“ကာလပေါ်၊ ခေတ်ပေါ်နဲ့ မြို့နယ် ဂီတအစည်းအရုံး အဖွဲ့တွေ အားလုံးပေါင်း ၃၀ ကျော်ပါမယ်" ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူ တဦးက ဆိုသည်။
ယင်းဂီတ ပွဲတော်မှာ ပထမဆုံး အကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ဂီတပွဲတော်၏ ရည်ရွယ်ချက်မှာ ခေတ်ပေါ် သံစဉ် သီချင်းများနှင့် မြန်မာသံစဉ် သီချင်းများ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် နိုင်ငံတော် တည်ဆောက် ရေးတွင် အနုပညာရှင်များ အနေဖြင့် တခန်းတကဏ္ဍမျှ ပါဝင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြု လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ခေတ်ပေါ် စတီရီယို အဖွဲ့များမှာ Iron Cross ၊ Emperor ၊ Aurora ၊ New Wave ၊ The Trees ၊ Lazy Club ၊ The Rays စသည့် တီးဝိုင်းများ၊ ကာလပေါ် မြန်မာသံစဉ် တီးဝိုင်းများ အနေဖြင့် စန္ဒရား ကွန်းဇော်နှင့် အဖွဲ့၊ မောင်မောင်အေး (အလင်္ကာဝတ်ရည်) အဖွဲ့ စသည်တို့ ပါဝင်ကြမည် ဖြစ်သည်။
အဆိုပါ ဂီတပွဲတော် အတွက် ရေးသားရမည့် အကြောင်း အရာများမှာ သွေးကွဲခြင်း၏ အဓိပ္ပာယ်ကို ဖော်ဆောင်ခြင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသိတရားနှင့်ယှဉ် သတိတရားနှင့် ပေါင်းစပ်၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး၊ မြန်မာ့ အလှအပ မြန်မာ့ စိတ်ထားစသည့် အချက်ငါးချက်ထဲမှ အကြောင်းအရာ တချက်စီအား တေးသီချင်း တပုဒ်စီ ရေးစပ်ကြရမည် ဖြစ်သည်။
ယင်းကဲ့သို့ အကြောင်း အရာများကို အခြေခံရေးသား ထားသည့် အချက်တခုစီထဲမှ အကောင်းဆုံး တေးတပုဒ်စီကို ရွေးချယ်၍ နေပြည်တော်တွင် ဂီတပွဲတော် အဖြစ် ကျင်းပပြုလုပ်မည် ဖြစ်ကာ ထိုက်ထိုက် တန်တန် ဆုချီးမြှင့်မည် ဖြစ်ကြောင်းလည်း သိရသည်။
ခေတ်ပေါ်နှင့် ကာလပေါ် တေးဂီတ၀ိုင်းများ အနေဖြင့် အပြီးအစီး ရေးစပ်သီဆို ထားသည့် တေးသီချင်း စီဒီချပ်များကို ဂီတအစည်း အရုံးမှ တဆင့် ပြန်ကြားရေး ၀န်ကြီးဌာနသို့ ဇန်န၀ါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ထားပြီး ဖြစ်သည်။
“ကျနော်တို့ အဖွဲ့အနေနဲ့က ရေးပြီး ဆိုပြီးသား သီချင်းတပုဒ် တင်ထားပါတယ်။ ကိုညီသူဟန်က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုပြီး တင်လိုက်တာပါ” ဟု lazy Club တေးဂီတ အဖွဲ့၏ မန်နေဂျာ ကိုစိုးနိုင်ထွန်းက ဧရာဝတီကို ပြောသည်။
၎င်းဂီတ ပွဲတော်တွင် ပါဝင်ရေးစပ် ကြမည့် တေးသီချင်းများကို အကဲဖြတ်ပေးမည့် ဒိုင်များအနေဖြင့် ခေတ်ပေါ် စတီရီယိုနှင့် ကာလပေါ် မြန်မာသံစဉ် ဒိုင်များဟူ၍ ခွဲခြား သတ်မှတ်ထားပြီး ရွေးချယ်အမှတ် ပေးကြမည် ဖြစ်သည်။
အဆိုပါ ဂီတပွဲတော်တွင် အကောင်းဆုံး ရေးစပ်နိုင်မည့် တေးသီချင်းများကို ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်မည် ဖြစ်ကြောင်း ဂီတ အသိုင်းအ၀ိုင်း ထဲမှ ကြားသိရသည်။
ဤသတင်းအား ဧရာဝတီ သတင်းထောက် သဲသဲမှ ပူးပေါင်းပါဝင် ရေးသားသည်။
Set as favorite
Bookmark
Email this
Hits: 3466
Comments (8)

written by Theingyi Pabedan, February 12, 2010
May be someone should write and perform a song about the unity that Burmese people really want: the unity between NLD, the government and ethnic groups. It is funny that when the generals talk about unity, they never think about NLD or democratic activists. The generals want unity only with those who are afraid of them.
written by ကိုမထင်, February 12, 2010
ဘယ်လိုလဲ လုပ်လုပ်၊ ဘာတွေပဲ လုပ်လုပ်၊ ဘယ်လောက် ကြီးကြီးပဲ လုပ်လုပ်၊ ကောက်ရိုးမီး လိုပဲ တောက်တုန်း ခဏတော့ အရှိန် ကောင်းမှာ ပေါ့နော်... ဘာမှ မကြည့်နဲ့လေ.. သူတို့ပဲ ထွင် လုပ်ခဲ့တဲ့ လှေလှော် ပြိုင်ပွဲတို့၊ အမျိုးသား အားကစား ပွဲတော်တို့၊ ကျောင်းသား အားကစား ပွဲတော်တို့၊ စသည်ဖြင့်ပေါ့ အခုဘယ်မှာ ကြားရတော့ လို့လဲ၊
လူတွေကလဲ သိပြီးသားပါ။ တကယ့် နိုင်ငံတော် ပွဲတွေ ဖြစ်တဲ့ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့ တွေကျတော့ ဖျောက်ထားပြီး ဘာ မဟုတ်တဲ့ ကလေး ကလား ဆန်တဲ့ အလုပ်တွေ လုပ်နေကြတာ။
လူတွေကလဲ သိပြီးသားပါ။ တကယ့် နိုင်ငံတော် ပွဲတွေ ဖြစ်တဲ့ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့ တွေကျတော့ ဖျောက်ထားပြီး ဘာ မဟုတ်တဲ့ ကလေး ကလား ဆန်တဲ့ အလုပ်တွေ လုပ်နေကြတာ။
written by Kyaw, February 12, 2010
They are forced to involve in these kind of propaganda to promote 2010 election.The famous band like IC, I believe will never participate in Military backed "music festival" if they have choice.
Easy to criticize people inside Burma, but try yourself to be in their situation, you will find difficult to disobey the order that come from the barrels of the guns.!
Easy to criticize people inside Burma, but try yourself to be in their situation, you will find difficult to disobey the order that come from the barrels of the guns.!
written by soe tint, February 11, 2010
စစ်ရေးပြ အခမ်း အနားတွေမှာ ဂီတ တူရိယာတွေကို အသုံး ပြုပြီး စစ်ချီတေးတွေ ဆိုရတာနဲ့ ပဲ စစ်တပ်က တိုင်းပြည်ရဲ့ ဂီတ လောက ကို အနိုင် ကျင့်တော့တာပဲ စစ်တပ်က ထုပ်လုပ်ရိုက်ကူးတဲ့ ရုပ်ရှင်တွေ ထဲမှာလည်း တတိုင်း ပြည်လုံးက သရုပ်ဆောင်တွေ အတင်း ထည့်ရိုက် (စစ်တပ်ကို ဖားတဲ့ ဒါရိုက်တာ ကလည်း အသင့်ရှိနေ) ဒါပေမဲ့ အဲဒိ ရုပ်ရှင်ကားက အခု ဘယ်နား နေမှန်းတောင် မသိတော့ဘူး အဲဒါကို လည်း စစ်တပ်က သင်ခန်းစာ မရကြဘူး သေနပ် ရှိတိုင်း လုပ်ချင်ရာ လုပ် တာကို ခံနေကြရတဲ့ တိုင်းပြည်မှာ စစ်တပ် ဆိုခိုင်းတာကို လိုက်မဆို ပေးရင် အဲဒိ ဂီတ၀ိုင်းနဲ့ တေးသံရှင်တို့  ကတော့ ဘယ်တော့မှ ဆိုခွင့် မရတော့ဘူး ၀တ်ကြေ တမ်းကြေ ဆိုပေးလိုက်ပါ
written by Zero, February 11, 2010
IC????? Woow! will they compose policy songs 'n compete??
Maybe they have no choice to avoid it otherwise ..........................................!!!
By the way, I m a big fan of IC and Layphyu.. I wish they wouldn't participate in that kind of contest..
I am really in bad mood after reading this news!!
And I would like to request to all musicians including IC ..
Please do respect to your FANS!! We are the ones who support , love 'n stand with you!!
So please consider again in which side u should stand even though I know it's difficult to against Disciplined Democracy Maker ( LOL)...
.. ♪♫ Zero ♪♫..

written by ပြည်သူ, February 11, 2010
မဆလခေတ် အာဏာရှင် ဘိုရှုပ်တွေ ဘောင်းဘီ ချွတ်ပြီး ခေါင်းပေါင်း ဝတ်ကြမယ့် (၇၃၊ ၇၄) ကာလ တုန်းက လိုပေါ့၊
သူတို့က ‘သရုပ်ပျက်ဂီတ’လို့ သမုတ်ခဲ့တဲ့ စတီရီယို တေးဂီတ ပညာရှင်တွေကို အတင်း နသားပါရ လုပ်ပြီး၊ “မဲရုံ မဲရုံ
ကိုလား တပြည်လုံး ဆန္ဒနဲ့ xxx တိုင်းနဲ့ ပြည်နယ် အမြဲတွဲဒို့မခွာ xxx မဲရုံကို မဲရုံကို လာကြလာကြ မဲသွားပေးမယ်လေ”
ဆိုပြီး၊ တပြည်လုံးကို မဆလရဲ့ မြန်မာ့ ဆိုရှယ်လစ် ဝမ်းဟောင်းလောင်း ငတ်စဉ်ထဲ သွတ်သွင်းခဲ့တဲ့သမိုင်းကျော့ကွင်း
တပတ် ပြန်လည်လြာ ပီပေါ့လေ။ ‘နိုင်ငံတော်’အကျိုးပြု သီချင်း ရေးသား သီဆိုချင်ကြတဲ့ ကိုကို မမ တို့သတိထားကြ၊
သတိရကြ၊ ကျွန် သခင် စစ်ဘုရင်ကြီးက လူထုကို စစ်ကျွန်ဇာတ် သွင်းမယ့် အရေးမှာ ကျွန်ပွဲစား မဖြစ်ကြပါစေနဲ့။

Write comment
| < Prev | Next > |
|---|