ဦးတေဇ ၏ ထူးကုမ္ပဏီက အထက်မြန်မာပြည်ရှိ အစိုးရစက်သုံးဆီဆိုင်များကို တရားဝင် လွှဲပြောင်းရယူရန်ရှိပြီး မြန်မာ တပြည် လုံးရှိ အစိုးရ စက်သုံးဆီဆိုင်အများစုကိုလည်း ပုဂ္ဂလိကလုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေး၍ လွှဲပြောင်းရောင်းချရန်ရှိကြောင်း သိရသည်။
ယမန်နေ့က စတင်၍ ထိုသို့ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် ဖွင့်ခွင့်လိုင်စင်များ တရားဝင်ချထားပေးမည်ဆိုသော သတင်းများ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လာသောကြောင့် ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ရွှေ၊ဒေါ်လာ၊အက်ဖ်အီးစီ(FEC)နှင့် ပို့ကုန်ဝင်ငွေ(Export Earning)ဈေးနှုန်းများလည်း တက်သွားသည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(UMFCCI)မှ အသင်းဝင်စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။“ပုဂ္ဂလိက ဆီဆိုင်တွေဖွင့်ခွင့်ပေးမယ့်သတင်းကြောင့် စီးပွားရေး လောကမှာတော့ တော်တော်လှုပ်လှုပ်ရှားရှားဖြစ်နေတယ်။ ကမ္ဘာ့လောင်စာဆီဈေးကွက်နဲ့ တပြေးညီသွားမယ့် ပုံရှိတော့ ဒေါ်လာဈေး၊ရွှေဈေး ချက်ချင်းတက်တယ်”ဟု ၎င်းက ဆိုသည်။
ယမန်နေ့က အမေရိကန် တဒေါ်လာ ၁၀၁၅ ကျပ် မှ ၁၀၂၅ ကျပ်သို့ လည်းကောင်း၊ FEC တယူနစ် ၁၀၅၀ ကျပ်မှ ၁၀၆၂ ကျပ်အထိ လည်းကောင်း ထိုးတက်သွားကြောင်း သိရသည်။
“ကုမ္ပဏီ ဆီဆိုင်တွေကြောင့် ဒေါ်လာ၊ FEC ၀ယ်သူ များလာမှာမို့လို့ ဈေးတက်တာ၊ ကြိုပြင်ကြတဲ့ သဘောပဲ”ဟု ရန်ကုန်မြို့မှ နိုင်ငံခြားငွေလဲဒိုင်တဦးက ပြောသည်။
စစ်အစိုးရက ပုဂ္ဂလိကလုပ်ငန်းရှင်များ ဒီဇယ်ဆီတရားဝင်လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၀၉ ခု နိုဝင်ဘာလ တွင် စတင်ခွင့်ပြုခဲ့ သည်။ ယခုတဖန် စက်သုံးဆီအရောင်း ဆိုင်ဖွင့်လှစ်ခွင့်နှင့် တရားဝင် ရောင်းဝယ် ဖောက်ကားခွင့်ပြုခြင်း ဖြစ်သည်ဟု သိရှိရသည်။
ယင်း စက်သုံးဆီတင်သွင်းရာ၌ အရေးပါသည့် ပို့ကုန်ဝင်ငွေဈေးသည် ယမန်နေ့က အမေရိကန် တဒေါ်လာလျှင် ၁၁၃၅ ကျပ်ဝန်း ကျင်ရှိရာမှ ယနေ့ နံနက်တွင် တဒေါ်လာ ၁၁၄၅ ကျပ်သို့ ရောက်ရှိသွားကြောင်း ရန်ကုန် ပို့ကုန်ဝင်ငွေပွဲစားတဦးက ပြောသည်။
ထိုသို့ ဒေါ်လာ ဈေးတက်သောကြောင့် ယမန်နေ့က ပြည်တွင်းရွှေဈေးသည်လည်း အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ၆၁၀၀၀၀ ကျပ် မှ ၆၁၂၅၀၀ ကျပ်သို့ ရောက်သွားပြီး ယခင်ကထက် ရွှေ ၀ယ်သူများလာကြောင်း သိရှိရသည်။
“ဈေးလည်းတက်တယ်။ ၀ယ်သူလည်းများတယ်။ ဒေါ်လာဈေးကဆက်တက်ဦးမယ့်ပုံ ရှိတော့ ရွှေဈေး ဆက်တက် ဦးမယ်”ဟု ရန်ကုန် ရွှေကုန်သည် တဦးကပြောသည်။
အဆိုပါ ပုဂ္ဂလိကဆီဆိုင်များဖွင့်ခွင့်ပြုမည့်သတင်းနှင့်အတူ ပြည်တွင်းသို့ ခေတ်မီဇိမ်ခံ ကားများ လွတ်လပ်စွာ တင်သွင်းခွင့်ပြုရန် ရှိသည် ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။
ပြည်တွင်း ပုဂ္ဂလိက အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ် တဦးက“အခု ခရီးသည်တင်ကားနဲ့ စက်ယန္တရားတွေ တင်သွင်း ခွင့်ပြုထားတယ်၊ အိမ်စီးဇိမ်ခံကားတွေလည်း တင်သွင်းခွင့်ပြုတော့မယ်လို့ ကြားတယ်”ဟု ပြောသည်။
စီးပွားရေးပညာရှင်တဦးက ထိုသို့ အစိုးရထိန်းချုပ်သည့် စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်းပေးမှုကို ကြိုဆိုကြောင်း၊ ဈေးကွက်အတွင်းရှိ ပုဂ္ဂလိက စီးပွားရေးပြိုင်ဆိုင်မှုသည် နိုင်ငံစီးပွားရေးကို မောင်းနှင်မည့်အားများဖြစ်ပြီး တိုင်းပြည်စီးပွားရေးကို တိုးတက်စေမည်ဖြစ်ကြောင်း သုံးသပ်ပြောသည်။
“ဈေးကွက်စီးပွားရေးစနစ်ရဲ့ အခြေခံတွေကို အခုမှတကယ်အကောင်အထည်ဖော်တာ။ သီအိုရီ အရပြောမယ်ဆိုရင် ဒါတွေက ပုဂ္ဂလိကကဏ္ဍကို ဟိုးအရင်ကတည်းက လွှဲသင့်တာ။ ဈေးကွက်မှာ ပြိုင်ဆိုင်မှုများရင် လူတွေမှာ ရွေးချယ်မှုများလာမယ်။သူ့ထက်ငါ ပြိုင်ဆိုင်မှုများရင် တိုးတက်မှုရှိမယ်။ အဓိကအရေးကြီးတာက အစိုးရတရပ်ဟာ ပုဂ္ဂလိက စီးပွားရေးသမားတွေအားလုံးကို အခွင့် အရေး တန်းတူပေးရမယ်”ဟု သူက ပြောသည်။
မကြာသေးခင်ကလည်း စစ်အစိုးရက ပုဂ္ဂလိက ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာရန် မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်းကို တရားဝင် ဖွဲ့စည်းခွင့်ပြုထားသည်။
Comments (5)

written by ကောင်လေး, January 22, 2010
မြန်မာကျပ်ငွေ နိုင်ငံခြားမှာ တရားဝင် လဲသုံးလို့ ရမယ့် နေ့ကို မျှော်လင့်လျက်
written by ပြည်ချစ်သူ, January 22, 2010
ဒီလိုမျိုးတွေ တကယ် လုပ်သင့်ပါတယ်...ဒါတွေနဲ့ တဆက်တည်း ပြည်သူတွေကို တခြား နိုင်ငံတွေမှာလို အကြွေးနဲ့ လူတန်းစေ့ ကားစီး နိုင်ခွင့် ၊ အိမ်ပိုင် ၀ယ်နိုင်ခွင့် ၊ ဟန်းဖုန်း ကိုလည်း အလွယ်တကူ လမ်းဘေးမှာ ၀ယ်သုံး နိုင်ခွင့်တွေ လူတိုင် ကိုယ်စီ ရနိုင်ကြ ရင်တော့ ၀မ်းသာစရာပါ ...အခွန်အခ တွေကိုတော့ လိုသလို မကောက်ကြနဲ့ ပေါ့... ဒီလိုဆိုရင် မြန်မာ ပြည်ကြီးက အခြား နိုင်ငံတွေထက် မနိမ့် ကျပါဘူး...ဒါပေမဲ့ ခက်တာက တကယ့် လုပ်ငန်းကြီးတွေဟာ အာဏာပိုင်ေ တွရဲ့ ဆွေတော် မျိုးတော်တွေပဲ လက်ဝါးကြီး အုပ်ထားတော့ တခြား စီးပွားရေး သမားတွေအတွက် အခွင့်အလမ်း တွေတော့ နည်းပါးတာပေါ့... အားလုံးကို တန်းတူ မဟုတ်တောင် မျှတတဲ့ သမာ သမတ်ကျတဲ့ အခွင့်အရေး မျိုးတွေ လုပ်ပိုင်ခွင့်တွေ ပေးသင့်ပါတယ်. ..ဒီလို အခွင့် အရေးမျိုးတွေ ပေးခဲ့မှာ တကယ် ဆိုရင်တော့ မြန်မာပြည်ကြီးရဲ့ အနာဂတ်ဟာ သူလိုငါလို လှပ နိုင်တော့မှာပါ...
written by ခွန်ပန်းစိန်, January 21, 2010
သူတို့ စားကွက် တခုပဲ လို့ထင်ရတာပဲ။ တရုတ်ပြည်မှာ ကားတစီး အသစ်စက်စက် အသေးလေးတွေမှ မြန်မာငွေ သိန်း၃၀တန်ကို မြန်မာပြည်ထဲ သွင်းခွင့်ပြုရင် သူတို့က အခွန် သိန်း ၃၀၀လောက် ချမယ်ထင်တယ်။
နောက်ဆုံးကျ ကားဈေးက မြောက်နေဦးမှာပဲ ။ သူတို့ကတော့ နည်းမျိုးစုံနဲ့ ပြည်သူတွေ ဆီက ဓါးပြ တိုက်မှာပဲ။
စားလို့ တအား ကောင်းတာပဲ လို့ ပြောနေဦးမှာ။ နယ်စပ်က ရွှေလီ ဂျယ်ဂေါင် မူဆယ်ဘက်မှာ တရုတ်ကား အသစ်လေးတွေ သိန်း ၃၀ ၀န်းကျင်နဲ့ လူတန်းစေ့ စီးနေနိုင်ကြတယ်။ ဆိုင်ကယ်တွေ သွင်းသလို အခွန်ကို မတရား ကောက်ရင် ဒုံရင်း ဒုံရင်းပဲ နေမှာပါ။
နောက်ဆုံးကျ ကားဈေးက မြောက်နေဦးမှာပဲ ။ သူတို့ကတော့ နည်းမျိုးစုံနဲ့ ပြည်သူတွေ ဆီက ဓါးပြ တိုက်မှာပဲ။
စားလို့ တအား ကောင်းတာပဲ လို့ ပြောနေဦးမှာ။ နယ်စပ်က ရွှေလီ ဂျယ်ဂေါင် မူဆယ်ဘက်မှာ တရုတ်ကား အသစ်လေးတွေ သိန်း ၃၀ ၀န်းကျင်နဲ့ လူတန်းစေ့ စီးနေနိုင်ကြတယ်။ ဆိုင်ကယ်တွေ သွင်းသလို အခွန်ကို မတရား ကောက်ရင် ဒုံရင်း ဒုံရင်းပဲ နေမှာပါ။
written by မျိုးလွင်, January 21, 2010
မထူးပါဘူးဗိုလ်ချုပ်မှူးကြီးရယ်၊ “နိုင်ငံပိုင် လုပ်ငန်း မှန်သမျှကို ထူးထရေးဒင်းနှင့် ၎င်းတို့၏ အဆက်နွယ် ကုမ္ပဏီများသို့ လွဲအပ်လိုက်သည်”ဆိုပြီး ဥပဒေအသစ်တခုထုတ်လိုက်လည်းတခါတည်းပြီးသွားတာပဲ့အရင်ကလည်းဥပဒေတွေ ကိုစိတ် တိုင်းကျတုတ်နေတာပဲ့ဘာလို့ သွယ်ဝိုက်ပြီးဟိုဟာလုပ်ခွင့်ပေးလို က်ပြီဒီဟာဖွ င့်ပေးလိုက် ပြီဆိုပြီး လူကြားေ ကာင်းအောင်အော်ေ နတာလဲ၊လူတိုင်းသိပြီးသားပဲ့ဟာ
အကျိုးမြ တ်အရ မ်းရမယ့် လုပ်ငန်းမျိုးဆိုဦးတေဇတို့ဦးဇော်ေ ဇ်ာတို့နဲ့အာဏာပိုင်တွေနဲ့ အပေးအ ယူတည့်တဲ့လူေ တွလောက်ပဲ့အရ င်ရတာသူတို့ မလိုအမြတ်စွန်းနဲတဲ့လု ပ်ငန်းတွေလောက်ပဲ့ သာမာန်စီးပွာရေး သမားတွေ လုပ်ခွင့်ရတာ။ ပြီးတော့ ဒီလူတွေဟာ ရရှိတဲ့ အကျိုးမြတ် အပေါ်မှာ တခြား စီးပွားရေး လုပ်ငန်းရှင်များလို တန်းတူ အခွန် ဆောင်ရဲ့လား၊ ဦးပိုင် လီမီတက်က ရောရတဲ့ အမြတ်ထဲက တိုင်းပြည်ဘဏ္ဍာ( နိုင်ငံတော် ဆိုပြီး မသုံးချင် တော့လို့) အဖြစ် စံနစ်တကျ အခွန်ဆောင်ရဲ့လား ဒါမှမဟုတ် နိုင်ငံတော်(ဗိုလ်ချုပ်ကြီး)တွေရဲ့ကိုယ်ပိုင်ငွေ အဖြစ် အိတ်ထဲပဲ ကောက်ထည့်နေလား၊
အကျိုးမြ တ်အရ မ်းရမယ့် လုပ်ငန်းမျိုးဆိုဦးတေဇတို့ဦးဇော်ေ ဇ်ာတို့နဲ့အာဏာပိုင်တွေနဲ့ အပေးအ ယူတည့်တဲ့လူေ တွလောက်ပဲ့အရ င်ရတာသူတို့ မလိုအမြတ်စွန်းနဲတဲ့လု ပ်ငန်းတွေလောက်ပဲ့ သာမာန်စီးပွာရေး သမားတွေ လုပ်ခွင့်ရတာ။ ပြီးတော့ ဒီလူတွေဟာ ရရှိတဲ့ အကျိုးမြတ် အပေါ်မှာ တခြား စီးပွားရေး လုပ်ငန်းရှင်များလို တန်းတူ အခွန် ဆောင်ရဲ့လား၊ ဦးပိုင် လီမီတက်က ရောရတဲ့ အမြတ်ထဲက တိုင်းပြည်ဘဏ္ဍာ( နိုင်ငံတော် ဆိုပြီး မသုံးချင် တော့လို့) အဖြစ် စံနစ်တကျ အခွန်ဆောင်ရဲ့လား ဒါမှမဟုတ် နိုင်ငံတော်(ဗိုလ်ချုပ်ကြီး)တွေရဲ့ကိုယ်ပိုင်ငွေ အဖြစ် အိတ်ထဲပဲ ကောက်ထည့်နေလား၊
Write comment
| < Prev | Next > |
|---|








Good or Bad, better Moveing, i dont like cool!!!!!!!