လာပြန်ပြီလား ဒီ ၆

ကျနော်တို့နဲ့ အင်းစိန်ထောင်မှာ အတူနေခဲ့တဲ့ ကိုမိုးမြင့် တယောက် မှော်ဘီမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားတယ် ဆိုတဲ့ သတင်းက ကျနော်တို့ဆီကို ၀င်လာတယ်၊ အဲဒီတုန်းက ၁၉၉၆ ခုနှစ် လောက် ထင်တယ်။ ကျနော်တို့ကလည်း ဗမာပြည် ကျောင်းသားလူငယ်များ ပြန်လည် စုစည်းရေး ကော်မတီ (ဗကလစ)ဖွဲ့စည်းပြီး လှုပ်ရှားနေတဲ့ အချိန်၊ ကျနော်တို့ အချင်းချင်းကတော့ ဗကလစ ကို ဗိုလ်ကြီးလှစိန်အဖွဲ့လို့ ခေါ်ပါတယ်၊ ဒါနဲ့ပဲ ကျနော်တို့ မှော်ဘီက ကိုမိုးမြင့်အိမ်ကို လိုက်သွား ကြ မယ်ပေါ့၊

ကျနော်တို့ ၆ ယောက် မှော်ဘီကိုသွားဖို့ပြင်ကြတယ်။ အခုထိုင်းမြန်မာ နယ်စပ်ကိုရောက်နေတဲ့ မောင်မောင် ၀မ်း လည်းပါတယ်။

hartha_27.03.10သွားဖို့ပြင်နေတုန်းမှာပဲ ထောက်လှမ်းရေး ၆ က ဘယ်လိုသတင်းရသွားလည်း မသိဘူး။ ဒါ နောက်မှ ထောက်လှမ်းရေး ၆ က ပြန်ပြောလို့ သိရတာပါ။

ထောက်လှမ်းရေး ၆ က မှော်ဘီရဲစခန်းကို ဖုန်းလှမ်းဆက်တယ်။

“ရန်ကုန်က ကျောင်းသားတွေ မှော်ဘီကိုလာလိမ့်မယ်၊ စခန်းမှာခဏ ခေါ်ထား၊ ထောက်လှမ်းရေး ၆ အဖွဲ့ တွေလည်း ရဲစခန်းကို အခု လာနေပြီ”လို့ ဆက်လိုက်တယ်။

ဒါနဲ့ရဲစခန်းကို ကျနော်တို့ ၆ ယောက် ရောက်သွားတဲ့အချိန်မှာ ရဲစခန်းအ၀င်ဝမှာ ကင်းစောင့်နေတဲ့ ရဲ တပ်ဖွဲ့ ၀င် တယောက်က မေးတယ်။

“ဆရာတို့ ၆ ကလား”တဲ့ ။

ကျနော်တို့ အဖွဲ့ထဲက မောင်မောင်ဝမ်းက ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။

“အေး ၆ က ပဲ”

အဲဒီလို ဖြေလိုက်သံကြားရတဲ့ အချိန်၊ ကျနော့် ခေါင်းကို မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရတယ်။  မောင်မောင်ဝမ်းကို လှမ်းကြည့်တော့ မျက်စိမှိတ်ပြတယ်၊ သူ ဘာမှမပြောလိုက်သလိုပဲ။

ဒါနဲ့ စခန်းမှူးအခန်းထဲကိုရောက်သွားတဲ့ အခါမှာ စခန်းမှူးက -

“ဆရာတို့ ၆ အဖွဲ့ကိုမျှော်နေတာနဲ့ အတော်ပဲ”လို့ ပြောဆိုနှုတ်ဆက်တယ်။

ပြီးတော့ ကော်ဖီနဲ့ကိတ်မုန့်တွေ ချကျွေးတယ်။ ကျနော်တို့ မောင်ကျောင်းသားများကလည်း ၀ိုင်းတွယ်လိုက် ကြတာ တက်တက်စင် ပါလေရော။

စားသောက်ပြီးလို့ စခန်းမှူးနဲ့ ကျနော်တို့နဲ့ သေဆုံးသွားတဲ့ ကိုမိုးမြင့်ကိစ္စကို ပြောကြဆိုကြပေါ့။ စခန်းမှူးကလည်း ရှာဖွေဝရမ်းတွေ အကုန်ထုတ်ပြလိုပြ။ 

ကျနော်ကတော့ ၆ က ဆိုတဲ့ကိစ္စပဲ ခေါင်းထဲရောက်နေတယ်။ ဘယ် အချက် ပြဿနာတက်မလဲပေါ့။

ထင်တဲ့အတိုင်းပါပဲ စကားပြောနေရင်းနဲ့ စခန်းမှူးက ကောက်ခါငင်ကာ ထမေးတယ်။

“ဆရာတို့ ဘယ် ၆ က လဲ”တဲ့။

“ရေနံချောင်း ချောက်ကပါ”လို့  မောင်မောင်ဝမ်း က ပြန်ဖြေလိုက်တယ်။

အဲဒီမှာ စခန်းမှူးမျက်နှာကြီးနီရဲ လာပြီး ရှေ့က စားပွဲကို ဒုန်းခနဲ လက်နဲ့ထထုလိုက်တယ်။

“ခင်ဗျားတို့ကို ၀န်ထမ်း အယောင်ဆောင်မှုနဲ့ တရားစွဲလို့ရတယ်၊ အခုဖမ်းချုပ် လို့ရတယ်”လို့ ဒေါသ တကြီး လည်း ပြောတယ်။

ကျနော့်တို့ မောင်မောင်ဝမ်းကတော့ အေးအေးဆေးဆေးပဲပြန်ပြောတယ်။

“ခင်ဗျားတို့ မေးတုန်းက ကျနော့်ကို ထောက်လှမ်းရေး ၆ ကလားလို့ မေးလို့လား၊ ၆ က လားပဲမေးတော့ ကျနော်က ရေနံချောင်း ချောက်သားပဲ ချောက်ကလို့ပြန်ဖြေတာ မှားလို့လား” တဲ့ ။

စခန်းမှူးလည်း ဘာပြန်ပြောရမှန်း မသိဖြစ်နေတုန်း ခုနက ဂိတ်ဝမှာ ကင်းစောင့်နေတဲ့ ရဲသားလေး က  စခန်းမှူးအခန်းထဲကို အမောတကောဝင်လာပြီး ပြောလိုက်တယ်။

“စခန်းမှူး အပြင်မှာ ၆ က အဖွဲ့ရောက်နေတယ်”

အဲဒီမှာ စခန်းမှူးက ချက်ချင်း ရှေ့က စားပွဲကို ဒုန်းခနဲ တချက်ထပ်ထုပြီး
အော်ပြောလိုက် တာကတော့ -

“လာပြန်ပြီလား ဒီ ၆ ”တဲ့။

ဧရာဝတီ ပရိသတ်ကြီး ပျော်ရွှင်ရယ်မောနိုင်ရန် “ရယ်စရာ မောစရာ” ဟာသ ကဏ္ဍသစ် စတင်ဖွင့်လှစ် လိုက်ပါသည်။ မည်သူမဆို မိမိ ဘ၀ အတွေ့အကြုံ များထဲက အပြစ်ကင်းစွာ ရယ်မောနိုင်သော ရယ်စရာ ဟာသများကို ဤကဏ္ဍအတွက် ပေးပို့နိုင်ပါသည်။ အသုံးပြုမည့် စာမူများကို အကြောင်း ပြန်ကြားပါမည်။

This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ပေးပို့ပါရန်။

နှလုံးဟာဒယ ရွှင်ပြနိုင်ကြပါစေ။
Comments (13)Add Comment
0
...
written by kyaw tun, September 18, 2011
ပီားပီားအရမ်းကောင်
0
သဘောကျစရာ..
written by ငြိမ်း, August 15, 2011
အရမ်းရ ယ်ရတယ်..smilies/cheesy.gif
ဟီး ဟီး ကောင်းပါတယ်
0
ဘယ်လိုေ ပးရမလဲဟင်?
written by ဇင်မီုးထွေး, June 01, 2011
ကောင်း လိုက်တာ. .......... ..ရီရတယ်
0
This is very funny.
written by Zin Zin, May 17, 2011
I really like this one. Love the way that they say.. It makes me long life.
0
တကယ် ရယ်ရပါတယ်
written by htainlin, January 17, 2011
တော် တော် နောက်တဲ့ ကျောင်းသားတွေ ။
0
6 ကပါ။
written by plastic, June 12, 2010
စိတ်ပါ လက်ပါ ရယ်သွားပါတယ်။ smilies/cheesy.gif
0
ရယ်ရတယ်
written by your MK, April 20, 2010
ထက်ရာဇာ .. ဒီတစ်ပုဒ်ကတော့ ရယ်ရတယ်။ မောင်မောင်ဝမ်းရဲ့ ပုံကိုလည်း မျက်စိထဲ မြင်လာစေတယ်။
0
ကောင်းပါသည်
written by သင်းသင်း, April 05, 2010
ကိုထက်ရာဇာ ရေးတဲ့ ၃ ပုဒ်ထဲ ဒီဟာက အရယ်ရဆုံး ။
0

written by 龙, April 02, 2010
ကျေးဇူး တင်တယ်. ..... ....ဆက်ပြီး ရယ်စရာလေးတွေ မျှော်နေပါတယ်smilies/cheesy.gif
0

written by ဗိုက်ကလေး, March 29, 2010
တကယ် ၆ သားနော်.... ဟဟ ရီရပါတယ်။
0
ဟား!ဟား!ဟား!
written by Zaw Myo Lwin, March 28, 2010
“ရယ်လိုက်ရတာ ဖတ်ဖတ်မော... ရင်ဘက်နောက်က ကျော...။”
0
ငိုရတယ်
written by moe, March 28, 2010
ငိုရပါတယ်ဗျာ။ မရယ်ရပါဘူး။ ကျနော်တို့ ဘဝတွေလဲ ဘယ်တော့မှများ....
0
ဒီတစ်ခါ နည်းနည်း ရယ်ရပါတယ်
written by အုပ်စိုး, March 27, 2010
ဒီတစ်ခါတော့ မဆိုးဘူး၊ ရယ်စရာ မောစရာက ခုမှ နည်းနည်း ရယ်ရတော့တယ်။ အမှန်ပြောရရင် ထွေရာလေးပါး ချင်းမိုင် ရုက္ခစိုးကိုတော့ မမီသေးဘူး ထင်တယ်။ ဟာသ အသစ်တွေ စောင့်နေပါတယ်ဗျို့။

Write comment

busy
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်