၎င်း၏ ခန့်မှန်း ချက်များ မှန်ကန် လွန်းသည့် အတွက် အသားကင် သို့မဟုတ် ပင်လယ်စာ လုပ်စား သင့်ကြောင်း၊ လူမှု ကွန်ရက် ဖြစ်သည့် Facebook နှင့် Twitter တို့မှ အကြံ ပေးချက်များ ရေးသား လာကြသည်ဟု fifa.com အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။“တချို့ လူတွေက စပိန် အစားအစာ တခုခု လုပ်စား စေချင်တယ်၊ တချို့ ကတော့ ငါးမန်းစာ ကျွေးပစ် စေချင် ကြတယ်”ဟု ရေးသား ထားသည်။
အဆိုပါ ရေဘ၀ဲ လေးသည် ယခင်ပွဲစဉ် များတွင်လည်း ဂျာမနီအသင်း၏ အနိုင်အရှုံးများကို မှန်ကန်စွာ ခန့်မှန်းခဲ့ပြီး ယခု ဆီမီးဖိုင်နယ် တွင်လည်း စပိန်အသင်းက ဂျာမနီအသင်းကို နိုင်မည်ဟု ဟောကိန်း ထုတ်ကာ အမှား အယွင်း မရှိ ခန့်မှန်းသည့် စံချိန်ကို ဆက်လက် ထိန်းထားလိုက်သည်။
ယင်းကြိုတင်ခန့်မှန်းချက် ထွက်လာပြီးသည့် နောက်တွင် စပိန်အသင်းကို ယှဉ်ပြိုင်မည့် ဂျာမနီဘောလုံးသမားများ၏ မျက်နှာသွင် ပြင်နှင့် လှုပ်ရှားမှုတို့သည် တခုခုစိတ်ဖိစီးနေသည့် အသွင်ကို ဆောင်နေသည်။
ယခင်က အင်္ဂလန်၊ အာဂျင်တီးနား စသည့် အသင်းကြီးများနှင့် ယှဉ်ပြိုင်သည့် ပွဲများတွင် စလျှင်စချင်း တိုက်စစ်ဆင် ကစားတတ် သည့် ဂျာမနီအသင်းသည် ယခုစပိန်နှင့် ပွဲတွင်မူ ကစားပုံမှာ လေးလံနေပြီး အသင်း၏ အားကိုးရသည့် အဓိကတောင်ပံမှ လှုပ် ကစားတတ်သည့် သောမတ်စ် မူလာ လည်း ၂ ၀ါ ၁ နီ ဖြင့် ပွဲပယ်ခံထားရသည့်အတွက် ၎င်းနှင့်တွဲဖက်ကစားနေသည့် အိုဇယ်မှာ လည်း ခြေစွမ်းမပြနိုင် ဖြစ်ခဲ့ရသည်။
“ပေါလ်”၏ ခန့်မှန်းချက် အတိုင်းပင် ဒုတိယပိုင်း ၇၃ မိနစ်တွင် ထောင့်ကန်ဘော ကန်တင်သည့် ဘောလုံးကို စပိန် နောက်ခံလူ ကားလက်စ် ပူးယိုး က ခေါင်းတိုက် သွင်းပြီး ဂျာမနီ အသင်း၏ လေးကြိမ်မြောက် ကမ္ဘာ့ဖလား ရရှိရေး အိပ်မက်များကို ဖျက်ဆီး လိုက်သည်။ဂျာမနီနိုင်ငံ မြို့တော် ဘာလင်မြို့ရှိ ဘောလုံးပွဲ ကြည့်နေ ကြသည့် လူအုပ်ကြီး ကလည်း ဂျာမနီ အသင်း ရှုံးနိမ့်သွားသည့် အတွက် ယခင်က သူရဲကောင်းဟု တင်စားခဲ့သည့် ရေဘ၀ဲလေးကို ယခုအခါ ရေဘ၀ဲ ဆန့်ကျင်ရေး တေးသီချင်း များကို အော်ဟစ် သီဆိုကြကြောင်း သိရသည်။
ရေဘ၀ဲလေးသည် ဂျာမနီအလံ ကပ်ထားသည့် မှန်ပုံးအနီးတွင် အဖုံးဖွင့်ပြီး စားမည့်ဟန်ဖြင့် တရစ်ဝဲ၀ဲလုပ်နေရင်းမှ စပိန်အလံကပ် ထားသည့် မှန်ပုံးကို ဆတ်ခနဲ ဖွင့်ပြီး အစာကို ယူကာ စားလိုက်ခြင်းဖြင့် စပိန်အသင်းနိုင်မည့် နိမိတ် လက္ခဏာများ ပြသခဲ့ခြင်းဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 10334
Comments (12)

written by thomas muller ceu, July 11, 2010
i love germany soccer player,so i have to do something to say dont say about bad.
written by mi thazin, July 09, 2010
အမှန် တရားကို ဖော်ပြပေးတဲ့ ရေဘ၀ဲလေးကို ကျေးဇူး တင်ရမဲ့အစား၊ သတ်စားချင်ေ လာက်အောင် စိတ်ဆိုးနေကြ တယ် ဆိုတော့ တော်တော်မိုက်မဲတဲ့ ဂျာမနီသားတွေဘဲ။ ရေဘ၀ဲလေး ဘေးကင်းပါစေ။
written by yazar, July 09, 2010
အကိုရေ ဖိုင်နယ် မရောက်ခင် ရေဘဝဲလေး ဘယ်ဘက်သွားပီး စားတယ် ဆိုတာလေး တင်ပေးပါအုံး
written by ပိုးမှုံ, July 09, 2010
မြန်မာပြည်က လူတွေ ကမ္ဘာ့ဖလား ဘောလုံးပွဲလောက် နိုင်ငံအရေးကို စိတ်ဝင်စားကြရင် အိမ်တွေ ကားတွေ ရင်းပြီး ဘောလုံးပွဲ လောင်းသလို ... မြန်မာပြည်မှာ ဆင်းရဲဒုက္ခရောက်နေတဲ့ သူတွေ၊ ထမင်း နပ်မမှန်တဲ့ သူတွေ၊ စာမသင်ကြားနိုင်ပဲ အရွယ်နဲ့ မလိုက် အလုပ် လုပ်နေရရှာတဲ့ ကလေးတွေကို တတ်နို င်သလောက် အကူအညီေ ပးကြမယ် ဆိုရင် တိုင်းပြည် တခုလုံး အတွက် ဒီမိုကရေစီ မရ သေးရင်တောင် ... .. ပြည်သူတွေကို မိမိ တတ်နိုင်တဲ့ ဘက်က ကူညီေ ပးကြလို့ ပီတိ တခုတော့ ရကြမှာ အမှန်ပဲ.. အခုတော့
written by သိချင်သူ, July 09, 2010
ဘောလုံးပွဲရှုံးတာ ရေဘ၀ြဲေ ကာင့်လား၊ ကန်တဲ့ေ ဘာလုံးသမားတွေကြောင့်လား၊ ကံတရားကြောင့်လား၊
written by ဖိုးတက်, July 09, 2010
အလိုလေး ရေဘ၀ဲတောင် အာချောင်တော့ မီးဖိုချောင်သုံး ပစ္စည်းဖြ စ်တော့မယ် ကွယ်ရို့
written by moekay, July 09, 2010
လူတွေများတော်တော်တရားကျစရာကောင်းတယ်၊ ကိုယ့်ဒုတ်ခကိုယ်ရှာ၊အလုပ်မရှိရေဘဝဲကိုအလုပ်ပေးပြီး
ကိုယ် အသုံး မကျလို့ ရှုံးတာများသူ့ ဟာသူ ရေထဲနေတဲ့ အကောင်ကို တရားခံ လုပ်ရတယ်လို့ ၊ တကယ်ဆို
သူခန့် မှန်းတာ မှန်လွန်းလို့ ရွှေလှော င်အိမ်လေးနဲ့ ထားရမှာ။ ဒါမှမဟုတ် အဲဒီ အကြား အမြင် ရနေတဲ့ အကောင်ေ လးကို
မြန်မာန င်ငံကချုပ်ချုပ်ကြီးတွေကိုရောင်းရင်ဈေးကောင်းရမှာ သေချာတယ်။
ကိုယ် အသုံး မကျလို့ ရှုံးတာများသူ့ ဟာသူ ရေထဲနေတဲ့ အကောင်ကို တရားခံ လုပ်ရတယ်လို့ ၊ တကယ်ဆို
သူခန့် မှန်းတာ မှန်လွန်းလို့ ရွှေလှော င်အိမ်လေးနဲ့ ထားရမှာ။ ဒါမှမဟုတ် အဲဒီ အကြား အမြင် ရနေတဲ့ အကောင်ေ လးကို
မြန်မာန င်ငံကချုပ်ချုပ်ကြီးတွေကိုရောင်းရင်ဈေးကောင်းရမှာ သေချာတယ်။
written by TPD, July 09, 2010
တကယ်တော့ ရေပ၀ဲကို ယုံတော့ ကစားသမားတွေက စိတ်ဓါတ် တ၀က်ကျသွားပြီ မကစားခင်မှာ.....
တကယ်လို့ အဲ့ဒီ ရေပ၀ဲ အယူသာ မရှိ ခဲ့ရင် ပွဲက တမျိုးဖြစ် သွားနိုင်တယ်...
တကယ်လို့ အဲ့ဒီ ရေပ၀ဲ အယူသာ မရှိ ခဲ့ရင် ပွဲက တမျိုးဖြစ် သွားနိုင်တယ်...
Write comment
| < Prev | Next > |
|---|








