အမေရိကန် တပ်များ၏ ဟေတီ လူမှုကယ်ဆယ်ရေး သတင်း ဆင်ဆာထိ

ငလျင်ဒဏ် ခံခဲ့ရသည့် ဟေတီနိုင်ငံတွင် အမေရိကန် တပ်များက ကယ်ဆယ်ရေး လုပ်ငန်းများ ၀င်ရောက် ကူညီနေမှုနှင့် ပတ်သက်၍ စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခွင့် မရကြောင်း သိရသည်။


ဟေတီနိုင်ငံတွင် လူသားချင်း စာနာမှု အကူအညီ ပေးရေး လုပ်ငန်းများ လုပ်ကိုင် နေသည့် အမေရိကန် နိုင်ငံနှင့် အခြားသော အနောက် နိုင်ငံများမှ တပ်များနှင့် ပတ်သက်သည့် သတင်းများကို အစိုးရ သတင်းစာများနှင့် မီဒီယာများတွင် မဖော်ပြရန် အတွက် စာပေ စိစစ်ရေးက တားမြစ်ထားကြောင်း ရန်ကုန် အခြေစိုက် သတင်းသမား တဦးက ဧရာဝတီသို့ ပြောသည်။

“အမေရိကန် တပ်တွေ ဟေတီမှာ ကယ်ဆယ်ရေး လုပ်နေတာ တွေကို မဖော်ပြဘဲနဲ့ တရုတ်တွေ လုပ်နေတာကိုပဲ ဖော်ပြနေတယ်” ဟု ၎င်းက ဆိုသည်။

ငလျင်လှုပ်ပြီးသည့် နောက်ပိုင်း ဟေတီ ဒုက္ခသည်များကို ကူညီရန် အတွက် အမေရိကန်နှင့် အနောက် နိုင်ငံများမှ တပ်သားပေါင်း ၁၆၀၀၀ ကို စေလွှတ် အကူအညီ ပေးထားကြောင်း သိရသည်။

မကြာသေးမီက ၀န်ထမ်းများအား လစာများ တိုးမြှင့်သည့် သတင်းနှင့် တရုတ်အစိုးရနှင့်  Google အင်တာနက်ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသည့် ပြဿနာများကို လည်း အဆိုပါ စာပေစိစစ်ရေး အဖွဲ့က ဖော်ပြခွင့် မပေးကြောင်းသိရသည်။

မြန်မာနိုင်ငံသည်လည်း ဟေတီနိုင်ငံကဲ့သို့ပင် ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတွင် လူပေါင်း ၁၄၀၀၀၀ကျော် အသက်ဆုံးရှုံးခဲ့ရပြီး လူ၂သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ဟေတီနိုင်ငံသည် လူသားချင်းစာနာမှုအတွက် ပေးအပ်သည့် နိုင်ငံတကာ အကူအညီများကို လက်ခံခဲ့သော်လည်း မြန်မာစစ်အစိုးရ က နိုင်ငံတကာမှ မြန်မာ့အရေးအား ၀င်ရောက်စွက်ဖက်မည်ကို စိုးရိမ်သည့်အတွက် နိုင်ငံတကာအကူအညီပေးရေး ၀န်ထမ်းများ အား မုန်တိုင်းတိုက်ခတ်ပြီး တလခန့်ကြာမှသာ မြစ်ဝကျွန်းပေါ်ဒေသသို့ ၀င်ရောက်ခွင့် ပြုခဲ့သည်။

ပြီးခဲ့သည့် တနလာင်္နေ့က ဟေတီငလျင်နှင့် ပတ်သက်သော နိုင်ငံတကာ အကူအညီပေးရေး ဆွေးနွေးပွဲကို ကနေဒါနိုင်ငံတွင် ကျင်းပခဲ့သည်။

ထိုနိုင်ငံတကာအကူအညီပေးရေး ဆွေးနွေးမှုများကို ငလျင်လှုပ်ခတ်ခဲ့ပြီး သီတင်းနှစ်ပတ်အတွင်း ကျင်းပနိုင်ခဲ့သော်လည်း မြန်မာ နိုင်ငံတွင် တလခန့်ကြာမှသာ ပြုလုပ်နိုင်ခဲ့သည်။

ဟေတီငလျင်တွင် လူပေါင်း ၁၅၀၀၀၀ ခန့် သေဆုံးကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေ ကြသည့် မြန်မာ နိုင်ငံသား ၀န်ထမ်းများလည်း သေဆုံးနိုင်ကြောင်း အမည်မဖော်လိုသည့် ကုလသမဂ္ဂ၀န်ထမ်းတဦးကပြောသည်။

“အရင်က ဟေတီမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂအဖွဲ့တွေမှာ မြန်မာဝန်ထမ်းတွေရှိတယ်”ဟု၎င်းကဆိုသည်။

ယခင်က ဟေတီနိုင်ငံ၌ မြန်မာဝန်ထမ်းများစွာ အလုပ်လုပ်ကိုင်နေကြောင်း၊ မြန်မာဆရာဝန်တဦးဖြစ်သည့် ဒေါက်တာ မြတ်သူ သည် ယခုငလျင်ကြီးတွင် ပျောက်ဆုံးနေကြောင်း ဟေတီနိုင်ငံမြို့တော် ပို့အော့ပရင့် တွင် အသက်ရှင်ကျန်ရစ်သူ မြန်မာလူ မျိုး တဦးကို ကိုးကား၍ လွတ်လပ်သော သတင်း ဘလော့ဂ်တွင် ဖော်ပြထားသည်။
Comments (3)Add Comment
0
ကျူတ်ကြပ်လိပါအုံး .....
written by စိုးရိမ်သူကြီး, January 28, 2010
တော်တော်ကြာ နှစ် တစ်ရာ ဘ၀ တစ်ကျော့ပြန်လည် နေပါအုံးမယ်
0

written by မျိုးလွင်, January 28, 2010
နာဂစ်တုန်းက အမေရိကန်နဲ့ အခြားနိုင်ငံက စစ်သား၊ ကယ်ဆယ်ရေး ဝန်ထမ်းတွေကို အချိန်မှီ ဝင်ရောက် ကယ်ဆယ်ခွင့် မပေးလို့ မြန်မာတွေ မသေသင့်ပဲနဲ့ သေသွားခဲ့ ရ တယ်လေ။ စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ ယုတ်မာ ကောက်ကျစ်တဲ့ စိတ်နဲ့ ထိုင်ခုံလေး လှုပ်မှာပဲ စိုးရိမ်ပြီး လူ့အသက်ပေါင်း များစွာရဲ့ ကံကြမ္မာကို အလေး မထားခဲ့တာတွေဟာ အခု ဟေတီ ငလျင်ဘေး ကယ်ဆယ်ရေးမှာ အမေရိကန်က အချိန်မှီ ဝင်ရောက် ကူညီနိုင်ခဲ့လို့ မသေမပျောက် အသက် ရှင်ခဲ့တာတွေကို တွေ့ရတော့ နာဂစ်တုန်းက သေသွားတဲ့ သူတွေရဲ့ ဆွေမျိုး သားချင်းတွေ ဒီ ဟေတီ သတင်း ဖတ်မိရင် စစ်အစိုးရကို စိတ်နာတဲ့ စိတ်တွေ ထွက်ပေါ် ပေါက်ကွဲလာမှာ စိုးရိမ်တာပေါ့
0
ကြောင်တောင်တောင်..စာပေစီစစ်ရေး အဖွဲ့နဲ့ စစ်အစိုးရ
written by kojj, January 27, 2010
စစ်အစိုးရနဲ့ သူ့ရဲ့ စာပေ စီစစ်ရေး အဖွဲ့ ဟာ တော်တော်လေးကို အတွေး အခေါ် မရှိတဲ့သူတွေ ပါဘဲ...ဒီလိုလူမျိုးတွေ
မြန်မာပြည်မှာ လူ လာဖြစ်ကြတာ ရင်နာစရာပါဘဲ... မြေလေးတယ်... နာဂစ် မုန်တိုင်းနဲ့ အတူ တခါတည်း ပါသွား သင့်တဲ့
သူတွေပါဘဲ....

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်