ဘယ်တုန်းကမှ ဘယ်သူမှ မဖတ် သောကြောင့် အလကား ဝေနေရသည့် မြန်မာ့ အမှောင် သတင်းစာကြီးပင် ရွေးဂေါက်ပွဲ ဥပဒေ သတင်းကြောင့် စောင်ရေ ထိုးတက်ကာ ကမ္ဘာ့ ရောင်းအကောင်းဆုံး သတင်းစာ စာရင်းဝင် ဖြစ်သွား တော့သည်။ ထိုအချိန်တွင် ဒေဝါလီ သတင်းထောက် ဖိုးရှုပ်၊ ဦးရုက္ခစိုးနှင့် ချိုကုပ်ဒူးကြီးတို့ ကြပ်ပြေး နေပြည်တော်ကြီးရှိ “လွတ်ပေါ်” အဆောက် အအုံကြီးကို နောက်ခံကာ စကားဝိုင်း ဖွဲ့နေကြသည်။ ထိုစကားဝိုင်းကို ဒေဝါလီ မဂ္ဂဇင်း၏ ရာဟု စကားဝိုင်း အစီအစဉ်တွင် တင်ဆက်မည် ဖြစ်သည်။
ဖိုးရှုပ်။ ။ မင်္ဂလာပါ … ရာဟုစကားဝိုင်း စတင်ပါတော့မယ်။ ကျနော်ကတော့ ဖိုးရှုပ်ပါ။ ချိုကုပ်ဒူးကြီးကို အရင်ဆုံး မေးချင်တာက ၂၀၁၀ ဘာလဲ၊ ဘယ်လဲ ပေါ့ခင်ဗျာ။
ချိုကုပ်။ ။ ၂၀၁၀ ကတော့ ကျုပ်တို့အတွက် အရမ်းကို ထုတ်လုပ်မှုအားကောင်းတဲ့ နှစ်လို့ ပြောလို့ရပါတယ်။
ဖိုးရှုပ်။ ။ ဘာတွေများ ထုတ်လုပ်လိုက်ပါသလဲ။
ချိုကုပ်။ ။ ထုတ်တာတော့ အများကြီးပါပဲ။ နှစ်ဆန်းမှာတင် ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီး ပြည်ပကို နှင်ထုတ် နိုင်ခဲ့တယ်၊ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း တော်တော်များများ ရုံးထုတ်နိုင်ခဲ့တယ်၊ ကျနော့် စစ်သားတွေအတွက် လက်နက်တွေ လိုသလောက် လက်နက်တိုက်ထဲက ထုတ်ပေးခဲ့တယ်၊ ခိုး၊ ဆိုး၊ နှိုက်၊ တိုက်နေတဲ့ အကျဉ်းသားတွေကို အကျဉ်းထောင်ကနေ ထုတ်ပေးနိုင်ခဲ့တယ်၊ ထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေ ပြည်ပရောင်းနိုင်ဖို့ရယ်၊ ပြည်ပက ဝယ်နေရတဲ့ လောင်စာဆီဖိုး ချွေတာတဲ့ အနေနဲ့ရယ် နေရောင်ခြည်သုံး လျှပ်စစ်ကားတွေလည်း ထုတ်ပါမယ်။
ရုက္ခစိုး။ ။ နေရောင်ခြည်သုံး ကား ဆိုတော့ သွားပါ့မလားဗျ။
ချိုကုပ်။ ။ သွားတာ မသွားတာ ကျုပ်အလုပ်မဟုတ်ဘူးလေ။ ထုတ်မှာကို ပြောတာ။ နေဦး စကားဖြတ်မပြောနဲ့၊ ကျန်သေးတယ်။
အခုဆိုရင်လည်း အားလုံး သိကြတဲ့အတိုင်း ရွေးဂေါက်ပွဲ ဥပဒေ ထုတ်လိုက်ပါပြီ။
ရုက္ခစိုး။ ။ ရွေးဂေါက်ပွဲ ဥပဒေကြီးကို ထုတ်ပြီဆိုတော့ ရွေးဂေါက်ပွဲ တကယ် ကျင်းပတော့မယ် ဆိုတဲ့ သဘောပေါ့နော်။
ချိုကုပ်။ ။ အဲဒီလို ယူဆလည်း ရပါတယ်။ အဲဒီလို မယူဆလည်း ရပါတယ်။ ဒီလိုလေ … ကျုပ်ဘက်ကတော့ အားလုံး လုံအောင် လုပ်ထားတာပဲ။ အဲဒီလို လုပ်ထားတဲ့ကြားက ဟာကွက်တွေ ရှိလာမယ်၊ တဘက် အတိုက်အခံတွေ အသာစီး ရမယ့် အလားအလာ တွေ့တယ်ဆိုရင် ရွေးဂေါက်ပွဲကို မကျင်းပတော့ဘူးပေါ့ဗျာ။ ကျုပ်ပါးစပ်ထဲပဲ ရှိတာပဲဟာ။
ဖိုးရှုပ်။ ။ ရွေးဂေါက်ပွဲ ဥပဒေထဲက ရွေးဂေါက်ပွဲ ကော်မရှင် ဥပဒေက တော်တော် မရှင်းမရှင်းဘဲ နော်။
ရုက္ခစိုး။ ။ ကျုပ်တော့ ရှင်းတယ်။ ကျုပ် စဉ်းစားမိတာတော့ ရွေးဂေါက်ပွဲ ကော်မရှင်ထဲမှာ ကျုပ်ကို ထည့်ရင်ရမယ် ထင်တယ်။
ချိုကုပ်။ ။ ဟာ … ဘာကိစ္စ ထည့်ရမှာလဲ။
ရုက္ခစိုး။ ။ အသက်ကတော့ ပြောမနေနဲ့ ကျုပ်က ၅၀ ကို ဟိုဘက် နှစ် ၁၀၀၀ လောက်ကျော်ပြီးသား။ ထင်ပေါ်ကျော်ကြား ဂုဏ်သတင်းရှိသူ … ဟဲဟဲ … ဒါကတော့ ပြောစရာကိုမလိုဘူး။ ချင်းမိုင်ရုက္ခစိုးရဲ့ ဂုဏ်သတင်း ချိုကုပ်ဒူးကြီးလည်း သိပါတယ်။
ဖိုးရှုပ်။ ။ ဟုတ်တယ်၊ ဟုတ်တယ်၊ သိက္ခာ သမာဓိနဲ့ ပြည့်စုံ၊ အတွေ့အကြုံကလည်း ရင့်ကျက်၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အပေါ် သစ္စာလည်းရှိ၊ နိုင်ငံရေးပါတီဝင်လည်း မဟုတ်၊ အစိုးရ လခစားလည်းမဟုတ် … မဟုတ်။
ချိုကုပ်။ ။ နေပါဦး၊ နေပါဦး၊ ထင်ပေါ်ကျော်ကြား ဂုဏ်သတင်းရှိသူ ဆိုတာကို နအဖ က အသိအမှတ်ပြုမှ ရမှာလေ။ ခင်ဗျားဘာသာ ခင်ဗျား ကမ္ဘာကျော်နေလည်း နအဖက ဂုဏ်သတင်း ကျော်ကြားတယ်လို့ မယူဆရင် မရဘူးလေ။
ဖိုးရှုပ်။ ။ သြော် ဒါဖြင့်လည်း အစကတည်းက နအဖ ခန့်အပ်တဲ့ ကော်မရှင် လို့ပဲ ပြောလိုက်ပါလား။ လူတွေ နားမရှုပ် ရှုပ်အောင် လုပ်တယ်။
ချိုကုပ်။ ။ ဒါကတော့ ခင်ဗျားတို့ ပြည်ပ သတင်းထောက်တွေ အော်အော်နေတဲ့ ဖရီးအန်ဖဲ ဆိုလား၊ အဲဒါ ဖြစ်ပါတယ်လို့လည်း ပြချင်သေးတယ်လေ။ အဲဒါကြောင့် မရှုပ်ရှုပ်အောင် ရေးထားရတာ။
ရုက္ခစိုး။ ။ ရွေးဂေါက်ပွဲ ကော်မရှင်ကတော့ ထားပါတော့။ ဒါဆို ကျုပ် ပါတီမှတ်ပုံတင်မယ်ဗျာ။
ဖိုးရှုပ်။ ။ ဟာ … ဦးရုက္ခစိုး၊ အဲဒီလောက် မာန်မတက်နဲ့လေ။
ရုက္ခစိုး။ ။ မရတော့ဘူး အရမ်း အရမ်းကို ပါတီ ထောင်ချင်နေပြီ။ မင်းတို့၊ ကြွက်စုတ်တို့၊ တာတေတို့၊ နောက်တော့ ကြပ်ပြေးက ကြပ်ငပွေးတို့ အဖွဲ့တွေ ပေါင်းလိုက်ရင် ၁၅ ယောက်တော့ အသာလေး ပြည့်တယ်။
ဦးရုက္ခစိုး စကားကို ကြားသည်နှင့် ချိုကုပ်ဒူးကြီးမှာ အူလှိုက်သည်းလှိုက် ငှက်ဆိုးထိုးသံကြီးဖြင့် တဟားဟား အော်ရယ် လေတော့သည်။
ချိုကုပ်။ ။ ဒီလောက် မလွယ်ဘူးလေ ဦးရုက္ခစိုးရဲ့။ မြန်မာယောင် ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေ ပါတီထောင်လို့ မရဘူးလို့ အတိအလင်း ပြောထားသားပဲ။ နောက်တော့ ဦးရုက္ခစိုးရဲ့ ပါတီဝင်တွေကိုလည်း ကြည့်လိုက်ပါဦး။ ဖိုးရှုပ်တို့၊ ကြွက်စုတ်တို့ ဆိုတာ ဟိုမရောက်၊ ဒီမရောက် နိုင်ငံမဲ့တွေလေ။ လုံး ….................. ဝ မရပါဘူး။ ဥပဒေမှာ ပါပါတယ်။
ရုက္ခစိုး။ ။ ဟာ … ဒါကတော့ ပေါ်တင်ကြီးပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးဂေါက်ပွဲ ဝင်လို့မရအောင် လုပ်တာ မဟုတ်လား။
ချိုကုပ်။ ။ ဘယ်ကလာ ဟုတ်ရမှာလဲ၊ NLD က ရွေးဂေါက်ပွဲ ဝင်ချင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကနေထုတ်ပယ်ပါလို့ ဆိုလိုတာ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို မထုတ်ရင် ဥပဒေအရ ပါတီဖျက်သိမ်းပါလို့ ပြောချင်တာ။
ဖိုးရှုပ်။ ။ ဒါဆို ဖရီးအန်ဖဲ ဘယ်ဖြစ်မလဲ ချိုကုပ်ဒူးကြီးရယ်။
ချိုကုပ်။ ။ ဖြစ်ပါတယ်ဗျာ။ ကျုပ်က ရွေးဂေါက်ပွဲ ပြီးတာနဲ့ တက်မယ့် အစိုးရကို အာဏာချက်ချင်း လွှဲပေးမှာ။ စောင့်သာကြည့်။ အဲဒီလို လွှဲချင်လို့ စီးပွားရေးလုပ်ငန်းတွေဆို ပုဂ္ဂလိကတွေကို အများကြီး ကြိုလွှဲထားပြီးနေပြီ။
ရုက္ခစိုး။ ။ ဒါပေမယ့် ဦးပိုင်က အဲဒီစီးပွားရေးတွေထဲက အကောင်းဆုံးဆိုတဲ့ တဝက်လောက်ကို ယူထားတာလေ။
ချိုကုပ်။ ။ ဦးပိုင်လေဗျာ၊ ဗိုလ်ပိုင်မှ မဟုတ်ဘဲ။ ပုဂ္ဂလိကပဲဟာ။ ကျုပ်မလိမ်ပါဘူးဗျ။
ဖိုးရှုပ်။ ။ သြော် မှတ်သားလောက်ပါတယ်။ ဒါဆို ရွေးဂေါက်ပွဲမှာ ဘယ်သူတွေ ပါတီထောင်ကြရမှာလဲ။
ချိုကုပ်။ ။ နေဦးဗျ၊ စဉ်းစားဦးမယ် … ဟိုဒင်းလည်း မဖြစ်စေရ၊ ဟိုလူလည်း မပါစေရ၊ ဟိုဟာလည်း မဖြစ်စေရ ဆိုတော့ ဒီလို ရှိတယ် … ကျုပ်ကလွဲရင် ကျုပ်ပဲ ဖြစ်စေရမယ်။ ဘာလို့လည်း ဆိုတော့ မြန်မာအစ ကျောက်ဆည်ကလို့ ဆိုသကိုးဗျ။ မြန်မာ တနိုင်ငံလုံးမှာ မြန်မာနိုင်ငံသား စစ်စစ် ရေမရောတာ ကျုပ်တယောက်ပဲ ရှိတယ်လေ။
ရုက္ခစိုး။ ။ ပြောတော့ တက်မယ့် အစိုးရကို အာဏာလွှဲပေးမှာဆို။
ချိုကုပ်။ ။ ဟုတ်တယ်လေ ...။ ကျုပ်က အာဏာကို ဒီဘက်လက်ကနေ ဟိုဘက်လက်ကို လွှဲပြောင်းပေးအပ်ဖို့ အဆင်သင့်ပဲ။
ထိုစဉ် သူတို့စကားဝိုင်းနားသို့ ဗီဒီယို ကင်မရာကြီး တလုံးထမ်းထားသူတဦး ချဉ်းကပ်လာသည် ...။
ရုက္ခစိုး။ ။ ဟ … ကြွက်စုတ် … ဘာလုပ်မလို့လဲကွ။
ကြွက်စုတ်။ ။ ဒေါ့ကူမန်ထရီ ရိုက်မလို့။ ဘားမားဗီဂျေ အော်စကာမရလို့ မကျေပွဲ နွှဲမလို့ဗျ။
ဖိုးရှုပ်။ ။ ဟိုက လင်းပိုင်တွေ အကြောင်းရိုက်လို့ ဆုရတာနော်။ မျိုးသုဉ်းလုနီးပါး တရိစ္ဆာန် တကောင်ကောင် အကြောင်း ရိုက်မှ မင်းဆုရမှာ။
ကြွက်စုတ်။ ။ ပိုင်ပါတယ်ကွာ … အရင်ဆုံး မင်းတို့ ရာဟု စကားဝိုင်းကနေ စရိုက်မယ်။ ချိုကုပ်ဒူးကြီး အဲဒီအတိုင်းလေး နေပေးပါနော်။ ပြောစရာ ရှိတာ ဆက်ပြောပါ။
ကြွက်စုတ်စကားကြောင့် ချိုကုပ်ဒူးကြီး သဘောခွေ့သွားသည်။
ချိုကုပ်။ ။ ဟုတ်ကဲ့ … ကျုပ်က နိုင်ငံရဲ့ ကောင်းကျိုးကို အမြဲရှေ့ရှုပါတယ်။ အခုဆို ၅ ထောင်တန်လည်း ထုတ်ပြီးပါပြီ။ ဘန်ကောက်က သတင်းစာတစောင်ကဆို ကျုပ်ကို အကြွေးမှန်မှန်ဆပ်လို့ဆိုပြီး ချီးကျူးထားပါတယ်။ ခု ရွေးဂေါက်ပွဲ လုပ်ပြီးတာနဲ့ အဂေါက်ဆုံးသူတွေကို အာဏာလွှဲပေးမှာ ဖြစ်ပါတယ် ...။ တကယ်တော့ အဂေါက်ဆုံးသူ ဆိုတာ တခြားသူတော့ မဟုတ်ပါဘူး။ ကျုပ်ကလွဲလို့ ဘယ်သူ ဖြစ်နိုင်မှာလဲဗျာ … ဟုတ်တယ်မဟုတ်လား။
ချိုကုပ်ဒူးကြီးက ဟန်ပါပါဖြင့် ပြောချင်ရာများကို ရေပက်မဝင် ပြောနေရာ ကြွက်စုတ်ကလည်း ကင်မရာကို ဟိုဘက်က လှည့်ရိုက်လိုက်၊ သည်ဘက်ကလှည့်ရိုက်လိုက် လုပ်နေသည်။ ဦးရုက္ခစိုးက စကားဝိုင်းမှ အသာထကာ ကြွက်စုတ်နား ကပ်၍ မေးလိုက်သည် ...။
ရုက္ခစိုး။ ။ မင်းရိုက်မယ့် ဒေါ့ကူမန်ထရီ နာမည်က ဘာလဲကွ ကြွက်စုတ်။
ကြွက်စုတ်။ ။ ချိုကုပ်ဒူးကြီးရဲ့ နောက်ဆုံးနေများလို့ နာမည်ပေးထားတယ် ဦးရုက္ခစိုး။
ချိုကုပ်ဒူးကြီးက ကရားရေလွှတ် တတွတ်တွတ် ဆက်ရွတ်နေသောကြောင့် ရာဟုစကားဝိုင်းအစီအစဉ် အဆုံးမသတ်နိုင်ဘဲ ဖြစ်နေရာ ဖိုးရှုပ်တယောက် စိတ်ညစ်ညစ်နှင့် နောက်တပတ် အစီအစဉ်သို့ ရွှေ့လိုက်ရလေတော့သည်။ ။
“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Set as favorite
Bookmark
Email this
Hits: 8131
Comments (11)

written by ပုဏ္ဏားဘကွန်း, March 12, 2010
အဲဒါကြောင့်...ခက်နေဒါပေါ့။ ခင်ဗျားတို့ ဗမာစကား မှ ကောင်းကောင်း နားမလည် ပဲ ကျုပ်ကို အပြစ် တင်နေကြတယ်။ ကျုပ်ပြောနေဒါ ရှင်းရှင်းလေး "ရွေးကောက်ပွဲ" တဲ့၊ "ရွေးဖြောင့်ပွဲ" လို့တခါမှ မပြောခဲ့ဘူး။ "ကောက်တယ်" ဆိုဒါ "မဖြောင့်"ဒါ၊ ခင်ဗျားတို့ ခေတ်စကားနဲ့ဆို "ကလိမ်ကကျစ်" ပေါ့ဗျာ။ ခင်ဗျားတို့ ဒီလောက် ညံ့လို့ ကျုပ် ဒီလို ပေါ်တင်ကြီး လုပ်ချင်ဒါ လုပ်နေဒါ တကမ္ဘာလုံး အသိ၊ ဘယ်သူ ဘာပြောပြော ကျုပ်ကတော့ ဆက်ပြီး လိမ် နေဦးမှာဗျို့။
written by မင်းမျိုး, March 12, 2010
ချိုကုပ်။ ယက်ထောကြီး လာကူး သွားလို့သာ ကလေးမ နည်းနည်း သက်သာသွားတာဗျာ
ကျုပ်က ကလေးမ ကိုလည်း ယာယီ သက်သေခံ ကဒ်ပြား ထုတ်ပေးဖို့ စီစဉ်ပြီးသာ ဒါမှရွေဂေါက်ပွဲကို သူ ပါလို့ မရမှာ
ရုက္ခစိုး။ ကလေးမဆိုတာ ဘယ်သူကို ပြောတာလဲ ချိုကုပ်ဒူးကြီး
ချိုကုပ်။ ခင်ဗျာက ရုက္ခစိုးဖြစ်ပြီ ဒါတောင် မသိဘူးလား အေးမှတ်ထား ကလေးမ ဆိုတာ စုကြည်ကို ပြောတာ သူအဖေ မျက်နှာကို သေနပ်နဲ့ ထောက်ပြီ သူကို သနားမိလို့ ယာယီ သက်သေခံ ကဒ်ပြား မထုတ်ပေးတာ နောက်ပြီး ယက်ထောနဲ့ အပေးအယူ တည့် သွားတာလည်း ပါတာပေါ့ စစ်သား ဆိုတာ အမြဲ တိုင်းတခြား စစ်သား တယောက်ကို ကူညီရတယ် မဟုတ်လားဗျာ ယက်ထောက စစ်သား ပီသပါတယ်
ကျုပ်က ကလေးမ ကိုလည်း ယာယီ သက်သေခံ ကဒ်ပြား ထုတ်ပေးဖို့ စီစဉ်ပြီးသာ ဒါမှရွေဂေါက်ပွဲကို သူ ပါလို့ မရမှာ
ရုက္ခစိုး။ ကလေးမဆိုတာ ဘယ်သူကို ပြောတာလဲ ချိုကုပ်ဒူးကြီး
ချိုကုပ်။ ခင်ဗျာက ရုက္ခစိုးဖြစ်ပြီ ဒါတောင် မသိဘူးလား အေးမှတ်ထား ကလေးမ ဆိုတာ စုကြည်ကို ပြောတာ သူအဖေ မျက်နှာကို သေနပ်နဲ့ ထောက်ပြီ သူကို သနားမိလို့ ယာယီ သက်သေခံ ကဒ်ပြား မထုတ်ပေးတာ နောက်ပြီး ယက်ထောနဲ့ အပေးအယူ တည့် သွားတာလည်း ပါတာပေါ့ စစ်သား ဆိုတာ အမြဲ တိုင်းတခြား စစ်သား တယောက်ကို ကူညီရတယ် မဟုတ်လားဗျာ ယက်ထောက စစ်သား ပီသပါတယ်
written by Tawk Hkam, March 12, 2010
ချိုကုတ်ဒူးကြီး ကို ဒီစာသား ဖတ်ခိုင်း စေချင်လိုက်တာ...
နီးတော့ နီးနေပါပြီ.... ဒါကြောင့် အားလုံး ပြင်ဆင်နေတာ... အမွေတွေလည်း ခွဲကုန်ပြီလေ.. ဘယ်နေ့ သတင်းထွက် လာမလဲ မသိဘူး.. .မြန်မာ့အမှောင် သတင်းစာ ဖတ်ရဖို သိပ် မလိုတောဘူး....
နီးတော့ နီးနေပါပြီ.... ဒါကြောင့် အားလုံး ပြင်ဆင်နေတာ... အမွေတွေလည်း ခွဲကုန်ပြီလေ.. ဘယ်နေ့ သတင်းထွက် လာမလဲ မသိဘူး.. .မြန်မာ့အမှောင် သတင်းစာ ဖတ်ရဖို သိပ် မလိုတောဘူး....
written by life without money, March 11, 2010
ဟားဟား ha ha ha
ဗြဲ ရီရဒယ် ဂယ်ကြီးကို ရီရဒါ.. .ဗြဲ..
'ဘန်ကောက်က သတင်းစာ တစောင်ကဆို ကျုပ်ကို အကြွေးမှန်မှန် ဆပ်လို့ဆိုပြီး ချီးကျူးထားပါတယ်'
ဟားဟား ဟားဟား ကျွန်တော်မျိုးကြီး တဟားဟား အော်ရယ် လေတော့သည်။
ဗြဲ ရီရဒယ် ဂယ်ကြီးကို ရီရဒါ.. .ဗြဲ.. 'ဘန်ကောက်က သတင်းစာ တစောင်ကဆို ကျုပ်ကို အကြွေးမှန်မှန် ဆပ်လို့ဆိုပြီး ချီးကျူးထားပါတယ်'
ဟားဟား ဟားဟား ကျွန်တော်မျိုးကြီး တဟားဟား အော်ရယ် လေတော့သည်။
written by Myint, March 11, 2010
သရုပ်ပေါ်ပါ့ဗျာ။ ဘုရင်စိတ်ေ ပါက်ပြီး လက်ညှိုးထိုးရာ ဖြစ်စေချင်တဲ့ တစ်ယောက် အကြောင်း။ ဟား ဟား။ အသက်အရွယ်/ ပညာ/ သိက္ခာ/ အတွေ့ အကြုံတွေရယ် ၊ သီလ- သမာဓိ- ပညာ ဂုဏ်တွေထဲမှာ လေးစားေ လာက်စရာ တစ်ကွက်လေးများရှိရင်တောင် တိုင်းပြည်ကို သေတဲ့တိုင် အုပ်ချုပ်ခိုင်းပါတယ်ဗျာ။ အခုတော့ ဘယ်လြို ကည့်ကြည့် ဘယ်နေရာကြ ည့်ကြည့် ဘယ်အချိန်ြ ကည့်ကြည့် စေတနာကို အလုံးလဲ မမြင်ဘူး အပြားလဲ မမြင်ဘူး ဆိုတာလို ဖြစ်နေတယ်။ ရှက်သင့်တယ်လို့ ပြောရအောင်လဲ အရှက် ဆိုတာကို နားမလည်ဘဲ ပြောင်တို က်နေတာလေ။
written by titan, March 11, 2010
ဒီကဏ္ဍလေးကိုတော့ ကျွန်တော် ကြိုက်ပါတယ်. ဒါပေမဲ့ ဒီထဲက ဟိုလူရဲ့ နောက်ဆုံး ခရီး အတွက်တော့ ပန်းစည်း မပေးလိုက်နိုင်ဘူး. ကျွန်တော်က ပြည်ပ ရောက်နေလို့.... ခွင့်လွှတ်နော်..
written by Rkan, March 11, 2010
မြန်မာအစ ကျောက်ဆည်ကလို့ ဆိုသကိုးဗျ။ မြန်မာ တနိုင်ငံလုံးမှာ မြန်မာနိုင်ငံသား စစ်စစ် ရေမရောတာ ကျုပ်တယောက်ပဲ ရှိတယ်လေ။
ဟုတ်ပ ၊ ဘာသာမဲ့ ချိုကုပ်ဒူးကြီးတစ်ယောက်ဘဲ နိုင်ငမ်းသားစစ်စစ် ဖြစ်ပါတယ်။ ဒီပြင် လူတွေအားလုံး နိုင်ငံခြားသား၊ ဧည့် နိုင်ငံသား၊ ယာယီနိုင်ငံသားများဖြစ် ကြလို့ လုပ်ချင်သလို လုပ်နေတာ။
ဟုတ်ပ ၊ ဘာသာမဲ့ ချိုကုပ်ဒူးကြီးတစ်ယောက်ဘဲ နိုင်ငမ်းသားစစ်စစ် ဖြစ်ပါတယ်။ ဒီပြင် လူတွေအားလုံး နိုင်ငံခြားသား၊ ဧည့် နိုင်ငံသား၊ ယာယီနိုင်ငံသားများဖြစ် ကြလို့ လုပ်ချင်သလို လုပ်နေတာ။
written by zawone, March 10, 2010
ချိုကုပ်ဒူးကြီးရဲ့ နောက်ဆုံးနေ့များကို သင်္ကြန်သီချင်းလေးနဲ့ ပို့လိုက်ရအောင်.. DJ ရေ... အဲ ရွာစားရေ...
၂၀၁၀ ရွေးဂေါက်ပွဲ ဗိုလ်တွေပျော်ပျော်နွှဲ...
ငရဲမင်းကြီး မှာလိုက်တယ်..
ဒီရွေးဂေါက်ပွဲဟာ သန်းရွှေတို့အတွက်..
နောက်ဆုံးနေ့တွေပဲ....
၂၀၁၀ ရွေးဂေါက်ပွဲ ဗိုလ်တွေပျော်ပျော်နွှဲ...
ငရဲမင်းကြီး မှာလိုက်တယ်..
ဒီရွေးဂေါက်ပွဲဟာ သန်းရွှေတို့အတွက်..
နောက်ဆုံးနေ့တွေပဲ....
written by ညတစ္ဆေ, March 10, 2010
မှတ်သား လောက်ပါပေ့ ချိုကုပ်ဒူးကြီးရယ် ... ကောင်းလိုက်တဲ့ ရိုက်ချက် ... ကျနော့်မှာ ဒီကဏ္ဍကို ဖတ်တိုင်း အူတက်မတတ် ရယ်နေရတာ အခါပေါင်း မြောက်မြားစွာရယ် ... ဒါပေမယ့် ဒီတစ်ခေါက်တော့ မရယ်နိုင်ဘူး ... အဲဒီ ရွေးဂေါက်ပွဲကြီးကို မျက်လုံးအာရုံမှာ မြင်ယောင်မိပြီး ဘယ်လိုမှ မရယ်နိုင်တာ ... တွေးတွေးပြီး ရင်မောရလွန်းလို့ ...
Write comment
| < Prev | Next > |
|---|







