“ကားပေါ်မှာ တင်သွားတာ ၁၂ ယောက်၊ နို့ဖိုးရွာထဲက ကားနဲ့ ထိုင်းက စီစဉ်ပေးတယ်၊ ဒီ စစ်သားမဟုတ်တဲ့ စစ်ထောက်လှမ်းရေး ၃ ယောက် လိုက်သွားတယ်”ဟု ဒုက္ခသည် စခန်းမှ မျက်မြင် သက်သေတဦးက ဧရာဝတီသို့ ပြောသည်။
ယနေ့ပြန်ပို့ရန် စီစဉ်ထားသည့် ဒုက္ခသည် ၃၀၀၀ ခန့်မှ အိမ်ထောင်စု တချို့ကို နောက်ထပ် ပို့ရန် အစီအစဉ် ရှိသော်လည်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန် ရှိသူတချို့ ရောက်ရှိလာ သဖြင့် ရပ်ဆိုင်းခဲ့ရသည်ဟု ၎င်းက ဆိုသည်။ “နိုင်ငံခြားသား UN တွေရှေ့မှာ အခု မပို့ရဲဘူး ပေါ့နော်၊ မနက်က သူတို့ အမြန်ပို့တာ နိုင်ငံခြားသားတွေ မလာခင် ကပျာကယာ ပို့လိုက်တာ ဖြစ်တယ်”ဟု ၎င်း မျက်မြင်က ပြောသည်။
ထိုင်း အာဏာပိုင်များက ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတချို့၏ ဖုန်းများကို သိမ်းဆည်းထားကြောင်းလည်းသိရသည်။ သတင်း မပေါက်ကြားစေချင်သည့်အတွက် ယခုကဲ့သို့ သိမ်းဆည်းထားကြောင်း သုံးသပ်သူများက ဆိုသည်။
“ဒုက္ခသည်တွေက မပြန်ချင်ကြဘူး၊ ဒါပေမယ့် သူတို့မှာ တခြား ရွေးချယ်စရာ မရှိဘူး၊ ပြန်ပို့မယ့် အချိန်မှာ သူတို့ မျက်နှာတွေ မကောင်းဘူး”ဟု နို့ဖိုး ဒုက္ခသည် စခန်း ဥက္ကဌ တာစူညာက ပြောသည်။
၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းက စ၍ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက KNU လက်အောက်ခံ KNLAတပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ကရင်ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာ ကြခြင်းဖြစ်သည်။ ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။
ယခုအခါ မြန်မာ စစ်တပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်များက ၎င်းဒေသများကို ထိန်း ချုပ်ထားပြီ ဖြစ်သောကြောင့် DKBA တပ်သားအဖြစ် စုဆောင်းခြင်း၊ အဓမ္မ လုပ်အားခိုင်းစေခြင်း စသည့် အန္တရာယ်များ ကြုံတွေ့နိုင် သည့်အတွက် လူ့ အခွင့်အရေး ဆောင်ရွက်နေသူများက စိုးရိမ်နေကြသည်။
ထိုင်း အစိုးရ အနေဖြင့် မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ကရင် ဒုက္ခသည်များကို နယ် စပ် ဖြတ်ကျော်ခွင့်ပေးထားသော်လည်း ၎င်းတိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန် ခိုင်းလေ့ရှိသည်။
တချိန်တည်းမှာပင် အမေရိကန် နိုင်ငံ ရီပတ်ဘလစ်ကန် နှင့် ဒီမိုကရက်တစ်ပါတီ လွှတ်တော် အမတ် ၂၉ဦးတို့ကလည်း ဒုက္ခသည် များကို နေရပ်သို့ ပြန်မပို့ရန် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝအား ယနေ့ တိုက်တွန်း လိုက်သည်။
ယင်းသို့ ရပ်ဆိုင်းပေးရန်ကို ဒုက္ခသည်များ ပြန်ပို့မည့် အစီအစဉ် မစတင်မီ နာရီပိုင်း အလိုတွင် ထိုင်းဝန်ကြီးချုပ်ထံသို့ အမေရိကန် လွှတ်တော် အမတ်များက စုပေါင်း လက်မှတ် ထိုးထားသည့် စာတစောင်ပေးပို့၍ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
“ဒုက္ခသည်များကို ပြန်ပို့မယ်ဆိုလို့ရှိရင် သေတွင်းကို ပို့တာနဲ့တူတယ်”ဟု ယမန်နေ့က ဘန်ကောက်မြို့၌ ကျင်းပသော Friends of Burma သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကရင် အမျိုးသမီး အစည်း အရုံး(KWO) ပြောရေးဆိုခွင့်ရှိသူ နော်ဘလူး မင်းနိုက်ဇန်က ထောက်ပြခဲ့သည်။
အဆိုပါ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ကရင်ဒုက္ခသည် ၃၀၀၀ ခန့်ကို ပြန်မပို့ရန်အတွက် ယမန်နေ့က Friends of Burma (ထိုင်း - မြန်မာ မိတ်ဆွေများ အဖွဲ့)က ဘန်ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုထားသည်။
Friends of Burma အဖွဲ့အစည်းသည် အစိုးရမဟုတ်သော NGO အဖွဲ့တခုဖြစ်ပြီး မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးနေ သောအဖွဲ့အစည်းတခုလည်းဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 3547
Comments (3)

written by e09, February 06, 2010
Why Thai keeps Padaung in their land ( the style of village arrested ) ? Easy Humm. Padaungs are golden eggs . ( Of course we know they are smart but we should peel their skins . What is Lana culture ? It is just a duplication of Shan , Burmese and Mon 's cultures . Since Myanmar workers are here , nowadays , Myanmar style longyi , bags become Lana's culture .
I think Media should have been distributed those news cause I read some news about making Passport in which migrants believe on Thai government while they are afraid of Myanmar government will take taxes on them . So funny , Why not saying Thai is taking 90 % of that money in news . Information should be transparency . Normally Thai is developing cause of Myanmar . why those news are hidden ?
I think Media should have been distributed those news cause I read some news about making Passport in which migrants believe on Thai government while they are afraid of Myanmar government will take taxes on them . So funny , Why not saying Thai is taking 90 % of that money in news . Information should be transparency . Normally Thai is developing cause of Myanmar . why those news are hidden ?
Write comment
| < Prev | Next > |
|---|







