နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ထပ်မံရွှေ့ဆိုင်းနိုင်

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ဒီဇင်ဘာလကုန် နောက်ဆုံးထား အကြောင်းပြန်ရန် သတိပေးထား သော်လည်း လက်ရှိအခြေ အနေတွင် အချိန်ကာလ ထပ်မံတိုးချဲ့ သတ်မှတ်နိုင်ဖွယ် ရှိကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆိုနေကြသည်။

ကချင် သတင်းစဉ်မှ အယ်ဒီတာ လဖိုင်နော်ဒင်းက “KIOက ပင်လုံ စာချုပ် သဘောတူညီချက် အတိုင်းဖြစ်ချင်တယ်၊ နိုင်ငံရေးကို နိုင်ငံ ရေးနည်းအရ ဖြေရှင်းချင်တယ်၊ နောက်ဆုံး အလျှော့ပေးမှုပဲ၊ ဒါပေမယ့် စစ်အစိုးရက အလျှော့အတင်း လုံးဝမရှိဘူး”ဟုပြောသည်။

KIA ၏ လက်ရှိ သဘောထားမှာ နိုင်ငံရေး အခက်အခဲ ပြဿနာများကို ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်း ဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် သဘောတူညီချက် အတိုင်း ဖြေရှင်းရန်သာ ဖြစ်ကြောင်း၊ ပင်လုံစိတ်ဓာတ်ဖြင့်သာ တိုင်းပြည်ကို ပြန်လည် တည်ဆောက်လျှင် နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေးအတွက် ဆွေးနွေးရန်ပင် မလိုကြောင်း၊ ကချင်ပြည်နယ် အတွင်း နိုင်ငံ ရေးပါတီများ ဖွဲ့စည်းခြင်းကို စစ်အစိုးရအနေဖြင့် စိုးရိမ်မှုမရှိဘဲ၊ လက်နက်ကိုင်တပ်ဖွဲ့များအား ထိန်းချုပ် ရေးသာဖြစ်ကြောင်း၊ နယ်ခြား စောင့်တပ်ဖွဲ့စည်းရေးအတွက် အချိန်ထပ်မံရွေ့ဆိုင်းလိမ့်မည်ဖြစ်ကြောင်း လဖိုင်နော်ဒင်းက သုံးသပ်သည်။

ယမန်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်အစိုးရ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့  တွေ့ဆုံဆွေးနွေးမည်ဟု အတည်မပြုနိုင်သော သတင်းများအရ သိရသည်။

မကြာသေးမီကမှ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့ သည်လည်း လူအင်အား မပြည့်စုံသည့်အတွက် စစ်အစိုးရတပ်များနှင့် အစားထိုးထားရကြောင်း၊ အဖွဲ့ခေါင်းဆောင် ဦးစခုန်တိမ် ယိန်းသည်လည်း စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်သူ တဦးဖြစ်ပြီး မြစ်ဆုံရေကာတာတည်ဆောက်မည့် စီမံကိန်းမြေနေရာတွင် ရွှေတူးဖော်ခွင့်ကို ရရှိထားကြောင်းလည်း လဖိုင်နော်ဒင်းကပြောသည်။

သျှမ်းသံတော်ဆင့် သတင်းစာအယ်ဒီတာ ဦးစိန်ကြည်က“ အပစ်ရပ်အဖွဲ့တွေ ဒီဇင်ဘာလကုန်မှ လူအင်အားနဲ့ လက်နက်စာရင်း မလာရင် စစ်အစိုးရတပ်က စံပြအဖွဲ့တဖွဲ့ကို လုပ်ပြမယ်လို့ မိုင်းတုံဘက်က နယ်မြေခံတပ်ရင်းတွေမှာ ပြောနေတယ်၊ ဒါပေမယ့် အချိန်တိုးပေးမယ့် သဘောရှိတယ်”ဟုပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSA-N ) အဖွဲ့အတွင်းတွင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အောက်ခြေ အရာရှိ အကြပ်တပ်သားများအားရှင်းလင်းပြောပြသည့် ဆွေးနွေးပွဲများကို ဒီဇင်ဘာ ၇ ရက်နေ့မှ ၁၈ ရက်အထိ ပြုလုပ်ခဲ့သော်လည်း ပြေ လည်မှုမရှိသေးကြောင်း၊ အင်အားကြီးမားသော ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဆုံးဖြတ်ချက်ကို စောင့် ကြည့်နေကြကြောင်း၊ စစ်ရေးအနေအထားအရ အသင့်အနေအထားတွင် ပြုလုပ်ထားကြသည်ဟုလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက SSA-N အဖွဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းမည့် လူစာရင်းကို စစ်အစိုးရထံသို့ ပေးပို့ခဲ့သော်လည်း
အဓိကပါဝင်မည့် လူဦးရေနှင့် လက်နက်စာရင်းမှာ နည်းပါးလွန်းသည့်အတွက် စစ်အစိုးရက မကျေနပ်ခြင်းဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး(KNU)မှ ခွဲထွက်၍ စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA) အတွင်းတွင်လည်း နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အောက်ခြေအဆင့် တွင် သဘောထားကွဲလွဲမှုများရှိနေကြောင်း မကြာသေးမီကမှ KNUအဖွဲ့သို့ ပြန်လည်ဝင်ရောက်လာသည့် DKBA အဖွဲ့ဝင် ဟောင်း တဦးဖြစ်သူ စောစာပေါက ပြောသည်။

“ခေါင်းဆောင်တွေကသာ သဘောတူတာလေ၊ ရဲဘော်တွေက စစ်အစိုးရယူနီဖောင်းမ၀တ်ချင်ဘူး၊ တကယ်လို့ဖြစ်လာရင်တော့ စစ်အစိုးရတပ် ခေါင်းဆောင်တွေရဲ့ အမိန့်တွေနဲ့ အရင်ထက်စာရင် ပိုအလုပ်များလိမ့်မယ်”ဟု ၎င်းကပြောသည်။

အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအား စစ်အစိုးရက နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးအတွက် ယခုနှစ် ဧပြီလကတည်းက စတင်ခဲ့သော်လည်း ယခုအချိန်အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

အင်အားအကြီးဆုံးဖြစ်သည့် UWSA တပ်ဖွဲ့ အနေဖြင့် စစ်အစိုးရအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူညီ သော်လည်း တပ်ဖွဲ့စည်းလျှင် စစ်အစိုးရဘက်မှ ဒုတိယတပ်ရင်းမှူးရာထူးတခုသာ ပါဝင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ထို့အပြင် ရှမ်းပြည် တောင်ပိုင်းရှိ ၀မ်ဟုန်ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုအဖြစ်သတ်မှတ်ပေးရန် ပြန်လည်တောင်းဆိုခဲ့ရာတွင် စစ်အစိုးရ က ပယ်ချခဲ့သည်။

သို့သော် ယခုအခြေအနေတွင်မူ နှစ်ဘက်စလုံးတွင် စစ်ရေးလှုပ်ရှားမှုများ၊ နှစ်ဘက်တင်းမာမှုများ မရှိကြောင်း၊ တရုတ်နိုင်ငံက နယ်စပ်တည်ငြိမ်ရေးကို အလေးထားသည့်အတွက် ညှိနှိုင်းဆောင်ရွက်ပေးလိမ့်မည်ဟု ထင်ကြောင်း၊ စစ်အစိုးရ၏ လက်ရှိအခြေ အနေမှာ မကြာမီက ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲတွင်ပင် လူအမြောက်အမြား ကျဆုံးခဲ့ရသည့်အတွက် အင်အားကြီးမားသော ၀တပ်ဖွဲ့ အား စစ်ဆင်မည်ဆိုလျှင်လည်း လွယ်ကူမည်မထင်ကြောင်း၊  UWSA အဖွဲ့အနေဖြင့်လည်း ငြိမ်းချမ်းရေးရယူခဲ့ပြီး နယ်မြေ တည်ဆောက်ရေးကို လုပ်ဆောင်နေချိန်တွင် စစ်တိုက်လိမ့်မည်မထင်ကြောင်း၊ နှစ်ဘက်ညှိနှိုင်း အဖြေရှာလိမ့်မည်ထင်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီမှ ဒေါက်တာလှကျော်ဇောက သုံးသပ်ပြောဆိုသည်။

မကြာသေးမီက တရုတ် ဒုတိယ သမ္မတ ရှီကျင့်ဖျင် နှင့် ချန်ဒူးစစ်ဒေသမှ ဒုတိယ ဗိုလ်ချုပ်ကြီး အိုက်ဟူယောင်တို့ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် စစ်ခေါင်းဆောင်တချို့နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နယ်စပ် တည်ငြိမ်ရေးကို စစ်အစိုးရက ကတိပြုခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
Comments (3)Add Comment
0
ထောက်ခံတယ်ဗျာ
written by နေထူး, January 02, 2010
ကိုအားမာန် ပြောသလိုပါဘဲ မြန်မာ သတင်းက နေ့တိုင်း ရေးဖို့ သတင်း မရှိယင်တောင်မှ နိုင်ငံခြား သတင်းကိုလည်း
များများ ထည့်သွင်း ရေးသင့်ပါတယ်။
0
...
written by ------, January 01, 2010
Journalists also have the right to rest.
0
သတင်းလုပ်ငန်း
written by အားမာန်, December 31, 2009
သတင်း လုပ်ငန်း လုပ်နေတဲ့ လူတွေ အနေနဲ့ ၃၁ရက်ကနေ ၃ ရက်နေ့ အထိ ၄ ရက်တောင်နားတာကတော့ များလွန်းတယ် ထင်ပါတယ်။ အခု နောက်ပိုင်း မြန်မာ သတင်း ၀က်ဘ်ဆိုက်တွေ စနေ တနင်္ဂနွေလည်း နားရဲ့၊ တခြား ရုံးပိတ်ရက်တွေလည်း နားရဲ့၊ အထူး အထူးသော ရက်တွေများလည်း နားရဲ့။ သတင်း ဆိုတာ ရုံးတွေဖွင့်မှ အသစ် ရှိသလိုပဲနော်။

သတင်း အမြဲ ဖတ်နေတဲ့ လူတွေကို အလကား ဖတ်နေရတာပဲ ပေးသလောက် ယူ ဆိုပြီး သဘောထား သလားတော့ မသိပါဘူး။ ကိုယ့်ရဲ့ အမြင်ကို ပြောတာပါ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်