ယင်း ရေဘ၀ဲလေးသည် ဂျာမနီအသင်း ယှဉ်ပြိုင်ရမည့် ပွဲစဉ်တိုင်းကို ခန့်မှန်းရာ မှန်ကန်မှုရှိခဲ့ကြောင်း၊ အုပ်စုပွဲစဉ်တွင် သြစတြေးလျ၊ ဂါနာတို့ကို အနိုင်ရမည်၊ ဆာဘီးယားကိုမူ ရှုံးနိမ့်မည်ဟု ခန့်မှန်းရာ မှန်ကန်ခဲ့သည်ဟု Reuters အင်တာနက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
အင်္ဂလန်၊ အာဂျင်တီးနား အသင်းကြီးများနှင့် ဂျာမနီ အသင်းတို့ ယှဉ်ပြိုင်သည့် ပွဲတွင်လည်း ဂျာမနီအသင်း အနိုင်ရမည်ဟု မှန်ကန်စွာ ဟောကိန်း ထုတ်ခဲ့ သေးသည်။ရွေးချယ်ပုံမှာ ရေဘဝဲလေး နေထိုင်ရာ ရေကန် အတွင်းတွင် အစာ ထည့်ထားသည့် မှန်ပုံး ၂ ပုံး စီစဉ်ထားသည်။ တပုံးတွင် ဂျာမနီ အလံနှင့် ကျန်တပုံးတွင် ပြိုင်ဘက် အသင်း၏ နိုင်ငံ အလံများကို ကပ်ထားပြီး ရေဘဝဲလေး နှစ်သက်ရာ ပုံးထဲမှ အစာကို ယူစားစေခြင်းဖြင့် အရှုံး အနိုင်ကို ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုတကြိမ် ဂျာမနီနှင့် စပိန်ပွဲအတွက် ခန့်မှန်းရာတွင် ရေဘ၀ဲလေးက ဂျာမနီအလံ ကပ်ထားသည့် မှန်ပုံးအနီးတွင် အဖုံးဖွင့်ပြီး စားမည့်ဟန်ဖြင့် တရစ်ဝဲ၀ဲလုပ်နေရင်းမှ စပိန်အလံကပ် ထားသည့် မှန်ပုံးကို ဆတ်ခနဲ ဖွင့်ပြီး အစာကို ယူကာ စားလိုက်ခြင်းဖြစ် သည်။
ထိုရေဘ၀ဲသည် အင်္ဂလန်နိုင်ငံတွင် မွေးဖွားပြီး ဂျာမနီနိုင်ငံ အနောက်ပိုင်း အိုဘာဟူဆန်မြို့ရှိ ငါးပြတိုက်တွင် မွေးမြူထားသည့် ရေဘ၀ဲဖြစ်သည်။
အဆိုပါ ပြတိုက်၏ ပြောရေးဆိုခွင့်ရှိသူ တန်ဂျာမန်ဇစ်က “ဒီအချိန်မှာ နိုင်ငံကိုယ်စားပြု အသင်းကို ဒီလိုခန့်မှန်းတော့ နည်းနည်း တုန်လှုပ် ဖို့ကောင်းတယ်” ဟု ပြောသည်။
ယခုခန့်မှန်းသည့် ရေဘ၀ဲမှာ တိရိစ္ဆာန်ဖြစ်သည့်အတွက် မှားယွင်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရေဘ၀ဲသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ကျင်းပသည့် ယူရို -၂၀၀၈ ပွဲစဉ်များတွင် ဂျာမနီအသင်း၏ ပွဲစဉ်များကို ခန့်မှန်းရာ အများစု မှန်ကန်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲတွင်သာ မှားယွင်းခဲ့သည်ဟု သိရသည်။ ယင်းဗိုလ်ပွဲလုတွင် စပိန်က ဂျာမနီကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့သည်။
ဂျာမနီနိုင်ငံထုတ် Bild သတင်းစာတွင်မူ ယခုအချိန်အခါမျိုးတွင် ဂျာမနီအသင်းအတွက် နိမိတ်အကောက်ခံရမှုသည့် ဂျာမနီအသင်းအတွက် သိပ်မကောင်းဟု ဟုရေးသားထား သည်။
ယခုည ကန်မည့် ဂျာမနီနှင် စပိန်ပွဲစဉ်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ဂျာမနီအသင်း၏ အားထားရသည့် တောင်ပံကစားသမား သောမတ်စ် မူလာမှာ အ၀ါကတ် ၂ ကြိမ် အပြခံရသည့်အတွက် တပွဲပယ် ပြစ်ဒဏ်ထိပြီး ပါဝင်နိုင်မည် မဟုတ်ပေ။
Set as favorite
Bookmark
Email this
Hits: 9201
Comments (11)

written by ko kyaw, July 08, 2010
Ha ha ha,,,,,





now everybody believe??????






now everybody believe??????
written byီddd, July 08, 2010
မှန်လိုက်လေဗျာ.. ... ဘိုသမ်းရွှေ.. အားကိုးလို့ ရပီ....
နေပြည်တော်မှာ.. အကြံပေး အခါပေး လုပ်လို့ ရပီ...
နေပြည်တော်မှာ.. အကြံပေး အခါပေး လုပ်လို့ ရပီ...
written by konaung, July 08, 2010

တကယ် တော်တာပဲ ရေဘဝဲရေ ဂျာမဏီ အိမ်ပြန်ပြီလေ သုတ်စားမဲ့ ကိုကိုများ သတိ ထားပါလေ ဘာပဲဖြ စ်ဖြစ်ပေါ့ ရှုံးသွားတာတော့ အမှန်ပါပဲ ဟဲဟဲ.... ခုတော့ ဘာတတ် နိုင်သေးလဲ စပိန်ကွ စပိန်... ဟဲဟဲ.. .စပိန် ဖလားလေ. ..ပူးယိုးလ်ပဲ သွားတာနော် ..နောက်ဆို ဗီလာ. .တောရက်စ်.. .ဖာဘရီဂါတ်. .ရာမို့စ်....အို.. .အများကြီးတော့ မသွင်းကြပါနဲ့လေ.... ..သနားပါတယ်လေ. .ဟော်လန် အသင်းကို.. ..ဟဲဟဲ ...စပိန်ပဲကွ....
written by moe, July 08, 2010
ရေဘဝဲလေး မှန်သွားပြီ ဟေ့၊ ဂျာမဏီ ဝန်ကြီးချုပ်ခမျာ ရေဘဝဲကို တောင်းပန် ရတော့မ ယ်။
written by ayemya, July 08, 2010
မယုံပေမယ့်လည်း ယုံရ မလိုလြို ဖစ်နေပြီ ရေဘ၀ဲလေးရေ။ အခု တခေါက်လည်း လုပ်ပါဦး ဟော်လန်နဲ့ စပိန် ဘယ်သူ နိုင်မလဲ ဟောပါဦး။
written by Maung, July 07, 2010
အကယ်၍ ဂျာမနီ အသင်း နိုင်ခဲ့ရင် အဲဒီ ရေဘ၀ဲကို လက်ရွေးစင် ဘော့လုံး အသင်း အတွက် သုတ်ကျွေးမယ်လို့ ဂျာမနီ ၀န်ကြီးချုပ်က ပြောသတဲ့။
written by mcfadden, July 07, 2010
ဘောလုံးပွဲအနိုင် ၊အဂှုံး ကိုသိချင်လို. ရေဘ၀ဲနှင့် စမ်းသပ်ပြီး သိချင်ကြတယ်။
တိရစ္ဆာန်ဖြစ်တဲ့ ရေဘ၀ဲလဲ ကောင်းကောင်း မနေရပါလား
မှန်လို.ကတော့ ကောင်း တာပေါ့နော်။
တကယ်လို. လောင်းကြေး များများ စားစားနှင့် စပိန်ကို လောင်းလိုက်ပြီး
တကယ်လို. ဂျာမနီနိုင်ခဲ့ရင် အဲဒီရေဘ၀ဲေ ကြာင့်မှားပြီး ဂှုံးခဲ့ပါက
အဲီးရေဘ၀ဲတော့လာ တောက်တောက် အစိမ်းကြော်လား ၊ရေဘ၀ဲ အစိမ်းကေားလား
တစ်ခုခုပဲ.... .................
တိရစ္ဆာန်ဖြစ်တဲ့ ရေဘ၀ဲလဲ ကောင်းကောင်း မနေရပါလား
မှန်လို.ကတော့ ကောင်း တာပေါ့နော်။
တကယ်လို. လောင်းကြေး များများ စားစားနှင့် စပိန်ကို လောင်းလိုက်ပြီး
တကယ်လို. ဂျာမနီနိုင်ခဲ့ရင် အဲဒီရေဘ၀ဲေ ကြာင့်မှားပြီး ဂှုံးခဲ့ပါက
အဲီးရေဘ၀ဲတော့လာ တောက်တောက် အစိမ်းကြော်လား ၊ရေဘ၀ဲ အစိမ်းကေားလား
တစ်ခုခုပဲ.... .................
Write comment
| < Prev | Next > |
|---|







