ဖဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု စောညွန့်ဝင်းရရှိ

ဗြိတိန်နိုင်ငံ အခြေစိုက် ဖန်းဖောင်ဒေးရှင်းက ၂၀၀၉ ခုနှစ်အတွက် “ဖဒိုမန်းရှာလားဖန်း လူငယ့် ခေါင်းဆောင်ဆု” ကို ကရင် တိုင်းရင်းသား စောညွန့်ဝင်းကို ချီးမြှင့်ကြောင်း ယမန်နေ့က ကြေညာလိုက်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ စောညွန့်ဝင်းသည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှ လူထု အခြေပြု ကျန်းမာရေး လုပ်သား တဦးဖြစ်ပြီး ပဋိပက္ခဖြစ်ပွားရာ ကရင်ပြည်နယ်အတွင်း ဒေသခံများကို စွမ်းစွမ်းတမံ ကူညီခဲ့သောကြောင့် ယခုကဲ့သို့ ချီးမြှင့် ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

စောညွန့်ဝင်းသည် အသက် ၁၂နှစ်မှ စတင်၍  ဒေသခံ လူကြီးများနှင့်အတူ ပူးပေါင်း၍ ပြဿနာများကို အတူ ကူညီဖြေရှင်းခဲ့ပြီး နာမကျန်းဖြစ်နေသူများကို တက်စွမ်းသရွေ့ အကူအညီပေးခြင်း၊ ဆေးခန်း တည်ဆောက်ပေးခြင်း၊ လူနာများအတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပေးခြင်းများကြောင့် ယခုကဲ့သို့ ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖန်းဖောင်ဒေးရှင်း တည်ထောင်သူ ဇိုယာဖန်းက“စောညွန့်ဝင်းက တကယ်ကို အားကျဖို့ ကောင်းပါတယ်၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ခံယူချက်တွေက ခက်ခဲတဲ့ အခြေအနေမှာတောင် ဘာမဆို ဆောင်ရွက်နိုင်စွမ်းရှိပါတယ်” ဟုေ ပြာသည်။

ထိုင်းအခြေစိုက် ကရင် သတင်းစဉ် (KIC) ကလည်း ဆုရသူ  စောညွန့်ဝင်းကို ချီးကျူးလိုက်သည်။

“သူ့လူမျိုးတွေကို ချစ်တာကလွဲရင် သူမှာ ဘာတခုမှ မပိုင်ဆိုင်ပါဘူး” ဟု  KIC က ဆိုသည်။

အမေရိကန်ဒေါ်လာ ၂၀၀၀ တန်ကြေးရှိသည့် “ဖဒိုမန်းရှာလားဖန်း လူငယ့်ခေါင်းဆောင်ဆု” ကို ဖန်းဖောင်ဒေးရှင်းက ၂၀၀၈ ခုနှစ်တွင် စတင် ပေးအပ်ခြင်းဖြစ်သည်။

ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ ခုနှစ်တွင် ထိုင်းမြန်မာ နယ်စပ်တွင် လုပ်ကြံခံရသူ ကရင် အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ၏ မိသားစုများက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ကရင်မျိုးဆက်သစ် လူငယ်များထဲမှ ဒေသတွင်း ခေါင်းဆောင်မှုပြုနိုင်သူ၊ ဆင်းရဲမှု ပပျောက်ရေး အတွက် ဆောင်ရွက်နိုင်သူ၊ ပညာရေး အစီအစဉ် မြှင့်တင်ပေးနိုင်သူ၊ ဖွံ့ဖြိုးရေး အစီအစဉ်များ မြှင့်တင် ပေးနိုင်သူနှင့် ကရင် ယဉ်ကျေးမှုကို ထိန်းသိမ်း ဆောင်ရွက်နိုင်သူများကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

“အဖေက လူငယ်တွေကို လူထု အခြေပြုလုပ်ငန်းတွေမှာ ဦးဆောင်ဖို့ ခေါင်းဆောင်ကောင်း ဖြစ်ဖို့ အမြဲ အားပေးတယ်၊ ဒီလို လူမသိသူမသိ သူရဲကောင်းတွေကို အသိအမှတ်ပြုရတာကို ကျမ ကျေနပ်ပါတယ်”ဟု ဇိုယာဖန်းက ဆိုသည်။

နှစ် ၆၀ ပြည့် ကရင်တော်လှန်ရေးနေ့တွင် ဖန်းဖောင်ဒေးရှင်း၏ ပထမဆုံးသော ဆုကို ချီးမြှင့်ခဲ့ရာ နယ်စပ်ဒေသတွင် ကရင်တိုင်းရင်းသားများ အသိဥာဏ်မြင့်မားအောင် စွမ်းဆောင် ပေးနိုင်ခဲ့သည့် မျိုးဆက်သစ် လူငယ်တဦး ဖြစ်သော နော်ဖောကဘလာထူး က ဆွတ်ခူးရရှိခဲ့သည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်