ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်

ကျနော် စစ်တပ်ထဲ စဝင်တုန်းက အသက် ၁၆ နှစ်ပြည့်ပြီးလို့ ၁၇ နှစ်ထဲမှာ၊ စစ်ကြီးဖြစ်တော့ အထက်တန်း ရောက်နေပြီ။ အမျိုးသား အထက်တန်း ကျောင်းက အထက်တန်း ကျောင်းသားပေါ့။

အမျိုးသားကျောင်းက ဆိုတော့လည်း အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်နေတာပဲ။ ဆရာကြီးတွေ ကိုယ်တိုင်ကလည်း အမျိုးသားရေးစိတ်ဓာတ်နဲ့ လခ မယူဘဲ သင်ကြားပေးကြတဲ့ ဆရာကြီးတွေ ဆိုတော့ ဒီကျောင်းသားတွေကို စေတနာ သက်သက်နဲ့ မျိုးချစ်စိတ် ထက်သန်အောင်သင်ပေးတယ်။ ပြီးတော့ တိုင်းပြည်ကလည်း ကျွန်ဘဝကနေ လွတ်မြောက် ရမယ် ဆိုတာတွေက ငယ်ငယ်တည်းက ကျနော်တို့ ခေါင်းထဲမှာ သိပ်ပြီးတော့မှ ဝင်နေကြတာပေါ့ဗျာ။

U-Tin-Oo-sm
သူရ ဦးတင်ဦးသည် မြန်မာ့တပ်မတော်ထဲတွင် အနှစ် ၃၀ ခန့် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ဗမာ့ရိုင်ဖယ် တပ်ရင်းတွင် ဒုဗိုလ်အဖြစ် စတင်အမှုထမ်းခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေါင်းဆောင် ဦးနေဝင်း လက်ထက် ၁၉၇၆ ခုနှစ်တွင် ဦးတင်ဦးကို ဗိုလ်ချုပ်ကြီးအဖြစ်မှ တာဝန်ရပ်စဲ အငြိမ်းစားပေးခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သည်။ ယခုအခါ ၈၃ နှစ်အရွယ်ရှိပြီဖြစ်သော ဦးတင်ဦးသည် ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်းအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ် ၇ နှစ် နီးပါး ကျခံခဲ့ရသူဖြစ်သည်။ (ဓာတ်ပုံ - life.com)
စစ်တပ်ထဲ ရောက်တော့ ဗိုလ်ချုပ် အောင်ဆန်းတို့က လွတ်လပ်ရေး အတွက် ဦးဆောင်ပြီး လုပ်တယ်၊ ကျနော်တို့ တွေလည်း လွတ်လပ်ရေး အတွက် လုပ်နေတယ် ဆိုတော့ ပျော်တာပေါ့ဗျ။ အဲဒီချိန်မှာ ဘယ်လိုဟာမျိုး တွေ့တွေ့ ရင်ဆိုင်မယ် ဆိုတဲ့ စွန့်စားချင်တဲ့ စိတ်ဓာတ်မျိုးလည်း ရှိတယ်၊ ဒါပေမယ့် စစ်အတော အတွင်းဆိုတော့ အစစအရာရာ ရှားပါးတာပေါ့။

ကျနော်တို့ရှိတဲ့ စစ်တပ်ထဲမှာလည်း ရှားပါးတာပဲ၊ စားရသောက်ရတာ ငတ်တာပဲ၊ ငတ်တယ်ဆိုပေမယ့် ဆန်တော့ ရှိတာ ပေါ့ဗျာ။ ငါးပိ၊ ငါးခြောက်၊ ဆားတွေလည်း ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် ကျန်တဲ့ ဆေးနဲ့ ပတ်သက်တာတွေ ကတော့ အင်မတန် ဆင်းရဲတာပေါ့။ ဖိနပ်တွေ၊ ဦးထုပ်တွေကအစ ဆင်းရဲတာ။

သို့သော်လည်းပဲ ကျနော်တို့ကတော့ ဒီ လွတ်လပ်ရေးကို အောင်မြင်အောင် လုပ်မယ်၊ ကျနော်တို့ လူငယ်တွေကို ပြည်သူ ပြည်သားတွေက အားကိုးတကြီး ဖြစ်နေတော့ ပျော်တာပေါ့။ အရင်ကတည်းက စစ်တပ်ထဲမှာ ဘာခံစားခွင့်ရမယ်၊ ဘာ ရမယ်၊ ညာရမယ် ဆိုတာကို လုံးဝစိတ်ကူးပြီး လာကြတာ မဟုတ်ဘဲနဲ့ စစ်သင်တန်းကိုတက်ခဲ့တာ။ ပင်ပန်းသော်ငြား လည်း ဒီလိုလုပ်နေရတာကို ဂုဏ်ယူတယ်ပေါ့ဗျာ။ လွတ်လပ်ရေးအတွက် လုပ်နေတာ၊ စစ်တိုက်ဖို့အတွက် တပ်ထဲ ဝင်တာ ဆိုတော့ ဂုဏ်ယူတာပေါ့။

အဲဒီခေတ်တုန်းကတော့ ဂျပန်ခေတ် စစ်တက္ကသိုလ်ဖွင့်တယ်၊ ဒါပေမယ့် ခုခေတ်လိုတော့ သိပ်ပြီး ပြည့်ပြည့်စုံစုံကြီး မဟုတ်ဘူး ပေါ့ဗျာ၊ ကျောင်းသားတွေအနေနဲ့ ဂျပန်စာကို ဦးစားပေးသင်ရတယ်။ နောက် စစ်ပညာနဲ့ ပတ်သက်လို့လည်း ကောင်းကောင်းသင်ရတယ်။ နောက်ပြီးတော့ သမိုင်းတို့၊ ပထဝီတို့ စသည်ဖြင့်ပေါ့။ ခေတ်ပညာကိုတော့ ဂျပန်တွေက ပို့ချတာပေါ့။

လေ့ကျင့်ခန်းလည်း ဆင်းရတယ်၊ စာလည်း ကျက်ရတာပေါ့။ စာကျက်ရတာကတော့ အခုခေတ်လို အကန့်အသတ်နဲ့ အများကြီး ကျက်ရတာမျိုးတော့ မဟုတ်ဘူး။ အစားအသောက်ကတော့ သိပ်ဆင်းရဲတယ်၊ ဆန်ဆိုရင် ဆန်လုံးတီးပေါ့။ မနက်ကို ဆန်ပြုတ်ကလေး တခွက်၊ နေ့ခင်းကျတော့ ထမင်း တပန်းကန်နဲ့ ဟင်းက ကန်စွန်းရွက်ပြုတ်၊ နောက် ပဲပင်ပေါက် ပြုတ်၊ ချဉ်ပေါင်ရွက်ပြုတ်၊ ခဝဲသီးပြုတ်၊ ဘူးသီးပြုတ်၊ အပြုတ်တွေချည်းပဲ၊ ဆီလေး ဘာလေး နည်းနည်းပါးပါး ပါတယ်။ ပါတယ် ဆိုတာလည်း ဟန်လေးပဲ ပါတာပါ။ အဲဒီလိုပဲ တောက်လျှောက်နေခဲ့ရတယ်။ ဒါပေမယ့်လည်း အဲဒါကို ပျော်တယ် ဗျာ။

ဘာဖြစ်လို့လဲဆိုတော့၊ ဒါဟာ လွတ်လပ်ရေးအတွက် လုပ်တာပဲ ဆိုပြီး ပျော်တာပေါ့။ နောက်ပြီးတော့ ကျနော်တို့ ခေါင်းထဲမှာလည်း ဘာရရမယ်၊ ညာရရမယ် စိတ်ကူးကလည်း မရှိဘူး။ ဗိုလ်ချုပ် အောင်ဆန်းတို့ ခေါင်းဆောင်ပြီး ဟောတဲ့ တရားကလည်း ပင်ပန်းမယ့်တရား၊ ကြမ်းတမ်းတဲ့ တရား၊ လူစဉ်မမီ ဖြစ်နိုင်တဲ့ တရား၊ သေနိုင်တဲ့ တရား၊ တိုက်ပွဲကျနိုင်တဲ့ တရား၊ အဲဒီဟာတွေကလွဲလို့ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူးလို့  ဒီလိုတွေ ပြောသော်ငြားလည်း တို့ဆီ လွတ်လပ်ရေး ရမှာမို့လို့ ပျော်တယ်၊ ဒါပဲ။

စစ်ထဲဝင်မယ်ဆိုတော့ ကျနော့်အမေ ကျနော့်ကို ဘူတာရုံကို လိုက်ပို့တယ်ပေါ့ဗျာ။ ပုသိမ်မှာပေါ့၊ ပုသိမ် ဘူတာရုံကို လိုက်ပို့တယ်။ နောက် အမေ့ကို ကျနော် ကန်တော့တယ်ဗျာ။ ကန်တော့ပြီးတော့ ကျနော် မျက်ရည်ကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေနဲ့ တခါမှ မခွဲဖူးဘူးကိုးဗျ။ ဒါပေမယ့် ကျနော့်အမေက မျက်ရည် မကျဘူးဗျ။ အဲဒီမှာ အမေက မေးတယ် ဘာလို့ မျက်ရည်ကျတာလဲတဲ့။ သေရင်မြေကြီး ရှင်ရင် ရွှေထီး၊ နောက် စစ်တိုက်ရမှာ ကြောက်ရင် ပြန်မလာနဲ့၊ ပြန်လာရင် အမေရှက်တယ်တဲ့။

ဒါပဲ သူပြောတာ၊ အဲဒီစကားပဲ ကောင်းကောင်းမှတ်မိသေးတယ်။ တပ်ထဲက အဖြစ်အပျက်တွေကတော့ တပုံတခေါင်း ကြီးပဲ။ လေ့ကျင့်ခန်း ဆင်းတုန်းကလည်း ကြုံဖူးတာပဲ၊ တိုက်ပွဲ ဖြစ်တုန်းကလည်း ကြုံဖူးတာပဲ၊ ပြင်းပြင်းထန်ထန် တိုက်တုန်းကလည်း ကြုံဖူးတာပဲ။ နိုင်ငံခြားတပ်တွေ၊ ကေအန်ယူ တွေနဲ့ တိုက်တုန်းကလည်း ကြုံရတယ်။ နတ်မြစ်ဝ ပေါ်မှာ တခါတည်း ကျနော်တို့က သူတို့ ကျူးကျော်နယ်ကို ပြန်တိုက်ပြီး သိမ်းရတာတွေလည်း လုပ်ခဲ့ရတာပဲ၊ အများကြီးပဲဗျာ။

အရင်က တပ်မတော်ဆိုတာနဲ့ အခုခေတ် တပ်မတော်ဆိုတာက တော်တော်ကြီးကို ကွာသွားပြီဗျ၊ တွေးတာ ခေါ်တာ လုပ်တာ ကိုင်တာကအစ ကွာသွားပြီ။ ကျနော် တပ်ရင်းမှူး ဘဝတုန်းကဆို မိုးကုတ်မှာ တာဝန်ထမ်းဆောင်ဖူးတယ်။ မိုးကုတ် ဧရိယာမှာ သောင်းကျန်းသူတွေ ဆက်ကြေးမယူနိုင်အောင်ပေါ့။ မိုးကုတ်က ချမ်းသာတယ် မဟုတ်လား။ အဲဒီက ဆက်ကြေးရရင် သိပ်တောင့်သွားမှာဆိုတော့ ကျနော်တို့ ကာကွယ်ရမယ့် တာဝန်ထမ်းဆောင်ရတယ်။ အဲဒီအချိန်မှာ တပ်သားအားလုံးက အဲဒီက ကျောက်စိမ်း၊ ပတ္တမြား ကိစ္စနဲ့ ပတ်သက်တာတွေ ဘာမှ စိတ်ဝင်စားမှု မရှိဘူးလို့ ကျနော်တို့ မြင်တာပဲ။ ကျောက်တွေနဲ့ ပတ်သက်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာလည်း တခုမှ စိတ်မဝင်စားဘူး။ လိုလည်း မလိုချင်ဘူး၊ လိုချင်တဲ့စိတ်လည်း မရှိဘူး။

ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ပြည့်စုံတယ်ဗျ။ ရိက္ခာတို့၊ ဘာတို့၊ ညာတို့ ထောက်ပံ့မှု စသည်ဖြင့်ပေါ့ဗျာ။ အဲဒီ အခါကတော့ တပ်ရင်းမှူးလောက် ဖြစ်ပြီဆိုရင် လိုလေသေးမရှိဘူး၊ ပြည့်စုံတဲ့အခါကျတော့ ဒါတွေနဲ့ ပတ်သက်ပြီး ခေါင်းထဲမဝင်ဘူး။ တိုတိုပြောရရင်တော့ဗျာ၊ ကိုယ့်အတွက် လုပ်ဖို့ဆိုတာကို ခေါင်းထဲမှာမရှိဘူး။ အဲဒါ ကိုယ့်အတွက် လုပ်ရမှာ ရှက်တယ်၊ အဲဒီလို ဖြစ်တာပဲ။

နောက်ထပ် ဥပမာပေါ့ဗျာ။ ပြောင်းဖူးခူးစားတာတို့၊ ဟင်းရွက်ခူးစားတာတို့ဆိုရင် ကျနော်တို့က အဲဒီပြောင်းဖူး ချိုးစားတဲ့၊ ဟင်းရွက်ခူးစားတဲ့ ကောင်တွေကို အဲဒီမှာ သူတို့စားတဲ့ ပြောင်းဖူးတို့ ဟင်းရွက်တို့ရဲ့ တန်ဖိုး ပြန်ပေး၊ တပြားမှ မတန်ရင်တောင် ပြန်ပေးရမယ်။ ကုန်ကုန်ပြောမယ်ဗျာ။ သိပ်ပြီးမှ ဆာလွန်းအားကြီးလို့ ကြက်ကို ရိုက်သတ် ချက်စားတာတောင် အဲဒီပိုင်ရှင်ဆီကို ကြက်ရဲ့တန်ဖိုး ကြေကြေလည်လည် ကျေနပ်တဲ့အထိ ပေးခိုင်းတယ်ဗျ။  သူမပေးနိုင်လို့ရှိရင်တောင် သူ့မှာပါတဲ့ လက်စွပ်တို့၊ ဆွဲကြိုးတို့ ပါတာပေးခဲ့။ ဒီလိုမျိုး အမိန့် ပေးပြီးတော့ လူထုကို နစ်နာအောင် မလုပ်ခဲ့တဲ့ဟာမျိုး များတယ်ဗျ။ ပြည်သူလူထုဆီက ယူဖို့ဆိုတာ ဝေးရော။

တပ်မတော်မှာ ပါတဲ့သူအားလုံး စစ်သားကအစ ဟို ဗိုလ်ချုပ်ကြီးအထိ သူ့ရဲ့ ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ သင်ထားတာကို တကယ့် သူရဲကောင်း တယောက်အနေနဲ့ ပြည်သူပြည်သားရဲ့အသက် အိုးအိမ် စည်းစိမ်တွေကို ရိုးရိုးသားသား ကာကွယ်ပြီးတော့ ပြည်သူသည်အမိ၊ ပြည်သူသည်အဘ၊ ဆိုတဲ့ဟာမျိုးနဲ့ ကျစ်ကျစ်လျစ်လျစ် သိပ်သိပ်သည်းသည်း နေပြီး တော့ ပြည်သူတွေ အားလုံးချစ်တဲ့၊ တနည်းအားဖြင့်ဆိုရင် ပြည်သူတွေအားလုံး ကြိုက်တဲ့၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်မျိုးကို ပြန်လိုချင်တယ်။

ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကို ဘာကိုမှလုပ်ပေးစရာမရှိဘူး။ တခုတော့ရှိတယ်၊ ရွေးကောက်ပွဲတို့၊ ဘာတို့ ကျလို့ရှိရင်တော့ ကိုယ်ကြိုက်တဲ့သူကို လျှို့ဝှက် မဲပေးတာ ပေးလိုက်၊ ရတယ်။ ဒါပေမယ့် ကိုယ်က အသုံးချပြီးတော့၊ အသုံးချခံပြီးတော့ ကိုယ်ကျိုးအတွက် လုပ်တာမျိုးကတော့ မလိုလားအပ်ဘူး။

ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တုန်းကတော့ ရွှေထီး ဆောင်းရတဲ့ သဘောပေါ့ဗျာ။ အစစ အရာရာ လစာနဲ့ ထောက်ပံ့မှုတွေက ကျနော်တို့အတွက် ပြည့်စုံ နေတဲ့အတွက် ဘာမှ မပူရဘူး။ အေးချမ်းတာပေါ့လေ။ အခု အရပ်သားဘဝ ရောက်တော့ ပြည်သူလူထုရဲ့မေတ္တာ ခိုလှုံရတာပေါ့။ အေးချမ်းတယ်လို့မှတ်တယ်။ ကျနော်က အဲဒါလေးပဲ။ ပြည်သူသည် ဆင်းရဲရင် ဆင်းရဲခြင်း၊ ချမ်းသာရင် ချမ်းသာခြင်း၊ ငါတတ်နိုင်တဲ့ဘက်ကလုပ်ပေးမယ်။ အဲဒါပဲ။

အခု ကာကွယ်ရေးဦးစီးချုပ်ကို ကျနော် ပြောချင်တာ သွားပြောလိုက်ရင် သူစိတ်ဆိုးမှာပေါ့ဗျာ။ သူတို့က ကျနော့်ရဲ့ အောက်က တာဝန်ထမ်းဆောင်ခဲ့တာ ဆိုတဲ့ဟာကိုတော့ ကျနော်မပြောပါဘူး။ ကျနော့်စိတ်ထဲမှာ သူတို့က တချိန်တုန်းက ကျနော့်လုပ်ငန်းကို အောင်မြင်အောင် ဝိုင်းဝန်းကူညီပေးတဲ့ လုပ်ဖော်ကိုင်ဖက် တွေလို့ပဲ မှတ်ပါတယ်။ အဲဒီလို စိတ်ထားနဲ့ပဲ ဆက်ဆံချင်တာပါ။

ကာကွယ်ရေး ဦးစီးချုပ်ကို ပြည်သူတွေက ချမှတ်ပေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ကျနော်ရိုသေလေးစားတဲ့ ဗိုလ်ချုပ် ကျော်ဇော တို့လိုမျိုး တပ်မှူးကောင်းတွေ ဖြစ်စေချင်တာပါပဲ။
Comments (23)Add Comment
0
အငတ်တေ
written by Mmt, February 06, 2011
အငတ် တပ်မတော်။
0
For Iron Fist, Only Iron Man
written by hlagyi, September 01, 2010
As being a family members of army, I really know what the things are going around. My father was a former officer of TATMADAW. He is a great man and win a 1st grade of independent history. He always remind us about what he can do or give to country. But I am proud of it. And never ask the country to favour for what he does. Thats why I am still working in oversea. Now aday, everyone in this so call tatmadaw taking every chance they are entitle to. They have no mercy for country. And they should be punished.
0
with love
written by aungnaingthu, September 01, 2010
Mt father was retired Lt.col from Army.He had been served in the Army for 30 years.Now he is still working as Adviser.He used to tell me that ...
Thura U Tin Oo is the best one in the all of Chief Army Staff, and all soldiers love him much.
When he was Chief of Army staff he can eat like normal soldier whatever he go visit to Military camp.
0
ပြည်သူကြောက်တဲ့ တပ်မတော်
written by လှလေးစိန်, August 31, 2010
လစာ မည်မျှပင် တိုးနေပါစေ တပ်တွင်း စားဝတ်နေရေး အဆင် မပြေကြပါ၊ အထက် အရာရှိများ အတွက်တော့ ဖုန်း၊ မြေကွက်၊ နေရာကောင်း နှင့် ကျန်းမာရေး မကောင်း၍ အရပ်ဖက်သို့ ပြောင်းရွှေ့ ခဲ့လျှင်လည်း ခရိုင်မှူး အဆင့်၊ မြို့နယ်မှူး အဆင့်များ၊ အထူး အရာရှိများ အဆင့် သို့သာ တိုက်ရိုက်ခန့် ထားခြင်းသာ တွေ့ရှိ ရပြီး အောက်ခြေ အဆင့် တပ်မတော်များကိုတော့ အသက်(၆၀) ပြည့်လျှင်တော့ စစ်တပ်တွင်
ဆက်လက် တာဝန်ထမ်း ဆောင်ခြင်း မပြုတော့ဘဲ နွားမောင်း သလို အတင်း မောင်းထုတ်နေခြင်းကို ဗိုလ်ချုပ်ကြီးများ မသိချင် ယောင်ဆောင်နေခြင်းများပေလား၊

အလားတူ တပ်မတော်ထဲတွင် စစ်သက် မပြည့်ဘဲ ထွက်ချင် သူများကိုတော့ တပ်ရင်း မှူးများက “မင်းတို့ တပ်က ထွက်ချင်ရအောင် အိုးပိုင် အိမ်ပိုင် ရှိပြီလား၊ ငွေ ဘယ်လောက် စုမိပြီလဲ၊ ရပ်ကွက်မှ အထောက် အထား၊ ဘဏ်မှ အထောက် အထား နဲ့ လာတင်ပြမှ ထွက်ခွင့် ပေးမယ်လို့”” ပြော ဆို ကြိမ်းမောင်းပြီး အသက် (၆၀) ပြည့်သော
စစ်အိုကြီးများ ကိုတော့ ယခုလို ဘာကြောင့် မမေးကြတာလဲ ဆိုတာ ယနေ့စစ်ဗို လ်ချုပ်ကြီးများ စဉ်းစာြး ကည့်ဘို့ ကောင်းပါတယ်၊

စစ်တပ်မှ ထွက်လာကြသော စစ်ထွက်များအဘို့ နေစရာအိမ် မရှိ ၊ လုပ်စားစရာ ဆိုလို့ အသက် အရွယ်
ကြောင့် ညစောင့်လေး နဲ့ ရပ်ကွက် ရုံးများတွင် မီးကင်းကြေး လိုက်ကောက်ရသော ဘ၀များကိုသာ ပိုင်ဆိုင်ရပါသည်။


တပ်မတော်သည် တစ်သွေး တစ်မိန့် တစ်သံတည်း ဆိုပေမယ့် ခံစားခွင့် များမှာတော့ ညီတူညီမျှ မရှိတာကိုယနေ့ တပ်မတော်သားများ အားလုံး ခံစားနေကြရပါတယ်၊ ဒါတွေကို လစ်လျူရှုထားဘို့မ ကောင်းပါ..

ဘဘဦးတင်ဦးတို့ခေတ်က စစ်သားများကို ဆိုလျှင်မြင်တွေ့တာ ကြ က်သီးများ ထလောက်အောင် ပြည်သူတွေက ချစ်ကြေ လးစား ကြပါတယ်၊ ယနေ့ စစ်သားများကတော့ လူမလေး ခွေးမခန့်ဆိုသလို အသက် မပြည့် အရပ်မမှီ ကလေး ကစားသလို တပ်မတော်ကြီးကို ဗိုလ်ချုပ်အောင်ဆ န်းသာ သက်ရှိ ထင်ရှား ရှိနေမည် ဆိုပ်ါက ယနေ့အာဏာ ရူး ကြီးကို “ဟေ့ကောင်သန်းရွှေ ငါ ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ဟာ ဒီ ပုံစံ မဟုတ်ဘူး ကွ ဆိုပြီး ” ပါးရိုက် မလားဘဲ ဗျို့....
0
ယနေ့ စစ်သားများရဲ့ ဘဝ
written by စစ်မှု့ထမ်းဟောင်း, August 29, 2010

ယနေ့ တပ်မတော်သား၊ အရာရှိ အရာခံနှင့် အကြပ် တပ်သား အားလုံးဟာ တပ်မတော်မှာ လုပ်သက် (၅) နှစ်လောက် ရပြီ
ဆိုရင်တ ပ်တွင်း ဖိနှပ် ချုပ်ချယ် ကွဲပြားခြားနားမှုတွေကြောင့် မည်သူမှ ဆက်လက် တာဝန် ထမ်းလိုစိတ် မရှိကြ
တော့ပါ..၊ သို့သော် စစ်သား စုဆောင်းရေးက တပ်မတော်ထဲသို့ဝ င်ဝင်ခြင်း စာချုပ်တွင် မပျော်ငါးနှစ်၊ ပျော်ငါးနှစ် ဟု ဆိုပြီး
လက်မှတ် ရေးထိုး ခဲ့ရသော်လည်း အမှန်တစ်ကယ် မိခင် တပ်ရင်း တပ်ဖွဲ့သို့ ရောက်ရှိ တာဝန် ထမ်းဆောင်ပြီး စစ်တပ်၏
သဘောထား များကို သိခဲ့ရတော့မှ တပ်မတော်မှ ထွက်ခွင့် တောင်းကြသော စစ်သည်များကို ထွက်ခွင့် မပြုသည်မှာ အင်
မတန် ရှက်ဘို့ ကောင်းပါသည်၊ ထွက်ခွင့် လိုချင်ပါက တပ်သားသစ် (၂)ယောက် ရှာဖွေ အပ်နှံပေးရမည် ဟု အထက်က ညွန်
ကြားချက် များကြောင့် ရှာဖွေပေး ခဲ့သော်လည်း ထွက်ခွင့် မပေးဘဲ ဝေးလံသော အခြား တပ်များသို့ပြောင်းရွှေ့ ပစ်လိုက်ကြ
ပါသည်၊ ဒါကြောင့် တ ပ်မတော်သားများ အနေဖြင့် မိသားစု စားဝတ်နေရေး၊ စီးပွားရေးများကြပ်တည်း မှုများဖြ စ်ကြတယ်၊
အကယ်၍သာ ထွက်ခွင့် ရမည် ဆိုပါက ယနေ့တ ပ်မတော်ထဲတွင် တစ်ဦး တစ်ယောက်မျှ ကျန်မည် မဟုတ်တော့ပါ....။
အာဏာရူး စစ်ဗိုလ် အုပ်စုများသာ ကျန်ရှိပြီး အခွင့်ထူးခံ အပေါ်ဖား အောက်ဖိစ စ်ဗိုလ်ေ ပါက်စများသာ ကျန်ပါတော့မည်။
စစ်သားသည် စစ်သားအလုပ် လုပ်မှသာ ပြည်သူက မေတ္တာ ထားနိုင်ပါမည်၊ နေရာတကာ စစ်တပ်က ဟိုစပ်စပ် ဒီစပ်စပ်
သူသိ သူတတ်၊ တတ်ယောင်ကား ဆက်လုပ်နေလျှင်တော့ ပြည်သူ ချစ်တဲ့ ပြည်သူ့စစ်သား ဖြစ်မလာနိုင်ပါ
0
စစ်သားကောင်းစိတ်ဓါတ်ဟာ ဝေဖန်ရေးနဲ့ လေကန်တာ မပါဘူး။
written by kzaw lwin, August 24, 2010
စစ်သားကောင်း စစ်စစ် ဖြစ်ပါစေ၊ ပြည်သူက လက်ခံနိုင်တဲ့ အဆင့်တော့ ရောက်လာမှာပါ။
ဝေဖန် လေကန်ပြီး အာရိုက်ေ နတာ တိုင်းပြည်ကောင်းအောင် မဖြစ်နိုင်ပါဘူး
0
ကိုယ်တွေ့စစ်တပ် ယခင်နှင့်ယခု
written by Thazin Pyu, August 17, 2010
ဟိုတုန်းကစစ်တပ် ကျွန်တော်တို့ရွာထဲ
0
with the full respect to General Thura U Tin Oo
written by aung win , August 17, 2010
Firstly I would like to give full respect to Geneal U Tin Oo. I would like to call him Ba Ba..I appreciate the life and the responsibility of a soldier. I appreciate the Ba Ba's performance and ability. Nowadays it is very rare to find a soldier like Ba Ba. I have been supporting the NLD which is the only door to open the way of democracy. I really appraised the dedication and commitment of the people who have been sacrificing in NLD. They sacrificed their families, lives, happiness, tears and everything they have for Democracy.
0
အရာရှိ မဟုတ်သော စစ်သားဘဝ
written by chitligthpar2010, August 15, 2010
အရာရှိ မဟုတ်တဲ့ စစ်သားတွေရဲ့ ဘ၀ တကယ့်ကို တရားဝင် ကျွန်တွေပါဗျာ၊ ဇနီး၊ သားသမီးပါ အဆစ် ပါသေးတယ်ဗျာ၊ သိပ်ကို ရင်နာဖို့ေ ကာင်းပါတယ်၊ တပ်ကနေလဲ ထွက်ချင်တိုင်း ထွက်လို့ မရနဲ့
0
...
written by George Than Setkyar Heine, August 14, 2010
I salute Gen. Thura Tin Oo for his integrity and courage shown until today.
No doubt he has risked his life for his country and people as a soldier.
He served well and with distinction in the armed forces of Burma.
Yes, he was the youngest general in the Burma Army, if I am not mistaken, given the post of Chief of Staff and deservedly also and was loyal to his superiors and the country no doubt.
His loyalty to Ne Win served the old despot to live past 90 years and die in his bed at least.
This loyalty costs Gen. Tin Oo his rank and down fall like today. And I doubt he is regretting the fact and act today.
However, he is holding his head high and without any blood on his hands today. Thus he shows he is a gentleman as well.
Of course his integrity and loyalty no matter to whom and why will stand him in good stead now, in future and next life no doubt.

On the other side of the coin and in history, we noticed the likes of Mingyi Yan Naung sliced the Shan Tho Han Bwa in two while sitting on the throne of AVA in 888 (BE) and declined the throne after his historic deed. Tho Han Bwa earned his fate for MURDERING Buddhist monks after inviting them to his palace and giving alms and food.
Gen. Aung San's Burma Army is now the main tool for Than Shwe to hang onto power and ill-gotten wealth as worldwide known today unlike under Gen. Tin Oo's command, the darling of the people safeguarding the people and territorial integrity of the country.

Burma Army today is no better than armed robbers ravaging the country side, raping and looting the people at will while Than Shwe down to company commanders and below as well enjoy life and luxury splitting the spoils robbing the country's and people's wealth as known worldwide today.

At this juncture something of a sort like that happened in 888 (BE) should be in order and soon or at least DEATH itself should intervene, come in handy and serve the purpose.
The arrival of the White Elephant at the wolves' lair at Naypyidaw should be the HARBINGER of such a fate like Tho Han Bwa on Than Shwe no less.
WHO WILL TAKE THE PLACE OF MINGYI YAN NAUNG?
Shwe Mann, Myint Swe, Tha Aye and others? Not likely I see.
There is only one general who is a soldier and a gentleman in Than Shwe's rank and file who would fit Gen Tin Oo's shoes.
I hope he shows his stuff right now in in time for the better I pray.
The answer lies in the days ahead and not far away as I see today.
0
...
written by မောင်မိုးညို, August 07, 2010
ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ဟာ လူထုက လေးစား၇တဲ့ စစ်ခေါင်းေ ဆာင်တယောက် ဆိုတာ သံသယ ဖြစ်ဘွယ် မ၇ှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို၇ာထူးက ၇ပ်စဲတဲ့ အချိန်မှာ တိုင်း တပ်တွင်း နေ၇ာအနှံ့မှာ သူ့အကြောင်း အပုတ်ချတဲ့ ၇ှင်းလင်းပွဲတွေ အတော်များများ လုပ်ခဲ့၇တယ်။ စစ်ခေါင်း ဆောင်တွေကို အနားပေးခဲ့တဲ့ အချိန်အခါ များစွာ ၇ှိခဲ့ပေမဲ့ ဗိုလ်တင်ဥိး ကျတော့ တပ်မှာ အတော်ဂယက် ၇ိုက်ခဲ့တာ အမှန်ပါ။ လွတ်လပ်ေ၇း ၇ပြီးခေတ်မှာ လူထုနဲ့ လက်အောက်ငယ်သား စစ်သည် တွေ၇ဲ့ လေးစားခြင်း ၊ချီးကျူြး ခင်းကို ခံခဲ့၇တဲ့ တဦး တည်းသော စစ်ခေါင်းဆောင် ဆို၇င် မမှားပါဘူး။
0
အောင်နိုင်နဲ့  Ordinaryman တို့ ရေ...
written by Burmese, August 06, 2010
စစ်သားဆိုတာ တပ်သားမှသည် ဗိုလ်ချုပ်ကြီး ပေါ့ဗျာ...။ ခင်ဗျားတို့ ပြောနေတဲ့ ဘာလုပ်ပေးခဲ့လဲ ဆိုတာထက်..စစ်သားဆို အမှန်ဆုံး ပြောရရင် တိုင်းပြည်ရဲ့ ခြံစောင့်ပဲ..။ အဲဒီတော့ တိုင်းပြည် လုံခြုံအောင် လုပ်နိုင်တယ် ဆိုရင်ပဲ တော်ပြီပေါ့..။ အခုဟာက ဗိုလ် သန်းရွှေတို့  အုပ်စုကေ တာ့ဖြင့် တိုင်းပြည်ကိုဖျက်နေတာ..၊ ရစရာလည်း မရှိတော့အောင်ကို စုတ်ပြတ်သ တ်နေပြီလေ..။ ခင်ဗျားတို့ ဦးတင်ဦးကို မေးရမှာ မဟုတ်ဘူး၊ ဗိုလ်သန်းရွှေကိုမေးရမြှာ ဖစ်တယ်၊
0
Army and ethnic
written by kw, August 06, 2010
I never see the Burma army as good army for the ethnic people. My father had to run for their live, and many of my people were killed (that time I think O Tin Oo was in the army). I also have to run and many people are killed.
ဟုတ်မှဟုတ်ရဲ့လား, Low-rated comment [Show]
0
realtionship of Gen Thura Tin Oo and Gen Ne Win
written by Thein Aung, August 05, 2010
He was really hero at army. No doubt about it.
Who polished him at army as young age general? He really was loyal to Gen Ne Win. He should mention about it too! That would be intersting part.


0

written by kayan, August 05, 2010
သိပ်မှန်ပါတယ်ဗျာ...
0
Right!
written by nyo, August 05, 2010
Long long ago, we were in childhood, all the people were happy and shouted 'bravo' loudly when they saw soldiers in the movies . I miss that time. Now we see ,---->smilies/sad.gifsmilies/angry.gifsmilies/angry.gifsmilies/angry.gif
0
Re: Really??
written by Lu Zaw, August 05, 2010
ဘဘဦးတင်ဦးအနေနဲ. သူတာဝန် ထမ်းဆောင်တဲ့ အချိန်မှာ စစ်သား ပီသစွာ တာဝန် ထမ်းဆောင်ခဲ့တာ သူရဲ. အကောင်းဆုံး လုပ်ရပ်ပဲပေါ့။ စစ်သားက စစ်သား ပီပီ တိုင်းပြည်အ တွက် အသက်စွန်. ဆံဖျား ထမ်းဆောင်တာ ဒိထက် ဘာများ ပိုပြီး တာဝန် ကျေရဦးမှာလဲ။

ဒါထက် အရေးကြီးတာက သူ. အနေနဲ. တိုင်းပြည်ကို ဘယ်လောက် အကျိုးပြုလဲကို ထည့် စဉ်းစားနဲ.ဦး။ သေချာ တာကတော့ သူ.အနေနဲ. တိုင်းပြည်ကို ငရဲခန်းထဲ မပို.ပေးခဲ့ဘူး။ ချောက်ထဲ ရောက်အောင် ဆွဲမချခဲ့ဘူး။

written by ordinaryman, August 05, 2010
(1) Would love to know what was your best effort to serve the country and people while you were chief of staff
(2) Would love to know what was your best effort to serve the country and people during 1988 and beyond?
The reason and conviction is important in life especially for those who value integrity and who has courage to execute the tasks.
Really?, Low-rated comment [Show]
0
Deeply respect an officer like you forever.
written by Aung Moe, August 04, 2010
Today, the country and people surely need an officer like him, not like selfish Than Shwe and his group.
0
သူရ ဦးတင်ဦးရဲ့ တန်ဖိုး ရှိတဲ့ စကားလုံးတွေ...
written by မျိုးလွင်, August 04, 2010
ဒီစကားလုံးတွေ ဘိုချုပ်မှူးကြီး တယောက်ကြားနိုင်ရင် ရှက်တတ်ဖို့ ကောင်းမယ်။ ဘဘကြီး သူရ ဦးတင်ဦး ပြောသလိုပဲ့ ဟိုခောတ်က စစ်တပ်နဲ့ စစ်သား ဘဝဟာ ဂုဏ်ယူစရာ ကောင်းတယ်။ ယခုခော တ်ကတော့ စစ်တပ်ဟာ ယာကူဇာ၊ မာဖီးယား၊ အက်ကွိုင်ဒါတို့ လိုမျိုး အင်အာြး ကီးမားတဲ့ လက်န က်ကိုင် အကြမ်းဖက် လူဆိုး ဂိုဏ်း အဆင့် ရောက်သွားပါပြီ။ စစ်သားတွေရဲ့ ဘဝဟာလည်း ဂိုဏ်းခေါင်ေ ဆာင်တွေရဲ့ ထားရာနေ၊ စေရာသွား ကျွန်ဘဝ ရောက်နေပါပြီ။ စစ်သားတွေရဲ့ ရင်ထဲမှာ တိုင်းချစ်၊ ပြည်ချစ် စိတ်ဓာတ်ဆိုတာ မရှိတော့၊ ခေါင်းထဲမှာ ပထမက အထက် မိန့်၊ ဒုတိယ ငတ်သေရုံ တမယ် ရောက်နေတဲ့ စားဝတ်နေရေး။ မယုံလျင် စစ်သားတွေရဲ့ ပိန်ြေ ခာက်နေတဲ့ မျက်နှာ၊ ခန္ဓာကိုယ်ကို ကြည့်ပါ။
0
The bunch of roses the poeple love by General Thura Tin U
written by Maung Maung, August 04, 2010
You were a hero in the Burma Army and still is!
0
ပြည်သူ့ စစ်သား
written by ကောင်းမြင်, August 04, 2010
ပြည်သူတွေ ချစ်မှ ပြည်သူ့ စစ်သားလို့  ခေါ်တယ်တဲ့၊ အဲ ဒီထဲမှာ ဘဘ ဦးတင်ဦး။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောတို့ဟာ ပြည်သူ ချစ်တဲ့ စစ်သားတွေပါ။ ပြည်သူက ရွံ ပြီး ကြောက်နေရတဲ့ ရွံကြောက် စစ်သားတွေ တိုင်းပြည်မှာ များလာ ရင်ေ တာ့ အဲဒီ တိုင်းပြည် ဖွတ်ကျောမြွဲ ပာစုတဲ့ ဘ၀ကနေ တက်လာနိုင်တော့မယ် မထင်ဘူး၊

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်