မြန်မာ တိုက်လေယာဉ် တစီးပျက်ကျ၊ လေယာဉ်မှူး သေဆုံး

မြန်မာ စစ်အစိုးရ လေတပ်မှ တိုက်လေယာဉ် တစီး ယနေ့နံနက်က ပျက်ကျသွားသဖြင့် လေယာဉ် မောင်းသူ သေဆုံးသွားကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

လေယာဉ်သည် ရန်ကုန်မင်္ဂလာဒုံ လေဆိပ်တွင် ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျသွားခြင်းဖြစ်ကြောင်း  ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အမည်မဖော်လိုသူ ၀န်ထမ်း တဦးက အေပီသတင်းဌာနကို ပြောကြောင်းသိရသည်။

ထို လေယာဉ်သည် တရုတ် နိုင်ငံလုပ် F – 7 အမျိုးအစား ဂျက် တိုက်လေယာဉ် ဖြစ်ပြီး လေယာဉ် ပျက်ကျသည့် အကြောင်းရင်းကို မသိရသေးဟု ဆိုသည်။

မင်္ဂလာဒုံ လေတပ်စခန်းမှ လေယာဉ်များသည် အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်း၏  လေယာဉ်ပြေး လမ်းကြောင်းကို အသုံးပြု နေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

မြန်မာ လေတပ်သည် တရုတ် နိုင်ငံလုပ် F – 7 အမျိုးအစား ဂျက် တိုက်လေယာဉ် ၃၆ စီးကို ၁၉၉၀ ပြည့်နှစ် အတွင်း ၀ယ်ယူခဲ့သည်ဟု ဆွီဒင်နိုင်ငံ အခြေစိုက် စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနကို ကိုးကားပြီး အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။
Comments (10)Add Comment
0
...
written by Tin Tin, January 25, 2010
Anyone with the sound mind wouldn't dare to fly with Made in China plane. Remind me of WWII in Germany, 95% of piolets died during their test flight and only 5% had a chance to go to war and die! Teach them a lesson when they don't dare say " NO. " to their lunatic leader.
0
မျိုးလွင်သို့
written by ကိုထူး, January 25, 2010
ကိုယ့်လူ မှတ်ချက် မရေးခင် သေသေချာချာစဉ်းစားဦးနော်။ စစ်တပ်ကို မုန်းတာနဲ့ တခြားသူတွေ အသက်ဆုံးရတာကို ပြီးစလွယ်မပြောနဲ့။ ကိုယ်ချင်းစာစိတ်ထားဦး၊
0
သြော်...
written by သောင်းရွှေအေး, January 25, 2010
သြော် မြန်မာ လေတပ် စားပေါက်မရှိလို့ Eject seat ကြီးကိုရောင်းစားလိုက်လို့၊ Eject မလုပ်နိုင်လို့ Pilot ပါသွားတယ်နဲ့ တူပါရဲ့။ ဖြစ်မှ ဖြစ်ရလေ... smilies/shocked.gif
0
ကိုပေါက်ကြီး
written by ကိုပေါက်ကြီး, January 24, 2010
ပျက်ကျတာ.. ရာသီဥတု ကြောင့် ပါ... လေယာဉ်မောင်းတဲ့ အရာရှိတော့ သနားပါတယ်... သိုသော် မောင်းချင်အုန်လေ... .နအဖ စစ်အင်အား တော်တော် ကောင်းလာပါတယ်..... .ခောတ်မီလာပါပြီး.. .လေယာဉ် ၁စီးတောင် ပျက်ကျ ခံနိုင်တာ တော်တော် ကို တပ်ချုပ်ကြီး သဘောထားကြီးပါတယ်.. ......
0
ကြားဖူးတာတွေများတေ့ နှင့်အတူ တခါကကြုံဖူးသူများ ***********
written by nyinyi, January 24, 2010
****
မဂ်လာပါ ။
ပြောစမှတ်လေးတွေပါ ကျွန်တော်တော့ကြားဖူးသလောက် မြန်မာနှိင်ငံတွင်လေယဉ် ပျက်တာ လူသိရှင်ကြား
မာနာပလော စစ်ဖြစ်တုန်းကတခါ လေယဉ်ကွင်းမှာပေါက်ကွဲသွားတယ် ။
ပြီးတော့ ဗိုလ်ချုပ်ကြီး ဦးတင်ဦး လေယဉ် ပျက်ကျတယ် ခုတစီးပျက်ကြပြန်ပြီတဲ့လား F. 7 အမျိုးအစား ။
ကျွန်တော်တော့တွေ့ခဲ့တာတွေက တရုတ်နှိင်ငံထုတ် ဖော်ဝင်ဖိုက် ။ F .5 အမျိုးစားတွေပါပဲ ကောင်းပါတယ် ။
မီရတ်တွေလည်းတွေ့ခဲံ့တာပဲ ။ ပြင်သစ်မှထုတ်တယ်တဲ့ အေးဒါတွေကကြာပါပြီ ။ MIG . 29 တွက မကြာမကြာပျံ
နေတာတွေတွေ့ရတယ် အင်တာနက်မှာလည်းတွေ့ရပါတယ် ။ ခုဆိုကုမ်ပဏီတွေမှာပါ တွေ့ရပါတယ် ။
ဒေဝူးကလည်း ထုတ်ပါတယ် ။
0
ဒီလိုမြင်တယ်
written by Naing Linn, January 23, 2010
ထို လေယာဉ်သည် တရုတ် နိုင်ငံလုပ် F – 7 အမျိုးအစား ဂျက် တိုက်လေယာဉ် ဖြစ်ပြီး လေယာဉ် ပျက်ကျသည့် အကြောင်းရင်းကို မသိရသေးဟု ဆိုသည်။ ရှင်းနေတာပဲ ပျက်ကြတဲ့ အကြောင်းအရင်းကိုက တရုတ်နိုင်ငံက လုပ်လို့ ပဲ။ အရည်အသွေးမရှိတဲ့ အစုတ်တွေကို ထိုးရောင်းတာဝယ်မှာတော့ ပျက်ရုံပဲရှိတာပေါ့။ လေယာဉ်မောင်းသူ ကတော့ သနားစရာ။

0
Made in China
written by မျိုးချစ်, January 22, 2010
တရုပ်လုပ်လို့ ခလေးနှစ်ယောက်နဲ့ မုဆိုးမဖြစ်
လွန်ခဲ့တဲ့ 1999 ၀န်းကျင်ကလည်း တရုတ်က ၀ယ်ခဲ့တဲ့ တိုက်လေယာဉ်တစ်စီးပျက်ကျခဲ့တယ်။ F-7 တွေကို တရုပ်က၀ယ်တော့ မြန်မာပြည်ကို သယ်မလာခင် တရုပ်ကိုလွှတ်ပြီး သင်တန်းတက်ခိုင်းခဲ့တယ်။ တလမ်းတည်းနေတဲ့ ဗိုလ်ကြီးလည်း သင်တန်းသွားတက်ရတယ်။ မြန်မာပြည်ပြန်ရောက်ပြီး မိတ္ထိလာမှာ လေယာဉ်မောင်းလေ့ကျင့်တော့ လေယာဉ်ပျက်ကျပြီး ဆုံးသွားတယ် သူ့မိန်းမလည်း ခလေး၂ယောက်နဲ့ မုဆိုးမဖြစ်သွားတယ်။
0
ဝမ်းမနည်းပေါင်
written by မျိုးလွင်, January 22, 2010
လေယာဉ်က ဘယ်သူမှ ပစ်မချရသေးဘူး အလိုလိုပျက်ကျတယ်ဆိုတော့ လေသူရဲပဲ့ညံ့ လို့လား လေယာဉ်အမျိုစားပဲ့ ညံ့လို့လား ဒါမှမဟုတ် စစ်တပ်ကြီးရဲ့ အကုသိုလ်ဒါဏ်ကို လေသူရဲနဲ့လေယာဉ် ဝင်ခံသွားတာလား။
0
...
written by လင်းလင်း, January 22, 2010
အော်. .မြန်မာနိုင်ငံက.. လေသရဲတွေလဲ. .တိုက်ပွဲမ၀င်ရဘဲ ..လေယာဉ်အစုတ်တွေနဲ့. သေမင်းနဲ့စစ်ခင်းနေကြရတယ်..။
ပျက်မှာပဲ, Low-rated comment [Show]

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်