အာဇာနည်နေ့ အခမ်းအနား နိုင်ငံရေး ပါတီများ တက်ရန်ဖိတ်ကြား

ရန်ကုန်တိုင်း အတွင်းရှိ နိုင်ငံရေး ပါတီများကို ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်ကြား ထားကြောင်း သိရသည်။

လာမည့် ဇူလိုင်လ ၁၉ နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ မှတ်ပုံတင်ခွင့်ပြုပြီး ပါတီများကို တိုင်း ကော်မရှင်ရုံး၌ ဗုဒ္ဓဟူးနေ့က အစည်းအဝေးခေါ်ကာ တပါတီလျှင် ၇ ဦးနှုန်းဖြင့် တက်ရောက်ရန် ဖိတ်ကြားခဲ့သည်ဟု ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။

“အာဇာနည်နေ့ ကျရင် မနက် ၈ နာရီခွဲလောက်မှ စပြီးတော့ ၃ မိနစ် အချိန်ရမယ်၊ ပါတီ တခုကို အဲဒီလို အကြောင်းကြားထား တယ်”ဟု ၎င်းက ပြောသည်။

အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်မည့် နိုင်ငံရေး ပါတီများ၏ ကားများတွင် သက်ဆိုင်ရာ ပါတီအလံနှင့် တံဆိပ်များ တပ်ဆင်ခွင့် ပြုကြောင်းလည်း သိရသည်။

ယင်း နိုင်ငံရေး ပါတီများ အခမ်းအနား တက်ရောက်လိုသူများအနေနှင့် ယခုလ ၁၆ ရက်နေ့တွင် အာဇာနည်ကုန်းရှိ ကျင်းပရေး ကော်မတီထံ လူစာရင်းများ ပေးရမည် ဖြစ်ပြီး ၁၈ ရက်နေ့တွင် လွမ်းသူ့ ပန်းခွေများကို နောက်ဆုံး ပေးပို့ရမည်ဖြစ်ကြောင်း ဦး ဖြိုးမင်းသိန်းက ပြောသည်။

အာဇာနည် ဗိမာန်တွင် ပြုလုပ်ကျင်းပမည့် အခမ်းအနားသို့ နိုင်ငံရေး ပါတီဝင် အများစုက တက်ရောက်ကြလိမ့်မည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

အလားတူပင် အစိုးရ အာဏာပိုင်များက နိုင်ငံရေး ပါတီများကို အခမ်းအနား တက်ရန် ဖိတ်ကြားထားသော်လည်း ဗိုလ်ချုပ်အောင် ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုမှု ဖိတ်ကြားထားခြင်း မရှိကြောင်း NLDဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦး အုန်းကြိုင်က ပြောသည်။

“မှတ်ပုံတင်ထားတဲ့ ပါတီတွေကို ဖိတ်တယ် ဆိုတော့ ကျနော်တို့က မှတ်ပုံ မတင်ထားတော့ မဖိတ်တာ ဖြစ်နိုင်တယ်”ဟု ၎င်းက ဆို သည်။

သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က အာဇာနည်နေ့ အထိမ်း အမှတ် အခမ်းအနားကို ဒု ဥက္ကဌ ဦးတင်ဦး နေအိမ်၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

NLDပါတီသည် စစ်အစိုးရ ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေတွင် တရားမျှတခြင်း မရှိသဖြင့် ပါတီ ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ထို့အကြောင့် NLDသည် စစ်အစိုးရ ပြဋ္ဌာန်း ထားသည့် ရွေးကောက်ပွဲ ဥပဒေ အရ လွန်ခဲ့သည့် မေလ ၆ ရက်နေ့တွင် တည်ဆဲ တရားဝင်ပါတီ အဖြစ်မှ ပျက်ပြယ်ခဲ့ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ မှ ၂၀၀၂ ခုနှစ်အထိ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်၍ ၈ ကြိမ်ခန့် ဂါရ၀ပြုခဲ့ သည်။ နေအိမ်အကျယ်ချုပ်ဖြစ် ထိန်းသိမ်းခံခဲ့ရပြီးနောက်ပိုင် ယင်း အခမ်းအနားသို့ ယနေ့အထိ တက်ခွင့်မရရှိခဲ့ပေ။

လွန်ခဲ့သည့် နှစ်က အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းက တက်ရောက် ဂါရ၀ပြုသည့် ဓာတ်ပုံနှင့် သတင်းတို တပုဒ်သာ စစ်အစိုးရ သတင်းစာတွင် ဖော်ပြခဲ့သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံး၌ အစည်းအဝေးပြုလုပ်နေစဉ် မသမာသူများ၏ လုပ်ကြံမှု ကြောင့် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းဖြစ်သည်။
Comments (2)Add Comment
0
Should we go there?
written by Blue Flower, July 18, 2010
My answer is YES.
We should go and salute our beloved national leaders whom in prison.
We get only one day for a year to salute them.
This is a very rare chance for us.
Military regime is afraid of them and their honest.
So military regime trying to disappear our martyrs' images from the hearts of people.
But Bogyoke Aung San will be always in our hearts.
We should fight bravely for their release from under military boots.
This is not for us. This is for our country. This is for our NEXT Generation.
Dare to face. Freedom from fear.
0
...
written by forget, July 16, 2010
အာဇာနည်နေ့  မေ့ကုန်ကြပြီ

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်