အကြီးဆုံး ရဲရွာ စီမံကိန်း လျှပ်စစ် စတင်ထုတ်

မြန်မာနိုင်ငံတွင် အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း ဖြစ်သည့် ရဲရွာ ရေအားလျှပ်စစ် စက်ရုံအား ပြီးခဲ့သည့် ကြာသပတေးနေ့က စတင် လည်ပတ်နေပြီ ဖြစ်ကြောင်း အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန မှ ဧရာဝတီသို့ပြောသည်။

လျှပ်စစ် ဓာတ်အား အပြည့်အ၀ ထုတ်လုပ် နိုင်ရန် ရေပမာဏ အနည်းငယ် လိုအပ်နေသေး သော်လည်း နိုင်ငံတွင်း စွမ်းအင် လိုအပ်ချက်များ ဖြည့်ဆည်းရန် အတွက် မီဂါဝပ် ၂၀၀ ရှိသည့် တာဗိုင် စက်တလုံးအား စတင် လည်ပတ်နေပြီး မဟာ ဓာတ်အား လိုင်းပေါ်သို့ ပို့လွှတ် ပေးနေပြီ ဖြစ်သည်ဟု နေပြည်တော်ရှိ ရေအား လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ဦးက ပြောသည်။

“အခု လောလော ဆယ်တော့ ရန်ကုန် စက်မှုဇုန်နဲ့ မန္တလေး စက်မှုဇုန် တွေကို အဓိက ထားပြီး အမှတ် ၂ လျှပ်စစ် စွမ်းအား ကနေ ဖြန့်ဖြူး နေတယ်”ဟု ၎င်းကဆိုသည်။

ရဲရွာလျှပ်စစ်ဓာတ်အားပေး စက်ရုံတွင် တာဗိုင်စက် ၄လုံးတပ်ဆင်ထားကြောင်း၊ သို့သော်လည်း သိုလှောင်ထားသည့် ရေပမာဏ မပြည့်မီသည့် အတွက် စက်၁လုံးကိုသာ လည်ပတ်နိုင်ကြောင်း၊ အာဏာပိုင်များကလည်း ရန်ကုန် နှင့် မန္တလေးမြို့ကြီးများ ကို ၂၄ နာရီ မီးရရှိစေရန် ဆောင်ရွက်နေကြောင်း ဦးခင်မောင်ဦးကပြောသည်။

မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို၂၀၀၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ Nippon Koei ကုမ္ပဏီမှ ပုံစံရေးဆွဲခဲ့ပြီး၊ ၂၀၀၃ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများအတွက် ဆွစ်ဇာလန်နိုင်ငံ Colen co Power Engineering ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်အားလုံးကို နေ့စဉ် နံနက် ၈နာရီမှ ညနေ ၅နာရီအထိ မီးပေးရန် သတ်မှတ်ထားသော်လည်း ဇုန်အလိုက် အလှည့်ဖြင့်သာ ပေးနိုင်သေးကြောင်း၊ စက်မှုဇုန်များအပါအ၀င် ရန်ကုန်တမြို့လုံးအတွက်ဆိုပါက နေ့စဉ် မီဂါဝပ် ၅၀၀ ခန့်လိုအပ် နေပြီး လောလောဆယ်တွင် မီဂါဝပ် ၃၅၀ခန့်သာ ပေးနိုင်သေးကြောင်း အထွေထွေမန်နေဂျာ ဦးခင်မောင်ဦးက ရှင်းပြသည်။

ရန်ကုန်မြို့ကို ရေရှည်မီးပေးရန် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ အတွက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်နေသည့် အပြင် မှော်ဘီမြို့နယ်ရှိ ၀ါးတရာကျေးရွာတွင် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံတရုံကို လုပ်ငန်း ရှင်ကြီး ဦးတေဇပိုင် ထူးကုမ္ပဏီမှ တည်ဆောက်ရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများကို ကင်းတား၊ ကျိုင်းတောင်း၊ ကွန်း၊ ခပေါင်း၊ ချီဗွေငယ်၊ စိုင်တင်၊ ဆည်တော်ကြီး၊တနင်္သာရီ၊ တာပိန် (၁) (၂)၊ တီကျစ်၊ နန်ချို၊ ပသိ၊ ပိုဇိုလန်၊ ဘီလူးချောင်း (၁) (၂) (၃)၊ မုန်း၊ ရဲနွယ်၊သဖန်းဆိပ်၊ သူဌေး၊ အထက် ကျိုင်းတောင်း၊ အထက်ဘီလူးချောင်း၊ အထက်ရဲရွာ၊ အထက်ပေါင်းလောင်း၊ ဇောင်းတူ၊ ဇော်ဂျီ (၁) (၂)၊ ပေါင်းလောင်း၊ ရွှေကျင်၊ ရွှေလီ တို့တွင် တည်ဆောက်နေသည်။

ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချမည့် စီမံကိန်းအရ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် တာဆန်းရေအားလျှပ် စစ်စီမံကိန်း နှင့် ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်း များကိုလည်း ဆက်လက်တည်ဆောက်မည်ဟု သိရသည်။

စစ်အစိုးရ အာဏာပိုင်များက လျှပ်စစ်စွမ်းအင်ကဏ္ဍသည် နိုင်ငံ၏ စက်မှုနိုင်ငံထူထောင်ရေးတွင် အရေးပါကြောင်းပြောဆို သော်လည်း၊ လျှပ်စစ်မီး မှန်မှန်မပေးနိုင်ခြင်း၊ လက်ခံရရှိသည့် ဗို့အား မပြည်ခြင်းတို့ကြောင့် လောင်စာဆီသုံး မီးစက်ကြီးများကို အသုံးပြုနေရသည့်အတွက် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်မားနေရကြောင်း  ရန်ကုန် တောင်ဒဂုံ စက်မှုဇုန်မှ လုပ်ငန်းရှင် တဦးက ဆိုသည်။

“အခုအချိန်အထိတော့ မီးလာတာက မမှန်သေးဘူး၊ ထွက်လာတဲ့ စွမ်းအားတွေကို ကိုယ့်နိုင်ငံထဲမှုာ ပြန်အသုံးချမယ်ဆိုရင်တော့ စက်မှု လုပ်ငန်း တွင်တွင်ကျယ်ကျယ်လုပ်နိုင်သလို ၊ထုတ်လုပ်တဲ့ပစ္စည်းဈေးနှုန်းတွေလည်း လျော့တာပေါ့့”ဟု အဆိုပါလုပ်ငန်းရှင် က ပြောသည်။

ယခင်ကဘီလူးချောင်းရေအားလျှပ်စစ်စက်ရုံနှင့် မြန်အောင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံတို့မှ ထုတ်လုပ်သည့် လျှပ်စစ် ဓာတ်အားသည် တနိုင်ငံလုံး သုံးစွဲရန် လုံလောက်သော်လည်း စစ်အစိုးရ လက်ထက်တွင် နိုင်ငံပိုင် စက်ရုံစီမံကိန်းများ၊ ပုဂ္ဂလိကပိုင် စက်မှုလုပ်ငန်းများများပြားလာခြင်း၊ နိုင်ငံမှ ထွက်ရှိသည့် စွမ်းအင်များကို အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချနေသည့် အတွက် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား မလုံလောက်မှု ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု အဆိုပါ လုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။

စစ်အစိုးရလက်ထက်တွင် နေပြည်တော်၊ ရတနာပုံ ဆိုင်ဘာစီးတီးနှင့် မြို့သစ်များဖော်ထုတ်ခြင်း၊ သာဂရမြို့တွင် အစိုးရပိုင် စက်မှု ဇုန်များ တည်ဆောက်ခြင်း၊ မြင်းခြံမြို့၊ အောင်လံမြို့၊ပေါက်ခေါင်းမြို့များတွင် သံမဏိစက်ရုံကြီးများ တည်ဆောက်ခြင်း၊ သကြား စက်ရုံများ တည်ဆောက်ထားသည်။
Comments (3)Add Comment
0
....
written by Burmese, February 22, 2010
အရယ်ရဆုံး ဟာသသတင်းလားဗျာ ..ဒါမှမဟုတ် ကျုပ် မျက်စိ ကန်းနေတာလား၊ အိပ်မက် မက်နေတာလား(သို့ ) ဗိုလ်သန်းရွှေပဲ စိတ်ရောဂါ ရသွားပြီလား၊ တစ်ခုခုပဲ။
0
ဖောင်စီးရင်း ရေငတ်...
written by poe twe, February 22, 2010
ဖောင်စီးရင်း ရေမငတ်ရ လေအောင် ကိုယ့် ရေဗူးလေးနဲ့ ကိုယ်တော့ ဆောင်ထားကြေ ပါ့ကွယ်...
0
Electricity for Sale
written by Myint Lwin Oo, February 22, 2010
Newton dosn't know Electricity energy conversion is gain if his law still want to apply.
Now our Kyaingtone man can do for Engery conversion gain without adding energy. ha..ha ha....

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်