“ဒီနေ့ မနက်ပိုင်း ရုံးချိန်း ပေးထားတာကို ထက်ထက်မိုးဦး မလာဘဲ သူ့ရှေ့နေ ဦးစိန်မြင့်ပဲ ရောက်လာပြီး နေ့လယ် ၂ နာရီမှာ ထက်ထက်မိုးဦး အရောက် လာပါစေမယ့် အကြောင်း တရားရုံးကို တင်တယ်။ နေ့လယ် ပိုင်းတော့ ရန်ကင်း တရားရုံးကို ထက်ထက်မိုးဦး ရောက်လာ ပါတယ်"ဟု အဆိုပါ တရားခွင်သို့ သွားရောက် ခဲ့သည့် ပြည်တွင်း စာနယ်ဇင်း သမား တဦးက ပြောသည်။ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို ရန်ကင်း တရားရုံးက အမှုစွဲတင်ခဲ့ အပြီး တတိယမြောက် ရုံးချိန်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။
ယနေ့တရားခွင်တွင် တရားသူကြီးက ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း ၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှ ရှေ့နေပါဝါတင်သွားကာ အာမခံရယူသွားခဲ့ကြောင်း သိရသည်။
တခြားသော ပြည်တွင်းသတင်းထောက်တဦးက“ပြစ်မှုကျင့်ထုံးဥပဒေ ၄၉၆ အရ တရားရုံးက အာမခံပေးလိုက်တယ်။ အာမခံငွေ ကျပ် ၁၀ သိန်း နဲ့ အာမခံပေးလိုက်တယ်လို့ သိရတယ်"ဟု ပြောသည်။
ယနေ့တရားရင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ထက်ထက်မိုးဦးကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်စည်ပြပွဲ တခု၌ ထက်ထက်မိုးဦးနှင့် 7day News ဂျာနယ် သတင်းထောက် မအေးသူစံတို့ အင်တာဗျူး တခု ပြုလုပ်ခဲ့ ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရားရင်ဆိုင် နေရခြင်း ဖြစ်သည်။
အဆိုပါ အမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးကို တရားစွဲတင်ခဲ့သည်။
အဆိုပါအမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့သည် အမှုကျေအေး ရုပ်သိမ်းပေးရန် ညှိနှိုင်းပေးလိုသဖြင့် ထက်ထက်မိုးဦးကို ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိသောကြောင့် ၎င်းအား ရှုတ်ချသည့် ကြေညာချက်တစောင်ကို မေ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။
လာမည့် ဇူလိုင် ၂၇ ရက်တွင် တရားလိုထွက်ဆိုချက်များကို ရန်ကင်းတရားရုံးက စတင်ကြားနာတော့မည်ဖြစ်ကြောင်း သိရသည်။
Comments (29)

written by ရဲရဲ, July 15, 2010
သတင်းထောက် ဆိုတာမျိုးကို ဟိုဟာမမေးနဲ့  ဒီဟာမမေးနဲ့  ခိုင်းလို့ မရဘူးလေ။ စာစောင် ရောင်းအား တက်စေမဲ့  အညှီ အဟောက် သတင်းတွေ များများ ပါလေ ကောင်းလေပဲပေါ့ ။
အဲဒီ မင်းသမီးကလည်း သူ မဖြေချင်လို့ တောင် မောင်းထု တ်ပြီး ပြီပဲ။ ပြဿနာ အဲဒီနေရာမှာတင် ရပ်သ င့် နေပြီပေါ့ ။
ဘာမှ ကိုယ်ထိ လက်ရောက် ထပ်ပြီး ကျူးလွန်စရာ မလိုဘူးလေ။
အဲဒီ မင်းသမီးကလည်း သူ မဖြေချင်လို့ တောင် မောင်းထု တ်ပြီး ပြီပဲ။ ပြဿနာ အဲဒီနေရာမှာတင် ရပ်သ င့် နေပြီပေါ့ ။
ဘာမှ ကိုယ်ထိ လက်ရောက် ထပ်ပြီး ကျူးလွန်စရာ မလိုဘူးလေ။
written by ဗမာ, July 14, 2010
သဇင် ဆင်းရဲတဲ့ အချိန်မှာ သဇင့်ကို ပါး အခါ တစ်သိန်းလောက် ချပြီး ဒဏ်ငွေ ဆောင်မယ်။ ဘယ်လိုလဲ။ လက်ခံ မှာလား။
written by Hello, July 14, 2010
ေ၇သည် လူကောင်း လူဆိုး မေ၇ွး/ စင်ကြယ်ေ အးမြခြင်းကို ပေးသကဲ့သို့
မိမိအပေါ် အကျိုြး ပုသူဖြ စ်စေ/ မိမိအပေါ် အကျိုး မပြူသူဖြစ်စေ
မေတ္တာ စိတ်ကို ထပ်တူ ညီမျှ ထားနိုင်မှသာ
ချမ်းသာ၇ဧ။် ။
မေတ္တာစိတ်သည် ဒေါသ စိတ်ထက် တန်ခိုြး ကီးပါသည်။
မိမိအပေါ် အကျိုြး ပုသူဖြ စ်စေ/ မိမိအပေါ် အကျိုး မပြူသူဖြစ်စေ
မေတ္တာ စိတ်ကို ထပ်တူ ညီမျှ ထားနိုင်မှသာ
ချမ်းသာ၇ဧ။် ။
မေတ္တာစိတ်သည် ဒေါသ စိတ်ထက် တန်ခိုြး ကီးပါသည်။
written by minkoko, July 14, 2010
Is it never ending story? I really felt pity for my Burmese people. Don't waste your time with these unimportant issues.
written by Hello, July 14, 2010
ကြားရ တာတော့ ထက်ထက် ဘက်ကရော၊ မအေးသူစံ ဘက်ကရော၊ နှစ်ဘက် စလုံးအတွက် စိတ် မကောင်းပါဘူး။
အမှန် တကယ်ကတော့ ဘယ်သူဘြဲ ဖစ်ဖြစ် ကိုယ့်ေ ဒါသကို ကိုယ် ထိန်းဖို့ ပါဘဲ။
ဒေါသ ထွက်တိုင်း စိတ်မထိန်းနိုင်တိုင်း
လုပ်ချင်ရာ လုပ်လို့ ရမယ် ဆိုရင် မြန်မြာ ပည်မှာ လူသတ်မှုတွေ တန်းစီေ နမှာဘဲ။
နံမည်ေ ကျာ်ကြား တိုင်းသြိ ပည်သိ မင်းသမီြး ဖစ်တော့ ပိုပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းဘို့ လိုပါတယ်။
နှစ်ဘက် စလုံး အကောင်းဆုံး ဘယ်သူမှ မနစ်နာဘဲ အမှုကြီး မြန်မြန်ြ ပီးသွားပါစေလို့ ဆုေ တာင်းေ ပးပါတယ်။

written by moekay, July 14, 2010
နောက်ဆုံးတော့ ဒဏ်ငွေနဲြ့ ပီးသွားမှာ လူတိုင်းသြိ ပီးသား၊ြ မန်မာနိုင်ငံမှာ ပိုက်ဆံ ပေးရင် လူသတ်မှုလဲ လွတ်တာဘဲ။
ပိုက်ဆံ ပေးရင် အကုန်ရတယ်၊ (နိုင်ငံရေးအမှုက လွဲလို့ )
ပိုက်ဆံ ပေးရင် အကုန်ရတယ်၊ (နိုင်ငံရေးအမှုက လွဲလို့ )
written by ဝေဖန်ချင်သူ, July 14, 2010
လူတွေကလည်း အောင်မြင် ကျော်ကြား လာတာနဲ့ အမျှ....မာနကလည်ြး ကီးလာတယ်...
မေးခွန်းတွေကို ငြင်းခွင့် ရှိပါတယ်.. လူတိုင်း ကိုယ့် အခွင့်အရေးနဲ့  ကိုယ် ရှိကြပါတယ်... အဓိကတော့.. စိတ်လည်း နည်းနည်းေ လျာ့သင့်တယ် ထင်တယ်..
.အနုပညာသည် ဆိုတာကတော့ အများရဲ့ စိတ်ဝင်စားခြင်းကို သာမန်လူေ တွထက်ပို ပြီးခံရမယ်. .ဥပမာ. .ရာဇာနေ၀င်း နာမည် တော်တော်ြ ကီးတုန်းက ဆို ရင်
အော်.. သူ ဘာဝတ်လဲ .. ဆံပင် ပုံစံ ဘယ်လို ထားတယ်. .သူ့ ကို အာရုံ ထားပြီး နေကြတယ်.. .သာမန် လူတယောက် အိမ်ထောင်ဆက် ဘယ်လောက် များများ
သိပ် စိတ်ဝင်စားကြမယ် မထင်ဘူး.. အဲ ၁ ခုပဲ အနု ပညာရှင်သာ ဆိုရင်တော့ စိတ်ဝင်စားမှု က ပိုပြီး များမှာ ပေါ့နော်.. စာနယ်ဇင်း သမား ဆိုတာကလည်း..
လူအများ စိတ်ဝင်စား နေတာကို မေးမှာပဲလေ. ..ဒါပေမဲ့ မေးတိုင်းလည်း မဖြေချင်လည်း ရပါတယ်.. .တဘက်က ကြည့်ရင် . .ကိုယ်က အနုပညာရှင်လေ..
ကိုယ့်အကြောင်းကိုစိတ်ဝင်တစားနဲ့ ပရိသတ် ကိုယ်စား မေးနေတော့ မဖြေချင်လ ည်းငြင်း ပေါ့ (သို့ ) ကိုယ့် အပေါ် ပရိသတ်က.. သနား စိတ် ၀င်ပြီး
အချစ် ပိုလာအောင် လည်း ဖြေလို့  ရတဲ့ အခွင့်အ ရေးတွေ အများကြီးပါ... လူတိုင်းကတော့ ဘယ်သူ မဆိုပါ... ဘ၀ကို အစကနေ ခဏ ခဏ မစချင်ပါဘူး.
..ခုလို မြင် ခံရလို့ လဲစိတ်မကောင်း ပါဘူးပေါ့... အနုပညာရှင်တွေ ပိုပြီး စကား တတ်ပါတယ်... ဆရာလုပ်တာ မဟုတ်ပါဘူး... အမြင်လေးကို တင်ပြတာပါ.
.ဒါကြောင့် ရှေးလူကြီး ပြောခဲ့တဲ့ စကားက သိပ်မှန်တယ်နော်... ( ချစ်အောင်ပြောလည်း ဒီ ပါးစပ်ပဲ.. .မုန်းအောင် ပြောလည်း... ဒီပါးစ ပ်ပဲ ..) ဆိုတာလေ..

written by ပုည, July 14, 2010
သူတို့လူမှန်ကြောင်း အွန်လိုင်းကနေ မေးတွေအစောင်စောင် ပို့ပြီး ဝါဒ ဖြန့်တာကလည်း ရှိသေးတယ်
မထက်ထက် မိုးဦး ဘက်ကတော့ သူ မှန်ကြောင်း သက်သေပြဖို့ မေးတစ်ေ စာင်တောင် မပို့ဘူး
written by zaw, July 14, 2010
ထက်ထက်က သူ့ဘ၀ကို အေးအေး ချမ်းချမ်း ထည်ထောင်ချိန်မှာ. ...
တဖက်သူရဲ့ အိမ်ထောင်ရေး ပျက်ပြားစေမဲ့ မေးခွန်းမျိုး မမေးသင့်ဘူး ထင်ပါတယ်.....
တဖက်သူရဲ့ အိမ်ထောင်ရေး ပျက်ပြားစေမဲ့ မေးခွန်းမျိုး မမေးသင့်ဘူး ထင်ပါတယ်.....
written by Eddie, July 14, 2010
this is my favorite quote of the month ===> ၁၀၀၀ကျပ်...။ အဲဒီလိုသာ ပြီးကြေးဆို ကျုပ် ဗိုလ်သန်းရွှေကို ပါး အချက် ၁၀၀ ချပြီး ၁၀၀၀၀၀ ပေးလိုက်ချင်ပါဘိသနဲ့ ။
written by zanhtet, July 14, 2010
မကျေနပ်တိုင်း ပါးရိုက်လို့ ရတယ်ဆို ရပ်ကွက်ထဲက လူတွေ အကုန် လိုက် ရိုက်ပစ်မှာပေါ့
ငါ့မင်းသမီး အခွင့် ထူးခံ လူတန်းစား အာဏာရှိတဲ့ လူတွေနဲ့လည်း သိတယ် ဆိုပြီး
ငါ့လုပ်ချင်ရာ လုပ်မယ် ဆိုတာ ဒီမိုကရေစီ ပုံစံ မဟုတ်ပါဘူး ဒီမိုကရေစီ လိုချင်တယ် ဆို
ဘာလို့ အဲဒီလို မနေနိုင်ြ ကရတာလဲ
ငါ့မင်းသမီး အခွင့် ထူးခံ လူတန်းစား အာဏာရှိတဲ့ လူတွေနဲ့လည်း သိတယ် ဆိုပြီး
ငါ့လုပ်ချင်ရာ လုပ်မယ် ဆိုတာ ဒီမိုကရေစီ ပုံစံ မဟုတ်ပါဘူး ဒီမိုကရေစီ လိုချင်တယ် ဆို
ဘာလို့ အဲဒီလို မနေနိုင်ြ ကရတာလဲ
written by irrawaddy.user, July 14, 2010
နောက်ဆုံးေ တာ့လည်း ဖောရှောနဲ့ ပြီးသွားမှာ ပါပဲ...
ထက်ထက် နောက်မှာ ဘဘတွေ များကြီး ရှိတယ်လေ
ထက်ထက် နောက်မှာ ဘဘတွေ များကြီး ရှိတယ်လေ
written by Pann, July 14, 2010
Sometimes, some questions can easily hurt to the interviewees. But in this case, Htet Htet should control her mind and need to compromise.
What is the journalist's reasonable explanation on her question.
Anyhow, "the law" please be fair to both of them.
written by sm, July 14, 2010
ဒီပြသနာက နဲနဲ ကြာနေပြီ အနိုင်အရှုံးကိုတော့ ရေဘ၀ဲ အားနေတုံး မေးထားလိုက်ပါ
written by zaw13.mm, July 13, 2010
မင်းသမီးဆိုပြီး... အဲလောက်ထိ ဖြစ်တာတော့ ဘယ်ကောင်း မလဲနော်.. .....ပြည်သူကို ပညာပေးနေတဲ့ ပြည်သူရှေ့က
သရုပ်ဆောင်တွေ ဆိုတာ အပြော အဆို အနေ အထိုင်တော့ ဆင်ခြင် သင့်တာပေါ့.. ..အခုလို သူတပါးကို နာအောင် ကြင်အောင်
လုပ်တာတော့ ဘယ်လို ရှုထောင့်ကပဲ ကြည့်ကြည့် မကောင်း ပါဘူး... ဒါ အကြမ်း ဖက်တာပါ...
ဘယ်လို့ အပြစ်နဲပဲ ပြီးပြီး.. ဒီမင်းသမီး နောက်ဆိုရင် လက်ပါဖို့ ဝန်လေးမှာ မဟုတ်တော့ဘူး.. ရိုက်ချင် စိတ်တွေ
ပေါက်နေမှာပဲ.. ..ကြည့်သာ ရှောင်ကြပါ မြန်မာ ပြည်သူများ ..........

written by ကိုစိုင်း, July 13, 2010
ဘယ်နေရာမဆို "မေးသည်တဲ့ မေးခွန်းနင့် မမေးသင့်တဲ့ မေးခွန်း "ရှိတယ် ဆိုတာကို ကျွန်တော်ေ ထာက်ပြချင်တယ်။ သူတစ်ပါး စိတ်ဆင်းရဲ စိတ်ဒုက္ခြ ဖစ်နေချိန်မှာ အင်တာဗျူး မေးခွန်းကို အဓိကထား မေးသင့်ပါ တယ်လို့အကြံပြုပါရစေ။
Burmese ဆိုတဲ့ လူ တော်တော် ဒေါသ ကြီးနေတာဘဲ၊ တကယ်တော့ ရွှေမင်းသမီးလေးဟာ အာဏာရူးမှုးကြီးသန်း
ရွှ အပေါ်မှာ ရှိနေတဲ့ ဒေါသ တွေ ဟာ သူ့ အပေါ်မှာ သက်ရောက်သွားကြတာလေ
ဒါဟာ အမှန်တရား လို့ ကျနော် တော့ ထင်တယ်ဗျာ၊ အမြင, Low-rated comment [Show]
written by ayeaye, July 13, 2010
ထက်ထက်ဘက်က ငွေဒဏ်ေ ဆာင်၇မှာတောင်
တော်တော် လွန်နေပြီ မအေးသူစံကို ခြိမ်းခြော က်မှုူတဲ.
ထက်၂ဘက်က စော်ကားခံ၇တာပါ
တော်တော် လွန်နေပြီ မအေးသူစံကို ခြိမ်းခြော က်မှုူတဲ.
ထက်၂ဘက်က စော်ကားခံ၇တာပါ
written by phyo, July 13, 2010
(မမထက် နိုင်မယ် လို့ ယုံကြည် နေပါတယ်။ အမှု ဆိုတာက ......... ရှိယင် ဘာ ဂရုစိုက်ရမှာလဲနော်။
အချိန်တွေ ကုန်အောင် လုပ်နေကြပြ န်တယ်နော်) ......ဒါလေးကို ဖတ်လိုက် ရတော့ သဘောတော့ ကျမိသား ဒါမျိုးတွေ ကိုမြန်မာနိုင်ငံ မှာပဲ ရမှာပါ။ ပိုက်ဆံ ရှိတိုင်း သာ ရမယ် ဆိုရင် နိုင်ငံခြား က အဆိုတော်တွေ. သရုပ်ဆောင်တွေ
ဘယ်လို ထောင်ကျေ တာ့မှာလည်း။ မင်းသမီးဆိုတော့ ဘက်လိုက်ကျ မှာ လေ.. စာနယ်ဇင်းသမား မေးတဲ့မေးခွန်းကို
မကြိုက်ရင် ညင်းပိုင်ခွင့် ရှိတယ်ဒါ မှမဟုတ် သက်ဆိုင်ရာကို တိုင်ကြားသင့်တယ် ... ကိုယ်ထိ လက်ရောက် လုပ်တော့ သူများအမှား ကိုယ့်အမှာ ဖြစ်တာပေါ့။ မြန်မာလူမျိုး မတိုးတက်တာ မပြောနဲ့လေ အမှား အမှန်တောင် ဒီအသက် အရွယ်ရောက်လာပြီ မခွဲခြား တတ်သေးဘူး။

written by Hla Hla, July 13, 2010
သတင်းထောက် တစ်ယောက်ကို ကာကွယ်တဲ့ဥပဒေ မြန်မာပြည်မှာ အပြည့် အ၀ ရှိပါသလား
written by Mr blind, July 13, 2010
ငွေကြေးလည်းရှိ ထင်ပေါ် ကျော်ကြားလို့ ကိုယ့်ကိုယ်ကို ဘ၀င်မြင့် မာန်ထောင်ပြီးတော့ သူတစ်ပါးကို ကိုယ်ထိ လက်ရောက် စော်ကားတဲ့ မင်းသမီး၊ ထမင်းအိုးကွဲမယ့် အလုပ် နောက်ထပ် မလုပ်စေချင်။ မည်သူမဆို သူတစ်ပါး အပေါ် ကျူးလွန်တဲ့အလိုက် ပစ်ဒဏ်ြ ပန်ထိုက်စေ။ သို့ပေမယ့်ဗျာ ဗမာပြည် တရားရုံးကတော့ ပိုက်ဆံရှိ သြဇာရှိရင် တရားနိုင်ပဲ . . . . . ငွေကြေးလဲ မရှိ၊ စစ်တပ် (သို့) အာဏာပိုင် တစ်ခုခုေ ဆွမျိုးလဲမဟုတ်၊ သူတို့နဲ့လဲ ရင်းနီးမှုလဲ မရှိရင်တော့ အမှန် တရားက ဘာမှ မတတ်နိုင်။
Write comment
| < Prev | Next > |
|---|

တဖက်သူရဲ့ အိမ်ေ ထာင်ရေး ပျက်ပြားစေမဲ့ မေးခွန်းမျိုး မမေး သင့်ဘူး ထင်ပါတယ်.....