ပုဂ္ဂလိက စက်သုံးဆီ ဈေး မြင့်တက်

ပုဂ္ဂလိကသို့ မကြာသေးမီက လုပ်ကိုင်ခွင့် ပေးလိုက်သည့် နိုင်ငံတ၀န်းလုံးရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီဈေးနှုန်းများ မြင့်တက်သွားသည်ဟု သိရသည်။

အစိုးရ အရောင်းဆိုင်များတွင် ဒီဇယ် တဂါလန် ကျပ် ၃၀၀၀ ခန့်၊  ပုဂ္ဂလိက ဆိုင်များတွင် ကျပ် ၃၃၀၀ နှင့် ၃၅၀၀ ကြားတွင် ရောင်းချနေကြောင်း ရန်ကုန်မှ စက်သုံးဆီ ရောင်းချသူ တဦးက ပြောသည်။

“ပုဂ္ဂလိက ကျတော့ တဆိုင်နဲ့ တဆိုင် အမြတ် ယူကြတာ မတူဘူး၊ အခုချိန်အထိတော့ စီးပွားရေးသမားတွေကို ဈေးညှိနှိုင်းပြီး ရောင်းဖို့ မပြောတော့ သူတို့လည်း ရောင်းချင်သလို ရောင်းတာပေါ့”ဟု သူက ပြောသည်။

စွမ်းအင် ၀န်ကြီးဌာနက စက်သုံးဆီ အရောင်းဆိုင်၂၄၆ ခုကို ပုဂ္ဂလိကပိုင် ပြုလုပ်လိုက်ရာ ထိုဆိုင်များကို ကုမ္ပဏီအစုအဖွဲ့၂၀ ကျော် လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရှိရသည်။

ဈေးနှုန်း တည်ငြိမ်မှန်ကန်ရေးအတွက် ဆောင်ရွက်ရန် အာဏာပိုင်တို့တွင် တာဝန်ရှိသည်ဟု ဒီဇယ်ဆီ တင်သွင်းသူ လုပ်ငန်း ရှင် တဦးက ပြောသည်။

“အာဏာပိုင်တွေက သူတို့ တာဝန်ယူထားတဲ့ လုပ်ငန်းတွေကို စနစ်တကျ လုပ်နိုင်ဖို့ လုပ်ငန်းရှင်တွေကို လွှဲပြောင်းပေးတယ် ဆိုပေမယ့် အခုအချိန်မှာမှ ဈေးတွေ ထပ်တက်လာတာကတော့ သူတို့အနေနဲ့ ပြန်စဉ်းစားသင့်တယ်”ဟု သူက ပြောသည်။

ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးလိုက်ခြင်းသည် ဓာတ်ဆီ၊ ဒီဇယ်ဆီ အပါအ၀င် စက်သုံးဆီ ဈေးကွက်ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးလိုက်သည့် ခြေလှမ်း ဖြစ်သည်ဟု အာဏာပိုင်တို့က ပြောဆိုကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

“စက်သုံးဆီ တင်သွင်း ဖြန့်ချိတဲ့ အသင်းကို ဖွဲ့ထားပြီး ပြည်တွင်းက တင်ပို့ ရောင်းချလို့ရတဲ့ ငွေနဲ့ စက်သုံးဆီတွေကို ပြန်ဝယ်ရ မယ်၊ ကုန်သွယ်ရေး ၀န်ကြီးဌာနရဲ့ခွင့်ပြုချက်၊ စီးပွား ကူးသန်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေ အတိုင်း သွင်းရမယ်ဆိုတဲ့  ကန့်သတ်ချက်တွေလည်း ရှိနေတယ်”ဟု ထိုအရာရှိက ပြောသည်။

လွတ်လပ်စွာ ရောင်းချခွင့် ရှိသော်လည်း တင်သွင်းခွင့် အပြည့်အ၀ မရှိပါက စက်သုံးဆီ မလုံလောက်သည့် ပြဿနာများ ရှိလာနိုင်ကြောင်း သူကပြောသည်။

အာဏာပိုင်တို့က လုပ်ငန်းရှင်တို့ကို အဝေးပြေးလမ်းမများတွင်လည်း စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ကြရန်  တိုက်တွန်းထားကြောင်း သိရသည်။
Comments (3)Add Comment
0
compare with world price.
written by Zaw, May 14, 2010
If Pte Ltds sell Diesel, they have to get the diesel from oversea with world MOP is about over USD730 per MT (metric ton) (FOB) excluding transprotation charges. Average cost for transportation is about USD20 per MT. 1 MT is about 256 gal. So, buying price only is about USD3 per gal. They surely cannot sell with K3000 because they have to add some cost for input tax, etc. So, K3500 per gal may be resonable.
Just Info only.
0
ဘာထူးမှာလည်း??
written by Nay Min, May 13, 2010
မှောင်ခိုဟာ မှောင်ခိုဘဲပေါ့၊ ဘာထူးမှာလည်း ကိုယ်ပိုင် ရေနံ ချက်နိုင်တာမှ မဟုတ်တာ....
0
...
written by DNOW88, May 13, 2010
မြန်မာပြည်မှာ စစ်အစိုးရ အာဏာ သိမ်းပြီးကတည်းက ဘယ်တုန်းကမှ ကုန်ဈေးနှုန်း ကျတယ် ဆိုတာ မကြားဘူးပါဘူး. .. အခုလဲ သူတို့ ခြယ်လှယ် နေသရွေ့တော့ ဒီအတိုင်း သွားနေဦးမှာပဲ. ..smilies/angry.gifsmilies/angry.gifsmilies/angry.gifsmilies/angry.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်