မြန်မာပြည် မြောက်ပိုင်း ရှမ်းပြည်နယ် လောက်ကိုင်ဒေသတွင် ယမန်နေ့ မနက်ပိုင်းကတည်းက စစ်အစိုးရ တပ်များနှင့် မြန်မာနိုင်ငံ လူမျိုးစု ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု(ကိုးကန့်) ခေါ် (MNDAA) ကိုးကန့်တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေးအဖွဲ့တို့အကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေသည်။
ပြီးခဲ့သည့်တနင်္လာနေ့တွင် စစ်အစိုးရတပ်များက ယင်း လောက်ကိုင်ဒေသရှိ MNDAA ကိုးကန့်တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေးအဖွဲ့၏ နယ်မြေအတွင်းသို့ ၀င်ရောက်လာချိန်မှစ၍ ဤသို့ စစ်ရေး တင်းမာလာပြီး ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားလာ ခဲ့ခြင်း ဖြစ်သည်။
စစ်အစိုးရတပ်ဖွဲ့များက ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်၏ နေအိမ်ဝင်းအတွင်း ၀င်ရောက်၍ မူးယစ်ဆေးဝါး ရှာဖွေကြ သည့်အခါ ၎င်းမှာ နောက်လိုက်နောက်ပါတချို့နှင့်အတူ ဖမ်းဆီးခံရခြင်းမှ ရှောင်တိမ်းလွတ်မြောက်သွားသည်။
ဖုန်ကြားရှင်သည် ၁၉၈၉ ခုနှစ်မှစ၍ မြန်မာစစ်အစိုးရနှင့် MNDAA အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ် ရေးထိုးထားခဲ့သူလည်း ဖြစ်သည်။
နောက်ဆုံးအခြေအနေအရ ကိုးကန့် MNDAA နှင့် မဟာမိတ်ပြုလုပ်ထားသော အဖွဲ့များလည်း ယခုစစ်ရေး တင်းမာမှုတွင် ပါဝင်လာနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် ကိုးကန့် MNDAA အဖွဲ့ အပါအဝင် နအဖ စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသော ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားအဖွဲ့ စသည့် အဖွဲ့ ၄ ဖွဲ့က မဟာမိတ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဤသို့တင်းမာမှုများ ဖြစ်လာစေသည့် အဓိကအကြောင်းအရင်းမှာ မြန်မာစစ်အစိုးရက အပစ်အခတ်ရပ်စဲရေးအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို ၎င်း၏ထိန်းချုပ်မှုအောက်၌ နယ်ခြားစောင့်တပ်ရင်းများအဖြစ် အသွင်ပြောင်းရန် အတင်းအကျပ် တောင်းဆိုရာမှ စတင်လာခဲ့ခြင်းဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးအဖွဲ့များကလည်း ဤတောင်းဆိုချက်ကို လိုက်လျောရန် တစိုက်မတ်မတ် ငြင်းဆန်ခဲ့ကြသည်။
၂၀၀၉ ခုနှစ် ဧပြီလမှစ၍ စစ်အစိုးရက အပစ်အခတ်ရပ်စဲရေးအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ဖိအားပေးလာခဲ့သည်။
ဤအစီအစဉ်သစ်အရ နယ်ခြားစောင့်တပ် တစ်တပ်တွင် အရာရှိ အဆင့် ၁၈ ဦး အပါအ၀င် စုစုပေါင်း အင်အား (၃၂၆) ဦး ပါဝင်ရန်သတ်မှတ်ထားသည်။ အုပ်ချုပ်မှု၊ တပ်ရေး၊ တပ်ထောက် စသည့် အရေးကြီးသည့် နေရာများနှင့်ရုံးတာဝန် များတွင် မြန်မာစစ်တပ်မှ အရာရှိ ၃၀ ခန့် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
နယ်ခြားစောင့် တပ်များသည် လက်ရှိ ထိန်းချုပ်ထားသော နယ်မြေအတွင်း၌သာ တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး မြန်မာစစ်တပ်နှင့်တပြေးညီလစာ ခံစားခွင့် ရရှိကြမည် ဖြစ်သည်။
အင်အားကောင်းသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသည့် တရုတ်-မြန်မာနယ်စပ်တွင် အခြေစိုက်သော ကချင်၊ ၀နှင့် ကိုးကန့်တပ်များက ၎င်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကို ငြင်းဆန်ခဲ့ကြသည်။ သို့သော်လည်း အင်အားနည်းသည့်၊ သေးငယ်သည့် အဖွဲ့များကို စစ်အစိုးရက ပထမဦးစွာ စစ်ရေးအရ ဖိအားပေးသည်ကို ယခု လတ် တလော ဖြစ်ပွားနေသည့် တိုက်ပွဲများက သက်သေခံနေသည်။
ဝေဖန်ကြသူများက ခန့်မှန်းပြောဆိုကြရာတွင် စစ်အစိုးရက နောက်ပစ်မှတ်အဖြစ် ၀ အဖွဲ့ကို ရည်ရွယ်ထားသည်ဟု ဆိုကြ သည်။ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က စစ်အစိုးရ အဆိုပြုချက်ကို ငြင်းဆန်ခဲ့သောကြောင့် တင်းမာမှုများ ဖြစ်လာရပြီး သေနတ်ပြန်ပေါက်လာမည့် အရေးကို တွက်ဆပြောဆိုထားကြသည်။
မြန်မာနိုင်ငံ တောင်ပိုင်းတွင်မူ စစ်အစိုးရက ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ချေမှုန်းနိုင်ရန်အတွက် သွေးခွဲအုပ် ချုပ်သည့်မူကို ကျင့်သုံးလျက် ရှိသည်။ အချင်းချင်း သဘောထားကွဲလွဲနေမှုနှင့် ကရင်အဖွဲ့များအကြားရှိ ပဋိပက္ခကို အသုံးချ၍ တချိန်ကအင်အားတောင့်တင်းခဲ့သော ကရင်တပ်ဖွဲ့များကို အထူးချိနဲ့စေခဲ့သည်။
မြောက်ပိုင်းဒေသကို ပြန်ကြည့်လျှင် တချိန်က ဤအဖွဲ့ခေါင်းဆောင်များက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် လိုလားကြောင်း ဆန္ဒ ဖော်ပြခဲ့ကြသော်လည်း စစ်အစိုးရ၏ အမျိုးသားညီလာခံသို့လည်း ကိုယ်စားလှယ်များ စေလွှတ် ဆွေးနွေးခဲ့ကြ ဖူးသည်။ သူတို့က စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမှုများလုပ်ရန် နောက်ပိုင်းတွင် တင်ပြခဲ့ကြသော်လည်း စစ်အစိုးရက ဤအဆိုပြုချက်များကို ပယ်ချခဲ့သည်။
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များမှာလည်း မြန်မာစစ်အာဏာရှင်များ ကဲ့သို့ပင် ပဒေသရာဇ် ဆန်ဆန် စစ်ဘုရင်များဖြစ်နေကြသည်။ သူတို့က ဒီမိုကရေစီကိုလည်း သိပ်အရေးစိုက်လှသည် မဟုတ်ပါ။ ပို၍ဆိုးသည်မှာ ၀နှင့် ကိုးကန့်အဖွဲ့ခေါင်းဆောင်များက မူးယစ်ဆေးဝါးကုန်သွယ်မှုတွင် ပါဝင်ပတ်သက်နေကြသည်ဟု ကျော်စောနေခြင်းပင် ဖြစ်သည်။
အမေရိကန်အစိုးရက ဤအဖွဲ့များ၏ ခေါင်းဆောင်အများအပြားကို အလိုရှိနေသည့်ဖမ်းဆီးရမည့်သူများ နာမည်ပျက် စာရင်းတွင် ထည့်သွင်းထားခဲ့သည်။ ၂၀၀၅ ခုနှစ်၌ အမေရိကန်ပြည်ထောင်စု တရားရေးဌာနက ၀ အဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်း အပါအ၀င် ခေါင်းဆောင် ၈ ဦးကို အလိုရှိသူ တရားခံပြေးများစာရင်းတွင် ထည့်သွင်း ကြေညာထားသည်။
မြန်မာစစ်အစိုးရနှင့် ပြန်လည်ချဉ်းကပ်ဆက်ဆံရေးအတွက် တိုက်တွန်းပြောဆိုနေသူ အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ် လွန်ခဲ့သည့် သြဂုတ်လလယ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ချိန်မှစ၍ ၀နှင့် ကိုးကန့် တိုင်း ရင်းသား အဖွဲ့များအပေါ် ရန်လိုသည့် အပြုအမူ သဘောထားများ ပို၍ ပြလာခဲ့သည်။ ထိုးစစ်များကိုပင် စ၍ပြင်ဆင်လာခဲ့ သည်။
မူးယစ်ဆေးကိစ္စဖြင့် နာမည်ကြီးနေသည့် မူးယစ်ရာဇာများကိုသာ တိုက်ခိုက်ပါက အမေရိကန်ပြည်ထောင်စုမှ မျက်နှာသာ နာမည်ကောင်းမရလျှင်သော်မှ အနည်းဆုံး စာနာနားလည်မှုပေးလိမ့်မည်ဟု စစ်အစိုးရက ယူဆထားပုံရသည်။ ရယ်ဖွယ် ကောင်းသည်မှာ တချိန်ကမြောက်ပိုင်းရှိ ဘိန်းကုန်ကူးရောင်းဝယ်မှု ကိစ္စများကို မျက်စိမှိတ်၍ မသိကျိုးကျွံပြုထားခဲ့သူ မှာ လည်း ဤစစ်အစိုးရသာ ဖြစ်သည်။ သူတို့က ကိုးကန့်နှင့် ၀ခေါင်းဆောင်များကိုပင် တချိန်က ဘိန်းလုပ်ငန်းမှရရှိသည့် ငွေများဖြင့် စီးပွားရေးလုပ်ငန်းများ ထူထောင်ခွင့် ပြုထားခဲ့သေးသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖွဲ့စည်းမှုတွင် တိုင်းရင်းသားလူမျိုးများ၏ အခန်းနေရာကိစ္စကို ဖြေရှင်းရန်မှာ အရေးကြီးလှသည့် ပြဿာနာဖြစ်သလို၊ ရေရှည်ခံမည့် နိုင်ငံရေးအာမခံချက်များလည်း လိုအပ်သည်။ လက်ရှိအချိန်တွင်မူ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းရန်မှာ အရေးကြီးလှသော်လည်း၊ မကြာသေးမီက စစ်အစိုးရက ကိုးကန့်နှင့် နယ်စပ် တလျှောက်ရှိ အခြားသော တိုင်းရင်းသားအုပ်စုများအပေါ် ပြုမူဆက်ဆံခဲ့ပုံမှာ မယုံကြည်မှု သံသယများနှင့် တင်းမာမှုများ ကိုသာ တိုး၍ ဖြစ်ပေါ်စေပါတော့သည်။
ဧရာဝတီမဂ္ဂဇင်း၏ အွန်လိုင်း အယ်ဒီတာ့အာဘော် Tension in the North ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Comments (6)

written by မွန်ကြီး, September 10, 2009
ဦးဇခုန်တိမ့်ယိမ်း ဘာတွေ လုပ်နေလဲ ဆိုတာတော့ မသိပါဘူး ... တပ်ဖွဲ့တွေကတော့ နယ်ခြားစောင့် အတွက် သင်တန်း အပေးခံနေရတယ် ကြားတာပဲ
written by Zo Khup, August 29, 2009
Kokangs reject the Facist Myanmar Constitution and denied to surrender. that's clearly showed they have political goals.
If they are just drug traffickers , they will surrender easily and do the drug trafficking freely and even they will cooperate with Myanmar facists to eliminate NLD and other democrats.
written by shinggui, August 28, 2009
ဖုန်ကြားရှင်း၊ ရန်မူးလျှံ ၊ မုန်ဆာလ နဲ့ ကိုးကန့် အဖွဲ့ အကြောင်း
ငြိမ်းချမ်းရေး ယူပြီး မကြာခင် ရန်မူးလျှံ က ဖုန်ကြားရှင်း ထံ မှ အာဏာ သိမ်း ပါတယ် (စစ်တပ် က အားပေးတယ်)။ ဖုန်ကြားရှင်း ကို လားရှိုး မှာ အကျယ်ချုပ် နဲ့ ထားတယ်။
မုန်းကိုး က မုန်ဆာလ က ရန်မူးလျှံ ကို ပြန်တိုက် တယ်။ (မုန်ဆာလ က ရန်မူးလျှံ ရဲ့ တပ်ရင်းမှူး က နေ မုန်းကိုးမှာ တပ်ထိုင်)
စစ်တပ် က မုန်ဆာလ ကို အားပေးတယ်။ ဖုန်ကြားရှင်း က လဲ ရန်မူးလျှံ ကို ပြန်တိုက် တယ်။ ရန်မူးလျှံ ရှုံးပြီး စစ်တပ် မှာ လက်နက် ချ သွားရတယ်။
မုန်ဆာလ က မုန်းကိုး အထူးဒေသ၊ ဖုန်ကြားရှင်း က ကိုးကန့်အထူးဒေသ နဲ့ နေရတယ်။
၂၀၀၀ ခုနှစ် မှာ အ ခုလိုဘဲ ဒု ဥက္ကဋ္ဌ နဲ့အဖွဲ့ (လီ မ နင်၊ ရဲ အောင်) ကို အာဏာသိမ်း ခိုင်းတယ်။ မုန်ဆာလ ကို ထောင်ချ တယ် (လားရှိုး ကို ခေါ်ပြီး )။ လီ မ နင်၊ ရဲ အောင် နဲ့အဖွဲ့ ကို အာဏာသိမ်း တာ မအောင်မြင် လို သတ်ပစ်လိုက်တယ။ ၇၀ - ၈၀ လောက် အစည်းအဝေး ခန်း မ မှာခေါ် ပြီး အစုလိုက် အပြုံလိုက် သတ်ပစ်လိုက် တယ်။ မုန်းကိုး အဝင် ကရွာ မှာ။
မုန်ဆာလ က ဘူသီးတောင် က ထောင် ထဲ မှာ သေ သွား တယ် လွန်ခဲ့တဲ ၂နှစ် လောက် က။
ကိုးကန့် ဘယ် လို လုပ် မှာလဲ။ မုန်းကိုး အဖြစ်အပျိုက ကို သင်ခန်းစာ ယူ သင့် တယ်။
ငြိမ်းချမ်းရေး ယူပြီး မကြာခင် ရန်မူးလျှံ က ဖုန်ကြားရှင်း ထံ မှ အာဏာ သိမ်း ပါတယ် (စစ်တပ် က အားပေးတယ်)။ ဖုန်ကြားရှင်း ကို လားရှိုး မှာ အကျယ်ချုပ် နဲ့ ထားတယ်။
မုန်းကိုး က မုန်ဆာလ က ရန်မူးလျှံ ကို ပြန်တိုက် တယ်။ (မုန်ဆာလ က ရန်မူးလျှံ ရဲ့ တပ်ရင်းမှူး က နေ မုန်းကိုးမှာ တပ်ထိုင်)
စစ်တပ် က မုန်ဆာလ ကို အားပေးတယ်။ ဖုန်ကြားရှင်း က လဲ ရန်မူးလျှံ ကို ပြန်တိုက် တယ်။ ရန်မူးလျှံ ရှုံးပြီး စစ်တပ် မှာ လက်နက် ချ သွားရတယ်။
မုန်ဆာလ က မုန်းကိုး အထူးဒေသ၊ ဖုန်ကြားရှင်း က ကိုးကန့်အထူးဒေသ နဲ့ နေရတယ်။
၂၀၀၀ ခုနှစ် မှာ အ ခုလိုဘဲ ဒု ဥက္ကဋ္ဌ နဲ့အဖွဲ့ (လီ မ နင်၊ ရဲ အောင်) ကို အာဏာသိမ်း ခိုင်းတယ်။ မုန်ဆာလ ကို ထောင်ချ တယ် (လားရှိုး ကို ခေါ်ပြီး )။ လီ မ နင်၊ ရဲ အောင် နဲ့အဖွဲ့ ကို အာဏာသိမ်း တာ မအောင်မြင် လို သတ်ပစ်လိုက်တယ။ ၇၀ - ၈၀ လောက် အစည်းအဝေး ခန်း မ မှာခေါ် ပြီး အစုလိုက် အပြုံလိုက် သတ်ပစ်လိုက် တယ်။ မုန်းကိုး အဝင် ကရွာ မှာ။
မုန်ဆာလ က ဘူသီးတောင် က ထောင် ထဲ မှာ သေ သွား တယ် လွန်ခဲ့တဲ ၂နှစ် လောက် က။
ကိုးကန့် ဘယ် လို လုပ် မှာလဲ။ မုန်းကိုး အဖြစ်အပျိုက ကို သင်ခန်းစာ ယူ သင့် တယ်။
written by ကျော်အောင်, August 28, 2009
ငြင်းဆိုတဲ့ ဦးဖုန်ကြားရှင် အဖွဲ့ အခြေအနေ တွေကို ဖတ်ခွင့်ရပြီး၊ လက်ခံလိုက်တဲ့ NDAK ခေါင်းဆောင် ဦးဆခုံတိမ့်ယိမ်း ဘာဖြစ်နေလဲ ဆိုတာ သတင်းတွေမှာ မတွေ့ရဘူးဖြစ်နေပါတယ်။ သိတဲ့လူတွေ ဒီသတင်းလေး နည်းနည်း ရေးသင့်တယ်လို့ မြင်ပါတယ်
written by ရဲသွေးနီ, August 28, 2009
နအဖ ရဲ့ အကျင့်ဆိုးတွေကို အစတည်းက သိဖို့ ကောင်းတာပေါ့ဗျာ။ တိုင်းရင်းသား အချင်းချင်း လှည့် တိုက်ခိုင်းတယ်။
ပြည်သူတွေကို မတရား ဖိနှိပ်တယ်။ သူတို့ လူတစ်စု ကောင်းစားရေးက လွဲပြီး ဘာကိုမှ စဉ်းစားတဲ့လူတွေ မဟုတ်ဘူး။
ဒီလိုလူတွေရဲ့ ဒီမိုကရေစီ ဆိုတာလည်း ဘယ်တော့မှ ယုံကြည်နိုင်စရာ မရှိဘူး။
ဒီတော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ အားလုံး စည်းစည်း လုံးလုံး အသင့်ပြင်ထားကြပါ။ ပြည်တွင်း လူထု၊ သံဃာ တွေရဲ့ လှုပ်ရှားမှု အချက်ပြတာနဲ့ တပြိုင်နက် အဖွဲ့ အစည်းအားလုံး လက်တွဲပြီး တိုင်ပွဲ ဖော်ဆောင်ကြပါ
လို့ တိုက်တွန်း ပါရစေ။
ပြည်သူတွေကို မတရား ဖိနှိပ်တယ်။ သူတို့ လူတစ်စု ကောင်းစားရေးက လွဲပြီး ဘာကိုမှ စဉ်းစားတဲ့လူတွေ မဟုတ်ဘူး။
ဒီလိုလူတွေရဲ့ ဒီမိုကရေစီ ဆိုတာလည်း ဘယ်တော့မှ ယုံကြည်နိုင်စရာ မရှိဘူး။
ဒီတော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ အားလုံး စည်းစည်း လုံးလုံး အသင့်ပြင်ထားကြပါ။ ပြည်တွင်း လူထု၊ သံဃာ တွေရဲ့ လှုပ်ရှားမှု အချက်ပြတာနဲ့ တပြိုင်နက် အဖွဲ့ အစည်းအားလုံး လက်တွဲပြီး တိုင်ပွဲ ဖော်ဆောင်ကြပါ
လို့ တိုက်တွန်း ပါရစေ။
Write comment
| < Prev | Next > |
|---|








ဒီလူလဲ သူ့အလှည့်ဆို အတော် ရက်စက်တတ်တယ် လို့ ကြားဖူးတယ် . . .