မဲဆောက်ဒေသ မြန်မာများအတွက် FM ရေဒီယို လွှင့်မည်

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ အနီးတဝိုက်တွင် နေထိုင်သည့် မြန်မာပြည်သားများသည် လာမည့် တနင်္လာနေ့မှ စတင်ပြီး မြန်မာဘာသာဖြင့် ထုတ်လွှင့်မည့် FM ရေဒီယိုကို နားဆင်နိုင်တော့မည်ဖြစ်သည်။


လူထုရေဒီယိုဟု အမည်ပေးထားသော အသံလွှင့်ဌာန၏ ထုတ်လွှင့်ချက်များမှာ ထိုင်းနိုင်ငံ၏ ဥပဒေအရ စီပွားရေးကြော်ငြာနှင့် နိုင်ငံရေး သတင်းများ ပါဝင်မည် မဟုတ်ကြောင်း လူထုရေဒီယို မန်နေဂျာ ကိုမင်းလွင်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့က ကလေးတွေ၊ လူငယ်တွေ၊ လူလတ်ပိုင်းတွေ၊ လူကြီးပိုင်းတွေ အတွက် ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး အစီအစဉ်တွေကို  အဓိကထား ထုတ်လွှင့်ပေးမှာ ဖြစ်တယ်” ဟု  ကိုမင်းလွင်က ပြောသည်။

လူကြိုက်များလေ့ရှိသည့် ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်မည်ဟု ဆိုသည်။

map_fm

လူထုရေဒီယိုကို မဲဆောက်မြို့နှင့် ၁၅ ကီလိုမီတာ (၁၀ မိုင်ခန့်) ပတ်ဝန်းကျင်အတွင်း ဖမ်းယူ နားဆင် နိုင်မည် ဖြစ်သည်။ မြန်မာပြည်ဘက်ခြမ်းတွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် သင်္ကန်းညီနောင် ဒေသအထိ ရောက်ရှိမည်ဟု သိရသည်။

မြန်မာ၊ ထိုင်း ၂ ဘာသာဖြင့် ထုတ်လွှင့်မည့် လူထုရေဒီယိုကို ထိုင်းစံတော်ချိန် နံနက်၈ နာရီမှ ည ၈နာရီအထိ နေ့စဉ် ထုတ်လွှင့်သွားရန် ပြင်ဆင်လျက်ရှိသည်။ ဖမ်းယူရမည့် အသံလှိုင်းမှာ SM 102.5 Mhz ဖြစ်သည်။

မဲဆောက်မြို့ဝန်းကျင်တွင် သိန်းနှင့်ချီပြီး ရှိနေသော မြန်မာပြည်သားများ သိထားသင့်သည့် အချက်အလက်များကို ဖြန့်ဝေမည်ဟု မန်နေဂျာ ကိုမင်းလွင်က ရှင်းပြသည်။

“မြန်မာ အလုပ်သမားတွေ အတွက် စာသင်ကျောင်း ဘယ်မှာ ဖွင့်ပေးသလဲ၊ ဘယ်တော့ စဖွင့်မှာလဲ။ နောက်ပြီး အလုပ်သမားတွေ အတွက် ပြဌာန်းထားတဲ့ ဥပဒေ၊ အလုပ်သမား လက်မှတ်၊ ကလေးတွေ အတွက် မှတ်ပုံတင် လုပ်ပေးတာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျနော်တို့ အကြောင်းကြားပေးမယ်” ဟု သူက ဆက်ပြောသည်။

မဲဆောက်မြို့ရှိ မြန်မာပြည်သားများကလည်း ၎င်းတို့အတွက် ရည်ရွယ်ပြီး ပထမဦးဆုံးအကြိမ် သီးသန့်ထုတ်လွှင့်မည့် FM ရေဒီယို ဖမ်းယူနားဆင်ရန် အဆင်သင့် ဖြစ်နေကြသည်။

"အရမ်းကောင်းတယ်၊ နားထောင်မယ်။ သတင်းစာ မဖတ်နိုင်တဲ့သူတွေအတွက် ပိုပြီးကောင်းတယ်" ဟု မဲဆောက်မြို့ရောက် နာဂတိုင်းရင်းသားတဦးဖြစ်သူ ကိုလာပိုက ပြောသည်။

ပညာပေးနှင့် ဖျော်ဖြေရေးဦးစားပေး FM ရေဒီယိုကို MAP Foundation အမည်ရသည့် အလုပ်သမားရေးရာ အဖွဲ့အစည်းတခုက အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

အစီအစဉ်တချို့ကို အချိန်ပိုင်း ထုတ်လွှင့်နိုင်ရေးအတွက် မည်သူမဆို ပူးပေါင်း ဆောင်ရွက်နိုင်သည်ဟု သိရသည်။

MAP အဖွဲ့သည် FM ရေဒီယို ထုတ်လွှင့်မှုနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိပြီးဖြစ်သည်။ အဖွဲ့ရုံးစိုက်ရာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာပြည်သား အလုပ်သမားများအတွက် FM ရေဒီယို တခုကို  ၂ဝဝ၈ ခုနှစ်မှ စတင်ပြီး မြန်မာ၊ ရှမ်း၊ ကရင် စသည့် ဘာသာများဖြင့် ထုတ်လွှင့်လျက် ရှိသည်။

Comments (3)Add Comment
0
တောင်းဆိုပါရစေ ...
written by ညတစ္ဆေ, January 11, 2010
အဲဒီ လူထု ရေဒီယိုဌာနရဲ့ website ဖြစ်ဖြစ် blog ပဲဖြစ်ဖြစ် တည်ဆောက်နိုင်မယ် ထင်ပါတယ် ... တကယ်လို့ လုပ်ဖြစ်ခဲ့မယ် ဆိုရင်လည်း “မဲဆောက်မြို့ရဲ့ချစ်သူ” ပြောသလို လင့်လေး ဘာလေး ကြော်ငြာပေး စေချင်ပါတယ် ... အဝေးရောက်တွေ အတွက်ပါ ... smilies/wink.gif
0
Good news.
written by Richard, January 06, 2010
Dear Organisers,
Really good news. Appreciate your all effort. Wish for the success!
0
ဖြစ်နိုင်ရင်ပေါ့
written by မဲဆောက်မြှို့ ရဲ့ ချစ်သူ, January 05, 2010
အင်တာနက် စာမျက်နှာကနေ နားထောင်လို့ရရင် ပိုပြီး ကောင်းတယ် လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဝေးမှာ ရှိတဲ့ သောတရှင်တွေလဲ နားထောင်လို့ ရတာပေါ့။

အမြဲတမ်း အားပေးနေမှာပါ။ ဒီထက်ပိုပြီး အောင်မြင်နိုင်ပါစေ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်