တလ ၁၀၀ သွင်းစနစ်ဖြင့် ကြံ့ဖွံ့က အိမ်ဆောက်ပေးနေ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) က ရန်ကုန် ဆင်ခြေဖုံး ဒေသများတွင် ကျပ် ၇ သိန်းနှင့် ၈ သိန်းကြား တန်ကြေး ရှိသည့် နေအိမ်များကို တလလျှင် ၁၀၀ ကျပ်ပေးသွင်းသည့် စနစ်ဖြင့် တည်ဆောက် ပေးနေကြောင်း သိရသည်။

ငွေကြေး ချို့တဲ့သူများသည် သက်ဆိုင်ရာ မြို့နယ်များရှိ ကြံ့ဖွံ့အသင်း၏ ထောက်ခံချက်ဖြင့် အိမ်ပြုပြင်ခြင်း၊ အသစ် တည်ဆောက်ခြင်း ပြုလုပ်ပေးရန် လျှောက်ထားနိုင်ကြောင်း၊ ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းက နေအိမ်များ တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း၊ အိမ်ရရှိသူများသည် တလလျှင် ကျပ် ၁၀၀ ပြန်လည် ပေးဆပ် သွားရန်သာ လိုအပ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ခံ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောကြားသည်။

“ဆင်းရဲနွမ်းပါးတဲ့သူတွေ အိမ်ပြန်မဆောက်နိုင်တဲ့ သူတွေကို ဆောက်ပေးတာပါ။ ပြည်ခိုင်ဖြိုး အသင်းက ဦးစီးလုပ်ပေးတာပါ” ဟု မြို့တော်ဝန်က ဇန်န၀ါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမ၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောသည်။

ယင်းသို့ သိန်းချီတန်သည့် နေအိမ်များ တည်ဆောက်ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း စည်ပင် အရာရှိများထံမှ သိရသည်။

၂၀၁၀ နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များဖြစ်သော တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊
သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒေါပုံ၊ သာကေတနှင့် မရမ်းကုန်း မြို့နယ်အတွင်းမှ မိသားစု ၅၀၀ အတွက် အိမ် ၅၀၀ တည်ဆောက်မည်ဖြစ်ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ကြည့်မြင်တိုင် တဘက်ကမ်းနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမှ မိသားစု ၂၀ အတွက် အိမ် ၂၀ တည်ဆောက်ပြီးဖြစ်သည်ဟု မြို့တော်ဝန်က ဆိုသည်။

၂၀၁၀ ပြည့်နှစ်ဝင်ရောက်ချိန်တွင် ကြံ့ဖွံ့အသင်းက အခြေခံ လူတန်းစားများကို စည်းရုံးသည့်အနေဖြင့် ထိုသို့ နေအိမ်များ တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ သိန်းချီတန်သည့် နေအိမ်အတွက် တလ ငွေ ၁၀၀ သာ ပြန်ဆပ် ရမည်ဟု ဆိုခြင်းမှာ အမာခံ အသင်းဝင်များ ပေါ်ပေါက်လာရန် စနစ်တကျ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်သည်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အမည်ခံပြီး စည်ပင်ဘတ်ဂျက်နဲ့ လုပ်ပေးတာဆိုတော့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ထောက်ခံမဲရအောင် ထောက်ပံ့စည်းရုံးတာပဲ” ဟု သတင်းစာဆရာကြီး တဦးက ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်လာလျှင် လုံထိန်း၊ စစ်တပ်များနှင့်အတူ ၀ိုင်းဝန်းကူညီ နှိမ်နင်းရန် စွမ်းအားရှင် အမည်ခံ အမာခံကြံ့ဖွံ့ အသင်းဝင်များ တိုးပွားစေရေးအတွက် ထိုသို့ဆောင်ရွက်ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ရှိ အထက်တန်း ရှေ့နေတဦးက ဆိုသည်။

ရန်ကုန်မြို့မှ အငြိမ်းစား မူလတန်းကျောင်းအုပ် ဆရာကြီးတဦးကမူ ကြံ့ဖွံ့အသင်းက ယခုကဲ့သို့ နေအိမ်များ တည်ဆောက် ပေးခြင်းကို ကြိုဆိုကြောင်း၊ အစိုးရအနေဖြင့် ပြည်သူအားလုံးအတွက် စေတနာမှန်ဖြင့် စားဝတ်နေရေး ချောင်လည်စေရန် ဆောင်ရွက်ပေးသင့်ကြောင်း ပြောသည်။

“ဆင်းရဲလို့ အိမ်မပြင်နိုင်တဲ့ သူတွေအတွက် ဒီလိုလုပ်ပေးတာ သာဓုခေါ်ရမယ်။ ပြည်သူတွေ အားလုံးရဲ့ ဒုက္ခကိုလည်း ပြေလည်အောင် လုပ်ဆောင်ပေးပါလို့ နိုင်ငံတော် အကြီးအကဲတွေကို ပြောချင်ပါတယ်” ဟု သူက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သည် လမ်းခင်းခြင်း၊ အခမဲ့ဆေးခန်းများ ဖွင့်လှစ်ပေးခြင်း၊ ငွေထုတ်ချေးခြင်း၊ အခမဲ့ကျူရှင် သင်တန်း ကျောင်းများ ဖွင့်လှစ်ပေးခြင်း၊ ရေရှိရေး ဆောင်ရွက်ပေးခြင်း စသည့် ၎င်း၏ လုပ်ငန်းများကို ကြံ့ဖွံ့အသင်း နာမည်ခံကာ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အသင်း၏ လုပ်ဆောင်မှုသည် အစိုးရဘတ်ဂျက်ဖြင့် မဲဝယ်ခြင်းဖြစ်သောကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက သုံးသပ်သည်။

ကြံ့ဖွံ့အသင်းသည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် သေချာနေပြီး အသင်းဝင်များကို သင်တန်းများ ဆက်တိုက်ပေးခြင်း စသည့် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ရှိ မြို့နယ်ကြံ့ဖွံ့အသင်းများမှ စုံစမ်းသိရှိရသည်။

“သောင်းစုမှူး၊ ထောင်စုမှူး၊ ရာစုမှူးဆိုတဲ့ မြို့နယ်၊ ရပ်ကွက်၊ လမ်းအလိုက် စည်းရုံးရေးခေါင်းဆောင်တွေ ရွေးချယ်ပြီး သင်တန်းတွေ တက်ခိုင်းတယ်။ အသင်းဝင်သစ်တွေ ရဖို့အတွက် အထူးသဖြင့် ဘွဲ့ရ ပညာတတ် လူငယ်တွေကို မက်လုံးပေး စည်းရုံး တာလည်း ရှိတယ်” ဟု အင်းစိန်မြို့နယ် ကြံ့ဖွံ့ အသင်းဝင်တဦးက ဆိုသည်။

Comments (9)Add Comment
0
စေတနာကို ငွေကြေး၊ အာဏာနဲ့ မလဲလှယ် စေလိုပါဘူး
written by စာဖတ်သူ, January 17, 2010
ပြည်သူ့အပေါ် စေတနာထားပြီး လုပ်ပေး နိုင်မယ် ဆိုရင် ပိုကောင်းပါတယ်။ ဒါပေမယ့် ကြိုတင် ကြံစည်မှုမျိုး၊ ရိုးသားမှုမရှိတဲ့ လုပ်ရပ်မျိုး ဆိုရင်တော့ စေတနာ ဟာလည်း အလကားပါပဲ။ အဖွဲ့အစည်း တစ်ခုရဲ့ စည်းရုံးမှု၊ အရိပ်အာဝါသ အောက် တစ်ခုထဲကို ဇွတ်အတင်း သွတ်သွင်းမှုမျိုး မလုပ်သင့် ပါဘူး။ ကြံ့ဖွံ့က ကူညီတဲ့ အနေနဲ့ တစ်လကို ၁၀၀ ကျပ်ငွေပဲ သွင်းရမယ် ဆိုရင် အိမ်တစ်လုံးရဲ့ တန်ဖိုးဟာ ၇ သိန်း၊ ၈ သိန်း တန်ဖိုးရှိတယ် ဆိုတော့ နှစ်ပေါင်းများစွာ (နှစ်ပေါင်း ၇၀၀ ကျော် ၈၀၀ လောက်) ပေးသွင်းရမယ့်ဟာ.. ဘယ်အဖွဲ့အစည်းက အဲသလောက်ထိ ရင်းနှီး မြုပ်နှံမှု လုပ်ပေးနိုင်ပါ့မလဲ။ သေချာတာကတော့ ဘယ်သူမှ မလုပ်ပါဘူး။ နောက်တစ်ခုက တစ်ဦး တစ်ယောက်ထဲကို ကူညီရမှာမဟုတ်ဘဲ မိသားစုပေါင်း များစွာကို ကူညီရမှာ ဖြစ်တဲ့အတွက် ကြံ့ဖွံ့ငွေ(ပြည်သူတွေရဲ့ ငွေ) သိန်းပေါင်း များစွာ မြှုပ်နှံရမှာ ဖြစ်နေလို့ပါပဲ။ ရင်းနှီး မြှုပ်နှံမှုတိုင်းမှာ အချိန်ဆိုတဲ့ ကန့်သတ်ချက် တစ်ခုတော့ ရှိပါတယ်။ စေတနာကို ငွေကြေး၊ အာဏာနဲ့ မလဲလှယ် စေလိုပါဘူး။
0
...
written by saokoonkeo, January 15, 2010
စည်းရုံးတယ်ပဲ ပြောပြော၊ နေစရာလေး ရသွားတာကတော့ ၀မ်းသာစရာပါပဲ။
လျှပ်စစ်မီးပါ ရအောင်လုပ်ပေးမည်ဆိုရင် ကျွန်တော်ကတော့ အရမ်း ၀မ်းမြောက်စွာ
ကျေးဇူး တင်မှာပါ။
0
Should be resonablle price and value
written by Pure Evil Lee, January 15, 2010
Govt. is using impossible crazy cheap cost to curry favor with the public, and it will work and success for Govtx due to human being's natural sense of selfish in realistic world....Especially for the ones who never enable to afford themselves to own a small house for an age. They have to sell their soul to Govt. because of cruel life.
0
ခိုင်းချင်ရာခိုင်း အောင် မက်လုံးပေးတာပဲနေမယ
written by ကိုရေအေး, January 14, 2010
တကယ်တော့ တိုင်းပြည့် ပိုက်ဆံကို အလွဲသုံးစားလုပ်တော
ဘာကြောင့် ပြည်သူ့တွေရဲ့ အခွန်ငွေနဲ့ လုပ်ချင်တိုင်း လုပ်တာလဲ
သူတို့ပြောတဲ့ ဆင်းရဲသား ဆိုတာလဲ စွမ်းအားရှင် မိသားစုတွေပြဲ ဖစ်မယ်
သူတို့ ပြည်သူကို ဒီလောက်စေတနာ မရှိပါဘူး
လမယ ရွေးကောက်ပွဲ အတွက် စွမ်းအားရှင် လူမိုက် မွေးတောပဲဖြစ်မယ်
ပိုပြီး ကြမ်းလာမယ့် သဘော ရှိတယ်
အရင် နေ့စား သုံးလေးထောင် လောက်နဲ့ ဘုန်းကြီး ရိုက်တဲ့ကောင်းတွေက အခုလို့
အိမ်ရရင် လူပါသတ်မှာ
0
စဉ်းစားစရာ
written by မျိုးဆက်သစ်, January 14, 2010
၇ သိန်းတန် အိမ် ဆောက်ပေးမယ်။ တစ်လ ၁၀၀ ပေး ဆိုတော့..... ၁ နှစ် ၁၂၀၀၊ ၁၀နှစ် ၁၂၀၀၀၊ အနှစ် ၁၀၀ ၁၂၀၀၀၀.... အော် အနည်းဆုံး အနှစ် ၆၀၀၊ ၇၀၀ လောက် အကြွေး ဆပ်ကြရမှာပါလား.။
0
ကောင်းပါတယ်
written by မေအိခင်, January 14, 2010
ဘယ်လိုပဲ ပြောပြော စည်းရုံးတာပဲ ဖြစ်ဖြစ် နွမ်းပါးသူတွေ အိမ်ရလို့ ကျွန်မတို့ က လည်း ကြိုဆိုပါတယ်။ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေပါ။ ဒီထက် ကောင်းတာ ရှိရင် ထပ်လုပ် ပြပေးပါ။

ရန်ကုန်မြို့ တော်ဝန် အမြဲတမ်းရန်ကုန်မှဲာ ရှိနေပါစေ, Low-rated comment [Show]
0
သူတို့ကတော့... လုပ်ချင်သလိုလုပ်နေ ယ်...
written by kojj, January 13, 2010
ရွေးကောက်ပွဲ ရှိလို့သာ ဒီလိုလုပ်နေတာပါ..ကြိုတင်ပြီးမဲဝယ်တဲ့ သဘောမျိုးပေါ့...ရိုးရိုးလေးနဲ့ ညစ်ပတ်တဲ့ သဘောထား မမှန်တဲ့ လုပ်ရပ်တွေနဲ့ ပြည်သူကို ညာနေအုံးမှာပါဘဲ...အဓမ္မဝါဒီ များသည် မုသာဝါဒ များနဲ့သာ
ဖုံးလွှမ်းနေ၏... မြန်မာပြည်သူတွေ လိမ်လည်ခံရခြင်း ဒုက္ခမှ ကင်းဝေးနိုင်ကြပါစေလို့.. .ဆုတောင်းလိုက်ရပါတယ်...
0
HOW EVER THEY DO THAT
written by Phone Myat, January 13, 2010
However they do like that, if election is held clearly they must loose.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်