ပြည်ပနှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ်များ ထောင်ချခံရ

ရခိုင်လူငယ် ၁၁ ဦးကို ပြည်ပမှ နိုင်ငံရေး အဖွဲ့နှင့် ဆက်သွယ် သည်ဟု စွပ်စွဲ၍ အာဏာပိုင်များက နှစ်ရှည် ထောင်ဒဏ်များ ယနေ့ ချမှတ် လိုက်ကြောင်း ယင်းအမှုကို လိုက်လံ ဆောင်ရွက်ပေး နေသည့် ရှေ့နေ ဦးမောင်မောင်လတ်က ဧရာဝတီသို့ ပြော သည်။ 

ယမန်နှစ် သြဂုတ်လက ဖမ်းဆီးခဲ့သော အဆိုပါ ရခိုင်လူငယ်များကို နယ်စပ်ဒေသရှိ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်း အရုံး (AASYC) အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲကာ အင်းစိန်ထောင်အတွင်းရှိ အနောက်ပိုင်း ခရိုင်တရားရုံးမှ ဒုတိယ ခရိုင် (၁) တရားသူကြီး ဦးမြင့်စန်းက ထောင်ဒဏ် ၃ နှစ်မှ ၉ နှစ်အထိ အသီးသီး ချမှတ်လိုက်သည်ဟု သိရသည်။

ထို ၁၁ ဦးတို့ကို အုပ်စု ၃ စုခွဲ၍ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ထောင်ချခံထားရသူများအတွက် ခရိုင်တရားရုံးသို့ အယူခံဝင်နိုင်ရန် ရှေ့နေများက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်လတ်က ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကိုနိုင်စိုး ခေါ် မဲလုံး၊ ကိုထွန်းလင်းကျော်နှင့် ကိုရဲထက်စိုး၊ ဘူးသီးတောင်မြို့မှ ကိုမောင်နိုင်စိုးတို့ အပါအ၀င် ၁၁ ဦးတို့သည် တရားမ၀င် အဖွဲ့အစည်းနှင့် ဆက်သွယ်မှု၊ နယ်စပ်ဖြတ်ကျော်မှု၊ ဖောက်ခွဲရေးပစ္စည်းများကို လက်ဝယ်ထားရှိမှု စသည့် ဥပဒေတို့ဖြင့် တရားစွဲဆိုခံရပြီး ယခုကဲ့သို့ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံရခြင်း ဖြစ်သည်။

AASYC အဖွဲ့သည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။ ယခု ထောင်ချခံရသည့် ရခိုင်လူငယ်များသည် ယင်းတို့နှင့် ပတ်သက်ဖူးခြင်း မရှိကြောင်း AASYC က ငြင်းဆိုထားသည်။ 

ထောင်ဒဏ် ကျခံရသူများထဲမှ ကိုနိုင်စိုး ၏ မိခင် ဒေါ်ခင်မာဦးက “ကျမတို့က အယူခံဝင်မယ်။ အပြစ်တွေက သိပ်ကြီးတယ် ထင်နေလို့ပါ။ ဒီလောက်အထိ မကျသင့်ဘူး။ ကျောင်းသားတွေဆိုတော့ နည်းနည်းပါးပါး သက်ညှာစေချင်တယ်။ အဲဒါကြောင့် အယူခံဝင်မှာပါ” ဟု ပြောသည်။

အာဏာပိုင်များက ထောင်ဒဏ် ချမှတ်ခံထားရသည့် ရခိုင်လူငယ်များကို မိသားစုနှင့် ဝေးသော ထောင်များသို့ ပြောင်းရွှေ့မည် ကိုလည်း အလွန် စိုးရိမ်နေကြောင်းလည်း သိရသည်။

ယင်း ရခိုင်လူငယ်များသည် စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်မြို့နယ်တို့မှ ဒေသခံများဖြစ်ပြီး အသက် ၂၅ နှစ် ဝန်းကျင်ရှိကြကြောင်း၊ ၎င်းတို့ကို ရဲအထူးတပ်ဖွဲ့ဝင်များက အကြောင်းပြချက် တစုံတရာ မပြဘဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၁  ဦးရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စာရင်းထုတ်ပြန်ထားသည်
Comments (3)Add Comment
0
...
written by Myat Minn, August 15, 2010
please send this news to the so called "experts on Burma" who are very optimistic of the "democratic reforms" of junta .. shame on them ..!
0
စိတ်မကောင်းပါဘူး
written by Zaw Lin Htun, August 13, 2010
ရခိုင်သား အချင်းချင်း ဒီလို သတင်ြး ကားရတာ စိတ် မကောင်းပါဘူး။ ကိုယ့်နေရာ ကိုယ့်ဒေသ အတွက် ကြိုးစားတာ ဆိုရင်တောင် စဉ်းစား ဆင်ခြင် ပြီးမှ လုပ်ကြပါ။ မိဘတွေလည်း စိတ် ဆင်းရဲကြ ရမှာပါ။ ပြည်ပ က အော် သမျှကို လိုက် မလုပ်ကြပါနဲ့။ အားလုံး ခက်ကုံမယ်။ မိသားစု တွေကို ပြန်ကြည့်ပါ။ သူတို့လို့ စစ်အစိုးရ မကောင်းေ ကြာင်း အော်ချင်ရင် ပြည်ပ ကနေ အော်ပါ။ ကိုယ့် ဘ၀ ကို ကို အနစ်မွန်း မခံပါနဲ့။ ဘယ်နိုင်ငံ ဘယ် တိုင်းပြည် မှာမှ လူတစ်စု လှုပ်ရှားမှုနဲ့ အထမြောက်တယ် လို့ မရှိပါဘူး။
0
...
written by Zero, August 12, 2010
ohhhhhhhhhhhh.. Than shwe is practicing WELL-PRINCIPLED democracy and showing respect to his 2008 Constitutional Laws by destroying future leaders of our country..
Well, that maybe a signal to arrest every politicians whoever used to or currently belong to any org from abroad...
... and I really am very sorry for those youths and their families..

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်