အားသစ်လောင်းရန် လိုအပ်နေသော အန်အယ်လ်ဒီ

ရှေ့လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောဆို လာမည့် အပေါ် မြန်မာ့ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ အားလုံး မျှော်လင့်တကြီး စောင့်စားနေ ကြပါသည်။ ပို၍ တိတိကျကျ ပြောရလျှင် ပြည်သူ ၅၂ သန်း၏ ကံကြမ္မာ အကောင်း အဆိုးကို အဆုံးအဖြတ် ပေးမည့် နှစ်ရှည်လများ စောင့်စားခဲ့ကြသည့် ရွေးကောက်ပွဲ အပေါ် ဒေါ်အောင်ဆန်း စုကြည်၏ သဘောထားကို စောင့်မျှော်နေကြပါသည်။

အန်အယ်လ်ဒီ၏ အခြေအနေနှင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအခြေအနေတို့ကို ဒေါ်အောင်ဆန်းစုကြည် နားလည်သဘော ပေါက်ရန် ကြိုးပမ်းဆောင်ရွက်မှုများ ရှိခဲ့သော်လည်း မြန်မာပြည်သူများနှင့် ပြင်ပကမ္ဘာမှ အမြင်သဘောထားများကို ခန့်မှန်း တိုင်းတာရန် သတင်းအချက်အလက်များကို ဒေါ်အောင်ဆန်းစုကြည် အကန့်အသတ်ဖြင့်သာ ရရှိနေပါသေးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဉာဏ်ပညာနှင့်အမြော်အမြင်က သံသယမရှိ ထက်မြက်လျက်ပါ။ သို့ရာတွင် လာမည့် ရွေး ကောက်ပွဲဝင်ရေး သို့မဟုတ် မ၀င်ရေးနှင့်ပတ်သက်ပြီး မည်သည့်ဆုံးဖြတ်ချက်ကိုချသည်ဖြစ်စေ သူ၏ဆုံးဖြတ်ချက်က ကြီးမားသည့် နောက်ဆက်တွဲ ရလဒ်များကို ဖြစ်ပေါ်စေပါလိမ့်မည်။

အခြားတဘက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၄င်း၏စစ်ဖက်ဆိုင်ရာ အကြံပေးအရာရှိများထံမှရရှိသော မှားယွင်းသည့် သတင်းအချက်အလက်များနှင့် ထိုသတင်းများအရ ဘက်လိုက်မှုများအပေါ်တွင် အခြေခံပြီး ဆုံးဖြတ်ချက်များ ချမှတ် လုပ်ဆောင်လျက်ရှိပါသည်။

တိုင်းပြည်၏ကံကြမ္မာကို ထိုပုဂ္ဂိုလ်နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုပေါ်တွင် တစိတ်တပိုင်း ဗဟိုပြုထားသည်မှာ ကျေနပ်စရာ ကောင်းလှသည့် အချက်တော့ မဟုတ်ပါ။

၂၀၀၉ ခုနှစ်တွင် ရွှေဂုံတိုင်ကြေညာချက် ထုတ်ပြန်ပြီး အန်အယ်လ်ဒီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၏ နောက်ဆက်တွဲ ဖြစ်ရပ်များမှ ရုန်းထွက်ရန် ကြိုးစားခဲ့ပါသည်။ သို့သော်လည်း မကြာသေးခင်ကပြုလုပ်ခဲ့သော ၀န်ကြီးအဖွဲ့အစည်းအဝေး တွင် ထိုတောင်းဆိုချက်များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လျစ်လျူ ရှုခဲ့ပါသည်။ ယခုအခါ အန်အယ်လ်ဒီလည်း စစ်အစိုးရ နှင့် စစ်မှန်သောပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်နိုင်ဘဲ နဂိုအတိုင်း ပိုနေမြဲကျားနေမြဲ ပြန်ဖြစ်သွားပါသည်။

တ၀က်တပြက် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိရန်အတွက် တောထဲတွင်တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား လူနည်းစုများသည် လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖြစ်မသွားရေးအတွက် မည်ကဲ့သို့ ရှောင်ရှားရမည်ကို တွက်ချက်နေကြရပါသည်။ ၄င်းတို့၏ အဆုံးစွန်သောရည်မှန်းချက်ဖြစ်သည့် ဖယ်ဒရယ်ပြည်ထောင်စု စနစ်တည်ထောင်ရေးဟူသည့် အိပ်မက်မျှသာ ရှိသေးသည်။

နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုများမှတဆင့် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံထူထောင်ပေးသည့်ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်း ခံရမည့် အခွင့်အရေးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်လွှတ်ခဲ့ပါသည်။ သူ၏ အစိုးရခိုင်မာတောင့်တင်းရေးကိုသာ အာရုံ စိုက်ခဲ့သည့်အတွက် တိုင်းပြည်တခုလုံး အန္တရယ်နှင့်ရင်ဆိုင်နေရသည်ကား အထူးပြောစရာ မရှိပေ။

နောက်ဆုံးတွင် အန်အယ်လ်ဒီသည် အဆင့် ၇ ဆင့် နိုင်ငံရေးလမ်းပြမြေပုံနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံသွားမည်ဆိုလျှင် တိုင်းပြည်အတွက် ကောင်းမွန်လာစရာလမ်း မမြင်တော့ပါ။ အကယ်၍ အန်အယ်လ်ဒီက ရွေးကောက်ပွဲမ၀င်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့လျှင်လည်း တိုင်းပြည်၏ အနာဂတ်မှာ မရေရာမှုများ ပိုမိုတိုးပွားလာပြီး အန်အယ်လ်ဒီလည်း ရလဒ်မကောင်းစွာ ကျန်ရစ်ခဲ့လိမ့်ပါမည်။

၁၉၈၈ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အန်အယ်လ်ဒီကို ပညာတတ်များဖြင့် ကြိုးစားဖွဲ့စည်းခဲ့ပါသည်။ ကံ မကောင်း အကြောင်းမလှစွာပင် ဆိုရှယ်လစ်အစိုးရလက်အောက်တွင် နှစ်ပေါင်းများစွာ ပုံသွင်းခံခဲ့ရသော သတင်းစာ ဆရာများ၊ ရှေ့နေများနှင့်သာ တင်းတိမ်ခဲ့ရပါသည်။ ထိုသူများသည် ခေါင်းမာစွာဖြင့် စစ်အစိုးရကို ရင်ဆိုင်ခဲ့ကြပြီး အန်အယ်လ်ဒီလည်း ဖြိုခွဲခံရ ဖိနှိပ်ခံရ ဖြုတ်ထုတ်ခံခဲ့ရသည်။

အကယ်၍ အန်အယ်လ်ဒီသည် အစစ်အမှန်ပညာတတ်များဖြင့် ပါတီကိုပြန်လည်ထိန်းညှိမည်ဆိုလျင် အောင်မြင်နိုင်သည့် လမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်ချက်တချို့ ရှိနေပါသေးသည်။ ထိုသို့ မဟုတ်ပါက ပါတီတွင်း ညီညွတ်မှုကင်းမဲ့ လာနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုကြည်ညိုကြပြီး စစ်ဗိုလ်ချုပ်များကို မုန်းတီးနေကြသော ပြည်သူများ၏ ဆန္ဒမဲများ သည် အကွဲကွဲအပြားပြားဖြစ်သွားပြီး ထိရောက်မှု မရှိ ဖြစ်သွားပါလိမ့်မည်။

မကြာသေးခင်က အန်အယ်လ်ဒီကို ပြန်လည်ဖွဲ့စည်းခဲ့ရာတွင် အသက်အရွယ်ကြီးရင့်သော ခေါင်းဆောင်ပိုင်းကို ထုတ်ပစ် သည်ဆိုသည့်သဘောမသက်ရောက်စေရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုတိုးချဲ့ဖွဲ့စည်းရုံသက်သက်သာ လုပ်ခဲ့ပါသည်။

ယခုအချိန်တွင် အန်အယ်လ်ဒီသည် စစ်အစိုးရက တုံ့ပြန်မည့် ရှင်းလင်းသော မဟာဗျူဟာတခုကို ချမှတ်ရမည့်အချိန် ရောက် နေပါပြီ။ တောင်းဆိုချက်များသာ ထုတ်ပြန်နေပြီး ခိုင်မာသည့်မဟာဗျူဟာ မရှိလျင် စစ်အစိုးရကို ရန်လိုမုန်းထား ပြုခြင်း သက်သက် သဘောဆောင်သွားမှာဖြစ်ပြီး စစ်ခေါင်းဆောင်များ ပို၍ခေါင်းမာစေရန် လုပ်ဆောင်သလိုဖြစ်နေပါ လိမ့်မည်။

အန်အယ်လ်ဒီသည် ဗီယက်နမ်နိုင်ငံ၏ စစ်ပွဲလွန်ကာလအတွေ့အကြုံများမှ သင်ခန်းစာတချို့ကို ယူသင့်ပါသည်။

ဗီယက်နမ်စစ်ပွဲပြီးဆုံးသွားသည့်အခါ တောင်နှင့်မြောက်ဗီယက်နမ်တို့ ပြန်လည်ပေါင်းစည်းသွားပြီး အစိုးရအသစ်ကို ကွန်မြူ နစ်ခေါင်းဆောင်မှုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ အစိုးရအဖွဲ့ဝင်အားလုံးကို တော်လှန်ရေးကာလက တိုက်ဖော်တိုက်ဖက်ရဲဘော် များထဲမှ လက်သင့်ရာရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။ သို့သော် ထိုခေါင်းဆောင်များသည် အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံ များမရှိကြပါ။ ရလဒ်အနေဖြင့် အဖွဲ့အစည်းများသည် ခြစားမှုများနှင့် အရည်အချင်းမရှိခြင်းတို့ ဖြစ်လာပါသည်။

ကွန်မြူနစ်ပါတီသည် ထိုအခြေအနေကို ၅ နှစ်ကာလအတွင်း ရိပ်စားမိလာပြီး ၄င်းတို့နေရာတွင် ယခင် တောင်ဗီယက်နမ် အစိုးရထဲမှ အရည်အချင်းရှိသော အရာရှိများနှင့် ကျွမ်းကျင်ပညာရှင်များကို အစား ထိုးခန့်အပ်ခဲ့ပါသည်။

ရွေးကောက်ပွဲပြီးနောက် အန်အယ်လ်ဒီနှင့် စစ်အစိုးရတို့အကြား အစိုးရတရပ်ဖွဲ့စည်းခြင်းအပေါ် ဆက်လက်သဘောထား ကွဲနေမည်ဆိုလျှင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတာဝန်တို့ကို အတွေ့အကြုံရှိသော အုပ်ချုပ်ရေးသမားများနှင့် ကျွမ်းကျင် ပညာရှင် လွှတ်တော်ကိုယ်စားလှယ်များလက်ထဲ ထည့်သင့်ပါသည်။ ထိုသူများသည် အင်ဂျင်နီယာများ၊ စီးပွားရေးပညာရှင် များ၊ ပါမောက္ခများ၊ ကုမ္ပဏီများမှ အမှုဆောင်များ (ဆရာဝန်များ၊ ရှေ့နေများနှင့် သတင်းစာဆရာများသည် အန်အယ်လ်ဒီ တွင်ရှိနေ ပြီးဖြစ်ပါသည်) နှင့် စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များ ဖြစ်သင့်ပါသည်။

ထိုသူများသည် အလားအလာရှိသော ပြုပြင်ပြောင်းလဲရေးသမားများဖြစ်ပြီး အသွင်ကူးပြောင်းရေး ကာလတွင် တိုင်းပြည် ကို ကြီးပွားတိုးတက်စေရန် လမ်းပြနိုင်သူများဖြစ်ပါသည်။ တချိန်တည်းမှာပင် ထိုသူတို့သည် ပြည်သူများ၏အကျိုးစီးပွား အတွက် အလုပ်လုပ်နိုင်သလို တိုင်းရင်းသားလူနည်းစုများ ရင်ဆိုင်နေရသော မတူညီသည့် စိန်ခေါ်မှုများကိုလည်း ဖြေရှင်း နိုင်ပါလိမ့်မည်။

ထို အသိပညာရှင် အတတ်ပညာရှင်များသည် ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို လေ့လာနေခဲ့ ကြသူများဖြစ်ပါသည်။ မျိုးဆက်သစ်ခေါင်းဆောင်များကို ဦးစားပေးခြင်းဖြင့် အာဏာချိန်ခွင်လျှာကို ပြောင်းလဲခြင်းသည် သေချာပေါက် ရလဒ်ကောင်းများဖြစ်ပေါ်စေပါလိမ့်မည်။ အကြောင်းမှာ ထိုသူများသည် ပြည်သူများခံစားနေရသောဒုက္ခများ ကို နက်နက်ရှိုင်းရှိုင်းနားလည်ခံစား နိုင်သောကြောင့်ဖြစ်ပါသည်။ တိုင်းပြည်တွင် ငြိမ်းချမ်းရေးရရန်၊ ချမ်းသာကြွယ်ဝရန်နှင့် ကောင်းမွန်သော အစိုးရတရပ်ပေါ်ပေါက်စေရန် ပြည်သူများ၏ ဆန္ဒမဲများကို မည်သို့အသုံးချရမည်ကို သူတို့သိရှိပါသည်။

တတိယအင်အားစုများဟု ၄င်းတို့ကိုယ်ကို ခေါ်ဆိုနေကြသူများကား သူနည်းသူ့ဟန်ဖြင့် လုပ်ဆောင်နေကြသော်လည်း ပြည်သူ့မြင်ကွင်းမှ ပျောက်နေကြပါသည်။ ထိုသူတို့၏ ပုံသဏ္ဍာန် အစစ်အမှန်ကိုလည်း အရောင်အမျိုးမျိုးဖြင့် ခြုံလွှမ်းထား ပါသည်။ သို့သော် ထိုသူတို့သည် လက်ရှိအစိုးရနှင့် အလွမ်းသင့်ကြသူများလည်း ဖြစ်ပါသည်။

ထိုတတိယအင်အားစုများသည်လည်း မြန်မာပြည်သူအများစုက အားကိုးနိုင်လောက်သည့် နိုင်ငံရေး အင်အားစုတရပ် ဖြစ်လာသည်အထိ ရှင်းလင်းသောမဟာဗျူဟာနှင့် ရပ်တည်ချက်များ မရှိကြပါ။

ဤကဲ့သို့နိုင်ငံရေးအခြေအနေတွင် အန်အယ်လ်ဒီသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုအခြေခံသည့် တရားဝင်အာဏာ တောင်းဆိုမှုကို စွန့်လွှတ်သင့်ပါပြီ။ ယခုအချိန်သည် စနစ်တကျဖွဲ့စည်းထားသော စည်းကမ်းရှိသည့် ဒီမိုကရက်တစ်ပါတီ တခု အနေဖြင့် ပါတီ၏လုပ်ငန်းများကို အရှိန်အဟုန်အမြင့်ဆုံးဆောင်ရွက်ပြီး နိုင်ငံတ၀န်းတွင် ပါတီကို စည်းလုံးညီညွှတ် အောင် လုပ်ဆောင်ရမည့်အချိန် ဖြစ်ပါသည်။

အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်သည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကြိုတင်စီမံထားသော ရွေးကောက်ပွဲ က  လွှတ်တော်တွင် နေရာအများဆုံးရရှိစေရန် အခွင့်မသာလှပေ။ ထို့အပြင် မြို့နယ်ပေါင်း ၃၀၀ ကျော်တွင် စည်းရုံးရေး ဆင်းနိုင် ရန် အန်အယ်လ်ဒီအတွက် အချိန်အလုံအလောက်ရရှိမည် မဟုတ်ပါ။ သို့သော် ယခုအခါ မြို့နယ်များစွာတွင် အန်အယ်လ်ဒီ ရုံးများ ဖွင့်လှစ်ရန် အဆင်သင့်ရှိနေပါသည်။ အန်အယ်လ်ဒီသည် ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်သည့်အနေအထားရှိပြီး ၄င်းပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိသော မြို့နယ်များတွင် ပညာတတ်ကိုယ်စားလှယ်များကို ထောက်ခံမှုလည်း ပေးနိုင်ပါသည်။

အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ပြိုင်သည်ဖြစ်စေ၊ မပြိုင်သည်ဖြစ်စေ၊ လွှတ်တော်တွင် နေရာအများအပြားရသည်ဖြစ်စေ၊ အနည်းအကျဉ်းသာရသည်ဖြစ်စေ မျိုးဆက်သစ် အသိပညာ ရှင် အတတ်ပညာရှင်များ လွှတ်တော်အတွင်းရောက်လာပါက ခေါင်းဆောင်မှု အခန်းကဏ္ဍကို တာဝန်ယူလာနိုင်ပြီး အနာဂတ် ဒီမိုကရက်တစ် အစိုးရအတွက် အခြေခံကောင်းများ ချပေး နိုင်ပါသည်။

ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသောသူများကို မဲပေးမည်ဆိုလျင် ဖက်ဒရယ်ပြည်ထောင်စုကို အာမခံတည်ဆောက် သွားနိုင်မည်ဟု တိုင်းရင်းသားလူနည်းစုများနှင့် နားလည်မှုကိုလည်း ထူထောင် သင့်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန် အန်အယ်လ်ဒီသည် ဖက်ဒရယ်စနစ်ပုံစံတခုကို ထောက်ခံရမည် ဖြစ်ပါသည်။

နောက်ဆုံးတွင် အန်အယ်လ်ဒီသည် ပုံသဏ္ဍာန်အသစ်နှင့်သွားရန် ၄င်းကိုယ်တိုင် အသိမှတ်ပြုလက်ခံရမည် ဖြစ်ပြီး ဆန်းသစ် လတ်ဆတ်သောအတွေးအခေါ်ရှိပြီး လှုပ်ရှားတက်ကြွသော ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို မွေးထုတ်ရမှာ ဖြစ်ပါသည်။

ဤမဟာဗျူဟာများကို မချမှတ်သရွေ့စစ်အစိုးရသည် အန်အယ်လ်ဒီနှင့် ဆွေးနွေးရန် အကြောင်းရှိမည် မဟုတ်ပါ။ ထို့အတူ လာမည့်အနာဂတ်တွင်လည်း အန်အယ်လ်ဒီအတွက် အခန်းကဏ္ဍမရှိသလောက်ဖြစ် ပါလိမ့်မည်။ အနည် ထိုင်ချိန်မှ ပြန်လည်ထွက်ပေါ်လာမည့် နိုင်ငံရေးပါတီကိုတော့ မည်သူကမျှ အလွမ်းသယ်မည် မဟုတ်ချေ။

စာရေးသူ ဗမာကြီးသည် ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာ အင်ဂျင်နီယာ တဦးဖြစ်ပြီး အန်အယ်လ်ဒီကို ထောက်ခံသူတဦး ဖြစ်ပါသည်။
Comments (14)Add Comment
0
Come on Men !!!
written by Phoe La Min, February 04, 2010
Hi Everyone, I believe you guys have learnt Myanmar History in High School.
There's a way very simple what Bogyoke did.
Despite, he did not like both English or Japanese, he worked with both of them together.
Then he fought both of them for Freedom of Myanmar.
I do hope his daughter can learn from it and apply it.
She and NLD have spent over 20 yrs or 2 decades for keep asking to those who won't never give what they ask for.
No point for keep asking.
Just Do or Die.
0
Better to be united
written by thein tan, January 31, 2010
Forgot the past. There are some people who can lead the country in Myanmar Army. There are some people who can lead the country in NLD. If NLD think they are not capable to lead the country, don't try to get in election. Old NLD people must give a chance to new people from NLD. If you think only to get the power of the country, don't do it.
In Myanmar Army, there are many good people. They just need to know how to do a polictics.
Give them a power and see how they can do it.
Later they will invited NLD to join them.
Forget whatever happened in the past and look for the future
0
please think properly before you are going to say something
written by truth, January 30, 2010
If you think those old men can do nothing, try to go back and do yourself. Think about their courage and scarifices. Have you ever imagine how much they and their families have suffered?
ဆူဖြူတော် မှီပြီး ကြံစုပ် , Low-rated comment [Show]
0
မှန်ပါတယ်
written by sunrise, January 28, 2010
ကိုကုလားကြီးတို့ ကိုဇော်ဂျီတို့ ပြောတာတွေ မှန်ပါတယ်....
ပြည်တွင်းမှာ အတိုက်အခံတွေ (အထူးသဖြင့် NLD) ကို ဘယ်လို နှိပ်ကွပ်နေတယ် ဆိုတာ ကိုယ်တိုင် ၀င်ကြည့်မှ သိမှာပါ... အဝေးကနေ ပြောနေလို့ မရပါဘူး.... ကြံဖွတ်တို့ စွမ်းအားရှင်တို့ အစွမ်းကုန်မိုက်ရိုင်းနေတုန်းမှာ NLD အဖွဲ့ဝင် တစ်ယောက် အမှိုက် ပြစ်မိတာနဲ့ ရှိသမျှ ပုဒ်မတွေ တပ်ပြီး နှစ်ရှည် ထောင်ချနေတာတွေ (တင်စားတာ နဲနဲများ လွန်သွားလား) ဒီလို အခြေအနေ မျိုးမှာ ဒီလောက် လုပ်နိုင်အောင် ခေါင်းဆောင် ပေးနေတဲ့ သူတွေကို အပြစ် မတင်ပါနဲ့.... ကိုယ်တိုင်လဲ ပြည်တွင်း လာပြီး လုပ်ကြည့်ကြပါအုံး.....
0
NLD
written by စနေ စည်သူ, January 27, 2010
စားရေးဆရာ ၏ ထောက်ပြချက်သည် များစွာ သင့်လျှော်လှပေသည်။ အန်အယ်ဒီ ခေါင်းဆောင် အများစုသည် အသက်ရွယ် အိုမင်းရ်ျ အတွေးခေါ် များသည် ခေတ်နှင့် လိုက်မမီနိုင်တော့ပေ။ ဖြစ်သင့် သည်မှာ အန်အယ်ဒီ သည် လူငယ် ပညာ တတ် များကို ပိုရ်ျနေရာပေးသင့် ပေသည်။ နှမျော် ဖို့ကောင်းသည်မှာ တိုးချဲ့လိုက်သော ဗဟိုကော်မတီဝင်များသည အသက်ရွယ် အိုမင်းသူများဖြစ်နေသည် ။ ပါတီ ဆိုသည်မှာ တဦးတယောက်ကို မှီရ်ျ လုပ်ဆောင်ရသော အရာမဟုတ် ပေါ် လစီ နှင့်သာ လုပ်ဆောင်ရသော အရာ ဖြစ်သည်။

0
၂၀၁၀အန်အယ်လ်ဒီ
written by ကျော်အောင်, January 27, 2010
ပြုပြင် ပြောင်းလဲမှုတွေ၊ ပြင်ဆင်မှုတွေ၊ မူဝါဒ ဆိုင်ရာတွေ၊ မဟာဗျူဟာ သုံးသပ်ချက်တွေ အများအပြား လုပ်စရာ ရှိနေသော်လည်း ပွင့်ပွင့် လင်းလင်း ပြောဆို ဆွေးနွေးဖို့ အခွင့်အလန်း နည်းဟန် တူပါတယ်။ ထင်သာ မြင်သာ ပြောဆို ချပြတာ မရှိသေးပါဘူး။ ဒီအတွက် အန်အယ်လ်ဒီကို လိုလား သူတိုင်းက အားမလို အားမရ ဖြစ်ကြလေ့ရှိပါတယ်။ အန်အယ်လ်ဒီ ဘာလဲ ဘယ်လဲ ဆိုတာမျိုးကိုတောင် ခပ်ကြမ်းကြမ်း မေးခဲ့ ရေးခဲ့သူတွေ ရှိခဲ့ပါတယ်။ ဂရုဏာ ဒေါသောတွေပေါ့။

၂၀၁၀မှာ အန်အယ်လ်ဒီအတွက် လမ်းနှစ်လမ်းပဲ ရှိပါတယ်။ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလား။

ရွေးကောက်ပွဲ မ၀င်ဘူးဆိုလျှင် ဘာမှ စဉ်းစားနေရန် မလိုပါ။ လက်ရှိ ရပ်တည်ချက် အတိုင်း စားပွဲဝိုင်း ဆွေးနွေးပွဲတွင် သုံးပွင့်ဆိုင်(တပ်မတော်၊ ဒီချုပ်၊ လက်နက်ကိုင် တိုင်းရင်းသား) တွေ့ဆုံခွင့် ရဖို့ ဆက်လက် တောင်းဆိုရုံပါပဲ။ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေး ဆိုတာက မူအရ တောင်းဆိုနေတာပါ။ တကယ့် တောင်းဆိုမှုက သုံးပွင့်ဆိုင် တွေ့ဆုံ ညှိနှိုင်းခွင့် ရရှိရေး ဖြစ်ပါတယ်။ တပ်မတော်က အန်အယ်လ်ဒီကို နေရာတစ်ခု သတ်မှတ် လက်ခံပေးဖို့ တောင်းဆိုခြင်းလို့ နားလည် မိပါတယ်။ တွေ့ဆုံ ညှိနှိုင်းဖို့သာ တပ်မတော်က လက်ခံရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးက စကားထဲ ထည့်ပြော နေစရာကို မလိုတော့ပါဘူး။

ရွေးကောက်ပွဲ ၀င်မယ်ဆိုရင်တော့ စဉ်းစားရမှာတွေ နည်းနည်း များပါတယ်။ ၁။ ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ ပြန်လွှတ်ပေးဖို့ တောင်းဆိုရမယ်။ ၂။ လွှတ်တော် ကိုယ်စား လှယ်လောင်းတွေ မြို့နယ်တိုင်းမှာ လွတ်လွတ် လပ်လပ် မဲဆွယ် ပြောဆိုခွင့်ရဖို့ တောင်းဆိုရမယ်။ ၃။ လွှတ်တော်မှာ မဲအသာနဲ့ ဦးဆောင်နိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ များများ အနိုင်ရအောင် လုပ်ရမယ်။ ၄။ လွှတ်တော်အမတ် ဖြစ်သွားသူတွေက ပါတီကို ကိုယ်စားပြုပြီး တိုင်းပြည် ကောင်းအောင် ပြုပြင်ရမယ့် ပြုပြင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ရန် အတွက်လည်း အရည်အချင်းပြည့်မီရမယ်။ အခု ဘာစလုပ်နေပြီလဲ။ ဘယ်အဆင့်ထိ အသင့် ဖြစ်ပြီလဲ။ ဒေါ်စုကတော့ သူ့ရဲ့ နိုင်ငံသား အခွင့် အရေး အပြည့် ပြန်လည်ရရှိဖို့ ဥပဒေကြောင်း အရ မှန်ကန်စွာ ရင်ဆိုင်နေတယ်။ ဦးဝင်းတင်က မန္တလေးဘက် တက်သွားတယ်ကြားရတယ်။ ဗဟို အလုပ် အမှုဆောင်အဖွဲ့ တိုးချဲ့တယ်။ ကျန်တာတော့ ထင်ထင် ရှားရှား မတွေ့ရသေးပါ။ အချိန်ကလည်း သိပ်မကျန်တော့။

ဘေးက အားမလို အားမရ ဖြစ်နေသူတွေကို ပါတီထဲ ၀င်လာအောင် ပါတီ ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အဖြစ် ၀င်ရောက် ယှဉ်ပြိုင်အောင် အန်အယ်လ်ဒီ့  စည်းရုံးနိုင်မလား။ ဒါမှမဟုတ် အားမလိုအားမရဖြစ်နေတဲ့ ပါတီထောက်ခံသူတွေက စုစု စည်းစည်းနဲ့ တွေ့ဆုံ ညှိနှိုင်းရေးဖြစ်ဖို့ အင်အာြး ပပေးနိုင်မလား။ နှစ်ခုလုံး မဖြစ်နိုင်ဘူးလို့ ယူဆကြရင် အန်အယ်လ်ဒီရဲ့ ရွေးစရာ လမ်းဟာ ဘာလဲလို့ အကြံ ပေးကြစေချင်ပါတယ်။

ဘေးကပြောရတာ လွယ်ပေမယ့် သူတို့ ရင်ဆိုင် နေရတာက အတော်ခက်ခဲတဲ့ အခြေအနေ တစ်ရပ်ပါပဲ။

ပါတီဝင်များ၏ နိုင်ငံရေး အသိစိတ် အားနည်းနေမှု၊ (ကျွန်တော် အပါအ၀င်) ပြည်တွင်း ပြည်ပနေ ပါတီ ထောက်ခံသူများ၏ ကိုယ်ကျိုးစွန့် လိုစိတ် နည်းပါးမှု၊ ပြည်သူ လူထု၏ ဘာသိဘာသာ နေတတ်မှုတွေက အန်အယ်လ်ဒီကို မဟာဗျူဟာ ဆွဲဖို့ အားအင် ချိနဲ့စေပုံ ရပါတယ်။

ကျွန်တော့် သဘော အကြံပေးပါ ဆိုရင်တော့ အန်အယ်လ်ဒီဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးရမှာမို့ ဘေးလူတွေ ပြောဆို ဝေဖန်တာတွေ သိပ် နားမထောင်တော့ဘဲ ဒီအချိန်မှာ ဆုံးဖြတ်ချက်ကို မြန်မြန်ချဖို့ပါပဲ။ ၂၀၀၈ အခြေခံ ဥပဒေတုန်းက မဲသွား မထည့်ရေးနဲ့ ကန့်ကွက်မဲ ထည့်ဖို့ အရေး ဘယ်ဟာကို ရွေးမလဲလို့ အတိုက်အခံ လောကမှာ နှစ်ပိုင်း ကွဲနေခဲ့ပြီး အန်အယ်လ်ဒီက ကန့်ကွက်မဲ သွားထည့်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက် အမှန်ကို အတော် နောက်ကျပြီးမှ ထုတ်ပြန်ခဲ့တယ်။ ဒါလေးကို သင်္ခန်းစာ ယူပြီး ၂၀၁၀ ရွေးကောက်ပွဲ မှာလည်း ၀င်ရွေးမယ်၊ မရွေးဘူး ဆိုတာကို မြန်မြန် ဆန်ဆန် ဆုံးဖြတ် ကြေငြာသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ တွေ့ဆုံ ညှိနှိုင်းမှုတွေနဲ့ ပါတီရဲ့ ရွေးကောက်ပွဲ ၀င်ခြင်း၊ မ၀င်ခြင်းတွေကို မရော ယှက်စေဘဲ ပါတီက လွတ်လပ်စွာ မြန်မြန် ထုတ်ပြန် ကြေငြာပေးရင် ပိုပြီး ကောင်းမွန် သင့်မြတ်မယ်လို့ (ကျွန်တော့် တစ်ဦးတည်း သဘောနဲ့) အကြံ ပေးချင်တာပါပဲ။

(အကြံပေးသူ ကျော်အောင်ဟာ မြန်မာပြည် တွင်းမှာ အစဉ်တစိုက် နေထိုင်နေသော သာမန်ဘွဲ့ရ ကုမ္ပဏီ ၀န်ထမ်း တစ်ဦးသာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အန်အယ်လ်ဒီ ပါတီဝင်တော့ မဟုတ်ပါ။)
0
Reinforcing the NLD
written by Chit Thein Than, January 23, 2010
The Bamagyi is urging the NLD to enter the trap of the SPDC to contest the coming general election without getting any promise or conditions from the SPDC that the NLD will be allowed to participate feely and their offices and political activities similarly permitted. The NLD should not enter the general election until the demands in the Shwegondaing's Declaration are met by the SPDC. How can a political party who has got the people's massive mandate at the 1990 General Election forgo its mandate without any compromise from the SPDC that held it as the SLORC?
It would be tantamount to giving up what is achieved and entrusted by the people of Burma!
The NLD should heed U Win Tin's advice that the SPDC must respond first to its Shwegondaing Declaration and Daw Aung San Suu Kyi's letters.
0
ကိုယ့် တာ ၀န် ကိုယ် ကျေ ဖို့ လို တယ်
written by ရွာ ဘေး က သာ အေး, January 23, 2010
ဆောင်း ပါး ရှင် ရဲ့ စေ တ နာ က လေး စား လောက် ပါ တယ် ။
တ စိမ်း တ ယောက် အ ဝေး က အား မ လို အား မ ရ ဖြစ်နေတာမျိုး များလားလို့ ခံစားမိ တယ် ။
ဒီ နေ့ မြန် မာ နိုင်ငံ ပြဿနာ ဟာ နအဖ အစိုးရ နဲ့ အတိုက်အခံ တို့ဖြစ်ကြတဲ့ အာဏာလုပွဲ မဟုတ်ဖူး ။
(မတရား ဖိ နှိပ် အုပ် ချုပ် နေ တဲ့ စစ်အစိုးရ ) နဲ့ (ညှင်း ပမ်း နှိပ် စက် ခံ နေ ရ တဲ့ လူမျိုးစုံ ပြည်သူ ) ရဲ့ ကြားက ပြဿနာ ဖြစ်တယ် ။ စစ်အစိုးရက တဘက် ခင်များတို့ ကျနော်တို့က တဘက် တိုက်ပွဲ ဖြစ်တယ် ။ ဒီတော့ ခင်များတို့( ကျနော်တို့)ဟာ မ ဆိုင်တဲ့ တစိမ်းမဟုတ်ဖူး ၊ အပြင်လူမဟုတ်ဖူး ၊ ကာယကံ ရှင်ဖြစ်တယ် ။
တိုက်ပွဲထဲကလူတွေဖြစ်တယ် ။ ကိုယ့် ကံကြမ္မာ ကို ကိုယ့် ပေါ်မှာပဲ ဗ ဟို ပြု ရ မယ် ။
ဘာကြောင့် ကျနော်တို့ ကံကြမ္မာကို (ထိုပုဂ္ဂိုလ်နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုပေါ်တွင် တစိတ်တပိုင်း ဗဟိုပြုထား ) လို့ဆိုရမှာလဲ ။
မြန် မာ ပြည် သား ဖြစ် နေ သ မျှ ဘယ် နေရာ ရောက်ရောက် ( လ က မ္ဘာ ပဲ ရောက်နေနေ ) ဒီ တိုက်ပွဲ ကို တိုက် ဖို့လိုတယ် ။ တိုက်လို့ရတယ် ။ ကိုယ်တာ ၀န် ကိုယ် ကျေ ဖို့လို မယ် ။
အင်အယ်ဒီက သူ့တာဝန်သူလုပ် ။ ခင်များတို့ ကျနော်တို့ကလဲ ကိုယ့် တာဝန်ကိုယ်လုပ် ။
(လာမည့်အနာဂတ်တွင်လည်း အန်အယ်လ်ဒီအတွက် အခန်းကဏ္ဍမရှိသလောက်ဖြစ် ပါလိမ့်မည်) ဆို ပြီး လဲ စိုးရိမ် မနေပါနဲ့ ။
စစ်အာဏာရှင် ဆက် ရှိ နေ ရင် တော်လှန်တဲ့ ပြည်သူတွေ ဆက် ရှိ နေ မယ် ။ တိုက်ပွဲ က ( ဆုံးမသွားဖူး ) ဆက် ရှိ နေ ဦး မှာ ပဲ ။



0
90 election result
written by Ko Phone, January 23, 2010
Even the military regime has not stated that the 90 election is no longer valid. They still lack of courage to declare it. Mean while, some of the so-called NLD supporters ( I am not sure that they are genuine supporters of NLD or not) are increasingly suggesting NLD to abandon the result of 90 election.
Remember, 90 election result belongs to neither NLD nor authority but to the vast majority of Burmese people who voted for it.
In the article, the author suggests NLD with a number of recommendations which are impractical or impossible to implement.

0
လူညာများ
written by သူကျော်မောင် , January 22, 2010
နယ်စပ်က အဖွဲ့တွေလည်း အားသစ်လောင်းကြပါအုန်း။
ကားသစ်တွေလဲ ထပ်ဝယ်ကြပါအုန်း
ကောင်မလေး ငယ်ငယ်တွေနဲ့လဲ ထပ်ရှုပ်ကြပါအုန်း။
မယားငယ်တွေလဲ ထပ်ယူကြပါအုန်း
အမျိုးတွေလဲ နိုင်ငံခြားရောက်အောင် လုပ်ကြပါအုန်း။
ပရော၈ျက်တွေ တင်ပြီး ထပ်ခိုးကြဖွက်ပါအုန်း။
နအဖနဲ့ အပေါင်းအပါတွေက ပြည်သူ့ဆီက ခိုးကြဖွက်ကြ။
နယ်စပ်က ကောင်တွေက ဟောင်ဖွာဖွာ ဟောင်ဖွာနဲ့လုပ်စားကြ။
ဘယ်မှာလဲ အစစ်အမှန်နိုင်ငံရေး
ဘယ်မှာလဲ ပြည်သူအတွက်။
ပြည်တွင်းက လူတွေတော့ လုပ်စားခွင့်မရကြသေးတော့ မသိနိုင်သေးပါ။
ပါဝါ ရလာရင် ။သူတို့လည်း ပျက်မှာပါပဲ။
ထည့်ပေးမှာ မဟုတ်မှန်းသိပေမဲ့ ရေးဖြစ်အောင် ရေလိုက်ရတဲ့ အမှန်တရားတွေပါ
ကိုဇော်ကြီးတို့ ထမင်းအိုးတုတ်နဲ မထိုးတော့ပါဘူး။
ရေးချင်တာ ရေးလို့ရအောင် ဘလော့တစ်ခုတော့ လုပ်မှဖြစ်မယ်။
ဘလော့မှာတောင် ညာဝါးပြီးနေတဲ့ ကောင်တွေက ရှိနေသေးတယ်။
အလကားဟာတွေ။ လူညာတွေ။

0
ပြောမယ်နော
written by မန်းကိုကို, January 22, 2010
ဒီဆောင်းပါးကို အမျိုးသားဒီမိုကေ၇စီ အဖွဲ့ ချုပ်ကို အားမလိုအားမ၇ဖြစ်ပြီး တစ်ဖက်မှာလည်း
လုပ်စ၇ာတွေထဲ ဟာကွက်လေးတွေ ရှိမနေအောင် စေတနာနဲ့ သတိပေးတဲ့စာလို့ နားလည်
မိပါတယ်။

ပိုပြီးမြိုင်ဆိုင်သွားအောင် တွေးမိတာလေးတွေ မှတ်ချက်နဲနဲေ၇းလိုက်ပါတယ်။
ဖြည့်တင်းဆွေးနွေးမယ့်သူတွေ (အပြင် ဘေးထိုင်ဘုပြောချင်သူတွေ) ကိုပါ ဖိတ်ခေါ်ပါ၇စေ။

မေ၇းခင်ပြောချင်သေးတာက ဆောင်းပါးအဆုံးမှာ အန်အယ်လ်ဒီကိုထောက်ခံသူတစ်ဦးဖြစ်ပါ
သည် ဆိုတာက ကန့် ကွက်ဆန့် ကျင်မယ်သူတွေကို ကြိုပြီး ကာကွယ်တာတော့ မဟုတ်တန်၇ာ
ပါဘူးနော။ ဒါ့ပြင် ဆောင်းပါးထဲမှာ အသိပညာရှင် အတတ်ပညာရှင်တွေကို ရွေးကောက်ပွဲမှာ
ထောက်ခံဘို့ ဆိုထားပြီး စာေ၇းသူကိုယ်တိုင်က အင်ဂျင်နီယာလို့ ဆိုထားပြန်တော့ အင်း..ဒီလူ
တော်တော်နောက်တာပဲဆိုပြီး ပြော၇မလိုဖြစ်နေပြီ။

ကဲကဲ.. စ၊နောက်စ၇ာ ခဏထားပြီး ဆက်ပြောကြတာပေါ့။ (ခုတောင်ရှည်နေပြီ။)

ဆောင်းပါးကိုအနှစ်ချုပ်ကြည့်၇အောင် -
၁။ တိုင်းပြည်၇ဲ့ ကံကြမ္မာကို အဓိကပုဂ္ဂိုလ်နှစ်ဦးထဲအပေါ် တစ်စိတ်တစ်ပိုင်းဗဟိုပြုထား၇တာ
အားမ၇ဘူးလို့ နားလည်မိတယ်၊
(ယေဘုယျအားဖြင့်လက်ခံပါတယ်။ အန်အယ်လ်ဒီ အောက်ခြေကနေလှုပ်ရှားပြီး လက်ရှိအစိုး၇
ကနေ ညှိနှိုင်းမှဖြစ်မယ်လို့ သဘောထား၇တဲ့အင်အားစုကြီးအဖြစ်၇ပ်တည်နိုင်အောင်လုပ်သင့်
တယ် လို့ လည်းထင်ပါတယ်။ ဥပမာ နွားတစ်အုပ်လုံး ပြန်ဝှေ့ ၇င် င်္ခြသေ့တောင်ပြန်ပြေး၇
နိုင်ပါတယ်။ ဖိနှိပ်မှုတွေကိုလည်းသဘောပေါက်ပါတယ်။ နည်းလမ်းရှာကြံကြဘို့ နဲ့ စွန့် လွတ်
အနစ်နာခံမှုတွေအများကြီးလိုပါတယ်။့ ဆွေးနွေးအကြံပေးကြဘို့ လည်းဖိတ်ခေါ်ပါတယ်။)

၂။ တိုင်း၇င်းသားတွေအတွက်အပါအဝင် တိုင်းပြည်၇ဲ့ အနာဂါတ်ဟာဝေဝါးနေတယ်လို့ လည်း
နားလည်မိပါတယ်။
(ဒါကိုလည်းလက်ခံပါတယ်။ အန်အယ်လ်ဒီနဲ့ တိုင်း၇င်းသားအဖွဲ့ တွေအပါအဝင် အင်အားစု
အားလုံးဟာ လက်ရှိအစိုး၇လှုပ်ရှားမှုကိုလိုက်ပြီး မီးစင်ကြည့်ကနေကြ၇မယ့် အချိန်တွေလွန်
ခဲ့ပြီလို့ လည်းယူဆမိပါတယ်။ လက်တွေ့ ကျမယ့် မူဝါဒ၊ အယူအဆတွေနဲ့ မဟာဗျူဟာအခင်း
အကျင်းတွေကို အကောင်အထည်ဖေါ်နေကြ၇မယ့်အချိန်ေ၇ာက်နေပါပြီ။)

၃။ အန်အယ်လ်ဒီအနေနဲ့ လက်ရှိဆုံးဖြတ်၇ခက်တဲ့အနေအထားကိုေ၇ာက်နေပြီး အသွင်ကူး
ပြောင်းေ၇းကာလမှာ မရှိမဖြစ်လိုအပ်တဲ့ အသိ၊ အတတ်ပညာရှင်တွေကိုနေ၇ာပေးဘို့ လိုလာ
ပြီလို့ ဆိုပြန်ပါတယ်။
(ဒီနေ၇ာမှာတော့သဘောထားနဲနဲကွဲပါ၇စေ။ အသိ၊ အတတ်ပညာရှင်တွေဟာ အသွင်ကူး
ပြောင်းေ၇းကာလမှာ မရှိမဖြစ်လိုအပ်တဲ့အင်အားစုဖြစ်တဲ့အပြင် အသွင်မကူးပြောင်းခင်လဲ
လက်ရှိအုပ်ချုပ်သူတွေ၇ဲ့ မှားယွင်းချက်တွေကို မြင်ဘို့ ၊ ထောက်ပြဘို့ နဲ့ သင်ခန်းစာယူပြီး
နောက်လူတွေကိုလမ်းညွှန်ဘို့ တွေလိုတာအမှန်ဖြစ်ပေမယ့် လက်ရှိဘာမှဖြစ်မလာသေးတဲ့အနေ
အထားမှာ နိုင်ငံေ၇းပိုင်းကပိုအေ၇းကြီးတယ်လို့ မြင်မိပါတယ်။ ဗမာပြည်မှာ နိုင်ငံေ၇းနားမလည်
အောင် အမျိုးဖြုတ်ခံထား၇တာ ၇ာစုနှစ်တောင်တစ်ဝက်ကျိုးပါတော့မယ်။ ၈၈ မျိုးဆက်တွေ
လည်းပြတ်သလောက်ပဲ။ နိုင်ငံေ၇းတစ်ကယ်နားလည်ပြီး တက်ကြွတဲ့ မျိုးဆက်သစ်တစ်၇ပ်ကို
မွေးထုတ်ဘို့ အပူတပြင်းလိုနေတယ်လို့ ထင်မိပါတယ်။ ဆောင်းပါးအဆုံးသတ်ပိုင်းလိုပေါ့။)

၎။ အဆုံးသတ်အနေနဲ့ ကတော့ အန်အယ်လ်ဒီဟာ အနာဂါတ်မှာ ဆက်လက်ရှင်သန်၇ပ်တည်
နိုင်ဖို့ ဧ၇ာမအပြောင်းအလဲတွေ (overhaul) လုပ်နိုင်မှ တော်ကာကျမယ်လို့ အဆုံးသတ်ထား
ပါတယ်။
(အခြေခံအားဖြင့် လက်တွေ့ ကျပြီး လက်ခံသင့်တဲ့အကြံပေးချက်ပါပဲ။ အနံ့ နံ၊ ခါးသက်ပြီး
မျို၇ခက်တဲ့ တေဆေးကိုေ၇ာဂါပျောက်ဖို့ သောက်၇သလိုပါပဲ။)

ဆောင်းပါးနောက်ထပ်အပိုတစ်ပုဒ်လိုမဖြစ်အောင် ဒီလောက်နဲ့ ဘဲအတိုချုပ်လိုက်ပါတယ်။

အားလုံးကိုလေးစားလျက်၊
0
ဝေဖန်ရတာလွယ်ပါတယ်
written by ဇော်ဂျီ, January 22, 2010
စာရေးတဲ့ သူကို မေးပါရစေ။ မြန်မာပြည် မရောက်တာ ဘယ်လောက်ကြာ ပြီလဲလို့။ NLD ဒီပုံစံဖြစ်နေတာ စစ်အစိုးရ ရဲ့ မတရား လုပ်ထားလို့ ၊ လက်နက်အားကိုးနဲ့ ရမ်းကားနေလို့ ဆိုတာ နားမလည်လို့လား။ စာရေးဆရာတွေးသလိုလုပ်ဖို့ နေနေသာသာ ပညာတတ်၊ သတ္တိရှိတဲ့ လူငယ်တွေ ပြည်သူတွေထဲ အမှန်တရားတွေပြောမိတာနဲ့ ထောင် ထဲ တန်းဝင်ရတာ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ၊ ကို ဌေးကြွယ်တို့ ၊ စုစုနွေးတို့၊ ဇေယျာသော်တို့ သာဓကပဲလေ။ အေး အဲလိုလုပ်နေတဲ့အစိုးရကို ကြတော့ china အစိုးရ၊ အမေရိကန်နဲ့အားပြိုင်နေတဲ့ ရုရှားအစိုးရတို့ က ဗီတိုတွေသုံးပြီးထောက်ခံ၊ ခုဆို india နဲ့ ထိုင်းတောင်ပါသေးမလား။ ဒါကြောင့်ဒီလို အစိုးရမျိုးလုပ်ချင်ရာလုပ် လို့ရနေတာပေါ့။ ပြည်သူတွေလဲ ငတုံးတွေမဟုတ်ဘူး။ ၂၀၀၇ တုန်းကလဲ ရတုန်း လုပ်ကြတာပဲ။ အဝေးကနေ ဟိုလူညံ့တယ်၊ ဒီလိုညံ့ တယ် ပြောနေတာ အလကား ပဲ။ စာရေးဆရာလဲ မြန်မာပြည်သာလာခဲ့။ မင်းကိုနိုင်တို့ ၊ ဦးဝင်းတင်တို့ (ထောင်ထဲ ဆယ်စု နှစ်ကျော်စီနေခဲ့ရသူတွေ) လုပ်နိုင်တာရဲ့ ၁၀ ပုံတစ်ပုံပဲလုပ်နိုင် ရင် ကျွန်တော် email နဲ့ထိုင်ရှိခိုးမယ် (ကျွန်တော်လဲ စင်ကာပူမှာမို့) ။ မင်းကိုနိုင်လိုထောင်ထဲ ဘ၀တစ်ဝက်နီးပါးလောက် ကုန်ခဲ့ရတဲ့သူတောင် NLD ကိုအားမလိုအားမရ မပြောဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲဂုဏ်တင်တယ်။ ဘာလို့လဲဆို တော့ သူတို့ က ဘ၀တူချင်းမို့ နားလည်တယ်။ ဦးမြင့် တို့၊ ဒေါက်တာ အောင်ထွန်းသက်တို့ လို ပညာရှင်တွေလဲ မြန်မာပြည်မှာ လုပ်နိုင်သလောက်လုပ်နေကြတာပဲ။ အေး .. အဲလို အဲလိုပညာရှင်တွေကို ဘယ်သူကဘေးချိတ်တာ လဲ အရှင်းကြီးမှ အရှင်းကြီး။ စီးပွားရေးပညာရှင်ပြော ဦးမြင့်ပြောတဲ့ ကြွက်ကလေးအနေနဲ့ မြန်မာပြည်ပြန်ပြီး ကြောင်အိုကြီး သန်းရွှေကိုလာ ခြူဆွဲကြည့် ဖို့ ဖိတ်ခေါ်ပါတယ် ဗမာကြီးရေ့။
0
NLD အကြောင်း အတွင်းကျကျ သိအောင် အရင်လုပ်ပါ ဗမာကြီး
written by ကုလားကြီး, January 22, 2010
ကို ဗမာကြီးရဲ့ သုံး သတ်ပုံ သုံးသတ်နည်း ကတော့ဖြင့် ၃ ထပ်ကွမ်း သစ်စာရှင် မောင်စူးစမ်း ရဲ့ အာဘော်တွေများလားလို့ တောင်ထင်ရရဲ့ ဗျား .. ။

ဗမာ့နိုင်ငံရေးကို သိပ်နားမလည်ပေမယ့် ဗမာနိုင်ငံသားဖြစ်လို့ ဗမာ့အရေးနဲ့ ပါတ်သက်ရင် ကုလားကြီးလဲ သက်ဆိုင်
တာမို့ နဲနဲ လောက် ကိုဗမာကြီး ရဲ့ အာဘော်ကို ဝေဖန်ပါရစေခင်ဗျား..။
၉၀ ရွေးကောက်ပွဲ ရလဒ် ကို ဆုတ်ကိုင်ထားခြင်းကနေစွန့် လွှတ်သင့် ပါပြီ လို့ ရေးလိုက်တဲ့ တကြောင်းထဲနဲ့ တင်
ကိုဗမာကြီးဟာ NLD ဘာလုပ်နေတယ် ဘယ်လို စခန်းသွားနေတယ် ဆိုတာ လုံးဝ(လုံးဝ) မသိပါ စိတ်လဲ မ၀င်စား
ပါလို့ ပြောချင်ပါတယ် ခင်ဗျား..။
NLD ဟာ ၉၀ ရွေးကောက်ပွဲ ရလာဒ်ကို ဆုတ်ကိုင်ထားတယ် ဆိုရင်ဖြင့် ဘာ့ကြောင့် ၂၀၀၈ နာဂစ် အခြေခံဥပဒေ
ကိုပြင်ခိုင်စရာလိုတော့လို့ လဲ.. ။
NLD ဟာ စစ်အုပ်စုရဲ့ သားရေကြိုး ဥပဒေ ကြားမှာ ဘယ်လောက်ခက်ခက်ခဲခဲ ရပ်တည်ပြီး နေရတယ်ဆိုတာ သိ
ရင်ဖြင့် .. ယနေ့ NLD ရပ်တည်နေတဲ့ ရှင်သန်မှုအတွက် ဗမာကြီး နည်းနည်း လောက်ဖြစ်ဖြစ် ဂုဏ်ယူတတ်မှာပါ.။

ဗမာကြီး က တတိယအင်အားစုလို့ ခေါ်တဲ့ သစ်စာဖေါက်အခွင့်အရေးသမား ပညာတတ်အုပ်စု ကို နာဂစ် အခြေ
ခံဥပဒေ အောက်မှာ စစ်အာဏာရှုင်ကြီးတွေစွန့် ကျဲ တဲ့ အရိုးအရင်း ကိုဝင်ကိုက်ဖို့ .. အန်အယ်ဒီ ကိုသစ်စာဖေါက်
အားပေး လုပ်ခိုင်းတာအထိ စဉ်းစားတာကတော့ နည်းနည်း လွန်ပါတယ်..။

အန်အယ်ဒီ အားသစ်လောင်း ဖို့ .မလောင်းဖို့  ဆိုတာထက် ရွေးကောက်ပွဲ ၀င်ရေးနဲ့ .. စစ်အာဏာရှင်တွေ နဲ့ ဝေစား
မျှစား ဖယ်ဒရေး ရှင်းလုပ်လိုတယ်ဆိုရင်ဖြင့်.. ၂၀၀၈ နာဂစ် အခြေခံဥပဒေ ဘာကိုဆိုလိုတယ်ဆိုတာ ဗမာလို သေသေချာချာ နားလည်အောင် ပြန်ဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်.. ဗမာကြီး ဗမာစာကောင်းကောင်းဖတ်တတ်
သေးတယ်ဆိုရင်ပေါ့ဗျို့ ..။

ခင်တဲ့
ကုလားကြီး

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်