ရှမ်းလူမျိုးစုအကြောင်း လေ့လာမှုတရပ်

မြန်မာနိုင်ငံ၏အကြီးဆုံး တိုင်းရင်းသားလူမျိုးစုတစုအကြောင်း ရေးသားထားသည့် ဤစာအုပ်သည် အလွန်များပြားသော အသေးစိတ်အချက်အလက်များကို ပြောထားပါသည်။

အခန်းထဲမှာ ကျားတကောင်ရှိနေတဲ့အကြောင်းကို တစုံတယောက်ကမှ ပြောဆိုခြင်းမရှိဘူးဆိုလျင် ထိုကျားသည် ရှမ်းလူ မျိုးပဲ ဖြစ်ပါလိမ့်မည်။ မြန်မာလူမျိုးစုပြီးလျင် နိုင်ငံ၏ဒုတိယလူဦးရေအများဆုံးဖြစ်သော ဤတိုင်းရင်းသားအုပ်စုသည် အခြား တိုင်းရင်သားအုပ်စုငယ်များကဲ့သို့ ပြည်တွင်းပြည်ပ၏အာရုံစိုက်မှုကို မရရှိခဲ့ကြပါ။ အနည်းအကျဉ်းလောက်သာ ရှိသော ရှမ်း၊ မြန်မာနှင့် အနောက်တိုင်းပညာရှင်များအပြင် လွန်ခဲ့သော အနှစ် ၁၀၀ ခန့်က ရှမ်းပြည်နယ်နှင့် အထက် ဗမာပြည် စွယ်စုံကျမ်းအညွှန်းကို ပညာရှင် ဂျေ ဂျီ စကော့ ရေးသားပြုစုပြီးကတည်းက ရှမ်းပြည်နယ်အကြောင်း လေ့လာမှုပြုသူ အလွန်ရှားပါသည်။

စာအုပ် အမည် - ရှမ်းပြည်သမိုင်း

ရှမ်းလူမျိုးများ၏အစမှသည် ၁၉၆၂ ခုနှစ်အထိ၊

ရေး - စိုင်းအောင်ထွန်း

ဆစ်ခ်ဝမ်း ပရက်စ်၊

၂၀၀၉ ခုနှစ်၊ စာမျက်နှာ ၆၈၄ မျက်နှာ

---------------------------------------------------

တိုင်းလူမျိုး (`ရှမ်း´ ဆိုသည့်စကားလုံးသည် မြန်မာစကားလုံးဖြစ်ပြီး `စီအမ်´ (Siam) မှဆင်းသက်လာခြင်းဖြစ်သည်)  များသည် အိန္ဒိယ အရှေ့မြောက်ပိုင်းမှသည် မြန်မာနိုင်ငံ မြောက်ပိုင်းကိုဖြတ်ပြီး တရုတ်ပြည်တောင်ပိုင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လာအိုနှင့် ဗီယက်နမ်အထိ အကျယ်အပြော ပျံ့နှံ့လျက်ရှိပါသည်။ သို့သော် ရှမ်းလူမျိုး အများဆုံး နေထိုင် ရာဒေသမှာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပါသည်။ ၄င်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က ရှမ်း အင်ပါယာများဖြစ်သော နန်ချောင်းနှင့် မော်အင်ပါယာတို့ ပြိုကွဲပြီး တရုတ်ပြည်မှ ရွှေ့ပြောင်းရောက်ရှိလာခြင်းဖြစ်သည်။

လွတ်လပ်ရေးမရမီ နှစ် ရာပေါင်း အတော်ကြာက ရှမ်းပြည်ဒေသများသည် နယ်မြေအကြီး အသေး၊ သြဇာအာဏာ ရှိမှု အပေါ်မူတည်၍စုပေါင်းပြီး ချောင်ဖာ (`ကောင်းကင်၏အရှင်သခင်´ သို့မဟုတ် မြန်မာနိုင်ငံတွင် `စော်ဘွား´) များက အုပ်ချုပ်ကြသည်။

၁၉၅၉ ခုနှစ်တွင် သူတို့၏နယ်ပယ်များကို တခုတည်းသော ပြည်နယ်အဖြစ်မပေါင်းစည်းခင်အချိန်အထိ စော်ဘွားများသည် ၄င်းတို့၏အိမ်နီးနားချင်းများနှင့် ဆက်ဆံရေးတွင် ချောမွေ့လှသည်တော့မဟုတ်ပါ။ ထိုကာလ နောက်ပိုင်း စစ်ပွားများ ဖြစ်ပွားသည်အထိ ဆက်ဆံရေးကျဆင်းခဲ့ကြသည်။

ဤစာအုပ်သည် နိုင်ငံရေးအရဆန်းစစ်လေ့လာမှုများနှင့်အတူ သမိုင်းဆိုင်ရာရေးသားချက်များ၊ မနုဿဗေဒ၊ သစ်ပင်နှင့် တိရစ္ဆာန်တို့အကြောင်းရေးသားထားသော သဘာဝလောကပညာရှင်များ၏ မှတ်တမ်းများ စသည် စည်းမျဉ်း ဥပဒေသ ပေါင်းစုံဖြင့် ဆက်စပ်လေ့လာထားခြင်းဖြစ်ပါသည်။ ဤစာအုပ်တွင် မြေပုံများ၊ အခိုက်အတန့်သဘောရေးမှတ်ခဲ့သည့် စိတ်ဝင်စားစရာ မှတ်တမ်းများ၊ ရှမ်းအက္ခရာ၊ စာများနှင့် ဓာတ်ပုံများ၊ ကျမ်းကိုးအများအပြားကနေ ထုတ်နုတ်ထားသော ရှည်လျားသည့် အညွန်းများ ပါဝင်ပါသည်။

ဤစာအုပ်ထဲတွင် သံလွင်မြစ်၊ ဆင်များကိုအသုံးပြုပုံ၊ ရှမ်းအိုးစည် ပြုလုပ်ပုံ၊ ၀ါဂွမ်း၊ မြွှေများ၊ ရှမ်းရိုးရားအ၀တ်အစားနှင့် လက်ကိုင်ပုဝါ၊ ၀ါး ဖြင့် ပြုလုပ်ထားသော ထမင်းဘူးများနှင့် အစားအစာများ (ရှမ်းအစားအစာသည် ကမ္ဘာပေါ်တွင် အလျှို့ ၀ှက်ဆုံးနှင့် အကောင်းဆုံး အစားအစာထဲတွင် ပါဝင်သည်) နှင့်ပတ်သက်ပြီး ရေးသားထားသော အခန်းများပါဝင်သည်။ ဤစာအုပ်၏အရွယ်အစားကို ငွေကြေးအကန့်အသတ်ကြောင့် ကန့်သတ်ပြီးထုတ်ဝေရကြောင်း စာရေးသူက ၀န်ခံထား ပါသည်။ (ဆိုလိုသည်မှာ ဤစာအုပ်သည် ယခုထက်ပိုပြီး စာမျက်နှာများနိုင်ပါသေးသည်။) ဤစာအုပ်သည် ၁၉ ရာစုနှစ် နှောင်းပိုင်း ကာလက ဗြိတိသျှ ပထ၀ီအသင်းကြီး၏ လေ့လာချက်များကို ဖတ်ရသည်နှင့်တူပါသည်။

စိုင်းအောင်ထွန်း၏ချဉ်းကပ်ပုံမှာ အမှားကင်းသည်တော့ မဟုတ်ပါ။ အထူးသဖြင့် စစ်အစိုးရကို ထောက်ခံသော မြန်မာနိုင်ငံ သမိုင်းပြုစုရေးအဖွဲ့ဝင်တဦးဖြစ်နေသည့်အတွက် မြန်မာပြည်တွင်းကနေရေးသားရသည့် တင်းကျပ်သောကန့်သတ် ချက် များက သမိုင်းရေးဆိုင်ရာ ငြင်းခုံမှုများအတွက် လိုအပ်သောမျှတစွာရေးသားဖော်ပြမှုကို မတွေ့ရခြင်းဖြစ်ပါသည်။

ထူးထူးခြားခြား စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့် တိုင်းရင်းသားအချင်းချင်းသဟဇာတဖြစ်မှုကို အထူးတလဲ ဖော်ပြထားသည့်-

“ဗမာနှင့် ရှမ်းလူမျိုးတို့သည် ပြည်ပကျူးကျော်မှုများ သို့မဟုတ် စစ်ပွဲများကို ရင်ဆိုင်ကြုံတွေ့ရသည့်အခါတိုင်း သွေးစည်း ညီညွတ်ကြသည်” စသည်တို့သည် အများလက်ခံထားသော အမြင်များ မဟုတ်ပါ။ ထိုအမြင်များသည် အန္တရာယ်မရှိစေ ရန် အထက်ကအာဏာရှိသူများကို ဦးညွှတ်ပြခြင်းသာဖြစ်ပြီး လေးလေးနက်နက် ဆန်းစစ်လေ့လာထားချက်များမဟုတ်ပါ။ သို့ပေမယ့် ထိုကိုးယိုးကားယားနိုင်သောစာပိုဒ်များကို တွေ့ရခဲပါသည်။

နောက်ထပ်အားနည်းချက်တရပ်မှာ သမိုင်းရေးဆိုင်ရာအချက်အလက်များကို လေ့လာရာတွင် ပညာရပ်ဆိုင်ရာ ဆန်းစစ် နည်းများကို အစီအစဉ်တကျ သုံးစွဲထားခြင်းမရှိပါ။ ဗမာနှင့် ရှမ်းပြည်နယ် သမိုင်းတွင် အရေးကြီးသော အငြင်းပွား ဖွယ် အကြောင်းရပ်တချို့ကို ထူးထူးခြားခြား ချန်လှပ်ထားခဲ့ရာ အထူးသဖြင့် ပုဂံခေတ်အလွန် (၁၂ ရာစုနှင့် ၁၅ ရာစု အကြား) ရှမ်းအုပ်ချုပ်မှုကြီးစိုးချိန် အခန်းတွင် ဖြစ်ပါသည်။

ထိုကာလကို စိုင်းအောင်ထွန်းက လက်ခံထားပြီး စာရေးဆရာနှင့် သမိုင်းပညာရှင် မိုက်ကယ်အောင်သွင်က လေးလေး နက်နက် စိန်ခေါ်ထားပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံ၏ စိတ်ပျက်စရာကောင်းလှသော တိုင်းရင်း သား လူနည်းစုနိုင်ငံရေးနှင့်ပတ်သက်ပြီး ထင်ရှားသည့် ပညာရှင် နှစ်ဦးဖြစ်သော ဘာတေးလ်လစ်တ်နာနှင့် မာတင်စမစ် တို့က မည်သည့်မှတ်ချက်မှ မပေးပါ။

၁၉၅၀ ခုနှစ်များအတွင်းက ကူမင်တန် တရုတ်ဖြူများ ကျူးကျော်ဝင်ရောက်သည့် အခန်းတွင် အမေရိကန်အစိုးရကို လက်ညှိုးထိုးအပြစ်တင်းထားသော်လည်း စီအိုင်အေကို ရည်ညွှန်းပြောဆိုမှုကိုတော့ ချန်လှပ်ထားခဲ့သည်။ သို့မဟုတ်လျင် သတင်းအချက်အလက် အလွန်ပြည့်စုံစွာဖြင့် သုံးသပ်ထားခြင်းမျိုး ဖြစ်ပါလိမ့်မည်။

စာအုပ်၏အကောင်းဆုံးအခန်းများသည် ၁၉၆၀ နှင့် ၁၉၆၁ ခုနှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲရေးနှင့် မြန်မာနိုင်ငံတွင် ပိုမိုကြီးမာသည့် ဖယ်ဒရယ်လမ်းစဉ်အောင်မြင်ဖြစ်ထွန်းရေးအတွက် ရှမ်းခေါင်းဆောင်များ၏အဆိုပြုချက် များနှင့် အငြင်းအခုံများကို အသေးစိတ်ဖော်ပြထားချက်များပင် ဖြစ်ပါသည်။ ၁၉၅၀ ခုနှစ်ကာလများအတွင်း ပဋိပက္ခဖြစ်စေ သော အကြောင်းအရင်းများဖြစ်ခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် အများအပြားကို ရှမ်းခေါင်း ဆောင်များက ပြင်ဆင်ရန်ကြိုးပမ်းခဲ့ကြသည်။

စာမျက်နှာ ၁၀၀ ရှိသည့် အသေအချာသုတေသနပြုစုပြီး ရေးသားထားချက်များက ပြသနေသည်မှာ လွန်ခဲ့သော အနှစ် ၅၀ က ဖယ်ဒရယ်ဝါဒ၊ ဘဏ္ဍာရေးဆိုင်ရာ ညီမျှမှု၊ သယံဇာတ အရင်းအမြစ်များကို ခွဲဝေသုံးစွဲမှုနှင့် အခြေခံလူ့အခွင့်အရေး များအပေါ်လွတ်လပ်ပြီး တရားမျှတသည့် ငြင်းခုံမှုများသည် ယနေ့ခေတ်ထက် အများကြီးပို၍ နက်နဲရှုပ်ထွေးခဲ့ပါသည်။

လက်ရှိစစ်အစိုးရ၏ အဓိပ္ပာယ်မဲ့ရက်စက်လွန်းသည့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီး အပြီးသတ်ကာလကို မြန်မာနိုင်ငံ ရောက်ရှိနေချိန်မှာ အထူးသဖြင့် ဒီအချက်က အထင်အရှား ဖြစ်ပါသည်။

စာဖတ်သူများသည် ခေတ်ရေစီးကြောင်းကိုတော်လှန်သော ခေတ်လွန် သီအိုရီသမားများမဟုတ်ဘူးဆိုလျင် ရှေးရိုးဆန် သည့် ဤသမိုင်းစာအုပ်ကို ဖတ်ရတာ ကြိုက်နှစ်သက်မှာ အမှန်ပင် ဖြစ်ပါသည်။

နောက်ဆုံးအနေနှင့် ရှမ်းလူမျိုးများမှာ တရားမျှတမှုကိုရှာဖွေမည့် စာအုပ် တအုပ် ရှိလာပါပြီ။ ဤစာအုပ်ကို မကြာသေးမီက ထုတ်ဝေခဲ့သော စပ်စန္ဒာ ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ “လမင်းသမီး”နှင့် ယှဉ်တွဲ ပြီးဖတ်ရှု့ရန် တိုက်တွန်းပါသည်။

နောက်ထပ်စိန်ခေါ်နေသည့်အချက်မှာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်များအကြောင်း သမိုင်းကို ယခုစာအုပ်ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် အသေးစိတ်အချက်အလက်များကို ဂရုစိုက်ပြီး ရေးသားပြုစုရေး ဖြစ်ပါသည်။

မကြာခင်နှစ်များအတွင်းကဖြစ်ခဲ့သော အရှုပ်အထွေးများကို စုစည်းရာတွင် ပညာရပ်ဆိုင်ရာလွတ်လပ်မှု အနည်း ငယ် ပိုရှိလာရန် မျှော်လင့်မိပါသည်။

ဒေးဗစ် စကော့ မက်သီဆင်သည် နယူးယောက်တွင်အခြေစိုက်သော လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီး(HRW)၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြံပေးအရာရှိ ဖြစ်သည်။

Comments (18)Add Comment
0
ထင်မြင်ချက်
written by saw kolo phone, September 16, 2011
ကချ င်။ကယား ကရင်။ချင်။မွန် ။ဗမာ။ရ ခိုင်။ရှမ်း ဟာ အားလုံး ဟာတို င်းရင်းသားေ တွပါ။
စုပေါင်း လို က်ယင် မြန်မာ လို့ ခေါ်ပါတယ်။ှဗမာ ဟာ မြန်မာလားမေး ရင်ဟုတ် ပါတယ်။ ဗမာ ဟာ ကရင်လား ။မွန်လား ကချင် လားမေးရ င်တော့ မဟုတ် ဘူးလို့ ပြောရမှာပါ။ ထို့ အတူ၊ ကချင်ဟာ မြန်မာလား မေးရင်
ဟုတ်ပါတ ယ်လို့ ပြောရမှာ ပါ။ ဒါပေသိ၊ ကချင်ဟာ မာလား၊ရှမ်းလား စသည်ဖြင့်ေ မးရင်ေ တာ့ မဟုတ်ဘူးလို့ ဘဲပြောရ
မှာပေါ့ ၊ ကျနော်ဟာ ကရင်လူမျိုး မြန် မာတိုင်းရင်းသား(သို့ )မြန်မာလူ မျိုးတ စ်ယောက် ပါ၊အချင်း ချင်းကွဲေ နမှာတော့ 
ကျေ န်ာထင်ြ မင်ချက်နဲ့ ခွဲ ထွက်ချင်းသာ ငြိမ်းချမ်းလိမ့် မယ်လို့ ထ င်မိပါ တ ယ်။ကောင်း မေ ကာင်းတော့ မေ ၀ဖန်ချင်ပါ၊
နားငြီးနေ လို့ ပါ။
0
very good.
written by nawkham, September 07, 2009
i have already this book, i bought it when i go to Chiang mai last month.
this book is very good.
0
ဗမာတယောက်ရဲ့ ထင်မြင်ချက်။
written by birman, August 05, 2009
စိုင်းသံလွင် ပြောတာအတိအကျပဲ။ နိုင်ငံချစ်တဲ့ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး၊
တရုတ်ရော ကုလားရော၊ ဘာသာရေးကိုင်းရှိုင်းသူရော၊ ဘာသာမဲ့ရော၊ တရားမျှတဲ့ ဥပဒေအောက်
မှာ (သူများကိုမထိခိုက်ရင်) ငြိမ်းချမ်းစွာ ယုံကြည်ကိုးကွယ်၊ ပြောဆို၊ လုပ်ကိုင်စားသောက်
နိုင်ခွင့်ရှိဖို့လိုပါတယ်။ လူမျိုးစုတွေအကြောင်း လေ့လာတာက ပညာရှင်တွေရဲ့ academic exercise
မို့သဘော ပေါက်ပါတယ်။ ခွဲခြားမှုတွေ မဖြစ်လာဖို့ပဲ လိုပါတယ်။
0
We are cousin if not brother and sister
written by -9,Kyaw Lin Oo, August 03, 2009
I believe when we talk about ethnics in Burma that Burmese (Myanmar), Kachin, Chinn and Rakhine are cousin and come from the same root of ethnicity and Shan, Tai (Thai), Lao are different one. But, these two groups might be under Nanzhao until 10th or 11th century. Another group is Mon, Kamel and they lived in lower Burma, lower Thailand and today Cambodia. After Myanmar kingdom was established in Bagan in 10th century, they fought with other group and became dominant in Burma. So, we got today classical problem of majority and minority in Burma and federalism issue of current Burmese politics.
0
...
written by phyu, July 29, 2009
ရှမ်းလူမျိုးနဲ့ ထိုင်းလူမျိုးဟာ လူမျိုး တမျိုးတည်းဆိုတာ ဟုတ်လား။
0
သမိုင်း၏ တန်ဖိုး
written by စိုင်းသံလွင်, July 19, 2009
ရှမ်းလဲ ကချင်၊ ကချင်လဲ ရှမ်း၊ ရှမ်းလဲ လူ ကချင်လဲလူ၊ ဗမာလဲလူ တရုတ်လဲလူ အင်္ဂလိပ်လဲလူ လူမျိုးတွေခွဲဖို့ သမိုင်း မဖတ်ကြပါနဲ့ဗျာ။ အတိတ်ကို သင်ခန်းစာယူဖို့ အနာဂတ်လှဖို့ သမိုင်းကိုလေ့လာကြစို့။
ဒီမိုကရေစီ ရအောင် ကြိုးစားကြစို့.............
0
History of shan state
written by ခွန်ပန်းစိန်, May 09, 2009
နန်ကျောင်ဆိုတာ .. . ကန်စူး ရှန်စိ ဇိချွမ် သုံးပြည်နယ်စပ်မှာ ဟန်မင်းဆက် (ခရစ်၂၃-၂၂၀)လက်ထက်က တရုတ် လူမျိုးတွေက ပန်ရွှန်မန် (သစ်သား ဒိုင်းကိုင် လူရိုင်းတွေ )လို့ ခေါ်တဲ့ လူတစု နေပါတယ်။ စစ်တိုက်ရာမှာ ရဲရင့်သူတွေဖြစ်ပြီး တရုတ်ကျင်တွေနဲ့ တိုက်ခိုက်ရာမှာ အောင်ပွဲတွေရလို့ ထင်ရျား ကျော်ကြားပါတယ်။ တောင်မြစ်ဝှမ်းမှာရှိတဲ့ ချိအန်တွေနဲ့ ခရစ် ၂ရာစု အတွင်းမှာ ပဋိပက္ခ ဖြစ်ကြပြန်တယ်။
ပန်ရှူမာနဲ့ ချိအန်တွေဟာ နောင်အခါ ရှမ်းနဲ့ ဗမာ ဖြစ်မယ့် လူတွေလို့ ယူဆပါတယ်။ အဲံဒီ လူမျိုး နှစ်မျိုးဟာ တရုတ်တွေ အနောက်ကိုဘက် တိုးချဲ့လွှမ်းမိုးလာလို့ အဲဒီရန်ကိုရှောင်ဖို့ တောင်ဘက်ကို ရွေ့ပြောင်းလာသူ တွေ ဖြစ်ပါတယ်။ ခရစ် ၃ရာစု က ၁၁ရာစု အတွင်း နန်ကျောင် အမည်ရှိတဲ့ နိုင်ငံဟာ တလီ ရေကန်ဝန်းကျင်မှာ အခြေခံပြီး အင်အားကောင်းတဲ့ နိုင်ငံ တခု အဖြစ် ကြီးပွားလာပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ ပိုရ်ဟီနဲ့ မန်ဂ်မန်(မြန်မာ) တွေဟာ မြန်မာ နိုင်ငံနဲ့ နီးစပ်တဲ့ ဒေသတွေကို ရောက်ရှိနေကြပြီလို့ ၈ရာစု ကစပြီး နန်ကျောင်ရဲ့ လက်အောက်ခံတွေ ဖြစ်နေကြပါပြီ။ ......
ပျူမြို့တော်ကို နန်ကျောင် တွေက ခရစ် ၈၃၂မှာ ဖျက်ဆီး တော့ အခါမှာရော ၊ မွန်ဆိပ်ကမ်းမြို့ကို ခရစ်နှစ် ၈၃၅မှာ ဖျက်ဆီးတော့ အခါမှာရော မြန်မာတပ်တွေ ပါခဲ့တယ် ။
( မြန်မာ သမိုင်းပုံ ဒေါက်တာသန်းထွန်း)

ရနံ့သစ်မဂ္ဂဇင်း မေလ ၂၀၀၉ မျာ ယူနန်နယ်ထဲက ဂျင်းဖောမြို့လေး ဆောင်းပါးကို ပြေ (ဆေး၂) ရေးထားပါသေးတယ် ဖတ်ကြည့်ကြပါ။ အခုဒီစာအုပ်ကို ဖတ်ကြည့်ချင်ပါတယ် ဘယ်လို လုပ်ရမလဲ ။ ပြန်ကြားပေးပါ။
0
Excellent !!!
written by Michael T.Hla , Norway., April 19, 2009
Obviously an excellent idea.Books on other ethnic groups should follow suit.
0
ကောင်းပါတယ်
written by moe wai, April 16, 2009
ဖတ်လို့ အရမ်း ကောင်းပါတယ်။ ဗဟုသုတတွေ အများကြီး ရတယ်။ နောက်လည်း ဆက်ရေးပါအုံးလို့ တိုက်တွန်းပါတယ်။
0
How to Buy??????
written by Hu KyarMing, April 12, 2009
i wanna read it how can i buy and read it online.
could you suggest, how can i read it by online.
i hope, its really nice.
0
the factor of shan people
written by khine, March 30, 2009
i like this book because i am a ethinc . Many ethnic people should read it.
0
very good !!!
written by khine, March 27, 2009
I want to buy it, i really want to read this book,
0
...
written by tamarndaw, March 26, 2009
where can i get that book.
every nationals in myanmar should reand it .
must understand each other.
0
good
written by Burmesebychoice, March 23, 2009
smilies/grin.gifsmilies/cheesy.gifsmilies/wink.gif good
0
Sai Sai
written by SaiSai, March 14, 2009
I also want to read this book.
How can I buy in Bangkok.
I think we have to make more research about Shan(Tai) people.
0
ဒွတ်ခ
written by မသေးမျှင်, March 12, 2009
အင်းးးးးးး အရေးထဲ နန်ကျောက်တွေဆိုတာ ကချင်လည်း ပါတယ်လို့ လုနေတဲ့ လူကလည်း ပါသေး အဟေးဟေး smilies/grin.gifsmilies/cheesy.gifsmilies/grin.gif ကောင်းပတော်
0
Where to buy??????????????
written by Steve, March 10, 2009
can I find this book in singapore bookstore? Any info about that.
0
နန်ကျောင်ဟာ ရှမ်းဆိုတာကို ယခု ပြန်လည်လေ့လာနေကြပြ ဖြစ်သည်။
written by Gumsan Awng, March 05, 2009
နန်ကျောင်ဟာ ရှမ်းဆိုတာ သိပ်မသေချာပါဘူး
ဆိုလိုတာက ရှမ်းတစ်မျိုးတည်း မဖြစ်လောက်ဘူး။ နန်ကျောင် အင်ပါယာဟာ မတူတဲ့ လူမျိုးစု အချို့ စုစည်းထားခြင်းပဲ ဖြစ်နိုင်ပါတယ်။ ဥပမာ။ ရှမ်း၊ ကချင် ပေါ့။

နန်ကျောင်ဆိုတဲ့ အမျိုးနဲ့ ပတ်သက်ရင် ကချင် ဟာ အမေ့လျော့ခံ ဖြစ်နေပါတယ်။ စာပေက အရမ်းနောက်ကျလို့ ထင်တယ်။ အမေရိကန် မစ်ရှင်နရီ ဒေါက်တာ အိုလာဟန်ဆင် လာမှ တီထွင်ခဲ့တာ။ အဲဒီမတိုင်ခင် ကချင်စာ ၅ မျိုးလောက် ရှိခဲ့တယ်။ သုံးရ မတွင်ကျယ်တာရယ် အသံထွက်တွေ အခက်အခဲ ရှိတာကြောင့် ပြန်တိမ်ကောသွားတယ်။ ရှမ်းစာ ကတော့ အတော့်ကို ကြာပြီလေ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်