ရန်ကုန်ယူနိုက်တက် နှင့် ချင်းမိုင် FC ကန်မည်

ရန်ကုန်ယူနိုက်တက် အသင်းက ချင်းမိုင် FC ဘောလုံးအသင်းနှင့် ခြေစမ်းကစားရန် အတွက် အသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုး တေဇ ကိုယ်တိုင် ဦးစီး၍ အဲပုဂံ လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ယနေ့ရောက်ရှိ လာသည်။

ဦးပြည့်ဖြိုးတေဇက“အပန်းဖြေရင်းနဲ့ ချစ်ကြည်ရေး ကစားဖို့ ရောက်လာတာ၊ သန်ဘက်ခါကျတော့ ချင်းမိုင် အားကစားကွင်းမှာ ကစားမယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဦးပြည့်ဖြိုးတေဇ သည် ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်း ပိုင်ရှင် ဦးတေဇ ၏ သား ဖြစ်သည်။

united_fc_cmယခု ခရီးစဉ်တွင် အသင်းနည်းပြ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးမျိုးလှိုင်ဝင်းလည်း ပါဝင်သည်။

ဦးမျိုးလှိုင်ဝင်းက“ချင်းမိုင် FC ဘောလုံးအသင်းရဲ့ ခြေစွမ်း ဘယ်လိုရှိတယ်ဆိုတာကိုတော့ လေ့လာပြီးပြီ၊ ကစားအားတော့ သိပ်မရှိဘူး၊ ဘောလုံးကျွမ်းကျင်မှုတော့ ရှိတယ်”ဟု ဆိုသည်။

ရန်ကုန် ယူနိုက်တက် အသင်းတွင် စုစုပေါင်း ကစားသမားနှင့် နည်းပြ အပါအ၀င် လူ၄၀ ပါဝင်ပြီး မကြာသေးမီက ၀ယ်ယူခဲ့သည့် ဘရာဇီး လူမျိုးကစားသမား လီယိုနာဒို  အပြင် အသင်းခေါင်းဆောင် နိုင်ဂျီးရီးယားသား ဟန်ဆင်၊ မြန်မာ့ လက်ရွေးစင် ဂိုးသမား အောင်အောင်ဦး၊ မျိုးမင်းထွန်းတို့လည်း ပါဝင်သည်။

လူငယ်မျိုးဆက်သစ် ကစားသမား လွင်ကိုနိုင်မှာမူ လိုက်ပါလာခြင်းမရှိပေ။

ရန်ကုန်ယူနိုက်တက် ကစားသမားများသည် ခရီးစဉ်အတွင်း ချင်းမိုင်မြို့ ဒွိုင်ဆူထေ့ တောင်ပေါ်ရှိ ဘုရားနှင့် Night Safari သို့လည်း သွားရောက် လည်ပတ်မည်ဟု သိရသည်။

ချင်းမိုင် FC ဘောလုံးအသင်းနှင့် လာမည့် ဇူလိုင်လ ၂၄ ရက် စနေနေ့တွင် ချင်းမိုင် နှစ် ၇၀၀ ပြည့် အားကစားကွင်းတွင် ညနေ ၃ နာရီတွင် ကစားမည်ဟု သိရသည်။

မြန်မာဘောလုံးအသင်း တသင်းအနေဖြင့် ယင်း ချင်းမိုင်မြို့ အားကစားကွင်းကို ဒုတိယအကြိမ်လာရောက်ကစားခြင်းဖြစ်ပြီး နည်းပြ ဦးမျိုးလှိုင်ဝင်း အနေဖြင့်လည်း ဒုတိယအကြိမ် ခြေချခြင်းဖြစ်သည်။

၁၉၉၅ ခုနှစ် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ယင်းနှစ် ၇၀၀ ပြည့် ကွင်းတွင် ကျင်းပရာ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ကြည်လွင် စသည့် နာမည်ကြီး ဘောလုံးသမားများ ပါဝင်သည့် မြန်မာ့လက်ရွေးစင်အသင်း ဆီးမီးဖိုင်နယ်တွင် ဗီယက်နမ်အသင်း ကို ရှုံးပြီး ထွက်ခဲ့ရသည်။
Comments (6)Add Comment
0
ကောင်မလေးပဲ စိတ်ဝင်စားတယ်
written by အုပ်စိုး, July 23, 2010
ဘောလုံး သမားတွေကို စိတ် မဝင်စားဘူး။ ရှေ့က ကောင်မလေး ဘယ်သူလဲ ဆိုတာ သိပါရစေ။
0
ခွဲမြင်ကြစေချင်...
written by ဘလူး, July 23, 2010
စစ်အစိုးရ ရဲ့ မတရား ခရီးစဉ်၊ လူ့အခွင့်ရေး ချိုးဖောက်မှု၊ အာဏာ တည်မြဲရေး လုပ်ရပ် များ မဟုတ်သဖြင့် သပိတ် မှောက်ရန် မလိုပါ...
0
ဘယ်နားတုံး
written by အ၀မ်, July 23, 2010
ချင်းမိုင် နှစ် 700 ပြည့်ကွင်းက ဘယ်နားမှာလဲမှမသိတာကို။
ခုလောက်ဆို ဦးရုက္ခစိုး လည်း ပူဇော် ထားတဲ့မုန့် တွေ ထိုင်စား နေလောက်ပီ ထင်တယ်
0
...
written by ဖိုးခွား, July 23, 2010
"ရန်ကုန် ယူနိုက်တက် ကစား သမားများသည် ခရီးစဉ် အတွင်း ချင်းမိုင်မြို့ ဒွိုင်ဆူထေ့ တောင်ပေါ်ရှိ ဘုရားနှင့် Night Safari သို့လည်း သွားရောက် လည်ပတ်မည်ဟု သိရသည်။" ..... တဲ့ .. ... ပြီးရင် ဦးရုက္ခစိုးကို သွားရောက် ဂါဝရမပြုတော့ဘူးလား မသိဘူး။ ဟတ် ...... smilies/grin.gif
0
...
written by BABA, July 22, 2010
ကဲ ချင်းမိုင် အခြေစိုက် ခံတိုက် တဲ့သူတွေ ... ရန်ကုန် အက်ဖ်စီကို ဘွိုင်းကောက်ဋီကာ ဖွင့်လိုက်ကြပေါ့ဗျာ...
0
...
written by hahhah, July 22, 2010
ဦးရုက္ခစိုးရေ သတိသာ ထားsmilies/grin.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်