အိမ်ပြင်ဆင်ရေး ဦးအောင်ဆန်းဦး ကန့်ကွက်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ယမန်နေ့က တရားဝင် ကန့်ကွက် ထားကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်မည့်ကိစ္စကို အစ်ကိုဖြစ်သူက ပထမဆုံးအကြိမ် တားဝရမ်း ထုတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရှေ့နေ ဦးဉာဏ်ဝင်းက “သူလျှောက်တဲ့ လျှောက်လွှာကို ကျနော်တို့ကတော့ ကန့်ကွက်မှာပဲ။ ဘယ်လို အချက်အလက်တွေနဲ့ ကန့် ကွက်ရမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ညှိနှိုင်းဖို့လိုတယ်၊ လာမယ့် အပတ်ထဲမှာ တွေ့ဖြစ်မယ်” ဟု ပြောသည်။

ယင်း ဥပဒေအရ အငြင်းပွားနေသည့် ပစ္စည်းတခုကို လက်ဝယ်ရှိသူက တန်းဖိုးလျော့စေရန် ပြုလုပ်ခြင်း၊ ပျက်စီးစေခြင်း၊ လွှဲပြောင်းပေးခြင်းများ ပြုလုပ်လျှင် တားဝရမ်း ထုတ်နိုင်သော်လည်း အထက်ပါ အခြေအနေများ မရှိသောကြောင့် ကန့်ကွက်စာတွင် ထည့်သွင်းရေးသားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မေလက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။     

အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တခဏ ရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် ကတည်းက ၎င်း၏ နေအိမ်ကို လုံခြုံရေး အတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိကထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန်အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်က ဦးအောင်ဆန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားသည့် နေအိမ်ကို သူလည်း ပိုင်ဆိုင်သည်ဟု ဆိုကာ အမွေပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနှင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အိမ်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် သူ တင်ပြထားသည့် သက်သေများနှင့် တွေ့ခွင့် မရခဲ့သောကြောင့် ထိုအချိန်မှစပြီး အမှုကို ရပ်ထားခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ဝန်ကြီးချုပ် ဦးနုက အင်လျားကန်စောင်းရှိ နေအိမ်ကို ပေးအပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ထိုအိမ်၌ပင် နေထိုင်လာခဲ့ခြင်း ဖြစ်သည်။
Comments (5)Add Comment
0
ဝူးးးးးးးးးးးးးးးးးး လုပ်လိုက်ဟ..... ဗိုလ်ချုပ်ရဲ့ သားဆိုတဲ့ ပုဂ္ဂိုလ်ကြီးရေ....
written by မောင်မောင်, January 25, 2010
လိပ် တံဆိပ် ပေါက်တူးများ ဦးအောင်ဆန်းဦးထံတွင် ၀ယ်ယူရရှိနိုင်ပါသည်။
smilies/angry.gifsmilies/angry.gif
0
A very egoistic guy, Aung San Oo!!!!
written by Byarlay, January 23, 2010
It is very sad to hear such a news that U A.S. Oo bearing his father's name acted such an unhealthy behavior against our beloved mother or the lady of Burma. Anyway, don't worry, the history will put you together in the list of disgraceful and egoistic people like the military generals.smilies/grin.gifsmilies/grin.gifsmilies/grin.gif
0
တော်တော်နာမည်ရချင်ာလားမသိဘူးဗျာ
written by Pokpok, January 23, 2010
ဦးအောင်ဆန်းဦး ခင်္ဗျာ၊ နာမည် တော်တော် ရေပန်းစားချင် တယ်ထင်တယ်။ ကုန်းနေ၊ရေနေ သတ္တ၀ါ မျိုး လိပ် ကောင်ဘဲ၊ လိပ် လို သူ့ ဘက်မှာ အမြဲ တမ်း ယက်တယ်။ ပက်လက် မလန် ဖို့ ဘဲ တားဝရမ်း ထုတ်၊

လေးစားပါတယ်

ဒါပယ်မယ့်......................................

0
...
written by 666, January 23, 2010
safety first smilies/angry.gifsmilies/sad.gif
0
ဟားဟားဟား . . . . ..
written by Thein, January 22, 2010
ဗိုလ်ချုပ်သားတဲ့လား ... လုပ်ထား လုပ်ထား

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်