နံနက် ၁၁ နာရီတွင် ဗဟန်း မြို့နယ်ရှိ NLD ရုံးသို့ ရောက်လာသော ဦးတင်ဦးကို အဖွဲ့ဝင် ၁၀၀ ကျော်က “ဘဘ ဦးတင်ဦး ကျန်းမာပါစေ” ဟု ကြွေးကြော်ကာ ပန်းကုံးစွပ်ပြီး ကြိုဆိုကြသည်။ဦးတင်ဦး ရုံးတက်မည် ဆိုသော သတင်း ရသဖြင့် NLD ရုံးသို့ သံတမန်များ၊ သတင်းထောက်များ ရောက်လာ သည်ကို တွေ့ရသည်။ ကျန်းမာရေး ချွတ်ယွင်းနေသော ဦးလွန်းတင်လည်း ရောက်ရှိလာသည်။
ထိန်းသိမ်းခံရပြီး ပြန်လည် လွတ်မြောက် လာသော ဦးတင်ဦးကို လွန်ခဲ့သည့် ၇ နှစ်ခန့်က ကဲ့သို့ပင် အားမာန် အပြည့်ဖြင့် NLD ရုံးတွင် ပြန်လည် တွေ့မြင်ရခြင်း ဖြစ်သည်။
“ရှေ့ကို အောင်မြင်အောင် ဆောင်ရွက်ပါမယ့်၊ ဒီမိုကရေစီ အင်အားစုများကလည်း ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောဆိုချင်ပါတယ်” ဟု ဦးတင်ဦးက ဆိုသည်။
ဦးတင်ဦးသည် သူ၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် မကြာခဏ ထိန်းသိမ်းခံရသူ ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် သူနှင့်အတူ တရက်တည်း ထိန်းသိမ်းခံခဲ့ရသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လည် လွတ်မြောက်လာတော့မည်ဟု ယူဆကြောင်း သူက ပြောသည်။
“အစဉ်အလာ အားဖြင့်တော့ ကျနော် လွတ်ပြီးပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်း ဆက်လွတ်လာတာပါပဲ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ကောင်းမွန်စွာ နေထိုင်ရင် လွတ်ပေးမယ်ဆိုတဲ့ ကတိ ရှိတာပါပဲ” ဟု ဦးတင်ဦးက ပြောသည်။
ထိန်းသိမ်းခံနေရသည့် ကာလတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအ၀င် အားလုံးကို ထိန်းသိမ်းထားရာမှ လွတ်မြောက်စေရန် ဘုရားရှိခိုးပြီးတိုင်း အာရုံပြု ဆုတောင်းပေးသည်ဟု ဆိုသည်။ အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်တနေ့တွင် ဦးတင်ဦးသည် ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့သည်။
“ရုံးကို ရောက်တဲ့ အခါမှာ အခက်အခဲ အတိုက်အခိုက်တွေကြားထဲက သက်စွန့် ဆံဖျား ဆောင်ရွက်နေရတာကို ကြားရ၊ သိရတဲ့ အတွက်၊ ၈၈ ကျောင်းသား ခေါင်းဆောင်တွေနဲ့ အခြား နိုင်ငံရေး လုပ်ဆောင်သူတွေကို ထောင်ဒဏ် နှစ်ရှည်လများ ချထားတာ ကြားရ သိရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်” ဟု ဦးတင်ဦးက ပြောသည်။
NLD ပြန်ကြားရေး အဖွဲဝင် ဦးအုန်းကြိုင်က “ဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မလာခင် အဖွဲ့ချုပ်ကို ထိထိရောက်ရောက် ဦးဆောင်မှု ပေးမယ့် သူတယောက်ပဲ၊ ပြန်လည်ထမ်းဆောင်တဲ့ အတွက် ပါတီဝင်တွေကရော ပြည်သူလူထုကရော အရမ်း အားတက်ကြမှာပါ” ဟု ဆိုသည်။
NLDလူငယ်တဦးဖြစ်သူ ကိုရာဇာက “ပျော်တာပေါ့၊ အားကိုးပြန်ရလာတာပေါ့၊ ပိုပြီးတော့ အားရှိလာတာပေါ့၊ လုပ်ချင် ကိုင်ချင်စိတ်လည်း ရှိလာတာပေါ့၊ လူငယ်တွေ အတွက်လည်း သူ အမြဲတမ်း စဉ်းစားလေ့ရှိတယ်” ဟု ပြောသည်။
ဦးတင်ဦးသည် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဆွေးနွေးပြီး ညနေ ၃နာရီတွင် ပြန်လည် ထွက်ခွာသွားသည်။
ဦးတင်ဦးသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့်နေ့မှာပင် စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ထိန်းသိမ်းခံရခြင်းဖြစ်သည်။
စစ်အစိုးရက ဦးတင်ဦးကို စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ် အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ် အကျယ်ချုပ်သို့ ပြောင်းလဲ၍ နှစ်စဉ် သက်တမ်းတိုးပြီး ဆက်လက် ထိန်းသိမ်းခဲ့သည်။
ဤသတင်းကို ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များနှင့် ကိုထွေး ပူးတွဲ ရေးသားသည်။
Comments (11)

written by baba, February 17, 2010
ဘဘ ဦးတင်ဦး.. နိုင်ငံ့ အကျိုး ဆောင်ရွက်နိုင်ရန် .. ကျန်းကျန်း မာမာ ရှိပါစေကြောင်း ဆုတောင်း ပါသည်
written by မျိုးချစ်, February 17, 2010
မဟာစည် ရိပ်သာမှာ ဦးလေးဦး ရဟန်းဘ၀နဲ့ သီတင်း သုံးစဉ်က မိမိလည်း တရား စခန်းဝင်တဲ့ အချိန်မှာ အနီးကပ် အတူ နေခွင့်ရစဉ်က သိခဲ့ မြင်ခဲ့ ကြားခဲ့တာလေး တွေ တချို့ကို ပြောပြပါရစေ။
ရိပ်သာကို ရောက်လာတဲ့ မည်သူမဆို အကူအညီ လိုသူတွေကို တွေ့ရင် မျက်နှာကြီးငယ် မရွေး ဖော်ရွေ ခင်မင်စွာ အားပေးသမှု ကူညီမှု ပြုလေ့ရှိပါတယ်။ ကျောင်းနားမှာ မှီကပ်နေတဲ့ ခွေးကြီးငယ် မြင်မြင်သမျှ ကိုလည်း သူဘုန်းပေး မဲ့ဆွမ်းထဲကနေ ဖဲ့ချန် ပြန်ယူလာပြီး အားလုံးကို ညီညီမျှမျှ ကျွေးလေ့ရှိသူပါ။ ခွေးမကြီးတွေ သားဖောက်လို့ ပေါက်လာတဲ့ ခွေးလေးတွေ ကျောင်းနောက်က ချောက်ထဲ ကျရင်လည်း သင်္ကန်းကြီးနဲ့ ဆင်းကောက်ပြီး ဆေးထည့် ပေးတတ်သူပါ။ ကျောင်းနားက ဖြတ်သွားတဲ့ ကျောင်းသွား ကျောင်းပြန် ခလေးတွေ နဲ့ဆုံရင်လည်း မိမိ ကို ကပ်ထားတဲ့ ရှိသမျှ မုံ ချိုချဉ် တွေ ဝေပေးလေ့ ရှိသူပါ။
အတူနေ ကျောင်းတိုက်အုပ် ဦးဇင်းက ဦးလေးဦး လက္ခဏာ ကို ကြည့်ပြီး မိမိကိုယ်ကို ထိခိုက်မယ် ဆိုတဲ့ သိပါရဲ့နဲ့ တဖက်သားပေါ်မှာ ညှာတာပြီး အနစ်နာခံ ကူညီလိုတဲ့ စိတ်ဓါတ်မျိုး လက္ခဏာမှာကို ပါလာတယ် လို့ပြောဆိုတာ ကို ကြားခဲ့ရပါတယ်။
အခုလည်း အရင်ကထက် စာရင် အများကြီး ပိန်သွားပြီး ဇယာရဲ့ လက္ခဏာတွေပြ မျက်စေ့ကု ထားရပေမဲ့ လောကဓံ ရဲ့ ရိုက်ခတ်မှုဒါဏ် ရန်သူမျိုး ငါးပါး ဒါဏ် ကို အမျိုးမျိုး ခံစားခဲ့ရပေမဲ့ တိုင်းပြည် နဲ့ လူမျိုး အပေါ်မှာ ကောင်းအောင် လုပ်ပေးချင်သေးတဲ့ စိတ်ခွန်အားနဲ့ စေတနာေ တွကတော့ အံ့မခန်းေ လာက်စရာပါဘဲ။
မျိုးချစ်။

written by စိတ်, February 16, 2010
တကယ်တော့. ..တပ်မတော်(စစ်တပ်) မကောင်းတာ မဟုတ်ပါဘူး.....
လူမကောင်းတာပါ.. .... ဘဘ ဦးတင်ဦးလို ပြည်သူကို ချစ်တဲ့.. အမှန်တရား ကို. မြတ်နိုးတဲ့... စစ်သားေ ကာင်းတွေ...
အခု အချိန်အထိ ရှိနေပါသေးတယ်....
တပ်မတော်ဟာ တိုင်းပြည် အတွက်.. မရှိမဖြစ်ပါ ..... .မကောင်းတဲ့ စစ်အာဏာရှုးတွေ ကိုတော့... ကောင်းတဲ့ စစ်သားေ ကာင်းတွေနဲ့.. လက်တွဲပြီး တိုက်ရမှာပဲ.....

written by vivid, February 16, 2010
စစ်မှန်တဲ့ တပ်မတော် ခေါင်းဆောင်ကြီး၊ ဘဘ ဗိုလ်ချုပ်ကြီးဦးတင်ဦး နဲ့
ကလိမ်ကကျစ် စစ်အာဏာသိမ်း ခေါင်းဆောင်ကြီး၊ သန်းရွှေ တို့နှစ်ဦး အကြား၊ ကွာခြားလှတဲ့ အရည် အချင်းတွေကို၊ အသိဥာဏ် ရှိသူတိုင်း မြင်တွေ့ နိုင်ကြပါတယ်။ စစ်အစိုးရက ဒီမိုကရေစီ ခေါင်းဆောင်၊
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့နဲ့ အမြန်ဆုံး တွေ့ဆုံပြီး၊
တိုင်းပြည်နဲ့လူမျိုး အပေါ် မတရားပြုမူ ဆောင်ရွက်ခဲ့တာတွေ အတွက်၊
ဝန်ချ တောင်းပ န်သင့်ပါတယ်

written by Tun Shwe Khaing, February 16, 2010
စစ်ဗိုလ်ချုပ် ဘ၀တုံးလည်း သာမာန် ရဲဘော်တွေနဲ့ တသားထဲ ရှိခဲ့တဲ့ ပုဂ္ဂိုလ်-----နိုင်ငံရေး လောကထဲ ရောက်တော့ လည်း ကျောင်းသားတွေ ပြည်သူတွေ ရဟန်း ရှင်လူတွေနဲ့ တသားထဲ ရှိတဲ့ ပုဂ္ဂိုလ်-NLD မှာဆိုလည်း ခေါင်းဆောင်ေ တွနဲ့ တသားထဲ ရှိတဲ့ပုဂ္ဂိုလ်--- ဒေါ်စုနဲ့ ဆိုရင်တော့ သေအတူ ရှင်ဘက် ပုဂ္ဂိုလ်- ဒီမို ကရေစီ အရေး- ပြည်သူ့ အရေး အတွက်ဆို အသက်သွေးခဲ ပေးရပါစေ ဆိုတဲ့ ပုဂ္ဂိုလ် - ဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက် ခေါင်းဆောင် နေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်-----ဘဘ ဦးတင်ဦးတို့ ဘက်ကတော့ ပြည့်စြုံ ပီးသား-- ကျွန်တော်တို့ ပြည်သူေ တွကသာ ပူးပေါင်း ပါဝင်လာကြမယ် ဆိုရင်တော့ မကြာခင် ခေါင်းဆောင်ေ ကာင်းတွေ အုပ်ချုပ်တဲ့ ဒီမို ကရေစီ နိုင်ငံတော် စစ်စစ်ကို မျှော်မှန်း နိုင်ကြမှာပါ။
written by Cho Tuumar, February 15, 2010
သွေးမတော် သားမစပ်၊ အကျိုးလည်း မရှိ အကျိုးလည်း မယုတ်နိုင်ရင် တစိမ်း လူတယောက်ကို ချစ်ဘို့၊ အရေး ပေးဘို့၊ အဲဒီ တစိမ်းအတွက် အနစ်နာခံ၊ အို ... နောက်ဆုံး ကုန်ကုန် ပြောမယ်၊ အသား အနာခံ အသက်ပါ စွန့်ရဲကြသလား။
မြန်မာ တပြည်လုံး အတွက် သူတို့ ဘဝကို မြုတ်နှံထားတဲ့ အမေစု နဲ့ အဘ ဦးတင်ဦး အတွက်ဆို ကိုယ့်ထမင်း ကိုယ်စား တပြား တချပ်မှ မရ အခွင့်အရေး ဘာမှ မျှော်လင့်ချက် မရှိပဲ အသက်ပါ စွန့်မဲ့သူ အပြည့် ဆိုတာ ဒီပဲယင်း ကျည်ရွာ ရိုက်ပွဲက သက်သေပဲ။
စဉ်းစား ကြည့်ပါတယ်၊ တကယ်လို့သာ၊ တခြားနည်းနဲ့ ထမင်း တလုပ် ရှာစားနိုင်၊ အပြစ်ပေးခံရ၊ ပြင်းပြင်း ထန်ထန် အရေးယူခံရ မှုတွေ မရှိဘူး ဆိုရင် နအဖ ခေါင်းဆောင်တွေ နဘေးက ကိုယ်ရံတော်၊ လုံခြုံရေး တပ်သားတွေ ဒီအလုပ် ဆက်လုပ်ြ ကဦးမှာလား။ စီးပွားရေး လုပ်ကွက်တွေ၊ ငွေကြေး နဲ့ တန်ဘိုးကြီး ပစ္စည်း ထောက်ပန့်မှု ရကွက် ရလမ်းတွေ မချောင်ရင် ကြံဖွတ်နဲ့ စွမ်းအားရှင်တွေ အဖွဲ့ဝင် ဘယ်နှစ်ယောက် ကျန်ခဲ့မလဲ။
အခုထိ အလွန် ကျက်သရေ ရှိရှိ ခန့်ညားတဲ့ အင်္ဂါရုပ် ပိုင်ဆိုင်တာ အတွင်းစိတ် ရောင်ပြန် ဟပ်မှုကြောင့် လို့ ထင်ပါတယ်။
အမြဲ လေးစား ချစ်ခင်ခဲ့၊ ဆက်လဲ လေးစား ချစ်ခင်ဦးမှာပါ။
(မချစ်ခင် မလေးစား ခံနိုင်ရိုးလား။ သူပြောတာလည်း နားထောင် ဦးလေ။ သူ့ထက် ငယ်တဲ့ ဒေါ်စုကို ရှေ့တန်း တင်ဘို့ ဝန်မလေးဘူး၊ သားအရွယ် မြေးအရွယ် ၈၈ နဲ့ မျိုးဆက်သစ် လူငယ်တွေကိုလည်း အသိ အမှတ်ပြုတယ်။
ငါပဲသိ ငါပဲတတ် မပြော၊ အသက်က ပဓါန မဟုတ်၊ အရည် အချင်းနဲ့ အတွေး အခေါ် လုပ်ရပ်ကို တန်ဖိုးထား တတ်သူ စစ်သားေ ကာင်းကြီး မို့လား။ လေးစား ပါတယ်)

written by Foe Aung, February 15, 2010
ဘဘကြီး ဦးတင်ဦး ဗိုလ်ချုပ်ကြီး ယူနီဖောင်းနဲ့ ရိုက်ထားတဲ့ပုံ ရှိရင် တင်ပေးပါ။ ဂုဏ်ယူချ င်လွန်းလို့ပါ။
written by ဗိုက်ကလေး, February 15, 2010
ဘဘ ဦးတင်ဦး သက်တော် ရာကျော်ရှည်ပြီး မြန်မာ့ ဒီမိုကရေစီ အရေး... ဆထက်တပိုး ထမ်းဆောင် နိုင်ပါစေ။
written by a bamar, February 15, 2010
စစ်အစိုးရရဲ့ အယောင်ပြ လုပ်ရပ်တွေ။
ရွေးကောက်ပွဲနီးနေလို့ အနောက် နိုင်ငံတွေက ညှော်မှာ စိုးလို့ လွှတ်ပေးတဲ့ သဘောပဲ။
ဖမ်းထား ချင်ရင် ကြိုက်တဲ့ ပုဒ်မတပ်ပြီး ဖမ်းလို့ ရတယ်။ ဖမ်းထားလိုက်တဲ့ လူတွေ ဘုန်းကြီးတွေ သီလရှင် တွေ သောက်သောက်လဲပဲ။ ဘယ်နှစ်ယောက်များ ပြန်လွှတ်ေ ပးသေးလို့လဲ။
စစ်အစိုးရရဲ့ လှည့်ကွက် အောက်မှာ မရောက် သွားဖို့ပဲ အရေးကြီးတယ်။

Write comment
| < Prev | Next > |
|---|

မျိုးချစ်။ (B.S.C.) Geology.