“ကျနော် ချစ်လှတဲ့ ပြည်သူတွေ အခုအထိ ဆင်းရဲတွင်း နက်နေသေးတဲ့ အတွက်တော့ ကျနော် စိတ်မကောင်းနိုင်ပါဘူး၊ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေက မတရားမှု၊ ဖိနှိပ်မှု မျိုးစုံကို အလျှော့မပေးဘဲ တဗိုလ်ကျ တဗိုလ်တက်၊ တမျိုးဆက်ပြီး တမျိုးဆက် ဆက်လက်တိုက်ပွဲ ၀င်နေကြတာကို မပြတ်ကြားသိနေရတဲ့ အတွက် အဲသလို ပြည်သူမျိုးအတွက်တော့ ကျနော် အလွန် ဂုဏ်ယူပြီးအားရ ကျေနပ်မှုလည်းရှိပါတယ်၊ ဆက်လက်ပြီးတော့လည်း မလျှော့တမ်းဇွဲနဲ့ ကြိုးစားအားထုတ်ကြပါ” ဟု ဗိုလ်မှူးချုပ်ကျော်ဇောက မွေးနေ့ အမှာ စကားပြောကြားသည်။
အချင်းချင်းစည်းလုံး ညီညွတ်၍ သဘောထားကြီး ကြရန်နှင့် ပြည်သူများလိုလားတောင့်တနေသည့် ဒီမိုကရေစီ အမြန်ရရန်၊ အားလုံးကျန်းမာ ချမ်းသာကြရန်လည်း ၎င်းက ဆန္ဒပြုသည်။
ဝါရင့်သတင်းစာဆရာတဦးဖြစ်သူ ဦးဝင်းတင်က“ သူ့ပုံရိပ်ရဲ့ ရိုက်ခတ်မှုက ဘာပဲပြောပြော ကျနော့်အပေါ်မှာ အတော်ကြီးမား တယ်၊ ခုချိန်ထိလဲ တိုင်းရေး ပြည်ရေးကို အလွန်ကို ကြီးမားစွာ စိတ်ဝင်စားနေတယ်၊ ဒါ ကြောင့်လည်း ၉၀ ပြည့်နှစ်မှာတောင် တိုင်းပြည် အပေါ်မှာထားတဲ့ သဘောထားတွေ၊ တိုင်းသူပြည်သားတွေ ရဲ့ဒုက္ခတွေက နေလွတ်မြောက်ရာ လွတ်မြောက်ကြောင်း အတွက် ပြန်ကြိုးပမ်းအားထုတ်ဖို့ အတွက် တိုက်တွန်း နှိုးဆော်မှု တွေကို ကြားရတဲ့ အခါမှာ ကျနော်အများကြီး အားရပါတယ်” ဟုပြောသည်။
ဗိုလ်မှူးချုပ်ကျော်ဇောသည် မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်များအနက် သက်ရှိထင်ရှား ကျန်ရှိနေသူ ၂ ဦးတွင် တဦးဖြစ်ပြီး အခြားတဦးမှာ ဗိုလ်ရဲထွဋ် ဖြစ်သည်။
ဂျပန်နိုင်ငံ ဟိုင်နန်ကျွန်းသို့ သွားရောက် စစ်ပညာသင်ကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ်သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ့တပ်မတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်းခဲ့သည်။
သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု၏ အသိအမှတ်ပြုခြင်းကို ခံရသောအခါ စစ်အစိုးရသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ သမိုင်းအမှတ်အသားများကို ဖျောက်ဖျက်ရန် ကြိုးပမ်းခဲ့ပြီး ရဲဘော်သုံးကျိပ်၏ အခန်းကဏ္ဍမှာလည်း မှေးမှိန်ခဲ့ကြောင်း သုံးသပ်သူများကဆိုသည်။
ဝါရင့်နိုင်ငံရေးသမား တဦးဖြစ်သူ သခင်ချန်ထွန်းက“လက်ရှိ စစ်အစိုးရဟာ ရဲဘော်သုံးကျိပ်ရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုချင်တယ်၊ တပ်မတော် တည်ထောင်တဲ့သူတွေကို ဂရုမစိုက်ချင်ဘူး၊ တပ်မတော်ရဲ့ ဇစ်မြစ်ကို စစ်ဗိုလ်ချုပ်တွေက မေ့ပစ်ချင်ပုံရတယ်” ဟု ပြောသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို “သက်ရှိသမိုင်း စာအုပ်” အဖြစ် ညွှန်းဆို ဖော်ပြကြသည်။
ဗိုလ်မှူးချုပ်ကျော်ဇောသည် ပဲခူးတိုင်း သုံးဆယ်မြို့ဇာတိဖြစ်ပြီး မိဘများမှာ လယ်သမားများဖြစ်ကြောင်း အသက် ၈၈ နှစ်အရွယ်၌ ရေးသားထုတ်ဝေခဲ့သော “ဆိုင်စုမှ မန်ဟိုင်းသို့”ဟု အမည်ပေးထားသည့် ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်မှသိရသည်။
ထို့အပြင် လူအများ ယုံကြည်ထားကြသော အချက်တခုဖြစ်သည့် ဗိုလ်ချုပ်နေ၀င်းကို ရဲဘော်သုံးကျိပ်ဝင်အများက မုန်းတီးကြသည် ဆိုသည်ကိုလည်း သူကဆန့်ကျင်၍ စာအုပ်တွင် ဖြေရှင်းထားခဲ့သည်။
မျိုးးချစ် စိတ်ဓာတ်ပြင်းထန်သည့် ဗိုလ်ကျော်ဇောသည် ၁၉၄၄ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီသို့ ၀င်ရောက်ခဲ့သည်။
၁၉၄၉ ခုနှစ်ကဖြစ်ပွားခဲ့သော အင်းစိန်တိုက်ပွဲသည် သူ၏ စစ်မှုထမ်း သက် တလျှောက် မေ့မရနိုင်သည့် အရှည်လျားဆုံးစစ်ပွဲ၊ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနှင့် အန္တရာယ်အများဆုံး စစ်ပွဲဖြစ်ကြောင်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရေးသားခဲ့သကဲ့သို့ သူ၏ထင်ရှားကျော်ကြားမှုသည်လည်း ထိုအချိန်မှ စတင်ခဲ့သည်။
ရှမ်းပြည်နယ်သို့ တရုတ်ကူမင်တန်တပ်များ ကျူးကျော်ဝင်ရောက်သည်ကို မြန်မာ့တပ်မတော်က တိုက်ထုတ်စဉ် ဗိုလ်ကျော်ဇော ဟူသော အမည်သည် လူတိုင်းပါးစပ်ဖျားတွင် တဖွဖွပြောဆိုရသည် အထိ ဖြစ်ခဲ့သည်။
၁၉၅၇ ခုနှစ် ဧပြီလတွင် ကွန်မြူနစ်များထံသို့ လျှို့ဝှက်ချက်များ ပေါက်ကြားစေသည်ဟူသော စွပ်စွဲချက်ဖြင့် ဗိုလ်ချုပ်နေ၀င်းက သူ့ကို စစ်တပ်မှ ထုတ်ပယ်ခဲ့သည်။ တပ်မတော်မှ အနားယူခဲ့ပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေးကို တက်တက်ကြွကြွထောက်ခံခဲ့သည်။
၁၉၇၆ ခုနှစ်မှာ အစိုးရ၏ တင်းကျပ်သည့် စောင့်ကြည့်မှုများကြားကပင် ဗမာပြည်ကွန်မြူနစ်ပါတီ ထိန်းချုပ်ရာနယ်မြေဆီ ရှောင်ထွက်နိုင်ခဲ့ပြီး ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် စစ်ကော်မရှင်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
၁၉၈၉ ခုနှစ်က ကွန်မြူနစ် ပါတီပြိုကွဲရာတွင် ဗိုလ်ကျော်ဇောသည် တရုတ်ပြည်ထဲသို့ ၀င်ရောက်ခိုလှုံခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇောသည် ယခုအခါ တရုတ်နိုင်ငံ ကူမင်းမြို့တွင် နေထိုင်လျက် ရှိသည်။
Comments (3)

written by Htet myanmar Tha, December 04, 2009
I agree BA ZAW!HE is a hero for our country.We must do something for our motherland,for our people!The tamataw came from people,they belong to people,they are never should be killer of some genarals !
written by Ba Zaw, December 04, 2009
My late father(ex-navay man & former Myoma student in 193
used to tell me about Bregadier Kyaw Zaw since I was 13. Coz my dad was one of the soliders in famous Inn Sein battle in 1949. In that time, Bregadier was not in uniform, only with short-pant & sleeve!. And he commanded from naval ship to all forces. Htann ta pin battle also is one of the famous ones.
My dad had said that Bo Kyaw Zaw is ONLY ONE in Tamataw who never involved in woman, alchohol, cigecrette, & corruption. And then he is the only one who most sharpest in military affair,especially in strategy.
So I fully respest him like Bo Gyoke Aung Sann coz he is one of the major founders of Tamataw. So I used to read about him, all story including CPB. He is a great person of our country! We must make a dummy for him before or after his death. When I read about his story (self-written in CPB site) I did cry deeply. I felt deeply, and felt sorrow for him who did for our country with giving his whole life untill now.
Hence, in his birthday, I wish that I WANT HIM TO SEE OUR COUNTRY WITH FULL-SCALE DEMOCRACY BEFORE HIS LIFE ENDING & WE (people who know about truce history) WANT TO MAKE A GREAT RESPECT!
BE LONG LIVE OUR RESPECTIVE, GREAT AND HISTORICAL SOLDIER OF OUR COUNTRY!
Ba Zaw
used to tell me about Bregadier Kyaw Zaw since I was 13. Coz my dad was one of the soliders in famous Inn Sein battle in 1949. In that time, Bregadier was not in uniform, only with short-pant & sleeve!. And he commanded from naval ship to all forces. Htann ta pin battle also is one of the famous ones. My dad had said that Bo Kyaw Zaw is ONLY ONE in Tamataw who never involved in woman, alchohol, cigecrette, & corruption. And then he is the only one who most sharpest in military affair,especially in strategy.
So I fully respest him like Bo Gyoke Aung Sann coz he is one of the major founders of Tamataw. So I used to read about him, all story including CPB. He is a great person of our country! We must make a dummy for him before or after his death. When I read about his story (self-written in CPB site) I did cry deeply. I felt deeply, and felt sorrow for him who did for our country with giving his whole life untill now.
Hence, in his birthday, I wish that I WANT HIM TO SEE OUR COUNTRY WITH FULL-SCALE DEMOCRACY BEFORE HIS LIFE ENDING & WE (people who know about truce history) WANT TO MAKE A GREAT RESPECT!
BE LONG LIVE OUR RESPECTIVE, GREAT AND HISTORICAL SOLDIER OF OUR COUNTRY!
Ba Zaw
Write comment
| < Prev | Next > |
|---|








Just for reasoning sake, lets look at from the other side.
He admited in his biography that , when he was chief of southern command, he shared information with Northern command. As there was only two commands at that time both commanders have information for the whols country. It was a wise act- as the whole country was in chaos.
(When I write this I still admire him). But the point is-- he shared those informations ( mainly military movement to his political ring-BCP. How can you imagine a top commander kept reporting his troops 'movement to forces with whom his troops are fighting with.
His troops are made up with Chin, Kachin, Gaurgha, Burmese, even some native eurasians.......
I cant think of a general who made his own poor soldiers to be killed, his own trioops to be crushed.
I am really interested in this issue: How come political doctrine overcome the good fighter's spirit. Why didnt e joined BCP if he love the doctrine.He he loved those leaders.
It would be very interesting to Myanmar's history to know that how dangerous it is to be a soldier if he is doctrined by a political thought. Imagine how many families lost their sons, brothers, husbands because of that single action.
The old general is still alive. He still have his reputation inside Burma. I think he should fill the gap of history by telling, before he passes away, how come a general did that to his soldiers? And how did he judge his action? Did informatins he leaked to BCP are really serious? And so on.