မုံရွာတွင် ရေတွင်းများ ရေခန်း

အပူရှိန် မြင့်မားသဖြင့် မြန်မာပြည် အလယ်ပိုင်း မုံရွာမြို့တွင် ရေခန်းခြောက်သည့် ရေတွင်း အရေအတွက် တနေ့တခြား ပိုမို များပြားလာ သည်ကို တွေ့ရသည်။

ရေတွင်းများ ရေခန်းခြောက်မှုမှာ လွန်ခဲ့သည့် ၂ နှစ်က အစပြုခဲ့ခြင်း ဖြစ်သော်လည်း အပူရှိန် ပြင်းထန်လွန်းသည့် ယခုနှစ် နွေရာသီတွင် ပိုမို များပြားလာသည်ဟု  မုံရွာမှ အထက်တန်းပြ ဆရာမ တဦးက ပြောသည်။

“မူလက တွင်းရေကို အားကိုးပြီး သုံးနေရတာ။ အခုတော့ တွင်းရေပါ မရှိတော့ တော်တော်လေးကို အခက်အခဲ ဖြစ်နေတယ်” ဟု ဆရာမက ပြောပြသည်။

အာဏာပိုင်တို့က ဒေသခံတို့၏ ရေ အခက်အခဲကို ပြေလည်စေရန် ဖြေရှင်းပေးခြင်း မရှိကြောင်း သူက ပြောသည်။

မုံရွာမြို့ တောင်ဘက်ရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် ရေတွင်း ၂ တွင်း ခန်းခြောက်နေသည်ကိုလည်း တွေ့မြင်ရသည်။ ထိုတွင်းများမှာ သောက်သုံးရေ အတွက်  ဒေသခံတို့ အားကိုးခဲ့ရသည့် တွင်းများထဲတွင် ပါဝင်သည်။

စည်ပင်သာယာရေး ကော်မတီက တပတ်လျှင် တကြိမ်ခန့်သာ  သောက်သုံးရေ ဖြန့်ဖြူးပေးသည်ဟု မြို့ခံများက ပြောသည်။

ထိုရေသည် ချင်းတွင်းမြစ်ရေ ဖြစ်ပြီး တချို့ ရပ်ကွက်များသို့ တလ တကြိမ်ခန့်သာ ရေ ပေးဝေကြောင်း၊ ရေ လုံလောက်စွာ ဖြန့်ဖြူးခြင်း မရှိသော်လည်း စည်ပင်သို့ ရေခွန် ပုံမှန် ဆောင်နေရကြောင်း မြို့ခံများက ပြောသည်။

ရေပိုက်မှ ရေလာချိန်တွင် အိမ်တွင် ရှိသမျှ ပုံးများဖြင့် ရေခံထားကြသည်ကို တွေ့ရသည်။

ဤအခြေအနေတွင် ဒေသခံ အများစုသည် တွန်းလှည်းဖြင့် ရေရောင်းသူများထံမှ  သောက်သုံးရေ ၀ယ်ယူ သုံးစွဲနေရသည်။ ရာသီဥတု အလွန် ပူသဖြင့် ရေရောင်းသူများလည်း အချိန်ပြည့် အလုပ် လုပ်ကိုင်နိုင်ခြင်း မရှိပေ။

“ဦးလေးက အသက် ကြီးတော့ နေပူ မခံနိုင်လို့ နေ့လယ် ကနေ ညနေ အထိ မပို့ဘူး။ နေအေးမှ ဆက်ပို့တယ်”  ပာု မုံရွာမြို့လယ်ရှိ ရေစည် တွန်းလှည်းသမားကြီးတဦးက ပြောပြသည်။

မြို့အနီး စီးဆင်းနေသော နာမည်ကျော် ချင်းတွင်းမြစ်တွင်လည်း ရေ နည်းပါးလာသည်ကို တွေ့ရသည်။ မြစ်ရေ နည်းပါးလာခြင်းသည် မုံရွာရှိ ရေတွင်းများ ရေခန်းခြောက်နေရခြင်း၏ အကြောင်းရင်း တခု ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆုတောင်းပြည့်ဘုရားကြီး အနီးရှိ ရေယာဉ်ဆိပ်တွင်  စက်လှေအကြီးစားများ ရပ်နားရန်ပင် မဖြစ်နိုင်တော့သည်အထိ မြစ်ရေ နည်းပါးလာသည်။

မြို့အနီးတ၀ိုက်ရှိ ချောင်းများ အပါအ၀င် ချင်းတွင်း မြစ်လက်တက်များတွင် ရေလှောင်တမံများ တည်ဆောက်ထားသည်ဟု သိရသည်။

ထိုချောင်းများတွင် မုံရွာမြို့အရှေ့မြောက်ဘက်ရှိ သာစည်ချောင်း၊ ကျောက်ကာရွာရှိ ထန်းဇလုတ်ချောင်းတို့ ပါဝင်ကြောင်း၊ ရေလှောင်တမံများ တည်ဆောက်ခြင်းကြောင့် မြစ်ရေ လျော့ကျစေကြောင်း ပထ၀ီဘာသာရပ် သင်ပြသော မုံရွာမှ ကျောင်းဆရာတဦးက ပြောသည်။
Comments (4)Add Comment
0
မှတ်ချက်
written by အော် လောက, May 16, 2010
ကပ်ကြီးသုံးပါး တွေကတော့ လာနေပြီ။ မီးကျည်မိုး၊ ဓားမိုး၊ လှံမိုး တွေလဲ မလာပါစေနဲ့လို့ ဆုတောင်းရေ တာ့မယ်
0
နေပြည်တော်မှလွဲ၍
written by ကိုလေး, May 14, 2010
မြန်မာနိုင်ငံ အနှံ့အပြား (နေပြည်တော်)မှလွဲ၍ ကျန် တတိုင်း တပြည်လုံး ယခု လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရက ဘာပဲ ဖြစ်ဖြစ် အရေးတယူ လုပ်မှာ မဟုတ်ပါဘူး။ ဘယ်သူ သေသေ၊ ငတေမာ ပြီးရော ဆိုတဲ့ စစ်အစိုးရပါပဲ။ အားလုံးပဲ စောင့်ကြည့်နေပါ။ ဒီအတိုင်းပဲ။ ဥပမာ ရန်ကုန်လို နေရာမျိုး ပေါ့။ လျှပ်စစ်မီး လည်း ပုံမှန်မရ၊ မီးမရတော့ ရေမရ၊ ရေမရတော့ လူတွေ ဒုက္ခရောက်။ ဒါပေမယ့် စစ်ဗိုလ်ချုပ် တွေကတော့ ဂရုစိုက်မှာ မဟုတ်ပါဘူး။
0
တရား မစောင့်သော မင်း
written by တောကငပေါက်, May 14, 2010
မင်း ဆိုးမင်းညစ် တရားမရှိသော မင်း အုပ်ချုပ်သော တိုင်းပြည် ဟူသည် ကပ်ကြီးများ မကြာခဏ ကျရောက်မည်မှာ မလွှဲဧ ကန်ပါပဲဗျာ။
တရားကို နတ်စောင့်၏
မြန်မာပြည်၌ တရားကို
ဂျိုကုတ်ကြီးများသာ စောင့်လေ၏။
မြန်မာပြည်၌ တရားသူကြီး မရှိ။
တရား ဥပဒေ မရှိ
မတရား ဥပဒေသာ ရှိလေ၏။
0

written by a predict, May 11, 2010
မင်းများ တရားမစောင့်လျင် သူတို့နေထိုင်ရာ တိုင်းပြည်သည်လည်း
မိုးခေါင် ရေးရှား (နာဂစ်လို) ဘေးအန္တရာယ်များ ဆက်ကာ ဆက်ကာ ကျရောက်ေ နအုံးမည်မှာ မလွဲဧကန် ဖြစ်ပါပေတယ်ဗျာ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်