂုရုကြီး တဦးအဖြစ် ကျမတို့ ဂုဏ်ပြုပါတယ်။
ဦးနုဟာ ကွယ်လွန်ချိန်အထိ စင်ပြိုင် အစိုးရ ၀န်ကြီးချုပ် ဖြစ်ပါတယ်။
Set as favorite
Bookmark
Email this
Hits: 8899
Comments (15)

written by myosez, March 12, 2010
U Nu may be a great leader for the Burmese people but for the whole Burma he is irresponsive leader who manipulated ethnic rights and did not practice the Pin Long agreement.
written by Phone Hlaing, February 27, 2010
ဒီငြိမ်း အဖွဲ့ ချုပ်ရဲံ့ ဗဟိုလူငယ် အဖွဲ့ ဝင် တယောက် အဖြစ် နဲ့ လည်းကောင်း ဒီငြိမ်း ဗဟို အလုပ် အမှုဆောင် တစ်ဦး၏
သားဖြစ်သူ တယောက် အဖြစ် လည်းကောင်း ပြောချင်တာက တော့ ၈၈ ကစတဲ့ဦးနုရဲ့ နိုင်ငံရေး လမ်းကြောင်းဟာ
သူ့ ကိုယ်ကျိုး လားလားမှ မပါ နိုင်ငံတော့် အကျိုး စီးပွား အတွက် ကိုသာ ရာခိုင်နှုန်းပြည့် နောက်ဆုံး ထွက်သက် အထိ
လုပ်ကိုင် သွားတယ် ဆိုတာပါဘဲ။
ပိုပြီး လေးနက် စေချင်တာက ကျွန်တော့် အဖေက တည်မြဲ ခေါင်းဆောင် ဦးကျော်ငြိမ်းရဲ့ တပည့်ဖြစ်ပေမဲ့ ဒီငြိမ်း အဖွဲ့ ထဲမှာ လက်တွဲ လုပ်ခဲ့ကြပြီး ပေးခဲ့တဲ့မှတ်ချက်ဖြစ်သလို ကျွန်တော် ကိုယ်တိုင်လဲ လက်တွေ့ ကျကျ ယုံကြည်လို့ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဦးနုက ပြောခဲ့တယ် ငါသာလျှင်ဝန်ကြီးချုပ်တဲ့ 
အများက ပြောကြတယ် ပွဲလန့် တုံးဖျာခင်းတယ်တဲ့
ဦးနုက ပြန်ဖြေတယ်- ဟုတ်တယ် ကျုတ် ပွဲလန့် တုံး ဖျာခင်းတယ်-ဒါပေမဲ့ ဒီဖျာက ကျုတ်ထိုင်ဖို့  မဟုတ်ဘူး တဲ့
ပြီးတော့ ဖဆပလ ခေါင်းဆောင်တွေ အကုန်မရှိကြတော့ဘူး ဆိုတော့ ကျွန်တော့်အဖေ ပြောပြခဲ့တဲ့ ပါးစပ် ရာဇဝင် တခု
ကို ပြောချင်ပါတယ်။ ၆၂ ဗိုလ်နေဝင်း အာဏာ သိမ်းပြီးတဲ့ နောက် ဦးနု တောခိုတော့ ဦးကျော်ငြိမ်းနဲ့  ဦးဘဆွေ တို့ ကို
သွား နှုတ်ဆက်တယ် တဲ့ သူတို့ က အဲ့ဒီကိစ္စ ကို အပြင်ကို မပေါက်ကြားအောင် ထိန်းထား ခဲ့ကြ တယ်တဲ့
-ဆိုလို ချင်တာက -ဦးနုက ဦးကျော်ငြိမ်း ဦးဘဆွေတို့ ကို ယုံကြည်လို့ သွား နှုတ်ဆက်တယ် ၊ ဦးကျော်ငြိမ်း ဦးဘဆွေ
တို့ က ဒီကိစ္စကို လျို့ ဝှက်ထားပြီး မပေါက်ကြားအောင် နေခဲ့တယ်။
-ပေးချင်တာက ဖဆပလ ခေါင်းဆောင်တွေ တယောက်နဲ့ တယောက် တဖက်နဲ့ တဖက် ယုံကြည်ချက် အရ အသေဖိုက်
ကြပေမဲ့ ပုဂ္ဂိုလ်ရေး အရ ချောက်မတွန်းဘူး ဆိုတာပါ(ယုံချင်ယုံ မယုံချင်ေ နနိုင်ပါတယ်)ဘယ်သူနဲ့ မှ အငြင်းအခုံ မလုပ်ပါဘူး။ ငြင်းခုံချင်လို့ ဒီစာကို ရေးတာ မဟုတ်ပါဘူး နားလည်ကြမယ် ထင်ပါတယ်။
-ယူစေချင်တာက အခုခေတ် နိုင်ငံရေး ခေါင်းဆောင်တွေလဲ တယောက်နဲ့ တယောက် တဖွဲ့ နဲ့ တဖွဲ နိုင်ငံရေး အရ
ယုံကြည်ချက် အရ တိုက်ကြပါ ချကြပါ - ပုဂ္ဂိုလ်ရေး မတိုက်ကြပါနဲ့ ဒါ ဆိုရင် ဖဆပလ ခေါင်းဆောင်တွေ ကို ခင်ဗျားတို့ 
နဲနဲ ခွါရာတိုင်းလို့ ရလာပြီး-နောက်တဆင့် ဆိုရင် နအဖ လက်အောက် ကနေ တိုင်းပြည်ကို လွတ်မြောက်အောင် လုပ်နိုင်
ပြီဆိုရင် ဖဆပလ ခေါင်းဆောင်တွေနဲ့ ပုခုံးခြင်း ယှဉ်နိုင်ပါပြီ-ကြိုးစား လိုက်ကြရ အောင် ရဲဘော်တို့ -
လေးစား စွာဖြင့်-

written by ပင်လုံ, February 26, 2010
ဗိုလ်ချုပ် အောင်ဆန်း တိုင်းရင်းသားများ အပေါ် ပေးခဲ့သော ဂတိ နှင့် စာချုပ် များကို ဖြည့်ဆီးေ ပးရန် တာဝန်မယူ၊ ပျက်ကွက် လိုခြင်း အားဖြင့် စစ်တပ် ကို အသုံးပြုခြဲ့ ခင်းဟာ တိုင်းပြည် ဒီနေ့ အခြေ အနေထိ့ ရောက်လာရတဲ့ အကြောင်းရင်းဖြစ်သည်။
written by ဗေဒါရထား, February 25, 2010
ကျွန်တော် သိတတ်စ အရွယ်မှာပဲ ဦးနုရဲ့ ငရဲဆို ဂျိုနဲ့လားဗျို့၊ လူပေါ်လူဇော် လုပ်နည်း၊ ကာမတဏှာနဲ့ စနေသား တာတေ စတဲ့ စာအုပ်တွေကြောင့် ခုလိုသိမြင် တွေးခေါ်တ တ်လာတာပါ။ ဘဘနုဟာ ကျွန်တော့် အပေါ်မှာ စာပေကျေးဇူး အများကြီး ရှိတဲ့ အတွက် ဒီနေရာကနေ ဦးခိုက် ဂါရဝ ပြုလိုက်ပါတယ်။ (ဗိုလ် ရဲထက်)
written by whitepeacock, February 24, 2010
လေးစား ဂုဏ်ယူထိုက်တဲ့ ပုဂ္ဂိုလ် တစ်ဦးပါ။ သူရဲ့ နိုင်ငံရေး အမြင်တွေ ခုချိန်ထိ လက်တွေ့ ကျနေတယ်။ အထူးသဖြင့် သူ ရွေးချယ်ခဲ့တဲ့ ဒီမိုကရေစီ စနစ်။
written by DKT, February 24, 2010
ကျောင်းသား နိုင်ငံရေးသမား ၊ နိုင်ငံရေးသမား ၊ အာဏာ တ၀က်တပျက် ရ နိုင်ငံရေးသမား ၊ အာဏာရ နိုင်ငံရေးသမား ၊ ထောင်ကျ နိုင်ငံရေးသမား ၊ လက်နှက်ကိုင် သူပုန်နိုင်ငံရေး သမား ၊ ပါတီစုံ နိုင်ငံရေးသမား ၊ အကျယ်ချုပ်ခံ နိုင်ငံရေးသမား တဦးဖြစ်ခဲ့သည်ဟု ဗမာ့သမိုင်းထဲက ဦးနုကို နိုင်ငံရေး ရှုထောင့်မှ တွေ့ မြင်မိသည်။
အရွယ် ရောက်ချိန်မှ ကွယ်လွန်ချိန် အထိ နိုင်ငံရေးလုပ် သူတဦး အဖြစ် လေးစား ဦးညွတ်မိသည်။
နိုင်ငံ့ ထိပ်ဆုံးတန်း ခေါင်းဆောင်တဦး အနေဖြင့် ဦးနှောက်ထက် နှလုံးသားက ပိုကြီးနေခြင်း ၊ ဘာသာရေး ယုံကြည်မှုမြင့်မားခြင်းနှင့် လိုက်နာ ကျင့်ကြံေ နထိုင်မှု သာကဲခြင်း ၊ ကာလရှည်ကြာ နိုင်ငံ့ဦးလျှောင် ဖြစ်ရခြင်း တို့ သည် နိုင်ငံရေးသမား တဦး အနေနှင့် မှန်ကန်ခဲ့ပါရဲ့ လားဟု စောကြော ဝေဖန် နေမိသည်။

written by Han Shin Win, February 23, 2010
ဘကြီးနု အာဏာရူးခဲ့တာ ဟုတ်တယ်ဘဲ ထားပါ။ ပွဲလန့်တုံး ဖျာခင်းခဲ့တယ် လို့ဆိုလဲ ကျွန်တော် သဘော တူပေးပါတယ်။
ဒါပေမဲ့ ဘကြီးနု (အာဏာရူးကြီး ၀န်ကြီးချုပ် ဘ၀နဲ့) ဘယ်နနှစ် နေရမလဲ။
ပငိလယ်ပြင် မှာလဲ အမေရိကန် ရေတပ်နဲ့ ထိမ်းညှိထားနိုင်ဘို့ တစ်ကွက် ရှိတယ်။ ပြည်သူ ထောက်ခံမှုနဲ့လဲ ထိမ်းညှီဘို့ရှိတယ်။
ဘယ် ချိန်ခွင်တံက ကျိုးခဲ့သလဲ၊
ဒီပြည်သူတွေကိုေ၀၀ါးအောင် ခေါင်းဆောင်တွေ မညီညွတ်မှုကြောင့်ပါ် ဆိုပြီး ခေါင်းဆောင်တွေကို လွဲချတယ် ဆိုပါဦး။
၁၉၉၀ ကျတော့ အဲဒီ ခေါင်းဆောင်ေ တွကိုဘဲ မျက်စေ့မှိတ် မဲပေးခဲ့တာ ဘယ် ပြည်သူတွေလဲ။
ခု နှစ်ပေါင်း ၂၀ ကြာအောင် ဘာ ချေတစ်လှမ်းမှ ရှေ့တိုးအောင် မလုပ်နိုင်တဲ့ ဒီခေါင်းဆောင်တွေကို အပစ် တင်နေတဲ့သူတွေ ကို မေးချင်ပ်ါတယ်။
တစ်ကယ်လို့ ၂၀၁၀မှာ ဒီခေါင်းဆောင်တွေက နံမည် ပြောင်းပြီး ရွေးကောက်ပွဲ0င်ရင် ထပ်ပြီး မဲပေးကြ အုန်းမှာဘဲ မဟုတ်လား။

written by Tay Za Thura, February 23, 2010
ဘယ်အရာ မဆို လိုအပ်တဲ့ အချိန်မှာ ညှိနိုင်းမှု မရှိရင် အောင်မြင်မှု မရရှိနိုင်ပါဘူး။
written by Cho Tuumar, February 22, 2010
ဦးနုကို အဖိုးအရွယ် အဖိုး အဖွားတို့ရဲ့ မိတ်ဆွေ အနေနဲ့ပဲ သိပါတယ်။ အရွယ်သိပ်ကွာလို့ တခြားဟာတွေ ကိုယ် မသိတာတွေ ဘာမှ မပြောလိုပါဘူး။
ဘာသာရေးမှာ ဦးဆောင်မှု ပေးနိုင်တဲ့အချက် ကိုတော့ လက်ခံပါတယ်။ ဒါပေမယ့်
၁) နိုင်ငံရေးကို ကွက်ကျော် မြင်တတ်သူ၊ မြန်မာစစ်တပ် အကြောင်းကို နောကြေအောင် သိတဲ့သူ -
ဆိုတာ လက်မခံပါ။ စစ်တပ် အကြောင်း နောမကြေလို့သာ ဗိုလ် နေဝင်း လက်ထဲကို တစ်ခါမက အာဏာ အပ်ခဲ့တာပေါ့။ ဗိုလ်နေဝင်းကသာ သူ့ အကြောင်း နောကျေလို့ ပထမ တခါကတည်းက နောင်တခါ အပြီး အာဏာ သိမ်းဘို့ ကြိတ်ကြံခဲ့တာ။ လေးဆယ့် ရှစ်နှစ် ပြည့်တော့မယ်။ တိုင်းပြည် သွေးချောင်း စီးပြီး ပြည်သူတွေ ခုထိ မျက်ရည် ပင်လယ် ဝေနေရတာ ဘဘနုလည်း တာဝန် ရှိတယ်။
၂) ဖဆပလခေတ် ကုန်ဈေးနှုန်းနဲ့ ဖဆပလ လက်ထက် မြန်မာနိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး၊ အရှေ့တောင် အာရှ နိုင်ငံတွေထဲမှာ ထိပ်တန်းက ဆိုတာ အင်္ဂလိပ် လက်ကျန် အမွေလို့ တချို့က ကပ်သပ် ပြောချင်တယ်။ စစ်အစိုးရေ တွထက် သာတာကတော့ ပညာရှင်တွေ ချောင်ထိုး မခံရဘူး။ သင့်တော်တဲ့ ပညာတတ်၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေ သက်ဆိုင်ရာ နေရာ အသီးသီးမှာ လွတ်လွတ် လပ်လပ် တာဝန် ထမ်းခွင့် ရခဲ့တော့ နိုင်ငံနဲ့ ပြည်သူတွေ အတွက် အကျိုး များခဲ့တာတော့အမှန်ပါပဲ။ ဒါကိုတော့ ဖဆပလနဲ့ ခေါင်းဆောင် ကို အသိအမှတ် ပြုပါတယ်။
ဘယ်သူမှု ငြင်းမရတဲ့ အချက်ကတော့ တိုင်းပြည်ကို ချစ်တဲ့ ကိုယ်ကျိုး မဖက်တဲ့ ပြည်ချစ်သား တယောက် ပါပဲ။ ဗိုလ်နေဝင်း လက်ထဲ ကျသွားတာကတော့ မဆလ ဘက်သားတွေက ပိုလျင် ပို ဖျံကျ လို့လား။ ဘဘနုကပဲ နိုင်ငံရေးသမား မပီသလို့လား။ ဘာသာရေး အလေး ပေးပြီး လုပ်သင့်တာတွေ လုပ်သင့်ချိန်မှာ မလုပ်ခဲ့ မိလို့လား။
သေချာတာကတော့ ဗိုလ်နေဝင်းတို့ ဗိုလ်စောမောင်တို့နဲ့ တခြား စစ်ခေါင်း ဆောင်တွေ ထက်တော့ အသုဘ မြေကျ လှပါတယ်။ သေသည်အထိ ပြည်သူ လေးစားမှု ခံရတဲ့ မြန်မာ ခေါင်းဆောင်တဦး ဆိုတာ ငြင်း မရပါဘူး။

written by တောင်ပေါ်သား, February 21, 2010
ဗမာပြည်ရဲ့ ဂုတ်ပြု ထိုက်သူတွေ အကြောင်း ကို ပိုပြီး အသေးစိတ်ဖေါ်ပြပေးပါလို့ တောင်း ဆိုပါတယ်...
written by Myanmar, February 20, 2010
when i read about his autobiography he had done many good and bad things in his life.
what he did good for us was especially in Foreign Policy of the Union of Burma.
but like other people he is also not perfect man
the worse thing he did for Burma was his decision of splitting the united Anti Fascist People Freedom League.
because of his descision of breaking the AFPFL now Burma is suffering the worse military dictatorship.
in the article the writer wrote that U Nu was the one who knows much about Burma army, from my point of view i could not accept it, if he is like the one who the writer mentioned in that article, why he allowed Gen Ne Win to sack the prominent Brigadiers and Colonel in 1961???? that is his biggest mistake and that mistake brought his downfall.
U Nu is so smart but he was not smart enough to know who is friend and who is foe in the battle between the Prominent Colonels and Gen Ne Win, that is why he was overthrown in a military coup in 1962.
Anyway, we should remember him as he was the first PM of the UOB and the last democratically elected PM of that nation.

written by sithusoemynmar, February 20, 2010
ဦးနုက နိုင်ငံရေးကို ကွက်ကျော်မြင်တယ်၊ စစ်တပ် အကြောင်းကို သေခြာ သိတယ်၊ စစ်တပ်ကလည်း ဦးနု အကြောင်းကို
သေခြာ သိတယ်၊ စင်ပြိုင် အစိုးရ ဖွဲ့ချိန်မှာ ကျွန်တော် ကိုယ်တိုင် ဦးနုက အချောင် ဖျာ ၀င်ခင်းတယ် လို ထင်မိတယ်၊
ဒါပေမဲ့ မဟုတ်ဘူး တော်လှန်ရေး ဖြစ်နေချိန် ဆိုရင်စင်ပြိုင် အစိုးရကို အမြန် ဖွဲ့ရမည် ပြည်သူတွေ လက်ခံတဲ့ သူတွေလည်း
ဝင်ပါရမည်၊ ဒါမှ အနောက် နိုင်ငံနဲ့ အခြား တိုင်းပြည်တွေက ထောက်ခံေ ပးနိုင်မယ်၊ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ လွယ်ကူ နိုင်တဲ့
နည်းလမ်း တစ်ခုဖြ စ်သွားနိုင်တယ်၊

written by Chit Thein Than, February 20, 2010
U Nu was a great leader for Burma. No doubt about it:
(1) He led the AFPFL and country to achieve independence from Britain after the assassination of Bogyoke Aung San.
(2) He maintained the Union of Burma against the insurgents in 1948/49.
(3) He was a leader of non-alignment together with Nehru and Nasser.
(4) He hoodwinked General Ne Win in 1958 to prevent a coup and to let him hold General Election in 1960.
(5) He made the people live comfortably from 1950 to 1958 and then from 1960 to 1962.
His failures:
(1) He could not prevent the AFPFL split in 1957.
(2) He could not control General Ne Win and top brass who were power-hungry.
(3) He could not make his Pyidawtha Plan successful.
(4) He could not control U Kyaw Nyein and rightist socialist.
(5) He was more oratory than an action man.
However, I will still vote for him as he was a good, honest, patriotic national leader since his student days besides being an excellent writer.

Write comment
| < Prev | Next > |
|---|