ကိုညီညီအောင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ

စစ်အစိုးရက မင်္ဂလာဒုံ လေဆိပ်တွင် ဖမ်းဆီးခဲ့သည့် အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်ကို အင်းစိန် ထောင်တွင်း တရားရုံး၌ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက် ကြောင်း အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ကိုညီညီညီအောင်ကို နိုင်ငံသား စိစစ်ရေး ကတ်ပြားအတု ကိုင်ဆောင်မှု ပုဒ်မ (၄၆၈)၊ နိုင်ငံခြားငွေ တရားမဝင် လက်ဝယ် ထားရှိသည့် ပုဒ်မ (၂၄/၁)၊ မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၃) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “ပုဒ်မ (၄၆၈) အတွက် ၃ နှစ် ချပါတယ်၊ ပုဒ်မ(၂၄/၁) က ၁ နှစ်၊ နောက် ပုဒ်မ၊ အားလုံးပေါင်း ၅ နှစ်ပါ၊ ဒါပေမယ့် ဒါတွေကို တပေါင်းတည်း ကျခံဖို့ အမိန့်မှာပါတဲ့ အတွက် ၃ နှစ်ကျခံ ရမှာပါ၊ တွေ့ရှိတဲ့ သုံးသပ်ချက်ပေါ်မှာ ကျနော်တို့ အယူခံ တက်ဦးမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပုဒ်မ(၄၆၈)အတွက် ၇ နှစ်၊ ပုဒ်မ (၂၄/၁)အတွက် ၃ နှစ်နှင့် ပုဒ်မ ၆(၃)က အတွက် ၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုညီညီအောင်၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက“ချုပ်ရက် ၅လ နုတ်လိုက်ရင်တော့ ၂ နှစ်နဲ့ ၇ လ ကျန်တာပေါ့၊ အန်တီတို့က ဘာမှလုပ်လို့ မရဘူး၊ ဒါကြောင့်လည်း အယူခံတင်မှာပါ၊ နောက်အပတ်ဆို စလုပ်တော့မယ် အယူခံတင်ဖို့ပေါ့၊ ဒီနေ့လည်း တွေ့ခွင့်မရဘူး၊ သူ့ကို ပါဆယ်ယူဖို့ ရှေ့နေတွေက တဆင့်ပြောခိုင်းထားတယ်၊ အခု ပါဆယ်သွားပေးမလို့”ဟု ပြောသည်။

ကိုညီညီအောင်အပေါ် ချမှတ်သော ပြစ်ဒဏ်သည် မှားယွင်းစွာစွပ်စွဲ၍ ချမှတ်ခြင်း ဖြစ်ပြီး အမေရိကန် မြန်မာ ဆက်ဆံရေး၏ ပထမဦးစားပေး အဖြစ် ကိုညီညီအောင် လွတ်မြောက်ရေးကို ဆောင်ရွက်ပေးရန် အမေရိကန် သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်တို့ကို အမေရိကန်အခြေစိုက် Freedom Now အဖွဲ့က ကြေညာချက်ထုတ်ပြန်၍ ယနေ့ တောင်းဆို လိုက်သည်။

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်တွင် နေထိုင်သည့် ကိုညီညီအောင်နှင့်စေ့စပ်ထားသူ မ၀ါဝါကျော်က“ဒါဟာ မှားယွင်းတဲ့ စွပ်စွဲချက်ဆိုတာ မြန်မာတွေအားလုံး သိပါတယ်၊  မြန်မာအစိုးရက အမေရိကန် နိုင်ငံသားကို မတရားထောင်ဒဏ် ချမှတ်ထား တာကို အမေရိကန်အစိုးရ အနေနဲ့ လက်မခံဖို့ဘဲ ကျမအနေနဲ့ မျှော်လင့်ရပါတော့မယ်”ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်း နယ်စပ် သို့ရှောင်တိမ်းလာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)တွင် ခေတ္တ ပါဝင်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ကိုညီညီအောင်သည် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းသည်။ သူ အဖမ်းခံရပြီး ၃ ပတ်အကြာ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ ထိုပေါက်ကွဲမှုများအတွက် တာဝန်ရှိသည်ဟုလည်း အစိုးရ သတင်းစာထဲတွင် စွပ်စွဲထားသည်။

ကိုညီညီအောင်သည် ၂၀၀၅ မှ ၂၀၀၉ အတွင်း လူမှုရေးဗီဇာ(Social Visa) ဖြင့် မြန်မာနိုင်ငံသို့ (၈) ကြိမ် ပြန်ခဲ့ကြောင်းလည်း သတင်းစာတွင် ရေးထားသည်။

ကိုညီညီအောင်၏ မိခင်အပါအဝင် မိသားစုဝင် ၅ ဦးသည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၉၅ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ သိရသည်။
Comments (11)Add Comment
0

written by စိတ်, February 12, 2010
ကိုယ်ကျိုး မဖက်..တိုင်းပြည်အတွက် လုပ်ခဲ့တယ် ဆိုရင်တော့.. လေးစားပါတယ်...
0
သို့  သတိ
written by Burmese, February 11, 2010
မင်းလည်း မင်းအကြောင်း မင်းသိပေါ့ကွာ။ ငါတို့ ကတော့ ထောင်ချမယ် ဆိုတာ ကြိုသိပြီးသားပဲ။
0
ဒုတိယ ယက်တော တော့ မဖြစ်နိုင်ပါ
written by henry, February 11, 2010
ဒုတိယ ယက်တော တော့ မဖြစ်နိုင်ပါ။
ယက်တော က အမေစု အိမ် ကို ၀င်တယ်လေ..
သိတယ် မဟုတ်လား နအဖ ရဲ့ ကျေးဇူးရှင်ကြီးလေ...
ကို ညီညီအောင်က တိုင်းပြည် အတွက် တကယ် လုပ်ခဲ့တဲ့သူလေ
ဂျင်ဝက်ကြီး လာလဲ ဆောရီးဘဲလို့ ဂျိုကုပ်ဒုးကြီး က ပြောလိမ့်မယ်...
..., Low-rated comment [Show]
0
section 24/1
written by Aung(maela camp), February 11, 2010
Ko Nyi Nyi Aung is USA citizen.Why he can't keep US dollar in his pocket?
0
တမင် သက်သက် အမှု ဆင်ပြီး လုပ်တာ ရှင်းနေတာပဲ။
written by ရန်ကင်း, February 11, 2010
ကို ဂျင်ဝက် နောက် တခါ သွား ပြီး ကြက်တော ကို ထုတ်လာ သလို လုပ်ပေးပါဦး လို့ ပြောရမှာပဲ။
အရှက် မရှိတဲ့ စစ်ဘိုချုပ်တွေကို တဲ့ အောင် ပေါင်းပြီး အကြိုက် လိုက်ပြော တဲ့ နည်းလေးနဲ့ ပေါ့ဗျာ။
ကိုညီညီအောင် ကိုတော့ ချီးကျုးပါတယ်။ စစ်အုပ်စု က ကောက်ကျစ်မှာ သိရက်နဲ့ ၀င်သွား ခဲ့တာ။
0
...
written by Mushi, February 10, 2010
Right, u have to respect every country's law. But I don't think Bumese governement follow their law. They also need to respect the law they passed.
0
ဘာလို့ ၃ နှစ်ချတာလဲ
written by ဟုတ်သေးပါဘူး, February 10, 2010
ဒေါ်လာ ကိုင်ရင် ၃ နှစ်လား။ ဒါ ဆို SB တွေလဲ ဒေါ်လာ ကိုင်နေတာ။ သူတို့လည်း ၃ နှစ်ပေါ့။ မျှမျှ တတ ပေါ့။ မြေးလေး ကိုင်ရင်လည်း ၃ နှစ်နော်။ ကျောသား ရင်သား မခွဲ ခြားကြေး။
0
စစ်အစိုးရရဲ့... မတရား စီရင်ရေး......
written by kojj, February 10, 2010
စစ်အစိုးရရဲ့ တရားရုံးက ဟိုအမေရိကန် ယက်ထော ကိုတော့ လွှတ်ပေး လိုက်တယ်... ကိုညီညီအောင် ကိုတော့
ထောင်၃နှစ်ချတယ်.... အင်မတန် ယုတ္တိ မဆန်ပါဘူး... စစ်အစိုးရရဲ့ တရား စီရင်ရေးဟာ တရား မျှတမှု မရှိတာ ကွက်ကွက် ကွင်းကွင်း မြင်နေရပါတယ်....
0
...
written by Aung(Maela camp), February 10, 2010
Aha! ma war war kyaw still expect to United State gov!
0
What I Think.......
written by Zayyar Lwin, February 10, 2010
If he did carry Myanmar Citizen Card while he is a citizen of USA, he deserve the sentence.
I don't believe he was involve in those bombing but he need to be careful about the laws of the country where he go. I live in western country and I am a citizen of that country. Every time I went back to Myanmar, I have to follow their laws whether I like it or not , that is a different story.
But, good luck on him and this is the lesson to all other people who think they are smart.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်