“ဒီကိစ္စတွေကို ကျနော်တို့ နိုင်ငံခြားရေး ဌာနက မသိပါဘူး။ ဒီလို ပြောဆိုဖို့ ရွေးကောက်ပွဲ ကော်မရှင်မှာသာ တာဝန် ရှိပါတယ်” ဟု ပြောကြောင်း AP သတင်းဌာနက ဖော်ပြသည်။အဆိုပါ အစည်းအဝေးသို့ တက်ရောက် လာသည့် နိုင်ငံခြားရေး ၀န်ကြီးများက စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် အားလုံးပါဝင်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန်လည်း မြန်မာကိုယ်စားလှယ် ဦးဉာဏ်ဝင်းကို တိုက်တွန်း ပြောဆိုကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ဆိုသည်။
“မြန်မာ နိုင်ငံခြားရေးဝန်ကြီးကို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အာဆီယံက စိုးရိမ်တဲ့အကြောင်း ၀ိုင်းပြောကြတာ နားငြီး လောက်တယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် မြန်မာရွေးကောက်ပွဲနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် ကောင်းကျိုးဆိုးကျိုးမှန်သမျှ အာဆီယံအဖွဲ့ကြီး အပေါ်တွင် ရိုက်ခတ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဖြစ်ပေါ်လာမည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လိုလားကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကို အာဆီယံ ဝန်ကြီးများက အသိပေး ပြောဆိုခဲ့သည်ဟု သိရသည်။
ထိုအစည်းအဝေး အပြီးတွင် နိုင်ငံခြားရေး ၀န်ကြီးများက စာပိုဒ်ရေ ၇၃ ပိုဒ် ပါဝင်သည့် ပူးတွဲကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။
သို့သော် ထိုစာပိုဒ်များတွင် မြန်မာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရေးသည် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တည်ငြိမ်တိုးတက်ရေးအတွက် အရေးကြီးသည်ဟု ရေးသား ထားသည့် စာပိုဒ်တပိုဒ်သာပါရှိပြီး မြန်မာ့နိုင်ငံရေးတွင် အရေးကြီးသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး စသည့်အချက်များ မပါဝင်ပေ။
အာဆီယံ အဖွဲ့ကြီးအနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသို့ စောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်ရန်လည်း မြန်မာ စစ်အစိုးရ ကို တောင်းဆိုခဲ့ကြောင်း သိရသည်။
စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဂျော့ရိုးကမူ လေ့လာသူများ စေလွှတ်ရေးနှင့် ပတ်သက်၍ မြန်မာအစိုးရအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးသွားမည်ဟု ပြောသည်။
“မြန်မာ့ ပြည်တွင်းရေး ဆိုပေမယ့် လေ့လာရေးအဖွဲ့ စေလွှတ်ရေးကို ကျနော်တို့ အတော်ကို ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်” ဟု ဂျော့ရိုး က ဆိုသည်။
နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက နေပြည်တော်ရှိ စစ်ခေါင်းဆောင်များကို ပြန်လည်တင်ပြပါလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောသည်။
သို့သော် ထိုသို့ တောင်းဆိုချက်များသည် တဦးချင်းအနေဖြင့်သာ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် မပါရှိပေ။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလာဂါဝါ က“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ မလေ့လာသေးဘဲနဲ့ ဆုံးဖြတ်ချက် မချချင်ဘူး၊ အဓိကကတော့ မြန်မာပြည်သူတွေ ဒီရွေးကောက်ပွဲ အပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာက အရေးကြီးတယ်”ဟု ဆိုသည်။
အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကျင်းပခဲ့ခြင်းဖြစ် သည်။
Set as favorite
Bookmark
Email this
Hits: 7097
Comments (13)

written by ကိုလားရှိုး, July 25, 2010
သတင်းမှာ သူ ပါပါလာရင် အော်ဂလီဆန်တယ် သူရယ်လို့ မဟုတ် သူတို့ တစ်ဖွဲ့လုံးပါပဲ။
written by Boe Daw, July 22, 2010
နာဂစ်မှာ သေလုမျောပါး ဖြစ်နေတဲ့ ပြည်သူတွေကို ကယ်ဖို့ ခွင့် မပြုတဲ့ လူစိတ်မရှိတဲ့ အဆိုးရကို မင်းတို့တွေနဲ့ အာစီယံက ကောင်တွေ အဖက် လုပ်ပြီး ဝေဖန် သတင်းရေး ဖိအားပေးနြေ ကသေးတယ်။ အဲဒီလို ပြောဖို့ တန်လို့လား။ အပြတ် မရှင်း လင်း နိုင်သေးသ ရွေ့ ကတော့ ဒီလိုပဲ ပြောစရာ တွေပဲ ဖြစ်နေမှာပဲ။
written by နိုင်အာ, July 22, 2010
ဟာသဘဲဟေ!
ဝန်ကြီး တယောက် လုပ်နေပြီး ဒီဟာတောင်မသိဘူး။
မှတ်ထာ: 10 10 2010, (၁၃၇၂ သီတင်းကျွှတ် လဆန်း၂ရက်ဟေ။)
မှတ်ထာ:










ဝန်ကြီး တယောက် လုပ်နေပြီး ဒီဟာတောင်မသိဘူး။
မှတ်ထာ: 10 10 2010, (၁၃၇၂ သီတင်းကျွှတ် လဆန်း၂ရက်ဟေ။)
မှတ်ထာ:










written by ကိုထူး, July 22, 2010
သိပ် ရိုးသားတဲ. ဝန်ကြီးပါ။ သူ မသိတာကို မသိဘူးလို. ပြောသွားတာပါ။ သူသိတာ က သူ.ကို ပြောခိုင်း လိုက်တာေ တွပြောပြီး ပြန်ဖို.ပါပဲ။ သူ အခုလို လိမ္မာ လို.လည်း ဒီလို ဝန်ကြီးဖြ စ်လာတာပေါ.။ နောက်ပြီး သိပ် သတ္တိ ရှိတဲ. လူ တစ်ယောက်ပါ။ နိုင်ငံတကာ က ဝန်ကြီး တြွေ ကားထဲမှာ ပြောခိုင်းတာ ကို သွားပြောရဲ တဲ.သတ္တိ၊ ဝန်ကြီး တစ်ယောက် လုပ်နေပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက် မရှိတာကို လူသိခံရဲ တဲ. သတ္တိ၊ "ရွေးကောက်ပွဲ ကျင်းပမည်.ရက် မသိသေးဟု ဦးဥာဏ်ဝင်းပြော" ဒီလို သတင်း ခေါင်းစဉ် တွေ တပ်ထားတဲ. သတင်းစာ တွေကို နိုင်ငံခြားရေး ဝန်ကြီး အဖြစ်နဲ. ပြန်ဖတ်ရဲ တဲ. သတ္တိ၊ အဲ. ဒီသတ္တိ တွေဟာ န.အ.ဖ. ဝန်ကြီးတွေမှာ မရှိ မဖြစ် လိုအ ပ်တဲ. သတ္တိတြွေ ဖစ်ပါတယ်။
written by ကိုကိုမြတ်, July 22, 2010
သူ့နာမည်ကို ဉာဏ်ဝင်း ဆိုတဲ့အစား ဉာဏ်ပျင်း(သို့)ဉာဏ်တုံး လို့ ပြောင်းသင့်ပြီ။ နိုင်ငံခြားရေး ဝန်ကြီး တယောက် လုပ်ပြီး ကိုယ့်နိုင်ငံ ဘယ်တော့ ရွေးကောက်ပွဲ လုပ်မယ် ဆိုတာတောင် မပြောနိုင်တာ ရှက်စရာေ ကာင်းလိုက်တာ။ ဘာေ မးမေး ဟိုဟာလဲ မသိ၊ ဒါလဲ မသိနဲ့ အစည်းဝေး သွားတက်တိုင်း လူပုံ အလယ်မှာ သောက်ရှက်ကွဲ။
ရှက်တတ်ရင် လဲသေဖို့ေ ကာင်းပြီ။
ရှက်တတ်ရင် လဲသေဖို့ေ ကာင်းပြီ။
written by Thazin Pyu, July 22, 2010
ထမင်း စားတတ်တဲ့ အီးအီး ပါတတ်တဲ့ စက်ရုပ်ဆိုတာ ဒါဘဲ။ သူတို့နဲ့ စက်ရုပ် မတူတာ ဒါဘဲရှိတာ။
written by naing, July 22, 2010
Don't know the myanmar people's wishes until now? Surprise! What block their eyes and ears?
written by စောတင်မောင် (ကြုံတိုင်းရွာသား လူပျိုသိုးကြီး), July 21, 2010
ဘာမှ မသိ၊ ဘာမှ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် မရှိတဲ့ ၀န်ကြီး။ တကယ်စ ဉ်းစားကြ ည့်တော့ သနားစ ရာပဲဗျို့။ ဒါပေမဲ့ ပြည်သူတွေကို တွင်းထဲ ဆွဲချေ နတော့ကာ ဒင်းလည်း အပြစ်ရှိတာပဲ။ မသိတာကို သိအောင် မလုပ်တဲ့ အပြစ်။ အမှန် တရားကို ဖုံးကွယ်ပြီး အမိုက်ဇာတ် သွင်းနေတဲ့ အကြံတူ ဥာဏ်တူ အပြစ်။ အ၀ီဇိကို ချိုဂုပ် နဲ့ တူတူ သွားကြပေါ့ဗျာ။
written by မျိုးလွင်, July 21, 2010
အစည်းဝေးသာ သွားတက်တယ် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဘာမှ ပြောရေး ဆိုခွင့် မရှိပါလား ရှက်စရာကောင်းလိုက်တာ ဦးဥာဏ်ဝင်းရယ် သူများနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ အစိုးရကိုယ်စား ပြောနိုင်ဖြေ ကြားနိုင်တယ်။
written by Mg Yarzar, July 21, 2010
ဟား ဟား ဟား လို့သာ အော်ရီ ရ မလြို ဖစ်နေပြီ။ နိုင်ငံခြားရေး ၀န်ကြီး လုပ်ပြီး ရွေးကောက်ပွဲ ဘယ်တော့လဲ မသိဘူးတဲ့။ သနားဖို့လဲေ ကာင်းပါတယ်။ သူ့ခမျာ နိုင်ငံတကာနဲ့ မျက်နှာပျက်ရသလိုဖြစ်နေပြီ။
၂၀၁၀ ရွေးကောက်ပွဲ ၂၀၁၀ ရွေးကော က်ပွဲနဲ့ အခုထိလဲ ဘယ်တော့မှန်း မသိ။ နှစ်ပဲ တစ်ဝက်ကျိုးလာပြီ၊ ဘာတွေ လုပ်နေကြတာ လဲဗျာလို့ အော်မေးရမလို ဖြစ်နေပြီ။ ကြည့်ရတာ ဒီဇင်ဘာလ ၃၂ ရက်နေ့ ထင်ပါရဲ့ ....
၂၀၁၀ ရွေးကောက်ပွဲ ၂၀၁၀ ရွေးကော က်ပွဲနဲ့ အခုထိလဲ ဘယ်တော့မှန်း မသိ။ နှစ်ပဲ တစ်ဝက်ကျိုးလာပြီ၊ ဘာတွေ လုပ်နေကြတာ လဲဗျာလို့ အော်မေးရမလို ဖြစ်နေပြီ။ ကြည့်ရတာ ဒီဇင်ဘာလ ၃၂ ရက်နေ့ ထင်ပါရဲ့ ....
Write comment
| < Prev | Next > |
|---|







