အာဆီယံကို လန်တဲ့ကိုကို

“တွီ .. တွီ .. တွီ .. တော် .. တော် .. ဒစ် .. ဒစ် .. ဒစ် ..ရထားဖြစ်လား၊ သင်္ဘောဖြစ်လား၊ လေယာဉ်ပျံ ဖြစ်လား၊ ကြားရလား၊ ကြားရလား”
“ကျား မရဘူး .. အဲ မကြားရဘူး .. အော်ပြောပါ .. အော်ပြောပါ .. မြေကြွက်မှ .. လဒ .. မြေကြွက်မှ လဒ”
“ကြားရလား လဒ ပြောနေတယ် .. မြေကြွက် ဘယ်ရောက်နေလဲ”
“မင်းဘိုးအေကြီးတဲ့မှပဲ .. မြေကြွက်ပါဆိုမှ တွင်းထဲရောက်နေတာပေါ့၊ အဲ လိုဏ်ခေါင်းထဲက စကားပြော နေတာဟေ့ .. ”
“သြော် အဲဒါကြောင့် လူကြီးမြင်းနဲ့ချည်းခဏခဏတိုးနေတာကိုး ..။ ပြတ်သွားပြန်ပြီ .. ဟင်း .. မြေကြွက် .. ဗျိုး .. မြေကြွက် ..”
“ဟေ့ကောင် လဒ .. အသားလွတ် အော်မနေနဲ့ ပြော .. ဘာထူးလဲ”

ထိုင်းနိုင်ငံ ဖူးကက်ကမ်းခြေက သာယာလှပသော နေရာတခုတွင် မြန်မာပြည် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ပျင်း တယောက် ရောက်ရှိနေခြင်းဖြစ်သည်။ အပန်းဖြေရာ ကမ်းသာယာဖြစ်သော်လည်း ဦးဉာဏ်ပျင်း အပန်းမပြေနိုင်။ သူရောက်နေသည့် အာဆီယံ အစည်းအဝေးနှင့် ပတ်သက်၍ ခေါင်းရှောင် ချိုကုပ်ဒူးကြီးကို wireless မှတဆင့် အစီရင်ခံရန် ကြိုးစားနေရသည်။

သူနှင့်မလှမ်းမကမ်းတွင် ရောက်ရှိနေသော ဒေဝါလီ မဂ္ဂဇင်းမှ ဖိုးရှုပ်နှင့် သူငယ်ချင်းဖြစ်သူ ကြွက်စုတ် ကိုလည်း အလစ်မပေးရဲ။ ထိုနှစ်ယောက်က သူ့ကို အမိဖမ်းရန် ချောင်းနေသည်ဟု ခံစားရသည်။ တကယ် တမ်း သူ့ဘေးနားမှာ ဦးရုက္ခစိုးတယောက် ကိုယ်ရောင်ဖျောက်ကာ ရောက်ရှိနေသည်ကို သိလိုက်လျှင် လန့်ဖျပ်ပြီး အသက်ပါ ပါသွားနိုင်သည်။

ကြွက်စုတ်။     ။ ဟေ့ကောင် ဖိုးရှုပ် ရိုက်လေကွာ .. ရိုက်တော့လေ .. ဟာ .. မင်းတော်တော် ညံ့တဲ့ ကောင်ပဲကွ။

ဖိုးရှုပ်။     ။ ဟ .. မင်းသိပ်တော်နေရင် မင်းရိုက်ပါလား။ ဒီမှာ ဘယ်လိုမှ ရိုက်မရလို့ စိတ်ညစ်နေရတဲ့ အထဲ။ ဒီ ဦးဉာဏ်ပျင်းကြီးကလည်း အရှောင်အတိမ်းက တော်ပါ့ကွာ။ ဘယ်လိုမှ အမိဖမ်းလို့ကိုမရဘူး။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဦးဉာဏ်ပျင်း ဓာတ်ပုံရရန် အသည်းအသန်ကြိုးစား နေကြခြင်းဖြစ်သည်။

ကြွက်စုတ်။     ။ ဟုတ်ပါ့ကွာ .. ဒီဦးဉာဏ်ပျင်းတယောက် ဖမ်းမိဖို့အရေး ငါတို့မှာ အစည်းအဝေးခန်းထဲ က စားပွဲတွေပေါ် အိပ်လိုအိပ်ရ၊ တညလုံးမအိပ်ဘဲ ဟိုတယ်ရှေ့ ငုတ်တုတ်ထိုင်စောင့်လို စောင့်ရနဲ့ ခုလည်း wireless တလုံးနဲ့ ဘာတွေလုပ်နေပြန်ပြီလဲ မသိဘူး။

ထိုစဉ် သူတို့ဘေး၌ ဦးရုက္ခစိုး ဘွားခနဲပေါ်လာသည်။

ရုက္ခစိုး။     ။ ဘာရှုပ်ရမှာလဲကွ သူတို့ခေါင်းရှောင်ကြီး ချိုကုပ်ဒူးကြီးဆီ အစီအရင်ခံနေတာ .. မကြား ဘူးလား။

ဖိုးရှုပ်။     ။ ပလုပ်တုတ် .. အသံမပေးဘာမပေးနဲ့ လန့်လိုက်တာ ဦးရုက္ခစိုးရယ်။

ရုက္ခစိုး။     ။ လန့်မနေနဲ့ ငါကြားလာတာတွေ ပြန်ပြောပြမယ်။ မင်းလည်း ဒေဝါလီမဂ္ဂဇင်းအတွက် ရမ်းရွှီး သတင်းတပုဒ်ရတာပေါ့ ဟဲဟဲ။

ကြွက်စုတ်။     ။ ပြောပြလိုက်ပါ ဦးရုက္ခစိုးရယ် .. သတင်းမှမရရင် ကိုဂေါ်ကြီးက ထောင်းတော့မှာ ..။ ကျနော့်မှာလည်း သူ့နောက်လိုက်မိပါတယ် .. ခုထိ ဖူးကက်က ကောင်မလေးတွေတောင် ကောင်းကောင်း မငမ်းရသေးဘူး။

ရုက္ခစိုး။     ။ မင်းတင် မငမ်းရတာမဟုတ်ဘူး ဦးဉာဏ်ပျင်းလည်း မငမ်းရရှာဘူးကွ။ နားထောင်ကြည့်။

ပြောပြောဆိုဆိုနှင့် ဦးရုက္ခစိုးက သူ့လက်ထဲမှ ရကော်ဒါလေးကို “ထောက်ခနဲ” ဖွင့်ပြလိုက်သည်။
(မှတ်ချက်။     ။ နတ်ကိုင်သည့် ရကော်ဒါဖြစ်သောကြောင့် နတ် ကိုယ်ယောင်ဖျောက်ချိန်တွင် ရော၍ ဖျောက်ထားနိုင်သည်။ ထူးခြားချက်မှာ တဘက်မှ ပြောသည့် အသံကိုပါ ဖမ်းနိုင်သောကြောင့် စစ်ထောက် လှမ်းရေးက အသည်းအသန်လိုချင်နေကြောင်း ကြားသိရသည်)

ချိုကုပ်။     ။ ဘာထူးလဲခုခါ .. ဘာထူးလဲခုခါ .. (လေးဖြူသီချင်းသံစဉ်အတိုင်း ချိုကုပ်ဒူးကြီးက ၎င်း၏ ကိုယ်ပိုင် ငှက်ဆိုးထိုးသံဖြင့် အော်လိုက်ခြင်းဖြစ်သည်)

ဉာဏ်ပျင်း။     ။ ထူးတာကတော့ ချိုကုပ်ဒူးကြီးရေ .. ကျနော့်မှာ ဖူးကက်ရောက်တုန်းရောက်ခိုက် .. ရေလေးကူး .. အပန်းလေးဖြေ .. မဒီလေးတွေနဲ့ တူတူ ဘီယာလေးစုပ် လုပ်မလားမှတ်ပါတယ် .. ခု သတင်း သမားတွေ အတင်းလိုက်နေလို့ ပြေးနေရတယ်ဗျ။

ချိုကုပ်။     ။ မင်းအတော်ညံ့တာပဲ .. အေး .. ၊ မှာလိုက်ပါရစေနော် .. အဲဒီဟာတွေကို လွတ်အောင် ရှောင် .. လုံးဝအမိမခံနဲ့ .. အထူးသဖြင့် ဒေဝါလီကကောင်တွေ မမိစေနဲ့။ မင်းကွာ .. အနှိပ်ခန်းထဲ ဝင်ပုန်းနေ ပါတော့လား။ ညံ့လိုက်တာ .. လူချင်းများ လဲလိုက်ချင်ပါရဲ့။ ဒါမှမဟုတ်လည်း ကာရာအိုကေ ဆိုင်လေး ဘာလေး ရုပ်ဖျက်ပြီး သွားနေပေါ့။

ဉာဏ်ပျင်း။     ။ ဟာ အနှိပ်ခန်းသွားရင် အနှိပ်ခန်းထဲထိ လိုက်မေးမယ့် သဘောရှိတယ် ချိုကုပ်ဒူးကြီး။ အဲဒီဒေဝါလီက တကောင်ဆို ဟိုတယ်ရှေ့မှာ ငုတ်တုတ်ငိုက်ပြီးစောင့်နေတာဗျ။ သူငိုက်နေတဲ့အချိန် အသာလေး လစ်လာလို့ အပြင်ထွက်လို့ရတာ။ ညှပ်ပူးညှပ်ပိတ်လုပ်နေကြတာ။ ပြီးတော့ .. ပြီးတော့ ..။

ပြောရင်းက ဦးဉာဏ်ပျင်းတယောက် ငိုသံပါလာသည်..။

ချိုကုပ်။     ။ ပြီးတော့ ဘာဖြစ်လဲ ပြော .. ပြော .. မြန်မြန်ပြောစမ်း ..။

ဉာဏ်ပျင်း။     ။ အခု ဖူးကက်ကမ်းခြေမှာ ကျနော့်ကို ဘောလုံးလုပ်ပြီး ကန်နေကြပြီဗျ .. အီး .. အဟီး .. အဟင့် .. ရွှတ်။

ချိုကုပ်။     ။ ဟေ .. ဟုတ်လား .. ။ အာဆီယံ ဖလားပေါ့နော်။ ဘယ်အသင်းနဲ့ .. ဘယ်အသင်းလဲ ..၊ ဘယ်ကြေးပေါက်လဲ .. လုပ်စမ်းပါဦး။ ငါ အပေါ်က ဝင်ထိုင်ရင် ဘယ်လိုနေမလဲ ..။

ဉာဏ်ပျင်း။     ။ ဟာ .. အဲဒီလို ဘောလုံးအစစ်ကန်တာကို ပြောတာမဟုတ်ဘူးဗျ။ ခု အာဆီယံ ဆွေးနွေးပွဲမှာ .. ကျနော့်ကို ထိုင်းက ကန်လိုက် အင်ဒိုနီးရှားက ကန်လိုက်နဲ့ ကန်နေကြလို့ ဘောလုံးဖြစ်နေပြီ လို့ ပြောတာ။

ဦးဉာဏ်ပျင်း စိတ်ထဲက “အရေးထဲ လောင်းကစားက လုပ်ချင်သေးတယ် .. ရန်ကုန်ယူနိုက်တက် ဘက်က လောင်း သေချာပေါက်ရှုံးမယ်” ဟု ပြောနေသံပါ ဦးရုက္ခစိုး၏ ရကော်ဒါထဲ ပါလာသည်။

ချိုကုပ်။     ။ သြော် မောင်ဉာဏ်ပျင်းရယ် .. မင်းကို စိတ်ချလို့လွှတ်လိုက်တာပဲဟာ .. ရအောင်ရှောင် ပေါ့။

“မသိဘူးမှတ်နေလား .. ကျုပ်အဖြေမတတ်လို့ ပေါက်ကရပြောမိရင် .. ပြန်လာတာနဲ့ ဆွဲစိမှာကိုများ” ဟု ဦးဉာဏ်ပျင်းက စိတ်ထဲက ပြောလိုက်ပြန်သည်။

ဉာဏ်ပျင်း။     ။ ခုလည်း အတတ်နိုင်ဆုံး ရှိသမျှ နည်းဟောင်း၊ နည်းသစ်တွေသုံးပြီး ရှောင်နေတာပဲ ချိုကုပ်ဒူးကြီးရယ်။ အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရနဲ့ .. ဒီကြားထဲ အာဆီယံက လူ့အခွင့် အရေး အဖွဲ့ဆိုတာကြီး ဖွဲ့ပြီဗျ။ အဲဒါကြီးကို ချိုကုပ်ဒူးကြီးမကြိုက်ဘူး မဟုတ်လား။

ချိုကုပ်။     ။ မကြိုက်တာက မကြိုက်တာ တပိုင်းပဲလေ ..လက်မှတ်တော့ ခပ်တည်တည်နဲ့ ထိုးပြီးပြီ မဟုတ်လား။ ဒါပေမယ့် ဒါကြီးကကော ဘယ်လောက် အသုံးဝင်မှာမို့လို့လဲ။ လူ့အခွင့်အရေး ချိုးဖောက်တဲ့ သူကိုသာ အရေးယူကြေးဆို .. ဟွန်း .. မပြောလိုက်ချင်ဘူး .. ငါတို့က အာဏာလေး ၂ ခါလောက်သိမ်း ..လျှပ်စစ် မီးလေးဖြတ် .. လူတွေကို မဝရေစာ ကျွေးရုံ လောက်လေး လုပ်တာ။ ငါတို့ကို လာအော်နေတဲ့ ထိုင်းတွေကမှ အာဏာကို အခါ ၂၀ လောက်သိမ်းထားတာ ကိုယ့်လူ … မကြောက်နဲ့ ငါတို့ရှေ့မှာ စီနီယာတွေ ရှိသေးတယ်။

ဉာဏ်ပျင်း။     ။ လောလောဆယ်တော့ ကျုပ်က ပစ်မှတ်ကြီးဖြစ်နေတာဗျ။ နေရထိုင်ရတာလည်း တော်တော် ကသိကအောင့်နိုင်တယ်၊ လူတိုင်းက စလိုက်တာနဲ့ မြန်မာ့အရေး ဆိုတာချည်းပဲ။ တခြား ကိစ္စ ဘယ်သူမှ စိတ်ဝင်စားပုံမရဘူး။

ချိုကုပ်။     ။ ကမ္ဘာမှာ မြန်မာကွ .. ဒီလို စိတ်ဝင်စားမှုရှိတယ်ဆိုတာ နည်းတဲ့အောင်မြင်မှုလား။

ဉာဏ်ပျင်း။     ။ မြောက်ကိုရီးယား နျူကလီးယားကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ၊ တိုင်းရင်းသား ကိစ္စ၊ ၂၀၁၀ ရွေးကောက်ပွဲ .. တရားမျှတဖို့ ဒါတွေပဲ ထပ်ခါတလဲလဲ …။ ပြီးတော့ ဒေါ်ကလင်တန်ကြီး ကလည်း ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို မြန်မာနဲ့ မြောက်ကိုရီးယားအရေးက ဒေသတွင်း မတည်ငြိမ်မှုကို ခြိမ်းခြောက်တာပါလို့ လျှောက်ပြောနေပြန်ပြီ ..။ ကျောချမ်းလိုက်တာ။

ချိုကုပ်။     ။ ဝှားလားလားလားလား .. ဒီလောက်ပျင်းစရာကြီးကိုများကွာ .. ဘာလို့ စိတ်ဝင်စားနေကြ ပါလိမ့်။ ပြောလိုက် ဘယ်သူတွေဘာပြောပြော ဘာလုပ်လုပ် .. ကျုပ်တို့ချိုကုပ်ဒူးကြီးက အယားဖျောက်ပေး တယ်လို့ပဲ ထင်ပါတယ်လို့။

ဉာဏ်ပျင်း။     ။ ခညာ .. ဒါ .. ဒါပေမယ့် ကျနော်က ခု .. မေးသမျှကို ဖြေရတော့မှာ .. လွတ်အောင် ရှောင်ဖို့လမ်း သိပ်မမြင်တော့ဘူးဗျ …။

ထိုစဉ် “ဟဲလို .. ဟယ်လို .. မြေကြွက် .. မြေကြွက် .. ကြားရလား .. လဒပါ .. တွီ .. တွီ .. ဗျီ .. ဗျီ .. ဗျစ် ..” ဆိုသော အသံများနှင့် “တော်ပါသေးရဲ့ လိုင်းပြတ်သွားပြီ .. ခုမှပဲ နားအေးတော့တယ်” ဆိုသည့် ဦးဉာဏ်ပျင်း၏ အသံများ တပြိုင်နက်တည်း ထွက်ပေါ်လာပြီးနောက် တိခနဲ ငြိမ်သွားသည်။

ဖိုးရှုပ်။     ။ ဟာ ဦးဉာဏ်ပျင်း ဘယ်ရောက်သွားပြီလဲ .. ။ ဒုက္ခပဲ ဦးရုက္ခစိုး ဖမ်းထားတဲ့အသံတွေ နားထောင် နေတာနဲ့ လွတ်သွားပြီဗျာ။

ဦးရုက္ခစိုး။     ။ မင်းအတွက် သတင်းတွေရအောင်လည်း ငါက ပေးနားထောင်ရသေးတယ်။

ကြွက်စုတ်။     ။ ဟာ .. ဟိုမှာ .. ဟိုမှာ ဖိုးရှုပ်ရေ .. လိုက် .. လိုက် .. သတင်းထောက်တွေ ပြေးတဲ့ ဘက်ကို လိုက်ကွ ..။

ဖိုးရှုပ်။     ။ ဟုတ်တယ် .. ဟုတ်တယ် လိုက်ကွ .. ခွေးတိုးပေါက်ကပြေးပြီ .. အမြန်လိုက်ဟေ့ .. ။

ဦးဉာဏ်ပျင်းတယောက် သတင်းထောက်များရန်မှ ရှောင်ရှားရန် ခွေးတိုးပေါက်မှထွက်ပြေးရင်း ဘာမှန်း မသိသော အရာများကို ခလုတ်တိုက်ကာ ပက်လက်လန် ပြုတ်ကျ သွားလေတော့သည်။

“ဖုန်း”  “ဒိုင်း”  “ဂွမ်း” … ။     ။

ရန်ကုန်သားတာတေ၏ ဦးရုက္ခစိုးနှင့် ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ်မှာ အခြေခံရေးသားထားခြင်း မဟုတ်ပါ။ အားပေးဝေဖန်ကြသော ပြည်တွင်း ပြည်ပ ပရိတ်သတ်ကို လေးစားလျှက် …။
Comments (7)Add Comment
0
အာဆီယံကိုလန်တဲ့ ကိုကို
written by Shwewar, July 27, 2009
အတော်လေးကို ပြောင်မြောက်ပါတယ်။ Connection ကောင်းလို့ အမြဲ ဖတ်ရရင် ပိုပြီး အားရှိမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဘယ်လောက် ကြာကြာ ဒီလောက်နဲ့ဘဲ ကျေနပ်နေရမှာလဲဗျာ။ တစ်ခုခုတော့ ပြောင်းလဲဖို့ သင့်ပြီထင်ပါတယ်။ ကျုပ်တို့ Generation တော့ ပွဲသိမ်းပြီ ထင်ပါတယ်။
0
ကောင်းတယ်ဗျာ
written by မြန်မာ, July 23, 2009
ကောင်းတယ်ဗျား။smilies/cheesy.gif ။ တော်တော်လေးကို ညဏ်ထွက်တာပဲ။ အဆုံးသတ် ဦးဥာဏ်ပျင်း ဘာနင်းသလဲ ဆိုတာပါ ထည့်ပါဗျို့။ smilies/grin.gif
0
အာဆီယံကိုလန်တဲ့ကို
written by ညီလေး, July 23, 2009
smilies/wink.gif အာဆီယံနဲ့ ပေါင်းကြံတဲ့ သရော်စာလေးတွေလဲ ရေးပါဦးဗျိုး။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး အစိုးရက တစ်မျိုး ဒင်းတို့က တစ်မျိုး.. အာဆီယံသာ မာရင် ကိုကိုသန်းရွှေလဲ ရေကူးနိုင်မှာ မဟုတ်ပါဘူး။
အခုတော့ သူတို့နဲ့ ဂျိုကုပ်ကြီးတို့ ပေါင်းပြီး ရေရှည်စားသောက် နေလိုက်ကြတာ ဂျိုကုပ်ကြီးတောင် သေတော့မှာမို့ သူ့သား
သမီးမြေး မြစ်တွေ အတွက်တောင် အကွက်တွေ ချနေပြီဗျ။ ဈေးကွက် စီးပွားရေး စနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး ဆိုတာကို
အကျယ်ကြီး အော်ပြီး အာဏာနဲ့ လုပ်စားနေတဲ့ အကွက်လေးတွေလဲ လုပ်ပါဦး။

အမြဲအားပေး နေတယ် ကိုတာတေ
0
Ha ha ha ha, really nice, utter right...
written by Ahmad, July 23, 2009
Ha ha ha!! Really NICE. “မသိဘူးမှတ်နေလား .. ကျုပ်အဖြေမတတ်လို့ ပေါက်ကရပြောမိရင် .. ပြန်လာတာနဲ့ ဆွဲစိမှာကိုများ”... That's utter right. Really POOR their lives. NO Peace NO justice even-though they lives on the treasures.
0
...
written by mgmgzaw, July 22, 2009
very very good idea.you are the best man
0
hee hee
written by Hee hee, July 22, 2009
Well, I don't know how the Diplomatic Skills training from MOFA going on. But our FM is excellent in etiquette, turning the documents by wetting the finger with saliva in front of all other ministers, media and public. That's is Myanmar! hee hee.
0
hahahhh
written by shing, July 22, 2009
smilies/wink.gifsmilies/wink.gifsmilies/wink.gifi love it!!!! thanks you!!

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်