ထိုင်းရဲဖမ်းသဖြင့် ထွက်ပြေးသည့် မိန်းကလေး ၂ ဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုတွင် ထိုင်းရဲများက ၀င်ရောက် ဖမ်းဆီးသဖြင့် ထွက်ပြေးကြရင်း မြန်မာမိန်းကလေး ၂ ဦး ရေနစ်သေဆုံးခဲ့ရသည်ဟု သတင်းရရှိသည်။

ဖူးခက်မြို့ ပါတောင်ကမ်းခြေမှ ၁၃ ထပ် အမည်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ယမန်နေ့ ညနေ ၆ နာရီခန့်၌ ထိုင်းရဲများ ဝင်ရောက် စီးနင်းသောကြောင့် မြန်မာအလုပ်သမားများ ထွက်ပြေးကြရင်း အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

“ကျနော့် ညီမလေးတွေ အခုလို သေရတာ အရမ်းခံပြင်းတယ်ဗျာ။ သူများဒေသမှာဆိုတော့ ဘာမှလည်း လုပ်လို့မရဘူး။ အမေဆို အရူးမကြီးလိုဖြစ်နေပြီ။ အဖေလည်း သူ့သမီးလေးတွေ အခုလို ရုတ်တရက် ရေနစ်သေရတော့ ခံစားရလွန်းလို့ စကားတောင် မပြောနိုင်ဘူး” ဟု သေဆုံးသူ မိန်းကလေးများ၏ အစ်ကို ကိုနောင်က ပြောသည်။

ရေနစ်သေဆုံးသူများမှာ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ် အံ့ဇော်ရွာမှ ဦးမြင့်သိန်း၊ ဒေါ်တင့်ဝေတို့၏ သမီး မမြင့်မြင့်စန်း (၁၂ နှစ်) နှင့် မညိုညိုစမ်း (၂၀ နှစ်) တို့ဖြစ်ကြသည်။ 

ထိုင်းရဲ ၀င်ဖမ်းသည်ဆိုသည်နှင့် အလုပ်သမားလက်မှတ် မရှိသူအားလုံး ကြောက်လန့်ကာ နီးရာ တောထဲ တောင်ထဲသို့ ထွက်ပြေး တိမ်းရှောင်ကြလေ့ ရှိကြောင်း သိရသည်။

မမြင့်မြင့်စန်းမှာ အသက်မပြည့်သေးသဖြင့် အလုပ်သမားလက်မှတ် လုပ်၍ မရသေးသကဲ့သို့ ဆောက်လုပ် ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူ မဟုတ်ဘဲ မိဘများ အလုပ်သွားနေချိန် အိမ်မှုကိစ္စများကို လုပ်ကိုင် ပေးနေသူသာ ဖြစ်သည်။ မညိုညိုစမ်းမှာမူ ကျပန်း အလုပ်သမားဖြစ်သည်။

အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူ ဘကြီးအောင်က “တန်းလျားကို ရဲဝင်တယ် ဆိုတော့ ပြေးကြတာ။ မြင့်မြင့်စန်းကလည်း ကြောက်ကြောက်နဲ့ လိုက်ပြေးရင်း ရေထဲကိုပြုတ်ကျပြီး နစ်သွားတာ။ ညီမနစ်နေတော့ အစ်မက လိုက်ဆယ်ရင်း အစ်မပါ သေသွားတယ်။ ရဲတွေက ကလေးတွေ ရေနစ်တာကို မြင်နေရက်သားနဲ့ မကူညီဘဲ ဒီအတိုင်းကြည့်နေကြတယ်” ဟုဆိုသည်။

ရေနစ်နေစဉ် ကယ်ဆယ်ရန်ကြိုးစားသူကို ထိုင်းရဲများက သေနတ်ဖြင့်ထောက်ကာ ကယ်ဆယ်ခြင်း မပြုရန် တားမြစ်သည်ဟု သိရသည်။

“ကိုမိုးသီးဇွန်ဆိုတဲ့ ထားဝယ်သားတယောက်က ဒီညီအစ်မနှစ်ယောက် ရေနစ်နေတာကို ကယ်ဖို့ ရေထဲ ဆင်းမလို့ လုပ်တာကို ရဲက ကယ်မလား၊ အဖမ်းခံမလားဆိုပြီး သေနတ်နဲ့ ကြောကို ထောက်ထားတယ်။ သူက ကယ်မယ်ဆိုတော့ ရဲတွေက သူ့ကို ပုလင်းနဲ့ ပေါက်ပြီး မောင်းထုတ်လို့ မကယ် လိုက်ရဘူး” ဟု မျက်မြင်ဖြစ်သူ ကိုဉာဏ်လင်းက ပြောသည်။

ထို ၁၃ ထပ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀ နီးပါးခန့် ရှိပြီး အများစုမှာ အလုပ်သမား လက်မှတ် လုပ်ထားကြသော်လည်း လက်ဝယ်မရှိကြပေ။ တချို့မှာ လက်ရှိ လုပ်ငန်းခွင် သူဌေး၏ နာမည်ဖြင့် လက်မှတ်လုပ်ထားသူများ မဟုတ်ကြသောကြောင့် ရဲဖမ်းလျှင် ကြောက်လန့်တကြား ပြေးကြရာမှ ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံရခြင်းဖြစ်သည်။

ယမန်နေ့က အလုပ်သမား ၁၅ ဦးခန့် ဖမ်းဆီး ခံရသည်ဟု သိရသည်။

ဖူခက်မြို့ရှိ ပါတောင်ကမ်းခြေသည် နာမည်ကြီး ပင်လယ်အပန်းဖြေ စခန်းဖြစ်ရာ ပင်လယ်ထဲသို့  လူနေရပ်ကွက်အတွင်းမှ ချောင်းငယ်၊ မြောင်းငယ်များက စီးဝင်လျှက်ရှိသည်။ ယခု မိန်းကလေး ၂ ဦး ရေနစ်သေဆုံးသော နေရာမှာ ပင်လယ်ထဲသို့ စီးဝင်နေသော ချောင်းတခုတွင် ဖြစ်သည်။

ထိုင်းနိုင်ငံ ဖန်င အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသော GHRE ၏ ဒါရိုက်တာဦးထူးချစ်က “ထိုင်းနိုင်ငံအတွင်းက မြန်မာအလုပ်သမားတွေကြားမှာ ဒီလိုမျိုး အဖြစ်အပျက်တွေကတော့ မကြာခဏ ကြုံနေရတာပါ။ ဖမ်းမှာကြောက်လို့၊ တချို့ကျတော့ လက်မှတ် ရှိတာတောင် ငွေပေးရမှာ ကြောက်လို့ ပြေးတတ်ကြတယ်” ဟု ဆိုသည်။

ယခုကဲ့သို့သော ဖြစ်ရပ်များ၏ အဓိက အကြောင်းအရင်းမှာ ထိုင်း အစိုးရက ရွှေ့ပြောင်း အလုပ်သမားများ တွက် အလုပ်သမာျးဥပဒေနှင့်အညီ အခွင့်အရေးများ တိတိကျကျ မလုပ်ဆောင် ပေးနိုင်သောကြောင့် ဖြစ်သည်ဟု ဦးထူးချစ်က ဆက်ပြောသည်။

ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် မြန်မာအများအပြား အလုပ်လုပ်ကိုင်လျှက်ရှိကြသည်။ အလုပ်သမားအရေး ဆောင်ရွက်သူများ၏ အဆိုအရ ထိုင်းနိုင်ငံတဝန်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းမှ ၄ သန်းအထိ ရှိသည်ဟု သိရသည်။
Comments (5)Add Comment
0
တိုင်းပြည်သစ်
written by ဘ၀ဆိုတာ, March 11, 2010
....ဗမာဖြစ်ပြီး... ခက်ရိုင်းရိုင်းမပြောချင်ပါဘူး.. အစိုးရမကောင်းလို့... ငါတို့တွေ မိဝေးဖဝေး ငယ်ငယ်ရွယ်ရွယ်နဲ့ သူများကျွန်ခံနေရတယ်..တိုငိးတစ်ပါးမှာကျွန်ခံနေရတယ်.... အစိုးရ... သူတို့သားသမီး တွေကြတော့.. .... ငါတို့ပေးဆပ်ရသလို.....နင်တို့....အမျိုးတွေနဲ့...နင်တို့....တွေ....ဘ၀အဆက်ဆက် ပြန်းပေးဆပ်ကြရပါစေ.. ..ဘုရားမှာ...ဆုတောင်းတယ်....
0
ရင်နင့်ဖွယ်ဖြစ်ရပ်
written by တေဇော, March 10, 2010
ဒါမျိုးတွေ ဖြစ်ရ ကြုံရတာကတော့ လက်သည်ဟာ စစ်အစိုးရပါဘဲ။ ကျုပ်တို့ အစိုးရမကောင်းလို့ နိုင်ငံသားတွေက သူများနိုင်ငံမှာ အလုပ်ထွက်လုပ်နေရတာ၊ စစ်အစိုးရ အလိုမရှိ။
0
တရားခံ အစစ်ကို မြင်အောင်ကြည့်ပါဗျ ...
written by Wunna Htun, March 10, 2010
တကယ်တန်း တရားခံ အစစ်က ထိုင်းအစိုးရချည်းပဲ မဟုတ်ပါဘူး.. ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ ဆင်းရဲ မွဲတေမှုတွေနဲ့ အခြေခံ လူ့အခွင့်အရေးဆုံးရှုံးမှုများကြောင့်သာ ကျွန်တော် တို့ ညီအစ်ကို မောင်နှမ တတွေ ဒီလိုမျိုး ရင်နင့်စရာ အဖြစ်တွေနဲ့ အကြိမ်ကြိမ် ရင်ဆိုင်နေရတာပါ... ကိုယ့် လူမျိုးအချင်းချင်းကတောင် ကိုယ်တွေရဲ့ ဘ၀တွေကို ချနင်းနေမှတော့ လူမျိုးခြားတွေက ရက်စက်ကြတာ မဆန်းပါဘူးဗျာ...
0
ဝမ်းနဲစရာ
written by မျိုးလွင်, March 09, 2010
အရင်ကတည်းက ကြားဖူးတယ် ဖူကက်ရဲ၊လဝက တွေယုတ်မာတယ် ဆိုတာ။တနေ့စာရင်း ရှင်းရအုံးမှာပေါ့၊ ကိုယ့်ဗမာပြည်သားတွေလည်း ရဲမြင်တာနဲ့ အရမ်းဇွတ် မပြေးကြပါနဲ့၊ အတိကျလွတ်နိုင်မယ် ဆိုရင်တော့ တမျိုးပေါ့၊ အသက်အန္တရာယ် မငဲ့ပဲထွက်ပြေးတာမျိုးတော့ မှားတယ်။ ထိုင်းရဲက ဖမ်းမိရင် ပိုက်ဆံပေးညှိလို့ရတာ တွေရှိတယ်၊နောက်ဆုံးညှိလို့မရလည်း ဗမာပြည်ပြန်ရောက်ရုံပဲ့ မလေးရှားမှာ အဖမ်းခံရတဲ့ သူတွေလောက် ဒုက္ဓမရောက်ပါဘူး။ အခုတော့ ဆုံးရှုံးသွားတဲ့ အသက်တွေ အစားထိုးလို့မရဘူး။
0
...
written by Avator, March 09, 2010
What is pitiful girls ?Who will take care burmese ?Will disappear soon !!!All Thai People are wicked as they hate All burmese !!!

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်