ထိုသို့ ယုံကြည်နေကြခြင်းမှာ မှားယွင်းနေကြောင်း၊ သို့သော်လည်း ထိုဒေသရှိ မြန်မာ နှင့် ထိုင်း အလုပ်သမားများ အတွက် လုံခြုံရေး ယူပေးမည်ဖြစ်ကြောင်း ဖန်ငခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူးကြီးတဦးက ထိုင်းနိုင်ငံ အမှတ် ၇ ရုပ်မြင်သံကြားဌာနသို့ ပြောသည်။
“ဒီ သတင်းတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ စုံစမ်းနေပါတယ်၊ ဒါပေမယ့် ခေါင်းဖြတ်ခံရတဲ့ လူတွေကို မတွေ့ပါဘူး၊ အလုပ်သမားတွေကို အလုပ် ပုံမှန် ပြန်လုပ်ကြပါလို့ တိုက်တွန်းထားတယ်” ဟု အဆိုပါ ရဲမှူးကြီးက ရှင်းပြသည်။ လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်ပြီး မြန်မာအလုပ်သမားများသာမက ထိုဒေသရှိ ထိုင်းလူမျိုးများကလည်း တံတားနှင့် ပတ်သက်သည့် သတင်းအမှားများကို ယုံကြည်နေကြသည်ဟု အလုပ်သမားအရေး လုပ်ကိုင်နေသူများက ပြောသည်။
ဖူးကက်မြို့ နှင့် ဖန်ငမြို့ကြား ဆက်သွယ်သည့် ထိုတံတားသည် ဆာရာစင် ဟု အမည်ရပြီး တံတားဟောင်း တခုကို ဖျက်၍ အသစ်ဆောက်နေခြင်း ဖြစ်သည်။
ကောလာဟလ ထွက်ပေါ်လာပြီး နောက်ပိုင်း နေ့ခင်းဘက်တွင် အလုပ် လုပ်ကိုင်ကြသူများ ရှိသော်လည်း ညဘက်တွင် လုပ်ငန်းခွင်ဝင်ရန် မဝံ့ရဲကြကြောင်း သိရသည်။
“ညဘက် အလုပ်ဆင်းရင် ခေါင်းလိုက်ဖြတ်တယ်ဆိုတဲ့ သတင်းကို အလုပ်လိုချင်တဲ့သူတွေက ဖြန့်တာ ဖြစ်ဖို့ များတယ်။ ရော်ဘာစေးခြစ်တဲ့အလုပ်သမားက ကြောက်ပြီး အလုပ်မဆင်းရင် အလုပ်ရှင်က လူသစ်ခေါ်ပြီး ခန့်လိုက်တာပဲ။ စကားက တဖြည်းဖြည်းနဲ့ ကားသွားတာ ဖြစ်ပါလိမ့်မယ်” ဟု ထိုဒေသမှ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက ပြောသည်။
“လူသတ်မှုတွေကလည်း ရော်ဘာခြံတွေမှာ ရံဖန်ရံခါ ဖြစ်နေတော့ တချို့ကလည်း ရော်ဘာ မခြစ်ရဲကြဘဲ စိုးရိမ်နေကြတယ်” ဟု ထိုဒေသတွင် အခြေစိုက်ပြီး အလုပ်သမားအရေး လုပ်ကိုင်နေသော GHRE အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။
တံတား ဆောက်ရန် အတွက် ယဇ်ပူဇော်ရမည် ဟူသော အယူအဆမှာ ယခုခေတ်ကြီး၌ မရှိတော့သဖြင့် မကြောက်ကြရန်၊ လုပ်ငန်းခွင်သို့ ဝင်ရန် လိုက်လံ တိုက်တွန်းနေရသည်ဟု ဦးထူးချစ်က ရှင်းပြသည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။
Set as favorite
Bookmark
Email this
Hits: 7297
Comments (0)

Write comment
| < Prev | Next > |
|---|







