လွန်ခဲ့သော ၂၀၀၈ ခုနှစ်က စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် ကျင်းပရန် စီစဉ်နေချိန် အတွင်း မကေသီအောင်၊ ဗိုလ်မင်းယုကိုတို့ နှင့်အတူ ကိုဝေမျိုးထူး၊ ကိုအောင်ကိုလွင်၊ ကိုမျိုးမြင့်အောင်၊ ကိုညီညီ၊ ဦးသုမင်္ဂလ ၊ ဦးစိတ္တသာဂရ အပါအ၀င် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အထက်ဗမာပြည် အဖွဲ့ဝင် ၁၁ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ကိုဗိုလ်မင်းယုကိုအား ထောင်ဒဏ် ၁၀၄ နှစ် နှင့် မကေသီအောင်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရ သည်။
ဗိုလ်မင်းယုကိုသည် မန္တလေးအိုးဘိုထောင်မှ သရက်ထောင်သို့ ပြောင်းရွှေ့ခံထားရပြီး ထောင်တွင်း၌ ၎င်း၏ ဦးခေါင်းတွင် ရိုက်နက်ခံရမှု၊ အစာအာဟာရ ကောင်းစွာမရခြင်း စသည့် ဒဏ်များကြောင်း မကြာခဏ မူး လဲ ကြောင်း ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သည့် မိသားစုဝင်က ပြောသည်။
ဗိုလ်မင်းယုကို၏ မိသားစုဝင် တဦးက“သူ(ဗိုလ်မင်းယုကို) အပြင်းဖျားနေတယ်၊ ခေါင်းကိုက်ဝေဒနာ ကိုလည်း ခဏခဏခံနေရတယ်၊ သူ့ကို လမ်းလျှောက်ချိန်မပေးတာရယ်၊ မန္တလေးထောင်မှာ တုန်းက တိုက်ပိတ်ထားတဲ့ ဒဏ်တွေကြောင့်ရယ် အညောင်းချိနေတယ်၊ အခု သရက်ထောင်မှာလည်း အစားအစာ ဝဝလင်လင် မစားရဘူး” ဟု ပြောသည်။
အသက် ၂၂ နှစ်ရှိ ဗိုလ်မင်းယုကိုသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက နေပြည်တော်ဘူတာတွင် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။
အလားတူ မကေသီအောင်သည်လည်း ယခုနှစ် မတ်လပိုင်းတွင် မကြာခဏ ထောင်အပြောင်အရွှေ့ခံရစဉ် ကျန်းမာရေး အခြေအနေဆိုးရွားမှုကြောင့် ယခုအခါ မန္တလေး အိုးဘိုထောင်သို့ ပြန်လည်ရောက်ရှိနေပြီး ထောင်တွင်း ဆရာဝန်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်းက ပြောသည်။
ကိုထွန်းထွန်းက“ပြီးခဲ့တဲ့ ဇန်နဝါရီလက သူ အိုးဘိုထောင်မှာ ကိုယ်ဝန်ပျက်ကျမှု ဖြစ်တယ်၊ ပြီးတော့ ခဏ ခဏ မူးလဲတယ်၊ သူ့မှာ သွေးအားနည်းတဲ့ ဝေဒနာရှိတယ်၊ ၃ လပိုင်းလောက်မှာ ပဲခူးထောင်ကို ပြောင်းလိုက် တယ်၊ အဲဒီနောက် မော်လမြိုင်မှာ တပတ်လောက် နေပြီး ထားဝယ်ထောင်ကို ပြောင်းလိုက်တယ်၊ ထားဝယ် ထောင်မှာ တလလောက်ကြာတယ်၊ ထားဝယ်ထောင်မှာ ဂျပိုးကလည်း ကိုက်၊ ရာသီဥတုဒဏ်၊ ထောင် ဝန်ထမ်း တွေရဲ့ ဒဏ်တွေကြောင့်ရယ် ကျန်းမာရေးအခြေအနေက ပိုဆိုးလာတယ်၊ အပြင်းဖျားဖြစ်တယ်”ဟု ပြောသည်။
မကေသီအောင်သည် ယခုနှစ်ဇန်နဝါရီလ၌ စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းမှု၊ ကိုယ်ဝန်ဆောင်နေ စဉ် စိတ်ဖိစီးမှု၊ မန္တလေးအိုးဘိုထောင်အတွင်း အစာအာဟာရ ကောင်းစွာ မရသည့်အပြင် ကိုယ်ဝန် ဆောင် အားတိုးဆေး မသုံးစွဲရခြင်းတို့ကြောင့် ကိုယ်ဝန်လွယ်ပြီး ၆ လအကြာ ပျက်ကျခဲ့သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားချက် အရ မြန်မာပြည်အနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၂၃၇ ဦးရှိကြောင်းသိရသည်။
Set as favorite
Bookmark
Email this
Hits: 4895
Comments (4)

written by မမိုး, September 10, 2009
တွေးတောင်မထားမိဘူး ( ၁၀၅ ) နှစ်တဲ့။ မြန်မာပြည်ကြီး ဒီမိုကရေစီ မြန်မြန် ရပြီး နိုင်ငံရေး အကျဉ်းသား/သူများ မြန်မြန် လွှတ်မြောက်ပါစေ လို့ ဆုတောင်းပေး လိုက်ပါတယ်။
written by Htwe Htwe, September 09, 2009
To the vile thugs ruling our country, whatever you did to these innocent peoples are recorded in our hearts. Here is our motto:
Never forget, never forgive!
Never forget, never forgive!
written by sabai, September 09, 2009
အကျဉ်းထောင်တွင် အကျဉ်းကျနေသူ များကို အမှန်တကယ် သူတို့(အာဏာရှင်အုပ်စု) က ရည်ရွယ်ချက် ရှိရှိနဲ့ သတ်နေပါတယ် ....မကေသီအောင် ကိုယ်ဝန်ပျက်ကျမှု့ဟာ အမျိုးသမီး(မိခင်) တစ်ယောက်ရဲ့ အခွင့်အရေး ဆုံးရှုံးမှု့ ပါ... ကိုယ်ဝန် ပျက်ကျပါကလည်း သူဟာ သားဖွားမိခင် တစ်ယောက်လို ရက် ၄၀တိတိ အနား ယူဖို့ လိုပါတယ်...သွေးနုသားနုလို့ ပြောလို့  ရပါတယ်. ...... မတရားဖမ်းဆီး ချုပ်နှောင်ခြင်းအပေါ် .....ရှုတ်ချပါတယ်....
ဗိုလ်မင်းယုကို အတွက်လည်း အလွန် စိုးရိမ်မိပါတယ်...ဘာလို့ လည်းဆိုရင် ...သက်ဝင်းအောင် (၈၈ အရေးတော်ပုံ အထက်တန်း ကျောင်းသား ခေါင်းဆောင်) အား အာဏာပိုင်တွေက ရည်ရွယ်ချက် ရှိရှိ အသက်ကို သွယ်ဝိုက်သော နည်းဖြင့် နှိပ်စက် သတ်ဖြတ်ခဲ့ပါတယ်. ........ ၁၆ အောက်တိုဘာလ ဆိုရင် ၃နှစ်ပြည့်ပါပြီ....
ဗိုလ်မင်းယူကို ..လို လူငယ်တွေ အတွက် အနာဂတ် ဦးဆောင်ကောင်းတွေ နောက်ထပ် ဆုံးရုံးမှာကို စိုးရိမ်မိပါကြောင်း... ......... .နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ပါစေ
ဗိုလ်မင်းယုကို အတွက်လည်း အလွန် စိုးရိမ်မိပါတယ်...ဘာလို့ လည်းဆိုရင် ...သက်ဝင်းအောင် (၈၈ အရေးတော်ပုံ အထက်တန်း ကျောင်းသား ခေါင်းဆောင်) အား အာဏာပိုင်တွေက ရည်ရွယ်ချက် ရှိရှိ အသက်ကို သွယ်ဝိုက်သော နည်းဖြင့် နှိပ်စက် သတ်ဖြတ်ခဲ့ပါတယ်. ........ ၁၆ အောက်တိုဘာလ ဆိုရင် ၃နှစ်ပြည့်ပါပြီ....
ဗိုလ်မင်းယူကို ..လို လူငယ်တွေ အတွက် အနာဂတ် ဦးဆောင်ကောင်းတွေ နောက်ထပ် ဆုံးရုံးမှာကို စိုးရိမ်မိပါကြောင်း... ......... .နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ပါစေ
Write comment
| < Prev | Next > |
|---|







