အဆိုပါ ဆီးဂိမ်းပြိုင်ပွဲကို မူလက စကာင်္ပူနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါတွင် လက်ခံ မကျင်းပနိုင် တော့သည့် အတွက် ဖြစ်ကြောင်း အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) က ဧရာဝတီသို့ ပြောသည်။
“လျှောက်တော့ထားတယ်၊ ဒါပေမယ့် လုပ်ဖို့မလုပ်ဖို့ကတော့ ဆီးဂိမ်းကော်မတီဆုံးဖြတ်ချက်နဲ့ ဆိုင်တယ်”ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများကို လက်ခံမကျင်းပသည်မှာ နှစ်ပေါင်း ၄၄ နှစ်ရှိပြီဖြစ်ကြောင်း၊ ယခု အခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် ကျင်းပခွင့်ကို ရရှိပြီး အောင်မြင်စွာကျင်းပနိုင်လိမ့်မည်ဟု ထင်ကြောင်း ဦးခင်မောင်ထွေး ကဆိုသည်။
ယင်း ၂၀၁၃ ဆီးဂိမ်းကို အားကစားဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်မှု နှောင့်နှေး ကြန့်ကြာနေသည့်အတွက် အိမ်ရှင် အဖြစ်ကျင်းပရန် လျှောက်ထားမှုမှ နုတ်ထွက်ကြောင်း စကာင်္ပူအားကစားဝန်ကြီး၏ ပြောဆိုချက်အား Week Eleven ဂျာနယ် တွင်ဖော်ပြထားသည်။
၂၀၀၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲကို လာအိုနိုင်ငံတွင် ကျင်းပခဲ့ပြီး လာမည့်၂၀၁၁ ဆီးဂိမ်းကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို ၁၉၅၉ ခုနှစ် ထိုင်းနိုင်ငံ၌ ကျွန်းဆွယ် အားကစားပြိုင်ပွဲများအဖြစ် စတင်ကျင်းပခဲ့ပြီး ၁၉၇၇ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ အဖြစ်အမည်ပြောင်းလဲ ကျင်းပ ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အဆိုပါ အားကစားပွဲများကို အိမ်ရှင်အဖြစ် ၁၉၆၁ ခုနှစ်၊ ၁၉၆၉ ခုနှစ် တို့တွင် နှစ်ကြိမ်တိုင်တိုင် လက်ခံကျင်းပ ခဲ့ဖူးပြီး ရွှေတံဆိပ် ၅၇ ခု အများဆုံး ဆွတ်ခူးရရှိခဲ့ဖူးသည်။
ထို ဆီးဂိမ်း လက်ခံကျင်းပမည့် သတင်းနှင့် ပတ်သက်၍ ဧရာဝတီက အားကစားဝန်ကြီးဌာနသို့ မေးမြန်းခဲ့သော်လည်း အတည်ပြု ပြောဆိုခြင်းမရှိခဲ့ပေ။
Goal ဂျာနယ်နှင့် ချန်ပီယံဂျာနယ်တွင် ရေးသားနေသည့် အားကစားကလောင်ရှင် ဦးကိုကိုကြီးကလည်း “သတင်းတွေတော့ ကြား တယ်၊ လုပ်ဖြစ်ရင်တော့ အရှေ့တောင်အာရှမှာ နိုင်ငံဂုဏ်သိက္ခာတက်မယ့် ကိစ္စပဲ၊ အောင်မြင်အောင်လုပ်နိုင်ရင်တော့ အကောင်း ဆုံးပေါ့ ”ဟု ဆိုသည်။
အကယ်၍ မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်နိုင်ငံ အဖြစ်လက်ခံ ကျင်းပနိုင်ခဲ့လျှင် ပြိုင်ပွဲဆိုင်ရာ အဆောက်အဦးများနှင့် အားကစား ကွင်းများ ရှိရမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ထောက်ပြပြောဆိုသည်။
မကြာသေးမီက နေပြည်တော်တွင် အားကစား အဆောက်အဦးများဆောက်လုပ်ရန် ဧက၂၀၀ ခန့်ကျယ် ၀န်းသည့် မြေနေရာကို ရာထား သတ်မှတ်ခဲ့ပြီး စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး တဦးဖြစ်သည့် လက်ရှိမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၏ မက်စ်မြန်မာကုမ္ပဏီအား၂၅ ဧက ကျယ်ဝန်းပြီး ထိုင်ခုံအရေအတွက် ၃၀၀၀၀ ပါဝင်သည့် ဇမ္ဗူသီရိ အဆင့်မြင့် အားကစားကွင်းတခုကို တာဝန်ပေးဆောက်လုပ်ခိုင်းခဲ့သည်ဟု စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
၁၉၆၇ ခုနှစ် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ရွှေတံဆိပ် ၂၀ ခန့်သာရရှိခဲ့ ကြောင်း၊သို့သော် အားကစားနည်းတိုင်းတွင် နိုင်ငံခြား နည်းပြများအကူအညီဖြင့် ၂နှစ်အတွင်းဖိဖိစီးစီး လေ့ကျင့်လုပ်ကိုင်ခဲ့သည့် အတွက် ၁၉၆၉ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ၅၇ဆုရရှိခဲ့ ကြောင်း ဦးခင်မောင်ထွေးကဆိုသည်။
“ဆီးဂိမ်းကျင်းပရေးကော်မတီက တရပ်၊ အောင်နိုင်ရေးကော်မတီက တရပ်၊ နှစ်ခုဖွဲ့ပြီးလုပ်ရမယ်၊ဗလုံးဗထွေးနဲ့ အားလုံးငါချည်းပဲ လုပ်လို့မရဘူး၊ တာဝန်ခွဲယူရမယ်၊ကိုယ့်နိုင်ငံမှာပြိုင်ပြီး လာအိုအောက်ရောက်နေရင်တော့မဖြစ်ဘူး”ဟု ၎င်းကဆိုသည်။
ယခု ဆီးဂိမ်းပြိုင်ပွဲသည် မြန်မာနိုင်ငံသမိုင်းနှင့် ဆက်စပ်နေကြောင်း၊ ပထမဆုံးအကြိမ်လက်ခံ ကျင်းပခဲ့သည့် ၁၉၆၁ခုနှစ် ကျွန်း ဆွယ်အားကစားပြိုင်ပွဲသည် ဖဆပလအစိုးရ လက်ထက်တွင် ကျင်းပခဲ့ ခြင်းဖြစ်ပြီး၊ ၁၉၆၉ ခုနှစ်တွင် လက်ခံကျင်းပခဲ့သည် ပြိုင်ပွဲ သည် ဗိုလ်ချုပ်ကြီးနေ၀င်း၏ တော်လှန်ရေးကောင်စီလက်ထက်တွင် ဖြစ်ကြောင်း၊ အဆိုပါ ပြိုင်ပွဲများတွင် အောင်မြင်မှုများရှိ ခဲ့ ကြောင်း၊ ယခု ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီး နောက် အစိုးရသစ်လက်ထက်တွင်ကျင်းပမည့် ၂၀၁၃ ခုနှစ် ဆီးဂိမ်းသည်လည်း အောင်မြင်နိုင်ဖွယ်ထင်မြင်ကြောင်း ဦးခင်မောင်ထွေးက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အားကစားတွင် အခြေခံရှိပြီး လူအင်အားလည်း ရှိကြောင်း၊ ယခုအချိန်ကတည်းက ပြုစုပျိုးထောင်မှုများ ပြု လုပ်လျှင် အောင်မြင် နိုင်မည်ဖြစ်ကြောင်း၊ မူလတန်းပညာမှအစပြုပြီး တက္ကသိုလ်အထိ အားကစားပြိုင်ပွဲများ၊ တိုင်းခရိုင်ရပ်ကွက် အလိုက် အားကစားပြိုင်ပွဲများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ် ရမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့နှင့် နေပြည်တော်တွင်သာ ကျင်းပနေ၍ မဖြစ်ကြောင်း ၊ အားကစားတွင် အောင်မြင်ချင်လျှင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း လိုအပ်ကြောင်း ဦးကိုကိုကြီးက သုံးသပ်ပြောဆိုသည်။
Set as favorite
Bookmark
Email this
Hits: 3948
Comments (3)

written by Wunna Htun, January 20, 2010
ပညာရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံ ချွတ်ခြုံကျ နေတဲ့ တိုင်းပြည်မှာ တကယ် အရေးကြီးတာ ဘာလဲဗျာ..? မသိတာလား မသိချင် ယောင်ဆောင်နေတာလား... အယောင် ဆောင်တာ ကြာသွားလို့ တကယ် ထင်နေတာလား..?
written by ဇွဲကပင်သား, January 20, 2010
အားကစားနဲ့ ပါက်သက် လာရင်တော့ ကောင်းသထက်ကောင်းအောင် လုပ်မယ် ဆိုရင်
လုပ်ဖို့  တိုက်တွန်း အားပေး ချင်ပါတယ်။ ဒါပေမယ့် အိုလံပစ်တို့ ၊ ကမ္ဘာ့ဖလား တို့  အတွက် အိမ်ရှင်နိုင်ငံ ရွေးချယ်ရင်တော့ လျှောက်တဲ့ နိုင်ငံရဲ့  နိုင်ငံရေး တည်ငြိမ်မှု၊ လမ်းပမ်း ဆက်သွယ်ရေး၊ သတင်း ပြန်ကြားရေး မြန်ဆန်မှု စသဖြင့် တော်တော်လေး တင်းတင်း ကျပ်ကျပ်နဲ့  ယှဉ်ပြိုင်ရတယ် လို့  ကြားဖူးပါတယ်။ ဒီပွဲအတွက်လည်း သိပ်ကွာမယ် မထင်ပါဘူး။ လက်ရှိမြ န်မာနိုင်ငံရဲ့  နိုင်ငံရေး၊ စီးပွါးရေး၊ လမ်းပမ်းဆ က်သွယ်ရေးနဲ့  ဆိုရင်တော့ သိပ်မလွယ်လှဘူးထင်တယ်။ ၁၀ နိုင်ငံလောက်ပဲ ရှိတယ်ဆိုပေမယ့်
သူတို့ နိုင်ငံတွေအားလုံးနီးပါးဟာ ကိုယ့်နိုင်ငံထက် ပိုပြီးတိုးတက်ပြီး သားပဲလေ။ တရုတ်နိုင်ငံတောင်မှ အရင်ကအိုလံပစ်ပွဲ တပွဲအတွက် အစစ အရာရာ လိုလေေ သးမရှိ ပြင်ဆင်ထားပြီးမှ ကျင်းပခွင့်မရခဲ့တဲ့
သာဓကေ တွလည်း ရှိခဲ့ပါတယ်။ အင်းလေ--- ၂၀၁၃ ပွဲအ တွက် လည်း နေပြည်ေ တ်ာကို တည်ေ ဆာက်ခဲ့သလို အကုန်အ ကျများများနဲ့  အင်တိုက်အားတိုက် လုပ်နိုင်ရင်တော့ မီနိုင်ပါ သေးတယ်။ မြန်မာ့အားကစား ကမ္ဘာကို မလွမ်းရပါစေနဲ့ ။
လုပ်ဖို့  တိုက်တွန်း အားပေး ချင်ပါတယ်။ ဒါပေမယ့် အိုလံပစ်တို့ ၊ ကမ္ဘာ့ဖလား တို့  အတွက် အိမ်ရှင်နိုင်ငံ ရွေးချယ်ရင်တော့ လျှောက်တဲ့ နိုင်ငံရဲ့  နိုင်ငံရေး တည်ငြိမ်မှု၊ လမ်းပမ်း ဆက်သွယ်ရေး၊ သတင်း ပြန်ကြားရေး မြန်ဆန်မှု စသဖြင့် တော်တော်လေး တင်းတင်း ကျပ်ကျပ်နဲ့  ယှဉ်ပြိုင်ရတယ် လို့  ကြားဖူးပါတယ်။ ဒီပွဲအတွက်လည်း သိပ်ကွာမယ် မထင်ပါဘူး။ လက်ရှိမြ န်မာနိုင်ငံရဲ့  နိုင်ငံရေး၊ စီးပွါးရေး၊ လမ်းပမ်းဆ က်သွယ်ရေးနဲ့  ဆိုရင်တော့ သိပ်မလွယ်လှဘူးထင်တယ်။ ၁၀ နိုင်ငံလောက်ပဲ ရှိတယ်ဆိုပေမယ့်
သူတို့ နိုင်ငံတွေအားလုံးနီးပါးဟာ ကိုယ့်နိုင်ငံထက် ပိုပြီးတိုးတက်ပြီး သားပဲလေ။ တရုတ်နိုင်ငံတောင်မှ အရင်ကအိုလံပစ်ပွဲ တပွဲအတွက် အစစ အရာရာ လိုလေေ သးမရှိ ပြင်ဆင်ထားပြီးမှ ကျင်းပခွင့်မရခဲ့တဲ့
သာဓကေ တွလည်း ရှိခဲ့ပါတယ်။ အင်းလေ--- ၂၀၁၃ ပွဲအ တွက် လည်း နေပြည်ေ တ်ာကို တည်ေ ဆာက်ခဲ့သလို အကုန်အ ကျများများနဲ့  အင်တိုက်အားတိုက် လုပ်နိုင်ရင်တော့ မီနိုင်ပါ သေးတယ်။ မြန်မာ့အားကစား ကမ္ဘာကို မလွမ်းရပါစေနဲ့ ။
written by Naing Linn, January 20, 2010
နိုင်ငံရေးဖြင့် တစက်မှ မတည်ငြိမ်ပဲနဲ့  ဘယ်သူက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံနိုင်မှာလဲ. မနက်ဖြန် ဘာဖြစ်မယ် ဆိုတာတောင် မရေရာတဲ့ တိုင်းပြည်.. တရုတ်ကို အိုလမ်ပစ် လက်ခံမိလို့ နောင်တ ရတာထက် ဆိုးသွားမယ်.. လက်ခံပြီးမှ တိုင်းပြည် ပျက်တာနဲ့ တိုးလို့  SEA GAME ပါ ပျက်နေဦးမယ်..
Write comment
| < Prev | Next > |
|---|







