ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်များတွင် သန်းခေါင်စာရင်း လိုက်လံကောက်ယူ

စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် မကြာသေးခင်က စတင်ကာ ရန်ကုန်တိုင်း အတွင်းရှိ ဆင်ခြေဖုံး ရပ်ကွက်များတွင် မဲဆန္ဒရှင် သိရှိရန် အိမ်ထောင်စု စာရင်များ လိုက်လံ ကောက်ခံနေ သည်ဟု သတင်းရရှိသည်။

အဆိုပါစာရင်းများကို ရန်ကုန်မြို့ရှိ အခြေခံလူတန်းစား အများစုနေထိုင်ရာ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒေါပုံ၊ သာကေတ၊ သန်လျင်၊ ဒလ စသော မြို့နယ်များတွင် သက်ဆိုင်ရာ ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(ရယက) မှ လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုကောက်နေတာ အရှိစာရင်းလို့ခေါ်တာပေါ့၊ သန်းခေါင်စာရင်းမှာလက်ရှိရှိနေတဲ့သူ၊ နိုင်ငံခြားသွားတဲ့သူတို့ နယ်မှာ နှစ်နဲ့ချီ အလုပ်သွားလုပ်တဲ့သူရှိမရှိကောက်တာပါ၊ လက်ရှိကောက်ထားတဲ့ အရှိစာရင်းအတိုင်း နောက်ပိုင်း ကလေးတွေ ကာကွယ်ဆေး ထိုးတာတို့၊ ဘာလို့လုပ်ပေးမှာ၊ ဒီ အရှိစာရင်းမှာ မပါရင် အခွင့်အရေးတွေမရနိုင်ဘူးပေါ့၊ အထက်ကခိုင်းတာပါ”ဟုလှိုင်သာယာမြို့ နယ် အေးချမ်းသာယာရေးကောင်စီ (မယက) ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

သာကေတမြို့နယ် ၁ ရပ်ကွက်တွင် နေထိုင်သူတဦးကလည်း သက်ဆိုင်ရာရပ်ကွက်ရုံးများမှ လူဦးရေစာရင်းကောက်ခံရာတွင် သန်းခေါင်းစာရင်မူရင်းနှင့် ယာယီသန်းခေါင်းစာရင်းများမရှိသော မိသားစုတချို့ကို ယာယီသန်းခေါင်စာရင်းများပြုလုပ်ပေးမည်ဟု ဆိုကာ ငွေကြေးကောက်ခံမှုများရှိနေကြောင်း  ဧရာဝတီကိုပြောသည်။

“ဟိုနေ့က လူစာရင်းလာကောက်တယ်၊ ကျမတို့ အိမ်ဘေးက အိမ်ငှားသမားတွေက သန်းခေါင်းစာရင်းမပြနိုင်တော့ ယာယီ သန်းခေါင်းစာရင်းလုပ်ရမယ်၊ သူတို့လုပ်ပေးမယ်ဆိုပြီး ပိုက်ဆံတောင်းတယ်၊ သုံးထောင်လား၊ လေးထောင်လားပေးရတယ်”ဟု ၎င်း သာကေတမြို့ခံက ဆိုသည်။

ထိုကဲ့သို့ လူဦးရေစာရင်များကိုကောက်ခံသည့်အပြင် ရပ်ကွက်တချို့တွင် ပါတီစုံဒီမိုကရေစီကော်မရှင်ရုံးခွဲများ ဖွင့်ရန်  ပြင်ဆင်မှု များ ရှိနေကြောင်း သာကေတမြို့နယ် မယက မှ စုံစမ်းသိရှိရသည်။

စာရင်းကောက်ခံရာတွင် အိမ်ရှင်၊ အိမ်ငှားနှင့်ပတ်သက်၍ ကောက်ယူခြင်းဖြစ်ပြီးလာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒပေး သည့်အခါ မဲပေးခွင့်ရသူနှင့် မဲပေးခွင့်မရသူများကို ခွဲထုတ်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

ထို့အတူ မန္တလေး၊ တောင်ငူ၊ မြင်းခြံ၊ ထားဝယ် စသောဒေသ အများစုတွင်လည်း ကောက်ခံနေကြကြောင်း ဒေသခံများက ပြော သည်။

ထိုကဲ့သို့ပြည်သူအများစု ရွေးကောက်ပွဲကိုစိတ်ဝင်စားလာစေရန် အာရုံဝင်စားလာစေရန် ပြုလုပ်လာကြသော်လည်း ပြည်သူ အများစုက အာရုံစိုက်မှုမရှိကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

“ကျနော် လက်လုပ်လက်စားတို့၊ ၀န်ထမ်းတို့၊ အိမ်ရှင်မတို့ တော်တော်များများ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အင်တာဗျူးကြည့် တယ်၊ သူတို့က စားဝတ်နေရေးထက် အဲဒီရွေးကောက်ပွဲကို သိပ်စိတ်မ၀င်စားတာ တွေ့ရတယ်၊ ၀န်ထမ်းတယောက်ဆို ဘာပြော လည်းဆိုတော့ သူတို့ရုံးကထည့်ခိုင်းတဲ့ မဲပုံးပဲထည့်မှာပါတဲ့၊ အလုပ်ပြုတ်မှာစိုးတဲ့အတွက်ကြောင့်လို့ပြောတယ်၊ သူတို့က ဘယ်လိုပဲ လုပ်လုပ် လူတွေစားဝတ်နေရေး အဆင်မပြေရင် အာရုံလည်လာမှာမဟုတ်ဘူး”ဟု၎င်းက ပြောပြသည်။

လာမည့် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု နိုဝင်ဘာလ အတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်း နှစ်ပတ်လည် အစည်းအဝေးတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဆိုခဲ့သည်။

၁၉၉၀ ပြည့်နှစ် မေလတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီများဖွဲ့စည်းခွင့်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် စတင်ခွင့် ပြုခဲ့ပြီးနောက် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့သည့်အတွက် နိုင်ငံရေးပါတီများ အားလုံး စည်းရုံးလှုပ်ရှားခွင့် အချိန်အားဖြင့် ၁ နှစ်ကျော်ခန့်ရရှိခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲ ကျင်းပရန် ၃ လခန့် အလို၌ ရုပ်မြင်သံကြားမှ စည်းရုံးခွင့်များပေးခဲ့သည်။

စစ်အစိုးရက ယခုအချိန်အထိ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခြင်းနှင့် ပါတီများဖွဲ့စည်းမှတ်ပုံတင်ခွင့် တို့ကို လုပ်ဆောင်ခြင်းမရှိသေးပေ။
Comments (2)Add Comment
0
ဒီ အရှိ စာရင်းမှာ မပါရင် အခွင့် အရေးတွေ မရနိုင်ဘူးပေါ့၊
written by aung lin, December 28, 2009
I want to know what opportunity I can get smilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gifsmilies/grin.gif
0
ဟင်း..ရင်လေးတယ်။
written by ဟင်း..ရင်လေးတယ်။, December 25, 2009
ဒါဆိုရင်တော့ အရှိတိုင်းပဲ ရှိအုံး ။နေအုံးမှာ ပဲ။
ဟင်း..ရင်လေးတယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်