NLD က သွေးသစ်လောင်းပြီ

Comments (21)Add Comment
0
ရန်သူ၊ မိတ်ဆွေ
written by ကျော်အောင်, January 19, 2010
နိုင်ငံရေးမှာ ရန်သူ၊ မိတ်ဆွေ မရှိပါ။ အစိုးရ(အာဏာရ)နှင့်၊ အတိုက်အခံ(အာဏာမဲ့)ပဲ ရှိပါတယ်။ လက်ရှိ အာဏာရ အစိုးရကို ဝေဖန်သလို၊ အတိုက် အခံ ကိုလည်း ဝေဖန်ပေးရပါမယ်။ ဒါမှ တိုးတက်မှာပါ။ ရန်သူလို့ တစ်ဖက်ကို သတ်မှတ်ရင် တစ်ဖက်ကလည်း ရန်သူလို့ပဲ ကိုယ့်ကို ပြန်သတ်မှတ် ပါလိမ့်မယ်။ ဘယ်တော့မှ ပြည့်ဝတဲ့ နိုင်ငံရေး စနစ် တစ်ခုကို တည်ထောင်နိုင်မှာ မဟုတ်ပါဘူး။

တို့အာဏာရရင် ဘာလုပ်လိုက်မယ် ဆိုတဲ့ စကား အမှား အတွက် နှစ်ပေါင်း ၂၀ကြာအောင် ဒီချုပ်က ပေးဆပ်နေခဲ့ရတယ်။ ဒါကို အခု အချိန်ထိ ရန်သူ၊ မိတ်ဆွေ အသုံးတွေ ဆက်သုံး နေတာဟာ နိုင်ငံရေး သင်ခန်းစာ မယူတတ်တာလား၊ လက်ကျန် ဒီချုပ် လူငယ်ပိုင်းကို ဒုက္ခတွေ ဆက်ပြီး ခံစေချင်တာလား မကွဲပါ။

လက်ရှိ အာဏာရ အစိုးရကို ပေါင်းစရာ မလိုပါဘူး။ ပေါင်းသတ်တယ် ဆိုတာ ရယ်စရာစကားပါ။ ဘာလုပ်ရမလဲ ဆိုတော့ နိုင်ငံရေး နည်းလမ်းနဲ့သာ အနိုင်ရအောင် ကြိုးစားရပါမယ်။ ပေါင်းချင်း ပေါင်းရင် သူတို့က ကိုယ့်ကို လာပေါင်းအောင် စွမ်းဆောင် နိုင်ရပါမယ်။ နိုင်ငံရေး လုပ်တယ် ဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တယ်လို့ ဆရာတာရာ ပြောတာဟာ ကိုယ်က သူ့ကို မျက်နှာချို သွေးပြီး မိတ်ဆွေ ဖြစ်ပါရစေလို့ ပြောခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မှန်ကန်တဲ့ လမ်းစဉ်၊ မျှတတဲ့ ရပ်တည်ချက်၊ ကျယ်ပြန့်တဲ့ ရှုမြင်မှုတွေကို တစ်ဖက်လူက သိရှိ နားလည်လာပြီး ကိုယ့်ကို မိတ်ဆွေ ဖြစ်လိုတဲ့စိတ် ပေါ်လာအောင် ကိုယ့် အရည် အချင်းကို ပြခိုင်းတာပါ။

ဒီချုပ် အနေနဲ့ သွေးသစ် လောင်းရာမှာ အခက်အခဲ ရှိမှာ အမှန်ပါပဲ။ ရင်စည်း ခံခဲ့သူတွေရဲ့ ဒုက္ခတွေကို ကြည့်ပြီး တော်ရုံလူက တော်ရုံ စိတ်ဓါတ်နဲ့ မပေါင်းရဲပါဘူး။ ဒီအတွက် ပါတီတွင်း ရှိတဲ့ လူတွေကို လေ့ကျင့် မြှင့်တင်ရမှာပါ။ လေ့ကျင့် မြှင့်တင်ပေးမှု အားနည်းတဲ့ အခါမှာ တတ်မြောက် ပြီးသား လူကြီးတွေကိုပဲ သွေးသစ် လောင်းရတဲ့ ဘ၀ကို ရောက်ရရှာတာပါ။ အခြေ အနေကို နားလည်ပါတယ်။ ဒါပေမယ့် ဒီချုပ်ဟာ လူငယ်ပါတီဝင်တွေ အတွက် လုံလောက်တဲ့ ပါတီတွင်း သင်တန်း မပေးခဲ့နိုင်တာ ကိုတော့ ထောက်ပြ ဝေဖန်ရမှာပါပဲ။

မြန်မာပြည် အဓွန့်ရှည်ပါစေ။ ဒီချုပ် ကျန်းမာပါစေ။
0
ဆန္ဒနဲ့ လက်တွေ့အခြေအနေ
written by Tun Shwe Khaing, January 18, 2010
ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေ ကို လက်တွေ့ကျကျ နားလည်ဖို့ လက်ခံဖို့လိုပါတယ် ။ မြန်မာနိုင်ငံ သား လူတိုင်း လူတိုင်းဟာ စစ်ကျွန် စစ်ဖိနပ် အောက် မှာ ပြားပြားမှောက် နေရတဲ့ ဘ၀မှာ- စစ်ကျွန်သက် ရှည်ကြာလွန်းလို့ ဒီစံနစ်ဆိုး ခေတ်ဆိုး အောက်က အမြန်ဆုံး ချက်ချင်း (ချက်ချင်း) လွတ်မြောက်ချင်နေကြတာပါ- ---ဒါပေမယ့် ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာ---တကယ် ဖြစ်လာတာ တွေ ဟာ လက်တွေ့ဘ၀မှာ အမြဲ တထပ်ထဲ မကျနိုင်ပါဘူး ---ဒါကြောင့် ဖြစ်ချင်တာတွေ မဖြစ်လာပေမယ့် အခြေအနေ တစ်ခု အောက်မှာ ၀ါရင့် ခေါင်းဆောင်တွေ အတွေ့အကြုံ ရင့်ကျက်တဲ့ လူကြီးတွေက ဖြစ်နိုင်တာတွေကို လက်တွေ့ကျကျ ဆောင်ရွက်နေကြတာကို ကျွန်တော်တို့ အားလုံး လက်ခံ သင့်ကြပါတယ်။ NLD ရဲ့ လက်တွေ့  နိုင်ငံရေး ဘ၀ဟာ ဒါးသွား ထက်မှာ လမ်းလျှောက်နေရတဲ့ အခြေ အနေမျိုးပါ။
0
လူငယ် လူကြီး ပြဿနာ
written by လူငယ်လူကြီး, January 18, 2010
ကိုဟန်လေး ထောက်ပြတာ မှန်ကန်တယ် လို့ထင်ပါတယ်။ တရုတ်ပြည် မှာတောင် အခုနောက်ပိုင်း အစိုးရ အမတ်တွေ ခန့်တာ အသက် ငယ်ရွယ်သူတွေ များလာနေပါပြီ။ ခောတ်နောက်ကျ ကျန်နေခဲ့တဲ့ ကျနော်တို့ ဗမာပြည် မှာတော့ အစိုးရ အတွင်းရော၊ NLD ပါတီ အတွင်းရော မှာပါ ဇရာအိုတွေကဘဲ ဆက်လက် လွှမ်းမိုးနေဆဲပါ။

အသက် ကြီးသူတွေကို ပစ်ပယ်ရမယ် လို့ မဆိုလိုပါဘူး။ လူငယ်တွေ၊ ခောတ်အတွေး အခေါ် ရှိသူတွေ၊ လုပ်နိုင် ကိုင်နိုင် တက်တက် ကြွကြွ လူငယ်တွေကို နေရာပေး မြှောက်စားဖို့ပါ။ လိုအပ်တယ်လို့ ထင်ပါတယ်။
0
တစ်ခုခုတော့ လွဲနေတယ်..။
written by ဂျိုး-ငြိမ်းချမ်းရေး, January 18, 2010
ဆရာ ဟန်လေးခင်ဗျား...NLD က သွေးသစ် လောင်းတဲ့ စာရင်းကို သိလိုက်ရတဲ့ ရက်ပိုင်းက ဒီလို အတွေးမျိုး တွေးမိပါတယ်။ တကယ်တမ်း NLD ရဲ့ ပါတီ ရပ်တည်ခွင့်ကို ကြည့်ရင် အတော့်ကို အနေရ ကျပ်ပါတယ်။ ပါတီဝင် တစ်ဦးချင်းဆီရဲ့ ရိုးရှင်းတဲ့ နေ့တဓူဝ လူမှု ကိစ္စတွေမှာတောင် စောင့်ကြည့် ခံရမှုက ခပ်များများပါ။ ရဲရင့်တ က်ကြွတဲ့ လူငယ်တွေ အတွက် ဦးဆောင်မှု သွေးသစ်ဟာ ရှေ့မှီနောက်မှီပုဂ္ဂိုလ်များနဲ့သာ သင့်တော်ပါတယ်။ ခပ်ပေါ့ပေါ့လေး တွေးကြည့်ရင်တော့ ရယ်စရာပေါ့ဗျာ..။

အာဏာရှင်ဆိုတာက အချိန် ရှိသမျှ ငွေသုံးပြီး လူအငှားနဲ့ အကောက် ကြံနေတာ..။

ကျနော့်အမြင်က ပိုပြီး အင်အားရှိတဲ့ ပါတီတစ်ခု ဖြစ်လာပြီ လို့ မြင်ပါတယ်။
0
Do Not Insult
written by Htwe Htwe Thein, January 17, 2010
Please do not insult to the NLD or make a joke on them. You know how long they have been working hard for the country. I don’t feel that is a joke. I hope you can understand our feelings on NLD. I strongly agree with Khun Ahrka, Shahrukh Kyaw and Ko maung Than. Please open your mind.
0
how to do?
written by jack, January 17, 2010
All the new blood are in prison.So, how to do?
0
...
written by jack, January 17, 2010
All the new blood are in the prison.So, how to do?
0
This time....Disagree
written by kyaw, January 17, 2010
We do need their brains.....see positive.
welcomes the change regardless of their age.
It's going to be something good......better than doing nothing.
0
Look beyond what you see!!!
written by Byarlay, January 17, 2010
I think it is very important to have an ability to see things beyond what we can see. Don't look at the changing of the people in NLD, but their politicat ideas and visions... May we see beyond what we can see...
0
no choice
written by layman, January 17, 2010
To All Readers !
May be Ko Han Lay is trying to tell you ( There is no more youths left in our country, they are either jailed or ran away from country in the fear of to be prosecuted by SPDC . Only Old and Disable were left to carry out the unfinished political duty?????)smilies/grin.gif
0
ချစ်ပေမယ့် ပြောစရာရှိ ပြောရမှာပဲ ...
written by မောင်မြန်မာ, January 16, 2010
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ကို
ချစ်မြတ်နိုးတာ ကြီးမြတ် စေချင်တာ စေတနာပါ ...
ဝေဘန် ပြောဆိုတာ ဒီ့ထက် ကောင်းလာစေ ချင်လို့ပါ ...

ရန်သူကိုတော့ ဝေဘန် အချင်းချင်းကို မဝေဘန်နဲ့ ရန်သူ အကြိုက် ဖြစ်သွားမယ် လို့ပဲဆိုကြရင်
ပြည်တွင်း အတိုက်အခံ၊ ပြည်ပ အတိုက်အခံတွေ ကြားမှာ ရှိနေတဲ့ အမှားတွေကို ဘယ်လို ပြင်ကြမှာလဲ ...

ကိုယ့်ဖက်သားတွေ၊ ကိုယ့်ဖက်သားတွေ
ဒီ "ဘက်" တွေကပဲ နှစ်ပေါင်း မှားစွာ
ကျနော်တို့ ပါးစပ်တွေကို ပိတ်ထားခဲ့တာ၊ ဘယ်အချိန် အထိ ဆက်ပြီး ပိတ်ပေး ထားရမှာလဲ
၂၀၁၀ ရွေးကောက်ပွဲပြီးလို့ ၂၀၀၈ ခြေခံ ဥပဒေကို အသက်သွင်းပြီးတဲ့ အထိလား

ရန်သူအကြိုက် လိုက်လုပ် ပေးတဲ့သူဟာ ရန်သူထက် ဆိုးတယ် ဘာလို့လဲ ဆိုတော့ သူ့ရဲ့ သရုပ်မှန်ကို မဖေါ်နိုင်လို့ဘဲ
I have the same view, Low-rated comment [Show]
0
I agree with Khun Ahrka & မောင်သန်.
written by ခါတော်မှီ, January 16, 2010
နွားပျိုသန်လှ နွားအို ပေါင်ကျိုး ဆိုလား .....
0
Meaning?
written by win, January 16, 2010
Don't see their physical aspect. Respect their political attitude and experience. We want their brain to lead the people.
သွေးသစ်တာ မဟုတ်ဘူး သွေးတိုးတာ..., Low-rated comment [Show]
မှန်လွန်းလို့ ရီရတယ်။, Low-rated comment [Show]
0
ဆရာ လမ်းချော်နေသည်၊
written by Khun Ahrka, January 15, 2010
ကိုဟန်လေး ခင်ဗျား -------

သရုပ်မှန်ကို ပြသည့် ကာတွန်း(ရုပ်ပြောင်)ဖြစ်သော်လည်း အာဏာရှင် တစ်စုကို ဆန့် ကျင်ရာတွင် ဦးဆောင်မူ ပေးနိုင်မည့် သူများမှာ သက်ကြီးပိုင်း များသာ ဖြစ်ပါသည်၊ လူငယ် သွေးသစ်များမှာ လက်တွေ့ လုပ်ဆောင်မူ အပိုင်းနှင့် အမာခံ တံတိုင်းများ အဖြစ် ရဲရင့်စွန့် စားရ မည်ြ ဖစ်ပါသည်၊ ဒါကြောင့် သက်ရှိ ထင်ရှား သမိုင်း ရတနာများဖြစ်သည့် သက်ကြီး ခေါင်းဆောင်များ တိုးချဲ့ လာခြင်းသည် နိုင်ငံရေး မူ ကို အခိုင်အမာ တပ်စွဲလိုက်ခြင်းပင် ဖြစ်ခြင်းကြောင့် လွန်စွာ အားရ ၀မ်းမြောက်ပါသည်၊ သို့ ပါ ကြောင့် ဆရာ့ သရော် ရုပ်ပြောင်သည် လမ်းချော် နေပါကြောင်း အကြံပြုပါသည်၊
ကိုဟန်လေး ကတော့ လုပ်ချ လိုက်ပြန်ပြီ, Low-rated comment [Show]
..., Low-rated comment [Show]
0
Don't worry guys !
written by Shahrukh Kyaw, January 15, 2010
We no need to worry about their age . They wil alive more than five years .Please , you should know a lot of global leaders are elederly .
0
သဘော ထပ်တူ မဖြစ်ပါ။
written by မောင်သန်., January 15, 2010
ကိုဟန်လေး--ချစ်စွာသော ရဲဘော် !!!!!
၁။ ဒီကိစ္စ ဟာ နိုင်ငံရေး ပါတီ တခု၇ဲ. ပါတီတွင်းကိစ္စ များထဲ က တခုသာ ဖြစ်ပါတယ်။
၂။ ဒီ ကာတွန်း ကွက်ကို မြင်လိုက်ရတာ ကျေးစေတမန် က ဓာတ်ပုံတွေ ပြေး မြင်မိပါတယ်။
၃။ အနှစ် ၂၀ ကျော် ပါတီ ကို တရားဥပဒေ ဘောင်ထဲ ရပ်တည် နိုင်အောင် အပြင်း အထန် ကြိုးစားခဲ့ တာတွေ ဟာ ကျေးဇူး တင်ထိုက်တဲ့ အချက်တွေပါ။
၎။ သွေးသစ် လောင်းတယ် ဆိုတာ လူကြီး လူငယ် နေရာ လဲခြင်း မဟုတ်ပါ။ ၇န်သူ.အခြေ အနေ၊ မိမိ အခြေအနေ ကို မှန်မှန် ကန်ကန် သုံးသပ် ၍ တိုက်ပွဲစဉ် ချမှတ်နိုင်ရေးက အဓိက လို. မြင်ပါတယ်။
၅။ လွတ်လပ်စွာ သဘော ကွဲလွဲခွင့်အရ ဒီအကွ့က်ကိုတော့ သဘော ထပ်တူ မဖြစ်ပါ။

မေတ္တာ နဲ. ပြောတယ် ဆိုတာ သံသယ မရှိပါနဲ. ကိုဟန်လေး နဲ. ဧရာဝတီ။ ချစ်စွာသော ရဲဘော်တို.။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်