မိထ္ထီလာထောင်တွင်း၌ နိုင်ငံရေး ပုဒ်မ ၅(ည)၊ ၅၀၅(ခ)တို့ဖြင့် ပြစ်ဒဏ်ချခံထားရသော ၎င်း၏သားက ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သည့် အစ်ကိုဖြစ်သူဆီက တဆင့်ပါးလိုက်သော ထိုစကားကို ကြားရသည့်အခါ မျက်ရည် ကျမိသည်ဟုလည်း အသက် ၇၀ ကျော် အရွယ် မိခင်ကဆိုသည်။“သားက သူလွတ်မှာထက် ဒေါ်အောင်ဆန်းစုကြည်ကို ပိုလွတ်စေချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကပဲ မြန်မာပြည်ကို ကောင်းအောင်လုပ်ပေးနိုင်မှာလို့ ခဏခဏပြောခဲ့ဖူးတယ်၊ ခုတော့ အပြင်မှာ ရှိတဲ့ ကျမကို တောင် သူကအားတင်းထားဖို့ မှာလိုက်သေးတယ်”ဟု ထိုမိခင်က ပြောသည်။
သားဖြစ်သူ ကိုထွန်းထွန်းဦးမှာ ထောင်ကျနေသော်လည်း ယနေ့အထိ စိတ်ဓာတ်ခိုင်မာလျက်ရှိကြောင်း၊ မိခင် တဦးအနေနှင့် စိတ်မကောင်း ဖြစ်မိသော်လည်း သား၏ ပြည်သူလူထု အပေါ်တွင် စိတ်စေတနာကြီးမှုတို့ကို တွေ့မြင်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ၎င်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်တော့မည်ဟူသောသတင်းများထွက်ပေါ်လာသည့်အတွက် ပြည်သူ အများစုမှာ မျှော်လင့်လျက်ရှိပြီး နယ်အကျဉ်းထောင်များအထိ သတင်းပျံ့လွင့်နေကြောင်းလည်း နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များ က ပြောသည်။
စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ၅(ည)နှင့် ထောင်ကျနေသောခင်ပွန်းသည်ထံသို့ မကြာသေး ခင် ရက်ပိုင်းက ထောင်ဝင်စာသွားတွေ့ပြီး ပြန်လာသူတဦးကလည်း“ကျမလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးတော့မယ်ဆိုတဲ့သတင်းကို ဟိုရောက်မှကြားတာပဲ၊ အဲဒါ အမျိုးသားကို ပြောပြတော့ သူ တော် တော် ၀မ်းသာသွားတယ်၊ အားတက်လာတယ်ပေါ့နော်၊ အဲဒါနဲ့ အိမ်က အကြောင်းတောင် သိပ်မမေးတော့ ဘူး၊ အန်တီ့အကြောင်းနဲ့ အန်အယ်လ်ဒီ ပါတီ အကြောင်းပဲ မေးတယ်၊ နောက်အပြင်မှာရှိတဲ့ သူ့ ရဲဘော်တွေ နေကောင်းရဲ့လားကအစ အကြောင်းစုံအောင်မေးတော့တာပဲ”ဟု ပြောပြသည်။
၃လ တကြိမ်မျှသာ ထောင်ဝင်စာ သွားတွေ့နိုင်သော သူမသည် တကြိမ်သွားတိုင်း ခင်ပွန်းသည်ကြားချင် သော သတင်းများ၊ သိလိုသည်များကို ပြန်ပြောပြနိုင်ရန်အတွက် ခရီးမထွက်ခင် ခင်ပွန်းသည်၏ ရဲဘော် ရဲဘက်များနှင့်တွေ့ဆုံပြီး မေးမြန်းထားရကြောင်း၊ မဂ္ဂဇင်း၊ ဂျာနယ် ဖတ်ခွင့်ရသည့်အတွက် ၀ယ်သွားပေးရ ကြောင်း ပြောပြသည်။
“ရေဒီယိုနားထောင်ခွင့်မရတော့ သတင်းတွေဘာတွေ မကြားရဘူးပေါ့၊ သူက ကျမကိုပြောထားတယ်လေ စားစရာ ပါမလာရင်လည်း နေပါစေ၊ ဆေးဝါး မပါရင်လည်း နေပါစေတဲ့၊ အဲ သတင်းစကားတော့ ပါအောင် ယူခဲ့နော်တဲ့၊ အဲဒီလို မှာထားတော့ ကျမလည်း အဲဒါ သွားတိုင်း သူသိချင်တာလေးတွေကို မှတ်သွားပြီး ပြန်ပြောပြရတယ်၊ သူကအဲဒါလေးတွေနဲ့ နေရှာတာ”ဟု သူမက ပြောသည်။
အကျဉ်းကျခံနေရသူများအနေနှင့် ထိုသတင်းများမှာ အားဆေးများပင် ဖြစ်ကြောင်း၊ မျှော်လင့်ချက်မဲ့၊ အနာဂတ်မဲ့သည်ဟု မည်သည့်အချိန်ကမှ မခံစားခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် သူတို့၏ အနာဂတ်၊ တိုင်းပြည်၏ အနာဂတ်အဖြစ် ယုံကြည်ထားကြကြောင်းလည်း ဆိုသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ကျွေးမွေးသော ထောင်ထမင်းထောင်ဟင်းမှာ လုံးတီးဆန်နှင့် ဆီ အနည်းငယ်မျှပင်မပါသော တာလပေါဟင်းမျှသာဖြစ်ပြီး တပတ်ကို အသား၂ နှပ် ကျွေးကြောင်း၊ အသားဟင်း မှာများသောအားဖြင့် အမဲသားဟင်းဖြစ်ပြီး အမဲသား မစားသူများအား ကြက်ဥ ၁ လုံး ပေး သည်ဟုဆိုသော် လည်း အာဟာရ မပြည့်ဝမှုများနှင့် ကျန်းမာရေး ချွတ်ယွင်းသူများစွာ ရှိကြောင်း သိရသည်။
ကျန်းမာရေးအတွက် ဆေးဝါးကုသမှုမှာလည်း ဆရာဝန်မရှိဘဲ၊ ဆေးမှူးနှင့် ကျန်းမာရေးမှူးများသာရှိပြီး တချို့ ထောင်များတွင် ဆေးမှူးပင်မရှိကြောင်း၊ ဆေးဝါးအခက်အခဲရှိသကဲ့သို့ ဆေးဝါးကုသရေးပိုင်းတွင်လည်း အခက်အခဲရှိသောကြောင့် မိသားစုဝင်များကသာ ဆေးဝယ်သွားရလေ့ရှိကြောင်း အကျဉ်းသား မိသားစုများ က ပြောဆိုသည်။
ယခုအခါ ထို ဒေါ်အောင်ဆန်းစုကြည် လွတ်မည့်သတင်းကြောင့် အကျဉ်းထောင်များအတွင်းရှိ ကျန်းမာရေး မကောင်းသူများသည်ပင်လျှင် စိတ်အားတက်ကြွလာကြသည်ဟု ထောင်ဝင်စာသွား ရောက်တွေ့ဆုံခဲ့သူများ က ပြောသည်။
ဖျာပုံထောင်မှ ဦးရွှေမောင်သည်လည်း အိပ်ရာထဲ ဘုန်းဘုန်းလဲနေသည့်ကြားက ဒေါ်အောင်ဆန်းစုကြည် လွတ်မည့် သတင်းကြားသည့်အတွက် စိတ်အားတက်လာသည်ကိုတွေ့မြင်ရကြောင်း မိသားစုဝင်တဦးက ပြောပြသည်။
“သူရဲ့ကျန်းမာရေးက အရမ်းဆိုးနေပါတယ်။ လက်သည်းတွေလည်း ညိုပြီး စကားလည်းသိပ်မပြောနိုင်ဘူး၊ လမ်းလည်း မလျှောက်နိုင်တော့ဘူး၊ ဆေးလည်း မကုရတော့ ဘုန်းဘုန်းကိုလဲနေတာ၊ အဲဒါ ဒီသတင်းကို လည်း ကြားရော သူ ၀မ်းသာတယ်၊ စိတ်တင်းထားတယ်လို့ ပြောတယ်”ဟု ထိုမိသားစုဝင်က ပြောရင်း မျက်ရည်ကျသည်။
“ကျမတို့တောင်မှ ကြားကြားခြင်း ၀မ်းသာသွားတာပဲ၊ အဲဒီနေ့ကိုပဲ မျှော်လင့်ကြတာလေ၊ သူတို့ထောင်ထဲက လူတွေကတော့ ပိုပြီး မျှော်လင့်ကြမှာပေါ့၊ တချို့ဆို ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးပါဆိုပြီး တခွန်းနှစ်ခွန်း နဲ့တင် ထောင်ထဲရောက်ကုန်ကြတဲ့သူတွေလည်း ရှိတယ်ဆိုတော့လေ၊ အားလုံးကတော့ ဒီသတင်းကို အထူး မျှော်လင့်နေကြတာပဲ”ဟု ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီ ဗဟိုအမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောသည်။
နိုင်ငံရေးအသိုင်းအ၀ိုင်းတွင်မက ပြည်သူအများစုကလည်း ထိုသတင်းကြားပြီးနောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည် နေအိမ်အနီးဝန်းကျင်တွင် စောင့်ကြိုကြည့်ရှုနေကြကြောင်း သိရသည်။
“သတင်းကြားပြီးကတည်းက တက္ကသိုလ်ရိပ်သာလမ်း ထိပ်နားမှာ လာလာစောင့်ကြည့်တဲ့ သူတွေလည်း ရှိ တယ်၊ ဆရာစံလမ်းထောင့်က လက်ဖက်ရည်ဆိုင်တို့ စားသောက်ဆိုင်တို့မှာ လာထိုင်ကြရင်းနဲ့လည်း အခြေ အနေ လာကြည့်ကြတဲ့ သူတွေရှိတယ်”ဟု တက္ကသိုလ်ရိပ်သာလမ်းတွင် နေထိုင်သူ တဦးက ပြောသည်။
ထိုသတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ရက်များတွင် ရန်ကုန်မြို့ခံလူထုမှာ ထိုသတင်းပေါ်ကိုသာ အာရုံစိုက် လျက်ရှိသည်ကိုတွေ့ရပြီး၊ တယောက်နှင့်တယောက် သတင်းမေးချင်း၊ သတင်း ဖလှယ်ချင်းများ ပြုလုပ် လျက်ရှိကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မယ်ဆိုတဲ့သတင်းကတော့ အားလုံးပြောနေကြတာပဲ၊ လူတိုင်း ဒီ သတင်းပဲ ပြောကြတာပဲ၊ တချို့ကလည်း လွှတ်တော့လွတ်မယ် ကြာဦးမယ်ပေါ့၊ အချို့ကလည်း အမေရိကန် နဲ့ဆက်ဆံရေးကောင်းအောင် ပြောနေတာ၊ တကယ်လွှတ်မှာ မဟုတ်ဘူးပေါ့၊ ဘယ်လိုပဲပြောပြော လူတိုင်း ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်စေချင်နေကြတယ်”ဟု ယင်း ပြည်တွင်း သတင်းထောက်က ဆို သည်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ပေါင်း ၂ ထောင်ကျော် ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် အသင်း ၏ ထုတ်ပြန်ချက်အရ သိရသည်။
Set as favorite
Bookmark
Email this
Hits: 6104
Comments (16)

written by ပြည်ချစ်သား, November 20, 2009
ပြည်သူများကိုဖုန်းကဒ် အခမဲ့ ဝေးပေးနိုင်တယ်တဲ. သိုသော် ပြည်သူတွေ အဆက်အသွယ်တွေ ကောင်း. အသိပညာတွေ ကောင်းပြီး ဆူမှာဆိုးလို့တဲ့. ညဘက်တွေမှာ မနားနေ ဘက်တွေလည်း မအားပဲ အလုပ်ပြီး အလုပ် ဖြစ်နေမှ မဆူကြမှာတဲ. .နိုင်ငံခြားမှာ ပညာတော်ာ်တော် သင်နေတဲ့ ဘိုကြီးရဲစကားပါဗျာ။ ...အဲလိုပြည်သူကို ချစ်တယ်သိလားး ငါကို ပညာသင်ပေး ထားတာ တဲပြီးတော ငါမိဘတွေ အတွက်လည်း စစ်ဘိုဖြစ်မှ ပိုက်ဆံတွေ ထောက်ပံနိုင်တာတဲ. .ဒါဆို တစ်ခု မေးလိုက် ချင်တယ်ဗျာ . စစ်သားဆိုတာ. ဘာလုပ်ဖိုလည်. .မင်းစစ်တပ်ထဲ ၀င်တာ မင်းကောင်းစားဖို့ ၀င်လာတောပေါ့။ ။နိုင်ငံတော်ကို ချစ်တဲ စစ်သားဆို ဒီလိုတွေးမလာ?/ ယနေ စစ်ဗိုလ်အများစုသည် မိမိကောင်းစားဖိုး စစ်တပ်အား စီးပွားတွက်တွက်ပြီး ၀င်ရောက်လာကြခြင်း ဖြစ်ပါသည်..
written by ye naing, November 20, 2009
သူတို့မှာ ကိုယ်ပိုင်အသိဥဏ် ရှိတာမဟုတ်ပါဘူး။ သင်တန်းတွေမှာ အပေါ်က သွင်းပေးထားတဲ့ သဘောတရား အမြင်နောက်ပဲ လိုက်နေရသူတွေပါ။ ဦးနေ၀င်းရှိတုန်းက ဦးနေ၀င်းပြောတာအမှန်လို့ သူတို့လက်ခံတယ်။ သူ့ပထွေး လက်ထက်ကျတော့ လဲ ပထွေးစကားဘဲ နောက်ကလိုက်တော့တာပါဘဲ။ နောက်ပထွေးပေါ် လာရင်လဲ ပထမ ပထွေး မကောင်းဘူးပြောဘို့ ၀န်မလေးတဲ့ကောင်တွေပါ။
written by tharsoe, November 20, 2009
ဟေ့ soilder
"နိုင်ငံခြားသား မိန်းမအတွက်မြန်မာမြေပေါ်မှာ ဘယ်လိုနေရာ မှ ပေးစရာ အကြောင်းမရှိဘူး။ " လုပ်ပလိုက်စမ်းဘာ သတ္တိရှိရှိ "ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားဟာ ဒီနိုင်ငံသားမဟုတ်ဘူး အဲဒီတော့ ခင်ဗျားဒီနိုင်ငံထဲက ထွက်သွားလိုက်စမ်း"ပါလို့ ခင်ဗျားတို့ ရဲ့ -ထွေးကြီးကိုပြောခိုင်းလိုက် စမ်းပါ။
သားဆိုး

written by Soldier's father, November 20, 2009
လူသားချင်း စာနာ၊ နားလည်စိတ်နဲ့ ပြုမှုပြောဆို နေထိုင်မှုမရှိတဲ့ ဒီလိုလူမျိုးကို စစ်သားလို့ခေါ်မယ့်အစား ...သား လို့ခေါ်ကြည့်လိုက်တယ်။
written by speechless, November 19, 2009
သနား ၊ ကြင်နာ ၊ ငဲ့ညှာ ၊ စာနာ မှု့ ဆိုတဲ့ စိတ်လေး ရင်ထဲမှာ ထည့်ထားကြည့်လိုက်ပါ ။ အေးမြ ငြိမ်းချမ်း စေပါတယ် ။
written by speechless, November 19, 2009
သတိပေးချင်တယ် ဆိုတဲ့ သူ ကွန်းမန့်  ရေးသွားတာကို ဖတ်ပြီး တစ်ခုခု ပြောချင်လာတယ် .. ပြောချင်တာကတော့ ထမင်းစားပြီးကြီးတိုင်း လူလို့ ခေါ်လို့ မရဘူးဆိုတာကိုပါ .. ဘာကြောင့်လဲဆိုတော့  ခွေးတွေလဲ လူတွေကြွေးတဲ့ ထမင်းကို စားပြီး ကြီးကြတာပါဘဲ .. ကွာခြားသွားတာ တစ်ခုက ခွေးတွေက လူကြွေးတဲ့ ထမင်းကို စားပြီး ကြီးပြင်းလာကြပေမယ့် သူတို့ မှာ ကိုယ်ချင်းစာတက်တဲ့ စာနာစိတ် ငဲ့ညာထောက်ထားစိတ် .. သနားကြင်နာတက်တဲ့စိတ် မရှိတာပါဘဲ .. ခွေးတွေမှာ ရှိတာက ရှူးတိုက်ပေးရင် ဟောင်ချင် ကိုက်ချင်တဲ့စိတ် ၊ မည်းမည်းမြင်ရာ ဟောင်ချင်တဲ့စိတ် ဒါတွေဘဲ ခွေးတွေမှာရှိတာပါ.. အဲ့ဒီကွန်းမန့် ကို ရေးသွားတဲ့ သူကိုလည်း ထမင်းစားပြီးတော့ သာကြီးပါရဲ့  .. မည်းမည်းမြင်တိုင်း ဟောင်တက် ကိုက်တက်သူလို့ သာ သဘောပိုက်လိုက် မိပါတယ် ။ ဟောင်တက် ကိုက်တက်တဲ့သူတွေရဲ့ ဘေးဆိုးကနေ မြန်မာပြည်သားများ အမြန်ဆုံး လွတ်မြောက်ကြပါစေ ။
written by tharsoe, November 19, 2009
soilder သို့
ရိုင်းလှချည်လား။ ဒါလား ပြည်သူကိုကာကွယ်ပေးမယ်ဆိုတဲ့ စစ်သား အင်း သာမန်စစ်သားတွေကတော့ ဒီလိုမရေးနိုင်ဘူး။ အင်တာနက်မှမသုံးနိုင်တာကိုး။ အဲဒိတော့ ခင်ဗျားဟာ စစ်ဗိုလ်ဖြစ်ရမယ်။ သတိတော့ထားပေါ့ဗျာ။ ခင်ဗျားတို့စားနေတာ စစ်တပ်စီးပွားရေး လုပ်လို့စားနေရတာ ပညာသင်နေရတာ မဟုတ်ဘူး။ ပြည်သူတွေပေးတဲ့ အခွန်အခနဲ့ ထမင်း လုပ်စားနေရတာ။ စစ်တပ်စီးပွားရေးဆိုတာ ပြည်သူပေးတဲ့အခွန်အခရဲ့ အစွန်းထွက်ပဲရှိတယ်ဆိုတာ မမေ့နဲ့။
`ဒီအဖွားကြီး အနောက်ကလူတွေ၊ အောက်က အနောက်လ မိုင်းမိနေတယ်လူတွေ´ ခင်ဗျားဆိုလိုတာ အနောက်နိုင်ငံ အားကိုးတဲ့ လူတွေလို့ ပြောချင်ပုံရတယ်။ အဲဒီတော့ ခင်ဗျားတို့တတွေ အကုန်လုံး အနှစ် ၂၀ လုံးလုံး ရုရှားမှာ စစ်သင်တန်းတွေသွားတက် တရုတ်ကြီးဆီက လက်နက်တွေဝယ် အခုဘာတွေဖြစ်နေသလဲ ။ခင်ဗျားတို့ တပ်မတော်ကြီး အနေနဲ့ ဘာတွေတိုးတက်လာပြီလဲ ။ အခုရော ခင်ဗျားတို့ ဘာတွေ အော်နေကြပြန်ပြီလဲ။ နူကလီးယားကို စွမ်းအင်အတွက်သုံးချင်ရင် မြောက်ကိုရီးယားကို ချဉ်းကပ်ဖို့မလိုဘူး။
`ဆင်ခြေတုံတရားမရှိ ဆက်လုပ်ရင်တော့ တဘ၀လုံး ၅၄ မှာပဲနိဂုံခုပ်သွားလိမ်မယ်´ အမေစု ဆင်ခြင်တုံတရားရှိ မရှိဆိုတာ ခင်ဗျားတို့တတွေ အသိဆုံးပါ။ အမေစု တဘ၀လုံး ၅၄ မှာပဲ နိဂုံး ချုပ်ချင်ချုပ်သွားလိမ့်မယ်။ ဒါပေမယ့် သမိုင်းမှာ ဘယ်တော့ မှ နိဂုံးချုပ်သွားမှာ မဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမည်နာမ တစ်လုံးဟာ မြန်မာသမိုင်းမှာရော ကမ္ဘာသမိုင်းမှာပါ နေတစ်စင်းလို ဆက်လက်ထွန်းလင်း တောက်ပနေဦးမှာ။ အဲဒိလိုပဲ ခင်ဗျားတို့ရဲ့ မွေးစား အဖေကြီးကလဲ သမိုင်းမှာ ဆက်ပါနေဦးမှာပဲ ဒါပေမယ့် ထွန်းလင်း တောက်ပတဲ့ နေတစ်စင်းအနေနဲ့တော့ မဟုတ်ဘူး။ နေရဲ့ အလင်းရောင် ပိုမိုထွန်းလင်းတောက်ပဖို့ လိုအပ်တဲ့ အမှောင်ဆိုတဲ့ နေအထားနဲ့ ဆက်ပါနေဦးမှာပဲ။ နားလည်လားမသိဘူး။
စိတ်တော့ မကောင်းဘူးဗျာ ခင်ဗျားတို့အတွက် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာက လူလူအချင်းချင်း ကိုယ့်ထက်သိတဲ့တတ်တဲ့ သူတွေကို လေးစားသမှုနဲ့ အရိုအသေပေးကြတယ်။ သူတို့တတွေရဲ့ ဇနီးသားသမီး တွေကိုလဲ လေးစားသမှုနဲ့ ဆက်ဆံကြတယ်။ ခင်ဗျားတို့လိုတော့ ကိုယ့်အထက် အရာရှိဖြစ်တာလေးနဲ့ပဲ သူတို့ ဇနီးသားသမီး မြေးမြစ်တွေကို စလံပေး အလေးပြု ရိုသေပြနေစရာ မလိုဘူးပေါ့ဗျာ။ အရိုအသေ ပေးရတာနဲ့ လေးစားသမှုနဲ့ ဆက်ဆံတာ မတူဘူးဆိုတာတော့ ခင်ဗျား သိလောက်မယ် ထင်ပါတယ်။

written by ရော်ဆမ်း, November 19, 2009
ပထမဦးဆုံး ကွန်မင့် ရေးသွားတဲ့ soldier ဆိုတာ...
ဗိုလ်ချုပ် အောင်ဆန်း တည်ထောင် ပေးခဲ့တဲ့ စစ်တပ်ကို မှီပြီး ထမင်း စားနေ ပြီးတော့ ဗိုလ်ချုပ် သမီးကို အဖွားကြီးလို့ ပြောပုံ ထောက်ရင် ၀မ်းနဲ့ လွယ်မွေးပေး ထားတဲ့ အမေရင်း ကိုလည်း နှစ်ပြား မတန်အောင် ပြောဖို့ ၀န်လေးမယ့်သူ ဟုတ်ဟန် မတူဘူး။ နွားနဲ့ ခွေးတောင်မှ သူတို့ကို ထမင်း ကျွေးတဲ့ သူကို အသိ အမှတ် ပြုတတ် သေးတယ်။ ဘာလုပ်ဖို့ အသက် ရှင်နေသေးလဲကွာ။ လဲသာ သေလိုက် ပါတော့လား။

written by HHA, November 19, 2009
ဒီ လက်နက်မရှိတဲ့ ဖွားဖွားကြီးကို လက်နက်ကိုင်နေတဲ့ မင်းဘိုးတော် တွေတောင် ကြောက်လို့ မလွှတ်ပေးရဲဘူးဆိုတာ မသိဘူးလား......
နှလုံးရည်မှ မတူတာကွ............
နှလုံးရည်မှ မတူတာကွ............
written by someone, November 19, 2009
နအဖ ကို မြန်မာပြည်သူပြည်သားတွေ မပြောနဲ့ ဦး အာဆီယံနဲ့  နိုင်ငံတကာ ကတောင်မှ မယုံပါဘူး (ဒေါ်စုကို လွှတ်ပေးမယ်ပြောတဲ့ကိစ္စ)။ ဒေါ်စုကို အကယ်၍ လွှတ်ပေးခဲ့သည့်တိုင် စေတနာကောင်းနဲ့  လွှတ်မှာ မဟုတ်ဘဲ
သူတို့ အပေါ်ကျမယ့် ဖိအား တခုခု သက်သာဖို့ လောက်ပါဘဲ။ ပြီးရင် ဟိုအမှုတပ် ဒီအမှုတပ် ဖမ်းဦးမှာပါ။ တိုင်းပြည်ပြဿနာတွေကို ဒီလောက်ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိုတဲ့ ဒေါ်စု ကို လွှတ်ပေးရမှာ သေမလောက် ကြောက်နေတဲ့ နအဖ က တိုင်းပြည်အတွက် ကောင်းတာတွေ လုပ်လိမ့်မယ်လို့ လဲ ဘယ်သူတဦးတယောက်ကမှ မယုံကြည်တာ ဘာမှ အံ့သြစရာမရှိပါဘူး။ အဲဒီလို အယုံအကြည်တွေ ကင်းမဲ့နေတာနဲ့ ဘဲ နအဖဘာလုပ်လုပ် တိုင်းပြည် ကောင်းစားရေးကိစ္စက ရှေ့ ရောက်မလာတာပါ။
ဒေါ်စု၊ အင်န်အယ်လ်ဒီ၊ တိုင်းရင်းသား၊ အတိုက်အခံ တွေဘက်က လျော့လို့ ရတာတွေကတော့ အကုန်လုံးလျော့ပြီးပါပြီ။ ဒိထက်လျော့စရာ မရှိတော့ဘူးလို့  ခေါင်းဆောင် တစ်ဦး ပြောဖူးသလိုပါဘဲ။
နအဖက ရုပ်ကြမ်းသလောက် အကောင်းတွေလုပ်ပြဖို့ နဲ့ နဲနဲ လျော့ဖို့ ရာ ဘာမှ ရှိပုံမရပါဘူး လို့ဘဲ မြင်ပါတယ်။ ကြာလွန်းလာတော့လဲ နအဖ ကို အတိုက်အခံ ပြုဖို့ ထက် ကမ္ဘာ့အလယ် သူများတွေကြားမှာ ရှက်လာတာဘဲ ပိုများလာပါတယ်။ တို့ တွေ အဲဒီလောက်တောင်မှ civilized မဖြစ်တဲ့ လူမျိုးတွေဖြစ်နေပါပေါ့လားပေါ့။

written by yetwayni, November 19, 2009
ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတရပ်လုံးရဲ့ မျှော်လင့်ချက်ပဲ။ အမေပုံကို ခဏတွေ့လိုက်ရရင်ပဲ ပျောက်ဆုံးနေတဲ့အားအင်တွေ ပြန်လည်ပြည့်ဖြိုး လာသလိုကို ခံစားရတယ်။ လူထုအားလုံးက အမေ့ကိုပဲ တွေ့ချင်နေကြတာ။ အမေသာ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ထွက်ပေါက်ပေးနိုင်မယ့်သူပါ။ အမေသာ အမိနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင် ပေးနိုင်မယ့်သူပါ။ တပ်မတော်ကိုရော လူထုကိုပါ ပြန်လည်စေ့စပ်ပေးနိုင် သူဟာ အမေကလွဲလို့ဘယ်သူမှ မဖြစ်နိုင်ပါ။ အမေအချုပ်အနှောင်မှ အမြန်လွတ်မြောက်ပါစေ။
written by yinko, November 19, 2009
မင်းအမေကို အပြစ်မရှိပဲ ဒေါ်အောင်ဆန်းစုကြည်လို နှစ်ဆယ်ချီပြီး မဟုတ်ဘူး .... ၁ နှစ်လောက်ပဲ အကျဉ်းချထားကြည့်ပါလား။
Write comment
| < Prev | Next > |
|---|