ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း စတင်ကောက်ယူ

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များတွင် အာဏာပိုင်များ၏ ညွှန်ကြားမှုဖြင့် ရပ်ကွက် အိမ်ထောင်စု အလိုက် လူဦးရေ စာရင်းများ ဒုတိယ အကြိမ်မြောက် ကောက်ယူ နေကြောင်း သိရသည်။

မကြာမီကျင်းပမည့် ရွေးကောက်ပွဲအတွက် တိကျသည့် လူဦးရေစာရင်းရရှိရန် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်၂၀ ကျော်တွင်  ကောက်ယူနေခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ စည်းရုံးရေးမှူး တဦးက ပြော သည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေထောက်ခံပွဲ မတိုင်မီက ပထမ အကြိမ် ယခုကဲ့သို့ စာရင်းကောက်ယူခဲ့သည်။

“ကောက်ယူတဲ့ ပုံစံကတော့ အိမ်ထောင်စုစာရင်းပုံစံအတိုင်းပါပဲ၊ ရန်ကုန်တိုင်းအေးချမ်းသာယာရေးနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းရဲ့ညွန်ကြားချက်နဲ့ မြို့နယ်အဆင့်၊ ရပ်ကွက်အဆင့် အာဏာပိုင်တွေက တအိမ်တက်ဆင်း ကောက်ယူနေတာ”ဟု  အလုံမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း တာဝန်ရှိသူ တဦးက ပြောသည်။

အာဏာပိုင်များမှ တိကျသည့် လူဦးရေစာရင်းများ အမြန်ဆုံးတင်နိုင်ရန် မြို့နယ်အလိုက် တာဝန်ရှိသူများအားမှာကြားထား သည်ဟုလည်း ၎င်းက ဆိုသည်။

စာရင်းကောက်ယူအပြီးတွင် ယာယီသန်းခေါင်စာရင်းများ ထုတ်ပေးခဲ့ကာ ၎င်းယာယီသန်းခေါင်းစာရင်းတွင် မိသားစုဝင် ပါဝင်သည့် ဓာတ်ပုံတပုံပါပြီး အမှတ်စဉ်များ ပုံတွင်ထိုးပေး၍ ပုံတွင်ပါရှိသောလူနှင့် အပြင်တွင်ရှိသည့် လူဦးရေမလွဲမှားရန် စိစစ်ခဲ့သည်ဟု ရန်ကင်းမြို့နယ် ရပ်ကွက်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ မှ တာဝန်ရှိသူတဦးက ရှင်းပြသည်။

“အခုတကြိမ်ကောက်ပြီးရင်လည်း အဲသလိုပဲ ယာယီအိမ်ထောင်စုစာရင်းထုတ်ပေးဦးမယ်။ တခြားမြို့နယ်တွေကိုလည်း တပြိုက်နက်တည်း ဒီလိုစာရင်းကောက်တာတွေလုပ်ခိုင်းနေတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင်နေထိုင်သူအများစုသည် အိမ်ပိုင်ထက် အငှားနေထိုင်မှုပိုမိုများပြားသောကြောင့် ခြောက်လ တကြိမ် ပြောင်းရွှေ့ မှုများရှိနေကြောင်း ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အရာရှိကြီးတဦးက ပြောဆိုသည်။

အိမ်ထောင်စုဝင်တဦးသည်  နေရာတနေရာမှာ အမှန်တကယ် နေထိုင်မှု ရှိမရှိ၊ နှစ်ဝက်ကာလအတွင်းမှာ ရွှေ့ပြောင်း နေထိုင် သည့် အိမ်ထောင်စုဝင်များ၏  နေထိုင်သည့်နေရာအမှန်နှင့် လူအင်အားကို လုံခြုံရေး အပါအ၀င် တခြားလိုအပ်ချက်တွေအရ ခြောက်လတကြိမ်ကောက်ယူသွားဖို့ ရှိကြောင်း ၎င်းအရာရှိကဆိုသည်။

တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေး အရာရှိတဦးကလည်း“အာဏာပိုင်တွေက ရွှေ့ပြောင်း အိမ်ထောင်စုတွေနဲ့ ပတ်သက်တဲ့ စာရင်းဇယားတွေကို အခုချိန်မှာ အရမ်းအရေးတကြီး လိုအပ် နေတယ်ဆိုတာနဲ့ ကောက်ခိုင်းတာ၊ ရွေးကောက် ပွဲအတွက် လူစာရင်း အတိအကျသိရအောင်”ဟု ပြောသည်။

ယင်း တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သူတဦးကမူ“ရပ်ကွက်ရုံးက သူတို့ သတ်မှတ်ထားတဲ့အချိန်မှာ သွားပြီး ဓာတ်ပုံ အရိုက်ခံရတယ်။ အိမ်မှာရှိတဲ့လူတွေအားလုံးကို စုဖို့က လည်းမလွယ်ဘူးလေ။ ခရီးသွားတာနဲ့ သူတို့ ရိုက်မယ်ဆိုတဲ့အချိန်မှာ အလုပ်က ပြန်မရောက် သေးတာတို့ ရှိတယ်။ ပုံထဲမပါ သွားဘဲ  လာစစ်ချိန်မှာလူရှိနေရင် ပြဿနာက တက်ဦးမယ်”ဟု ဆိုသည်။
Comments (1)Add Comment
0
...
written by KIMMIN, April 21, 2010
အပိုင်တော့ ချည်နေပြီ .. အစောကြီး ကတည်းက ကိုယ်ဆင်ပြီး ကိုယ် ချိုးထားတာပဲ .. ကိုယ်ချိုးလို့ ကိုး ကျတာတော့ အံ့သြစရာ မရှိပါဘူး ...

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်