MiG တိုက်လေယာဉ်များအတွက် ပေးလိုက်ရသော အရင်းအနှီး

ဒေါ်လာသန်း ၅၇၀ ကုန်ကျမည့် ရုရှားလုပ် MiG 29 ဂျက် တိုက်လေယာဉ် အစီး ၂၀ ကို ၀ယ်ယူမည်ဆိုသည့် သတင်း ထွက်ပေါ်မလာခင် ရက်ပိုင်းအတွင်းတွင် စီးပွားရေးနိုဗဲလ်ဆုရှင် ဂျိုးဇက် စတစ်ဂလစ် သည် သဘာဝဓာတ်ငွေ့နှင့်ရေနံမှရရှိ သော အခွန်ဘဏ္ဍာတို့ကို တိုင်းပြည်ကောင်းကျိုးအတွက်သုံးစွဲရန် မြန်မာစစ်အစိုးရအား ရှားရှားပါးပါး အကြံပေးပြောဆိုမှု များ ပြုခဲ့ပါသည်။

ထိုငွေများသည် မြန်မာနိုင်ငံ၏ အရင်းအမြစ်များဖြစ်သော သဘာဝဓာတ်ငွေ့များအား ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံခြား တိုင်းပြည်များသို့ ရောင်းချမှုမှ ရရှိခဲ့ခြင်းဖြစ်သည်ကို သံသယရှိစရာမလိုပါ။

မြို့တော်သစ် နေပြည်တော်၌ ကျင်းပသည့်ဟောပြောပွဲတခုတွင် “မြန်မာနိုင်ငံ ၏ လယ်ယာ စီးပွားရေးကဏ္ဍ ပိုမိုဖြစ်ထွန်း ရေး ဆီသို့”ဟူသည့်ခေါင်းစဉ်ဖြင့် ပါမောက္ခ စတစ်လစ်က ဟောပြောခဲ့ရာ“လယ်ယာကဏ္ဍရဲ့စိန်ခေါ်မှုတွေကို ထိထိ ရောက် ရောက်ဖြေရှင်းနိုင်ဖို့ သဘာဝအရင်းအမြစ်တွေက အစိုးရအတွက် အခြေခံ အရင်းအမြစ်တခုအဖြစ် အထောက်အကူပြု ပါတယ်”ဟု ပြောဆိုခဲ့ပါသည်။

စစ်အစိုးရ အရာရှိကြီးများပါဝင်သည့် တက်ရောက်လာသော ပရိသတ်အား“နိုင်ငံတနိုင်ငံဟာ မြေပေါ်မြေအောက်ရှိ သယံ ဇာတတွေကို ပြန်လည်ရင်းနှီးမြုပ်နှံမှု မပြုရင် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းနိုင်မှာမဟုတ်သလို ဆင်းရဲတွင်းကိုပင် ကျ ရောက် သွားနိုင်ပါတယ်”ဟုလည်း ဂျိုးဇက် စတစ်ဂလစ်က ပြောခဲ့သည်။

သို့ရာတွင် မည်သည့်အချိန်ကမှ မရှိခဲ့သည့် ခြိမ်းခြောက်မှုများကိုတုံ့ပြန်ရန် မြန်မာ့လေတပ်မတော်ကို အင်အားတောင့်တင်း စေရေးအတွက် စစ်ဗိုလ်ချုပ်များသည် ဆိုင်ကလုန်းနာဂစ်ဒဏ်ခံခဲ့ရသော မြစ်ဝကျွန်းပေါ်ဒေသကပြည်သူများ အပါအ၀င် ၅၇ သန်းသော ပြည်သူများ၏ ဘဏ္ဍာငွေများကို အဓမ္မ သုံးစွဲခဲ့ကြပါသည်။

MiG တိုက်လေယာဉ် တစင်း၏ တန်ဖိုး နီးပါးရှိသော ဒေါ်လာ ၂၄ သန်းကို နာဂစ်ဒုက္ခသည် ပြည်သူ ၂.၄ သန်းက ပေးခဲ့ ကြရသည်ဟု နားလည်နိုင်ပါသည်။ ၂၀၀၉ ခု နှစ်  နိုဝင်ဘာလ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ သော အလှူရှင်များညီလာခံတွင် ထိုဒုက္ခသည်ပြည်သူများအတွက် ကုလသမဂ္ဂနှင့် အာဆီယံအသင်းကြီးက ဒေါ်လာသန်း နှင့်ချီပြီး တောင်းခံခဲ့ကြပါသည်။

ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာအစိုးရတို့ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့(TCG) က နာဂစ်အလွန် ပြန်လည် တည်ဆောက်ရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း ၃ နှစ်စီမံကိန်း (PONREPP) ပွန်ရက်ပ် အတွက် ကုန်ကျမည့် ဒေါ်လာသန်းပေါင်း ၆၉၀.၅ သန်းကို နိုင်ငံတကာအသိုင်းအ၀န်က လှူဒါန်းကြရန် ဖေဖော်ဝါရီ လက စတင် မေတ္တာရပ်ခံခဲ့ကြပါသည်။

TCG သည် အစကနဦးတွင် အလှူငွေများကို ၄င်းတို့မျှော်မှန်းထားသည်ထက် အများကြီးလျော့နည်းစွာ ရရှိခဲ့သည်။ ဘန် ကောက်မြို့တွင်ကျင်းပခဲ့သော ဒုတိယအကြိမ် အလျူရှင်ညီလာခံတွင် အလျူရှင်နိုင်ငံများက နောက်ထပ် ဒေါ်လာ ၈၈ သန်း လျူဒါန်းသွားမည်ဟုသည့် ကတိက၀တ်ကို ရရှိခဲ့ကြပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ကျောင်းပေါင်း ၅၀၀ ကို ပြန်လည်ဆောက်လုပ်ရေးအပါအ၀င် လိုအပ်ချက်အမြောက်အများရှိနေသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏ မြန်မာပြည်ဆိုင်ရာ ဌာနေကိုယ်စားလှယ် ဘစ်ရှေားပရာဂျူလီ က အဆိုပါညီလာခံတွင် ပြောဆိုခဲ့ပါသည်။

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသောဧရာဝတီမြစ်ဝကျွန်းပေါ်က ကျောင်းများ၊ ဆေးရုံများဆောက်လုပ်ခြင်းနှင့် ဖျက်ဆီးခံခဲ့ရသော အသက်မွေးဝမ်းကျောင်းအလုပ်များ ပြန်လည်ရှင်သန်လာရေးအတွက် လယ်သမားများနှင့် ကုန်သည်များကို အသေးစား ချေးငွေများပံ့ပိုးပေးခြင်းတို့ လုပ်ဆောင်မည့်အစား ၄င်းတို့၏အာဏာအဆောက်အုံကို တည်ဆောက်ရေးအတွက် ဒေါ်လာ သန်းပေါင်းများစွာသုံးစွဲပြီး မိမိတို့၏ပြည်သူပြည်သားများ ဒုက္ခဆင်းရဲကြုံတွေ့နေကြရသည်ကို စစ်ဗိုလ်ချုပ်ကြီးများ အဘယ် ကြောင့် လုံးလုံးလျားလျား လစ်လျှူရှုထားကြပါသနည်း။

MiG 29 တိုက်လေယာဉ်များဝယ်ယူသည့်ကုန်ကျစရိတ်သည် ပွန်ရက်ပ် ၃ နှစ်စီမံကိန်းတခုလုံးကုန်ကျစရိတ်နီးပါး ရှိပါ သည်။ ဤအချက်က မည်သည့်သာမန်နိုင်ငံသားမဆို ဒေါသထွက်စရာကိစ္စ ဖြစ်သည်။

၂၀၀၈ ခုနှစ် နိုင်ဝင်ဘာလက ထွက်ရှိလာသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ Medecins Sans Frontieres (MSF) ၏ အစီရင်ခံစာတစောင်တွင် “မြန်မာစစ်အစိုးရသည် ၂၀၀၇ ခုနှစ်တွင် နိုင်ငံသားတဦးလျှင် ကျန်းမာရေး စောင့်ရှောက် စရိတ် ၀.၇ ဒေါ်လာသာ သုံးစွဲခဲ့ သည်” ဟု ဖော်ပြခဲ့ပါသည်။

ကုလသမဂ္ဂ HIV/AIDSတိုက်ဖျက်ရေးအဖွဲ့UNAIDS ၏ ၂၀၀၈ ခုနှစ် အစီရင်ခံစာတွင် HIV/AIDS ရောဂါ တိုက်ဖျက်ရေး တွင် စစ်အစိုးရသည် တနှစ်လုံးအတွက် ဒေါ်လာ၂ သိန်းသာ သုံစွဲခဲ့ပြီး မြန်မာနိုင်ငံသည် HIV/AIDS နှင့် ဆက်စပ်သော ရောဂါများဖြင့် နှစ်စဉ်သေဆုံးနှုန်း ၂၅၀၀၀ ခန့်ရှိသော နိုင်ငံဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းသို့ စစ်အစိုးရက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အသုံးစရိတ်ပိုမိုသုံးစွဲရန် တောင်းဆိုမှုများကို ဂရုမစိုက်ဘဲနေ ခြင်းနှင့်ပတ်သက်ပြီး MSF အစီရင်ခံစာတွင် ပြစ်တင်ပြောဆိုထားပါသည်။

“နိုင်ငံတခုက လက်ခံရရှိခဲ့တဲ့ ကူညီထောက်ပံ့ငွေတွေဟာ တခြားနိုင်ငံသားသားတွေရဲ့ အခွန်ထမ်းဆောင်ထားတဲ့ ငွေကြေး များဖြစ်ပါတယ်၊ ဒါကြောင့် အဲဒီငွေတွေကို အစိုးရပါလီမန်ကတဆင့် ဆုံးဖြတ်ပေးအပ်ရပါတယ်”ဟု ပါမောက္ခ စတစ်ဂလစ် က ပြောဆိုခဲ့ပြီး ထိုထောက်ပံ့ငွေများ၏ ဘတ်ဂျက်နှင့် စီးဆင်းပုံကို စောင့်ကြည့်လေ့လာရာတွင် ထင်သာမြင်သာရှိမှု လိုအပ်ချက် အရေးကြီးပုံကိုလည်း အလေးအနက်ပြောဆိုခဲ့ပါသည်။

သို့ရာတွင် အခွန်ထမ်းပြည်သူများ၏ငွေကြေးများကို အမှန်တကယ်လိုအပ်နေသော ပြည်သူများဆီ တိုက်ရိုက် ရောက် ရှိခြင်း ရှိမရှိကို စောင့်ကြည့်လေ့လာယုံသက်သက်မျှဖြင့် အလှူရှင်နိုင်ငံများအတွက် လုံလောက်မှုမရှိပါ။

ထို့ကြောင့် မြန်မာနိုင်ငံသို့ ပေးအပ်သော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့များသည် ဆိုးဆိုး ရွားရွား လျစ်လျူရှု့ထားခြင်း ခံထားရသော တိုင်းပြည်၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့တွင် အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်သုံးစွဲရန် စစ်အစိုးရတွင် ခိုင်မာသည့်ဆုံးဖြတ်ချက်ရှိမရှိ ဆိုသည့်အချက်နှင့် ချီနှောင်ထားသင့်ပါသည်။
Comments (14)Add Comment
0
စာဖတ်သူတစ်ဦး သို့ အိတ်ဖွင့်ပေးစာ(၂)၊ အပိုင်း(၁)
written by ဘိုကာ, January 14, 2010
မိတ်ဆွေ ပြောသလို ဒီဆောင်းပါးဟာ ရှူဒေါင့် မပြည့်စုံဘူး ဆိုတာကို လက်ခံပါတည်။ ဘာလို့လဲဆိုတော့ ဒီဆောင်းပါးဟာ ပြည်သူတွေ ဘက်က ရှူမြင် ရေးသားထားတဲ့ ဆောင်းပါး ဖြစ်နေလို့ပါ။ ဒီတော့ကျွန်တော်တို့ တပ်မတော် ဘက်က (နဝတ စစ်အစိုးရလို့ မဆိုလိုပါ၊ အခု လေယာဉ်တွေကို လက်တွေ့ ပျံသန်း၊ မောင်းနှင်ကြရမဲ့ တပ်မတော်(လေ) က လေသူရဲေ တွဘက်ကပါ။) စဉ်းစားကြရအောင်။

အခု လေယာဉ်တွေကို မောင်းနှင်ကြရမဲ့ လေသူရဲတွေဟာ ဒီလေယာဉ်တွေကို မောင်းနှင်ဖို့ အတွက် အရည်အချင်း ပြည့်မီဖို့ အတော်လေး ကြိုးစားကြရမှာပါ။ လက်ရှိ အရည်အချင်း နဲ့ ဒီလေယာဉ်ရဲ့ စွမ်းဆောင်ရည် အပြည့် အဝကို အသုံးချနိုင်ဖို့ မဖြစ်နိုင်ပါဘူး လို့ပြောရင် ရိုင်းရာ ကြသွားမလား မသိဘုး၊ ဒါဟာ လေသူရဲတွေ အဆင့် အတန်း မမီလို့မဟုတ်ပါဘူး၊ ဒါကို ကျွန်တော် ရှင်းပြပါ့မယ်။

ဆိုလိုတာက ဒီလေယာဉ်ကို အသုံး ချနိုင်ဖို့ မောင်းတတ်ရုံ သက်သက် လောက်ကတော့ ဘယ် Techtical Jet Fighter ဝယ်ဝယ် အတူတူလောက် နီးပါး ပါဘဲ၊ ဒီလိုဈေးကြီးတဲ့ MIG 29 ကိုဝယ်မှ မဟုက်ပါဘူး။ Techtical Jet Fighter တစ်စီးကို အပြည့်အဝ အသုံးချဖို့ ပြည့်ဝတဲ့ လေ့ကျင့်မှု လိုပါတယ်။ ဒီလို Fourth Generation Jet Fighter တစ်စီးမှာ တပ်ဆင်ထားတဲ့ Flight Instruments, Navigational Aids Computer, Targeting and Fire Control Computer တွေနဲ့ Supresonic Engine and Filght Dynamics (Aerodynamics) System တွေဟာ မြန်မာ လေသူရဲတွေ အတွက် အတော် စိမ်းနေေ သးပါတယ်။
အခု မြန်မာ့ တပ်မတော်(လေ) မှာ MIG 29 မဝယ်ခင်အချိန်အထိ အဆင့် အမြင့်ဆုံး Jet Fighter ဟာ တရုတ်လုပ် Chengdu J-7 / F-7 Airguard ပဲရှိခဲ့ပါတယ်။ ဒီလေယာဉ် နှစ်မျိုးဟာ Fighter အုပ်စု ဝင်ချင်း အတူတူ ပေမဲ့ အသုံး ချပုံချင်း မတူပါဘူး။ F-7 ဟာ Conventional Fighter ပါ၊ MIG 29 ဟာ Interceptor ပါ။ Conventional Fighter ဟာ ရန်သူက သူ့ရဲ့ ပစ်မှတ်ဖြစ်တဲ့ ကိုယ့်ပိုင်နက် ဧရိယာ အတွင်းမှာ ကာကွယ်ဖို့ပါ။ Interceptor ကတော့ ရန်သူ ကိုယ့်စီ မရောက်ခင် ကြိုတင် သွားရောက် တိုက်ခိုက်ဖို့ပါ။ အဓိက လေကြောင်းတိုက်ပွဲ Dog Fight အတွက် ထုတ်လုတ် ထားတာပါ။ မြေပြင် ပစ်မှတ်အတွက် အလွန် မထိရောက်ပါဘူး။ ပြောရင်းနဲ့ လေယာဉ် အကြောင်း ရှင်းတာ များသွားပြီ၊ တပ်မတော်(လေ) က လေသူရဲတွေ အကြောင်း ပြန်ဆက်ကြရအောင်။

တပ်မတော်(လေ) မှာ လေသူရဲတွေ မောင်းစရာ လေယာဉ် မရှိလို့ ရုံးခန်းမှာ ထိုင်ပြီး မလုပ်ချင်တဲ့ ရုံးအလုပ် လုပ်နေကြရတာ မနဲပါဘူး။ ဗိုလ်သင်တန်းမှာ လေသူရဲ အဖြစ် လျှောက်တယ် ဆိုကတည်းက လေယာဉ် မောင်းချင်တဲ့ သူတွေ ချည်းပါဘဲ။
လေသူရဲ တွေဟာလဲ လေထဲမှာဘဲ ပျော်ကျပါတယ်။ ဘယ်သူမှ ရုံးခန်းမှာ ထိုင်ပြီး ရုံးအလုပ် မလုပ်ချင်ကြပါဘူး။ ကျွန်တော် မိတ်ဆွေ လေသူရဲ တစ်ယောက် ဆိုရင် ကျောင်းဆင်း ပြီးကထဲက သူသင်ကြားခဲ့တဲ့ လေယာဉ် အမျိုးအစားဟာ မောင်းနှင်နိုင်တဲ့ အကောင်း တစ်စီးမှ မရှိတော့လို့ အခု ဗိုလ်ကြီး ဖြစ်သည်အထိ တပ်မတော်(လေ) မှာ (လေယာဉ် မောင်း သင်တန်းက သင်ပေးလိုက်တဲ့ ပျံသန်းချိန် နာရီ ရှစ်ဆယ် ကလွဲလို့) ပျံသန်းချိန် လုံးဝ မရှိသေး ပါဘူး။ သူ့ဘဝ အကြောင်းကို သူရင်ဖွင့်ပုံကတော့ "ရေမရှိရင် ငါးဟာ မနေနိုင်သလို၊ မမောင်းရတဲ့ (လေယာဉ်) ပိုင်းလော့ (လေယာဉ်မှူး) ဟာလဲ နေလို့ မရပါဘူး တဲ့။ အခု ငါသေသွားပြီး နောက်ဘဝမှာ ငှက်ပြစ်မယ် လို့ ကျိမ်းသေ အာမခံနိုင်ရင် ငါအခု တိုက်ပေါ်က ခုန်ချ လိုက်ဖို့ ဝန်မလေးပါဘူး တဲ့"။
0
To Sar Phat Thu Ta Oo
written by Wine, January 14, 2010
Let me ask you a question. If you wanna say this article is narrow sighted, why are you looking into military interest only. Why did you say stick-to-stick policy only in military interest. What about other sectors? To complete your view, you should consider bread-to-bread policy, car-to-car policy as well. Even in military interest, why don't you think salaries of soldiers should be comparable with other countries?

A government job is to balance those interests. If there are significant biases, the country won't prosper. We should also count the ties with Russia gov in. Please try to see the whole picture.
စာဖတ်သူ တစ်ဦးမှ ဖြေရှင်းချက်, Low-rated comment [Show]
0
စီးပွားရေးအမြင်က မူကြိုကလေးလောက်မ အမြင်မကျယ်ဘူး
written by min ye, January 10, 2010
အဓိက နဲ့  သာမည ကို မသိသေးတဲ့  ကလေးတစ်ေ ယာက်ထက်ပို မိုက်မဲတယ်။ မြန်မာ ပြည်ကိုဒီလို အတွေး အခေါ်တွေနဲ့  အုပ်ချုပ်နေတော့  နိုင်ငံဆင်းရဲ မွဲတေနေတာ မထူးဆန်းပါဘူး။ အကြောင်းကြောင့် အကြိုး ဖြစ်တာ။ ၀မရှိသေးပဲနဲ့  ၀ိ လုပ်တယ်၊ အညွန့် လေး ထွက်လာမယ် မကြံသေးဘူး ခူးပြီး မျိုးတုံးအောင် လုပ်တယ် ။အရမ်း ရင်နာဘို့ ကောင်းတယ်ဗျာ ၊
0
selfish or ignorant
written by layman, January 10, 2010
Everyone who has common sense knows this is a bad buy. Our country has NO IMMEDIATE THREATS. The answer is very simple, someone might have personnel interest and profiteering on this mega transaction.Who else could be???
0
excellent.
written by aye htun aung, January 10, 2010
THe best of irrawaddy's editorial....EXCELLENT:::ALL ARE TRUTH::
0
စာဖတ်သူတစ်ဦး သို့ အိတ်ဖွင့်ပေးစာ
written by ဘိုကာ, January 09, 2010
မိတ်ဆွေ ပြောသလို မြန်မာ့ တပ်မတော်ဟာ အဆင့်အတန်း နိမ့်ကျနေတယ် ဆိုတာကို လက်ခံပါတယ်။
မြန်မာ့ တပ်မတော်ဟာ လေတပ်၊ ရေတပ်မှာ ထိုင်းနိုင်ငံ ကိုတောင် မမှီတာ အားလုံး သိလောက်ပါတယ်။
ဒါပေမဲ့ နိုင်ငံချင်း စီးပွါးရေး ရှူ့ဒေါင့်ကကြည့်ရင် ဘယ်နိုင်ငံ က သာလွန် တိုးတက်သလဲ ဆိုတာ သိသာပါတယ်။
သေချာတာ တခုကတော့ ထိုင်းနိုင်ငံရဲ့ လက်နက် နှစ်ဆယ့်ငါး ရာခိုင်နှုန်းဟာ အမေရိကန်ဆီက အလကား နီးပါးလောက်နဲ့ ရထားတာပါ။

စီးပွါးရေး တိုးတက်မှူ့ အရရော၊ ပို့ကုန် ထုက်ကုန် နဲ့၊ နည်းပညာ အရပါ ထိုင်းနိုင်ငံက အစစ အရာရာ သာတာ ပြောစရာ မလိုသလောက်ပါ။ လက်ရှိ မြန်မာပြည်ရဲ့ အခြေ အနေဟာ အာဏာရှင် အဆက်ဆက် ဖျက်စီးလို့ စီးပွါးရေး၊ ပညာရေး၊ နည်းပညာ၊ ထုက်ကုန် တွေဟာ နိမ့်ကျနေပါပြီ။

နိုင်ငံ့ဝင်ငွေကို သစ်တော၊ ကျောက်မျက်၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေး တို့နဲ့အသက် ဆက်ခဲ့ရတာပါ။
သစ်တော နဲ့ ကျောက်မျက် ဟာ ပြန်လည်ြ ဖစ်ထွန်းဖို့ မလွယ်တဲ့ ထွက်ကုန်တွေပါ။

လူသားအရင်းအမြစ် သာလျှင် သုံး မကုန်နိုင်တဲ့ ထုတ်ကုန် ၊ ထွက်ကုန်တွေ ထုတ်လုတ်ဖို့ အဓိက အခြေခံ လိုအပ်ချက်ပါ။
ဥပမာ တရုတ်ပြည်ကို ကြည့်ပါ။ ကွန်မြူနစ် ခေတ်ေ ဟာင်းပိုင်းမှာ ပညာရေးကို အားမပေးခဲ့လို့ လူသား အရင်းအမြစ် ကြွယ်ဝပါလျှက်နဲ့ အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါဘူး။
အခု ခေတ်နှောင်းပိုင်းမှာ ပညာရေးကို အားပေးပြီး နည်းပညာလုပ်သား၊ ကျွမ်းကျင် လုပ်သားတွေကို မွေးထုတ်ပေးနိုင်ခဲ့လို့ နံပါတ်တစ် အဆင့် ကုန်ထုက်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပြီ မဟုက်လား။

လက်ရှိ အချေ အနေ အရ မြန်မာပြည်ဟာ ထွက်ကုန်၊ ထုက်ကုန် နဲ့ စီးပွါးရေး အဖက်ဖက်က အားနဲနေလို့ ပြည်သူတွေ အများစုမှာ မငတ်ရုံတမယ် ရတဲ့ ဝင်ငွေကိုတောင် ရအောင် ရှာနိုင်ဖို့ အခွင့် အလမ်း နဲပါးနေပါပြီ။
ဒီအခြေ အနေမှာ ကံကောင်း ထောက်မစွာ အာရှရဲ့ အကြီးဆုံးလို့ ပြောလို့ရတဲ့ သဘာဝ ဓာတ်ငွေ့သိုက် ကို ရှာတွေ့ခဲ့လို့ နိုင်ငံရဲ့ ဝင်ငွေ ခြောက်ဆယ် ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ပါတယ်။
သဘာဝ ဓာတ်ငွေ့ နိုင်ငံခြားပို့ ရောင်းရငွေဟာ တရက်ကို အမေရိကန် ဒေါ်လာ ခြောက်သိန်းကျော် (၂၀၀၇ ခုနစ် အရ) ဝင်ငွေရှိခဲ့ပါတယ်။
ဒါပေမဲ့ ပြည်သူတွေ အတွက် ကံဆိုးတာက ဒီငွေတွေကို ပြည်သူတွေ လိုအပ်ချက် အတွက် အသုံး မခံခဲ့ရပါဘူး။
နာဂစ် မှာတောင် ဓာတ်ငွေ့ ကရတဲ့ ငွေတွေကို ပေးမသုံးဘဲ နိုင်ငံတကာ အလယ်မှာ အရှက်မရှိ မျက်နှာနဲ့ လက်ဖြန့်ခံ တောင်းရမ်း ခဲ့တာကို ကြည့်ရင် အသိသာ ဆုံးပါ။

ဒီငွေတွေကို တိုက်စရာ မရှိဘဲ စစ် လက်နှက်တွေ ဝယ်နေမဲ့ အစား တိုင်းပြည်ရဲ့၊ ပြည်သူတွေ အတွက် လိုအပ်ချက် တွေကိုသာ ဖြည့်ဆည်း ပေးခဲ့ လိုက်ရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂါတ်ဟာ သာယာ လှပသွား မှာ မလွဲ ဧကံပါ၊၊၊၊၊၊၊
0
ကောင်းတယ်
written by အောင်မြင်စိုး, January 09, 2010
ဧရာဝတီ ဆောင်းပါးတွေထဲက အကောင်းဆုံး ထဲက အကောင်းဆုံး တစ်ပုဒ်ပဲ။ လက်နက်ဝယ်ဖို့ ဘာညာတွေက တရားဝင် အစိုးရ တက်လာတဲ့ခါ ပါလီမန်က လိုအပ်တယ် လို့ ဆုံးဖြတ်ရင် ၀ယ်မှာပဲ။ စစ်အစိုးအရက ပြည်သူ့ ဘဏ္ဍာ တွေကို သူလုပ်ချင်တိုင်း လုပ်ပိုင်ခွင့် မရှိဘူး။
0
စာဖတ်သူတစ်ဦးသို့
written by Zaw Lay, January 09, 2010
မှန်ပါတယ် ၊ သူများ ယောင်တိုင်း လိုက်ေ ယာင်စရာကို မလို တဲ့ မဟာဗျူဟာ မြန်မာနိုင်ငံ ကဗိုလ်ချုပ်ကြီးများ မသိတာ အံ့ပါတယ်။ အင်အားကြီး နှစ်နိုင် ငံကြား မှာခွထား တဲ့ အတွက် ဘယ် သူက ၀င်ရောက် ကျူးကျော်မှာ ကို စိုးရိမ်စရာ လုံးဝ မလိုပါဘူး ၊ တိုင်းပြည်မှာ ပထမဆုံး လိုအပ်တာကို မဖြည့် တင်းရင် ဈေးရောင်းပါတယ် ဆိုမှ အရင်း ပြုတ်အောင် ရောင်းရလားဆိုတဲ့ ဘ၀ ရောက်သွားပါမယ်။ ဒါ ကို သိမြင်ဖို့ ပါရဂူ ဘွဲ့တောင် မလိုပါဘူး။ ဈေး ရောင်းရင် အရင်း မပြုတ်အောင် လုပ်ရတဲ့အပြင် တိုးပွားအောင် အမြတ်တွေကို အရင်း အဖြစ် ပြန်တည်ရပါတယ် ဒီလိုနဲ့မှ အောင်မြင်တဲ့ လုပ်ငန်း တစ်ခု ဖြစ်လာ ပါတယ်။ တိုင်းပြည် တစ်ပြည် ဆိုတာ ဈေး ရောင်းတာထက် အများကြီး ပိုနက်နဲတယ် ဆိုပေမယ့် အခြေခံ သဘောတရား ကတော့ အတူတူပါဘဲ။ တိုင်းပြည် တိုးတက်ဖို့ ဆိုတဲ့ နေရာ ပညာရေး ၊ ကျန်းမာရေး ၊လူ့ အရင်း အမြစ်မှာ မမြှပ်နှံ ဘဲ ရသမျှကို စားလိုက် စိတ်ရှိ လက်ရှိ ကိုယ်နဲ့ မတန်တဆ ဟာကို ၀ယ်မယ် ဆိုရင်တော့ ဒေ၀ါလီ ခံဖို့ ဆိုတဲ့ လမ်းပေါ်ကို တန်းတန်းကြီး ရောက်ပါတယ်။ ဒီသေးငယ်တဲ့ သဘောတရားကို နားလည်တဲ့ စင်ကာပူ ဆိုတဲ့ နိုင်ငံကိုကြည့်ပါ ၊သူ့မှာ အရင်းမ ပျေက်အောင် အရင်လုပ်ပါတယ်။ တိုးတက်လာပြီ ဆိုတဲ့အခါမှ အစိုးရ အနေနဲ့ ရတဲ့အခွန်အခနဲ့ ၀ယ်တာ က ဘယ်သူမှ မျက်စောင်း မထိုးသလို ၊ ကောင်းပေ့ဆိုတဲ့ အမျိုးအ စားကို ရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ယခု လက်ရှိ တိုင်းပြည်ဝင်ငွေနဲ့ ဒီဟာ သွားဝယ်တယ် ဆိုတာ စီးပွားရေး အမြင် မရှိတဲ့ ငထုံကြီးများ (သူ့အတွက်တော့ မထုံပါ) ဖြစ်ကြောင်း ပြောလိုပါတယ်
0
ထိုင်းစာ ၊မြန်မာစာ ဖတ်သူ အမြင်။
written by မျိုးလွင်, January 09, 2010
ထိုင်းနိုင်ငံက JAS.39 GRIPEN ဝယ်တာကို သွားမယှဉ်ပါနဲ့၊ ထိုင်းမှာ နိုင်ငံတော် ဘတ်ဂျက်/ ထိုင်းရဲ့ GDPက ဗမာထက် အများကြီး မြင့်တယ်လေ။ပြီးတော့ ထိုင်း အစိုးရက ပြည်သူ လူထု အတွက် ကျန်းမာရေး၊ ပညာရေးနဲ့ တခြား လူမှူရေးမှာ ဘက်စုံ ဖြည့်ဆည်းတာ၊

ဗမာပြည်မှာက ဘတ်ဂျက်က နည်း၊ လဘ်ပေး လဘ်ယူမှူတွေ များလွန်းလို့ GDPက နိမ့်၊(ဒေဿ အာဏာပိုင်တွေ ရစ်လို့၊ ပုဂ္ဂလိကပိုင်းက၊ တိုင်းပြည် အကျိုးရှိမည့် စီးပွားရေးမျိုး မလုပ်နိုင်)ပတ်ဝန်းကျင် တိုင်းပြည်တွေ ဆိုတာကလည်း ငြိမ်းချမ်းရေးပဲ တည်ဆောက်နေတာ၊ စစ်စရိတ်ကို အဲလောက် မသုံးသင့်ဘူး။
0
ခွက်စုတ် တစ်လုံးနဲ့ သူဌေးသား တစ်ယောက်
written by Tun Shwe Khaing, January 09, 2010
ပြည်သူ့ ဘဏ္ဃာ ငွေတွေကို ကားဝယ်စီးကြ-- တိုက်လေယဉ်တွေ ၀ယ်ကြနဲ့ သုံးပစ်ကြပြီး ပြည့်သူ ကျန်းမာရေး- ပညာေ၇း- သဘာဝ ဘေးဒဏ် ပြန်လည် ထူထောင်ရေး အတွက် လိုအပ်တဲ့ ငွေတွေ ကျတော့ ပေးကြပါခင်ဗျား သနားကြပါ ခင်ဗျား နဲ့  အလှူ ခံနေကြတာဟာ မြန်မာနိုင်ငံကို သူတောင်စား နိုင်ငံ အဖြစ် ကြော်ငြာပေးသလို ဖြစ်နေပါတယ်။
0
အင်အားဖြည့်တာပါ
written by ထက်ဝေ, January 08, 2010
2010 အတွက် အင်အား ဖြည့်တာပါ။ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ က ရတာနဲ့ ၀ယ်တာ။ ၀ယ်လို့ ကော်မရှင်ခ တွေ ပွဲစားခတွေ တောင် ခွဲပြီးပြီ။ လေချုပ်တောင် စိန်တွေ တော်တော် ရလိုက်တယ်။ ကြားခံ ဆက်သွယ်ပေးတဲ့ လူက ပေးတာ။ နာဂစ်ငွေနဲ့ ၀ယ်တာ မဖြစ်နိုင်ပါ
စာဖတ်သူအမြင်, Low-rated comment [Show]
0
လုပ်ချင်ရာ လုပ်နေတဲ့ စစ်အစိုးရ....
written by kojj, January 08, 2010
စစ်အသုံးစရိတ် အမြောက်အများ သုံးစွဲလေ ပြည်သူဘဝ ဆင်းရဲတွင်း နက် လေလေပါဘဲ...ခုချိန်မှာ ဘယ်တိုင်းပြည်
မှလဲ ကိုယ့်တို င်းပြည်ကို လာရန်စ လာတိုက်ဘို့ မရှိပါဘူး...ကိုယ့်လက်မှာ ပေနေတဲ့ေ သွးတွေကို ကြည့်ပြီး ဗိုလ်ချုပ်
တွေ သွေးရူးသွေးလန့် အဆင် အခြင်မရှိ သုံးသင့်တာ မသုံးဘဲ မလိုအပ်တာ သုံးနေတာပါဘဲ...ဖြစ်သမျှ ဆင်းရဲဒဏ်
ပြည်သူတွေသာ ခါးစည်း ခံနေရတာပေါ့လေ...မှန်တာ ပြောရရင် အသုံးမကျတဲ့ လူတစု(စစ်အစိုးရ) ကြောင့် မြန်မာ
ပြည်သူ သန်းပေါင်း များစွာ ဒုက္ခ ခံစားနေရပါတယ်...

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်