မနက်ဖြန်တွင် ကျရောက်မည့် ကချင် လွတ်မြောက်ရေး အဖွဲ့ ၏ တော်လှန်ရေး ၄၉ နှစ်ပြည့် သ၀ဏ်လွှာမှာ “ပင်လုံစာချုပ်” ဟု အမည်ရကြောင်း KIO က ပြောသည်။
“၁၉၄၇ ပင်လုံစာချူပ်မှာ ကျနော်တို့ ဖယ်ဒရယ် ပြည်ထောင်စု တည်တောင်ဖို့ သဘောတူ စာချုပ်ချုပ်ဆို ထားပါတယ်၊ ဒါပေမယ့် ပင်လုံစာချုပ်အတိုင်း ဖြစ်မလာလို့ တော်လှန်လာတာ၊ ကျနော်တို့ အခုလည်း ဒီစာချုပ် သဘောတူညီချက် အတိုင်းသွားဖို့ပဲ ကြိုးစား နေမှာပါ”ဟု KIO အရှေ့ပိုင်းတိုင်းခရိုင် အုပ်ချုပ်ရေးမှူး က ဧရာဝတီ ကို ပြောသည်။KIO ငြိမ်းချမ်းရေး ယူပြီးနောက် နယ်ခြားစောင့်တပ်ပြောင်းလဲရန် တိုက်တွန်းခြင်းကို ကချင်လူထုက မည်သို့မျှ လက်ခံမည်မဟုတ် ကြောင်း၊ ထို့ကြောင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ပေးရန်ကိုသာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်အစိုးရဘက်မှ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် ဦးဆောင်ပြီး ကချင် ခေါင်းဆောင် ကိုယ်စားလှယ် ၈ ဦးခန့်နှင့် ဇန်နဝါရီ ၂၉ ရက်နေ့ မြစ်ကြီးနား မြို့တွင်၂၀၁၀ ပြည့်နှစ်အတွင်း ပထမဦးဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ ကြသော်လည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် သဘောတူညီမှု တစုံတရာ မရသေးကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရ နှင့် KIO ကြား ၁၀ ကြိမ်ခန့် တွေ့ဆုံခဲ့ကြသည်။
လက်ရှိအချိန်တွင် KIOက တအိမ် တယောက် စနစ်ဖြင့် “ပြည်သူ့စစ်” စုဆောင်းနေကြောင်းလည်း သိရသည်။
၄၉ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို KIO မြောက်ပိုင်း တပ်မဟာ (၁)အင်ဂွမ်းလကျေးရွာတွင် အဓိက ပြုလုပ်သွားမည်ဖြစ်ပြီး ကျန်သည့်နေရာများတွင် အထိမ်းအမှတ် အဖြစ်သာပြုလုပ်သွားမည်ဖြစ်ကြောင်း KIO က ဆိုသည်။
တရုတ် နယ်စပ် မိုင်ဂျာယာန်မှ အခမ်းအနား စီစဉ်သူ တဦးက“ကျနော်တို့ မနက်ဖြန် မနက် ၈နာရီမှာ အခမ်းအနား စပြီး မိန့်ခွန်း ဖတ်ကြားခြင်း၊ တာဝန်ထမ်းဆောင်တဲ့ ၁၀ နှစ်၊ အနှစ်၂၀ ပြည့် မျိုးချစ်ပုဂ္ဂိုလ်တွေကို ဆုချီးမြှင့် တာတွေပြုလုပ်သွားမယ်၊ ကျန်တဲ့ အချိန်တွေမှာတော့ ကစားပွဲ အမျိုးမျိုးနဲ့ တနေကုန် အစီအစဉ်ရှိမယ်”ဟု ပြောသည်။
“ရွာတွေမှာ သက်ဆိုင်ရာ KIO အဖွဲ့ တွေက ၄၉ နှစ်ပြည့် တော်လှန်ရေးနေ့ အထိမ်းအမှတ် အစီအစဉ်အတွက်နှိုးဆော်မှုတွေ လုပ်နေပြီ၊ မနက်ဖြန် ခေါင်းဆောင်များ ဖတ်ကြားမယ့် မိန့်ခွန်းနဲ့ ရှေ့ဆက်မယ့်လမ်းစဉ်အတွက် စိတ်လှုပ်ရှားတယ်”ဟု မိုင်ဂျာယာန်မှ အိမ်ရှင်မ တဦးက ပြောသည်။
KIO အဖွဲ့သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။
ဤအဖွဲ့ကို ၁၉၆၁ ခု ဖေဖော်ဝါရီ ၅ရက်နေ့တွင် ကချင် ကျောင်းသားခေါင်းဆောင် ဇော်တူး နှင့် ဇော်ဆိုင်းတို့ နှစ်ဦးက စတင် ဖွဲ့စည်းကာ ကချင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 4016
Comments (2)

written by Saw Phoe Khwar, February 08, 2010
Until now, Kachin and Mon are clearly against to the military goverment inside country. As a myanmar national, I always agree on the pinlong agreement. All the state power should not situate in the central goverment.
written by Chit Thein Than, February 05, 2010
There was no cause for armed rebellion on the part of Kachins if they adhered to the spirit of the 1947 Panlong Agreements. The Kachiin delegates got what they demanded, Bhamo and Myintkyina of Burma Proper from the then Burmese Government. Sama Duwa Sinwa Nawng, leader of the Kachin Delegation, stated with gratitude that the Kachin State forfeited the right of secession for ever, unlike Kayah and Shan States. The Zaw brothers started the rebellion of the KIA with a cry for an independent Kachin State. Those days are passed. I support the idea of a federal Union of Burma (Myanmar) without the right for secession.
Write comment
| < Prev | Next > |
|---|







