“နေရာတိုင်းမှာ ကြွက်တွေ သောင်းကျန်းတာ အစားအသောက်တွေကို ခုံပေါ်မှာ အုပ်ဆောင်းအုပ်ပြီး ထားလို့တောင်မရဘူး။ တိုက်ပြီးဖွင့်တာ။ ပုလိပ်ရောဂါ ဖြစ်မှာတောင် စိုးရိမ်ရတယ်။ ကြွက်ထောင်ချောက်လည်း မနိုင်တော့ဘူး။ အသေခံပြီးတော့ ကိုလာ နေတာ။ အခု သူများတွေက အလှမြွေလေးတွေ မွေးရင် ကြွက်မလာဘူးဆိုလို့ ၀ယ်မွေးထားတယ်”ဟု သာကေတမြို့ တွင်နေ ထိုင်သူ အိမ်ရှင်မတဦးက ပြောသည်။
နှစ်စဉ် မိုးရာသီတွင် ကြွက်များအိမ်ပေါ်သို့ တက်လာလေ့ရှိသော်လည်း ယခုနှစ်ကဲ့သို့ မများကြောင်း၊ ကြွက်များမှာ အနည်းငယ် ပိုကြီးကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့်လ အတွင်းက နေပြည်တော်- ရန်ကုန် လမ်းမသစ်ကြီးပေါ်တွင် ထောင်နှင့်ချီသော ကြွက်အုပ်များ နေပြည်တော် ဘက်မှ အုပ်စုလိုက် ရွှေ့ပြောင်းမှုဖြစ်ခဲ့သည်။ ယုဇန ပလာဇာ အနီးတွင် ဖွင့်လှစ်ထားသော အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်ရှင် တဦးက“အရင်တုန်းက တိရစ္ဆာန်ပေါင်းစုံ ရောင်းရပေမယ့် အခုတလော အလှမွေးမြွေလေးတွေပိုရောင်း လာရတယ်။ ရောင်းတန်းဖြစ် တဲ့အပြင် အလှမွေးဆိုတော့ အဆိပ်မရှိတဲ့ မြွေ သူတော်လေးတွေ သဘောမျိုး၊ အရောင်က အဖြူ၊ အ၀ါရောင်လေးတွေ ရှိတယ်”ဟု ပြောသည်။
အလှမွေးမြွေများကို အိမ်များတွင်မွေးမြူထားခြင်းဖြင့် ကြွက်များလာရောက်ခြင်းကို ဟန့်တားနိုင်ကြောင်း၊ ယခင်အသုံးပြုနေ သော ကြွက်ပြေးဆေးခဲများ၊ ကြွက်ထောင်ချောက်များထက် ပို ထိရောက်မှုရှိကြောင်းလည်း သူက ဆိုသည်။
“ဈေးနှုန်းက အနည်းဆုံး ကျပ် ၁၅၀၀ ကနေ ၃၀၀၀ ကျော်အထိ ရှိတယ်။ အစာကတော့ နွားနို့ တနေ့ တဘူးလောက် တိုက်ပေးဖို့ပဲ လိုတယ်။ တနေ့ကို အနည်းဆုံး ၃ ကောင်ကနေ ၅ ကောင်အထိ ရောင်းရတယ်”ဟု သံဈေးအနီး တိရစ္ဆာန် အရောင်းဆိုင်မှ အရောင်းဝန်ထမ်း တဦးက ပြောသည်။
အလှမြွေများ မွေးမြူမှု များလာခြင်းကြောင့် မြွေထည့်သည့် သီးသန့် လှောင်အိမ်များပါ အရောင်းသွက်လာကြောင်းလည်း ၎င်းက ပြောဆိုသည်။
ကြွက်အန္တရာယ် ကင်းရှင်းရန် သဘာဝနည်းအရ ခွေး၊ ကြောင်၊ မြွေများ မွေးမြူခြင်း၊ ကြွက်ပြေး ဆေးများချ၍ နှိမ်နင်းခြင်းများ စသည့် နည်းများဖြင့် ကြိုးစားနှိမ်နင်းနေကြောင်း သိရသည်။
“ကျန်းမာရေးဝန်ကြီးဌာနတွေက ပုလိပ်ရောဂါတွေမဖြစ်ပွားအောင် သတိပေးတာတွေ လုပ်နေတာ ရှိပါတယ်။ ဒါပေမယ့် ဒီ
သတိ ပေးတဲ့နည်းလမ်းတွေက စာမျက်နှာတွေ ပေါ်မှာပဲရှိပြီး လက်တွေ့ အပြင်မှာ အာဏာပိုင်တွေက စနစ်တကျညွှန်ကြားပြီး စိစစ်တာ မရှိဘူး။ ဒီတော့ ပြည်သူတွေအနေနဲ့ ကိုယ့်ဘာသာကိုယ် နည်းလမ်းရှာပြီး ဂရုတစိုက်နေဖို့ပဲ ရှိတယ်”ဟု အမျိုးသား ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
ယခုကဲ့သို့ အိမ်မွေးတိရစ္ဆာန်များ မွေးမြူ၍ ကြွက်အန္တရာယ်မှ ကာကွယ်ခြင်းသည် အတိုင်းအတာတခုအထိ ထိရောက်မှုရှိသော် လည်း မွေးမြူထားသည့် မြွေများ ပြန်အန္တရာယ်မပြုနိုင်ရန် သတိထားသင့်ကြောင်း၊ အကောင်ကြီးမားသည်အထိ အိမ်တွင် မမွေးမြူသင့်ကြောင်း ၎င်းကပြောသည်။
ဇူလိုင် ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် မိမိတို့ အိမ်၊ ရုံး၊ ဈေးနှင့်ပတ်ဝန်းကျင်တွင် ကြွက်များဝင်ရောက် ခိုအောင်း ပေါက်ပွားမှုမှ ကာကွယ်ရန်၊ မိမိတို့အိမ် အနီးတွင် ကြွက်များ ရုတ်တရက်သေဆုံးပါက ပလိပ်ရောဂါကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း သတိရှိရန်၊ ပလိပ်ရောဂါ သံသယရှိသော ကြွက်များကို စစ်ဆေးနိုင်ရန် နီးစပ်ရာ ကျန်းမာရေးဌာန သို့ အကြောင်းကြားရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
Comments (9)

written by Htwe, July 23, 2010
Due to the popularity of Bollywood films, many people in our country believe in assorted myths about snakes. Two myths are mentioned in the article and the comments. One is that snakes drink milk and the other is that rat snakes (လင်းမြွေ) mate with cobra. Both are not true. Unfortunate consequences of these myths are that snakes are unnecessarily harmed. You can read about snake myths here. http://www.wildlifesos.com/rprotect/snakemyths.htm
written by တာတေကြီး, July 23, 2010
ကြွက်ကြောက်လို့ မြွေမွေးမယ့် အစား အိမ်မှာ ( ကြွက်မလာရ ) လို့ စာကပ်ထားတာကမှ အဓိပ္ပါယ် ရှိဦးမယ်။ 





written by Thant, July 23, 2010
Probably I think keeping a cat is more expensive than a snake. Cat eats more..
written by စောတင်မောင် (ကြုံတိုင်းရွာသား လူပျိုသိုးကြီး), July 23, 2010
ပြည်သူတွေကို ဒီနေရာကနေ အသိေ ပးချင်ပါတယ်။ မြွေ တွေဟာ မျိုးစပ်မှု အလွန်များပါတယ်။ ကျွန်တော်တို့ ကြုံတိုင်းရွာ နဲ့ ရွာနီးစပ်ချု ပ်တွေမှာ လင်းမြွေ ကိုက်လို့ေ သသွားတဲ့ သူတွေ အများကြီးရှိပါတယ်။ လင်းမြွေ ဆိုတာ မူလ အားဖြင့် အဆိပ်မရှိတဲ့မြွေမျိုးပါ။ ဒါပေမဲ့ မိခင် လင်းမြွေ နဲ့ ဖခင် မြွေဟောက်တို့က မွေးလာတဲ့ လင်းမြွေတွေမှာ ဖခင် မြွေဟော က်လော က်တော့ အဆိပ် မပြင်းပေမဲ့ အဆိပ်တော့ ရှိလာပါတယ်။ ဖခင် ဗီဇ များခဲ့မယ် ဆိုရင် ဖခင်အတိုင်း မြွေဟောက် အဆိပ် အပြည့် ရှိမှာပါ။
ဒါကြောင့် မြွေမွေးတယ် ဆိုတာ တကယ့်ကို စိုးရိမ် စရာတွေ ပြည့်နေ ပါတယ်။ ကျွန်တော် ကိုယ်တိုင် အဲ့ဒီမြွေရောင်း တဲ့နေရာမှာ၊ သူ့သခင်ကို ပြန်ရန်မူတဲ့ မြွေသူေ တ်ာဆိုတဲ့ အရောင်မျိုးစုံမြွေကို ကိုယ်တိုင်ေ တွ့ခဲ့တာပါ။ သာမန်အားဖြင့် မြွေတွေဟာ အမြဲ ရန် မမူတတ်ပါ။ အခွင့်ကောင်းနဲ့တွေ့ မှသာ တစ်ချက်ထည်း ပေါက်ထည့်လိုက်ကြတာပါ။
ပြည်သူတွေ အသိ၊ သတိ ရှိကြပါေ စဗျား။
ဒါကြောင့် မြွေမွေးတယ် ဆိုတာ တကယ့်ကို စိုးရိမ် စရာတွေ ပြည့်နေ ပါတယ်။ ကျွန်တော် ကိုယ်တိုင် အဲ့ဒီမြွေရောင်း တဲ့နေရာမှာ၊ သူ့သခင်ကို ပြန်ရန်မူတဲ့ မြွေသူေ တ်ာဆိုတဲ့ အရောင်မျိုးစုံမြွေကို ကိုယ်တိုင်ေ တွ့ခဲ့တာပါ။ သာမန်အားဖြင့် မြွေတွေဟာ အမြဲ ရန် မမူတတ်ပါ။ အခွင့်ကောင်းနဲ့တွေ့ မှသာ တစ်ချက်ထည်း ပေါက်ထည့်လိုက်ကြတာပါ။
ပြည်သူတွေ အသိ၊ သတိ ရှိကြပါေ စဗျား။
written by thaiyai, July 22, 2010
အော် ဆန်းသစ်မှု အနေနဲ့ မြွေမွေးတာ အမေရိကန်မှာ ဘယ်လိုဖြ စ်နေလဲ ဆိုတာ သတိထားကြပါဦး။
ကြွက်ရန်ေ ကျာက်ရင် ကြောင်မွေး လိုက်ပြီးနေတာကိုး အဆန်း ထွင်ကြတယ်။
ကြွက်ရန်ေ ကျာက်ရင် ကြောင်မွေး လိုက်ပြီးနေတာကိုး အဆန်း ထွင်ကြတယ်။
written by Thazin Pyu, July 22, 2010
မြွေ မွေးစရာ မလိုပါဘူး-- -ကြံ့-ဖွတ် ပါတီ ရုံးချုပ် ကိုသာ နေပြည်တော်ကနေ ရန်ကုန် ပြန်ပြောင်းပေး လိုက်ပါ- ရန်ကုန်ကြွက်တွေ အစုလိုက် အပြုံလိုက် ပြောင်းပြေြး ကလိမ့်မယ်။
written by စောတင်မောင် (ကြုံတိုင်းရွာသား လူပျိုသိုးကြီး), July 22, 2010
ကြွက်ကြောက်လို့ မြွေမွေးတယ် ဆိုတာ လုံးဝ မလုပ်သင့်တဲ့ အရာပါ။ အစိုးရက ဒီကြွက် အရေးကိုတောင် မဖြေရှင်း နိုင်ဘူး လားဗျာ။ မြို့လယ် ခေါင်ကြီး မြွေ အိမ်မှာ မွေးရတယ်လို့။ ကျုပ်တို့ မြန်မာတွေ တစ်ခါတစ်လေ အဲ့ဒီကြောင်ေ တာင်တောင် အတွေး အခေါ် တွေကြောင့် စစ်အစိုးရ သက်ဆိုး ရှည်နေတာ။
Write comment
| < Prev | Next > |
|---|








ဖြစ်စေချင်တာက ကြွက်ပေါရင် အဓိကက မိမိရဲ့ အိမ်ကို နဂို လက်ရှိထက် ပို၍ သန့်ရှင်းစွာ ထားသင့်ပါတယ် အစားအေ သာက်များကိုလဲ နဂိုထက်ပို၍ သန့်ရှင်းသ ပ်ရပ်စွာနဲ့ထားပြီး စားကြွင်းစားကျန်များကိုလဲ အကြွေး မထားပဲ စနစ်တကျ အိမ်နဲ့ဝေးစွာမှာ တခါထဲ စွန့်ပစ်သင့်ပါတယ် မိမိအတွက်မလိုအပ်တော့တဲ့ ဂျပ်စက္ကူနဲ့ အ၀တ်စား အစုတ်တွေ ကိုလဲ တခါထဲေ ပးသင့်ပေး ပစ်သင့်ပစ် အမှိုက်များကိုလဲ တောင်းထဲမှာ အကြာကြီး စုထားပြီး များမှ ပစ်မယ်ဆိုတဲ့ အတွေးမျိုး ဖြောက်
ညမသိပ်ပဲ တရက်ဟာ တစ်ရက် တခါထဲပ စ်မယ် ဆိုရင်“ ကြွက်ရန်ကို ကာကွယ် ရင်း”နဲ့ မိသားစုအတွက် အိမ်လေး“သန့်ရှင်း ”အစားသော က်“ပူပူနွေးနွေး ”“အစုတ်ပလုပ်ကင်းစွာ” နဲ့“ကျမ်းမာ ပျော်ရွှင်”တဲ့မိသားစုဘ ၀လေးကို ပိုင် ဆိုင်ကြရမှာပါ.........
ခုတော့ ဘယ်နှယ့်ကြွက်ကြောက်လို့ မြွေေ မွး တဲ့
ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး မှ မြွေ အာမခံရုံးက လူတွေ လုပ်ကျွေးသလြို ဖစ်နေအုံးမယ်.....